ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Tuesday 12 April 2016

Capacitor များကိုပတ်လမ်းလိုအပ်ချက်အရနေရာမျိုးစုံတွင် အသုံးပြုကြပါသည်။ အောက်တွင်လေ့လာကြည့်ပါ။


• Timing – for illustration with a 555 timer IC to control the charging & discharge.
• Coupling – for illustration amid junctures of an audio system and to unite a loudspeaker.
• Storing energy – for illustration in a camera’s flash circuit.
• Smoothing – for illustration in a power supply.
• Tuning – for illustration in a radio system.
• Filtering – for illustration in the tone controller of an audio system.
ဖုန်းပတ်လမ်းများတွင် အပျက်အစီးအများဆုံးဖြစ်သော Smoothing capacitor (or) Filter capacitor အကြောင်းကို အရင်ဆုံးလေ့လာကြည့်ကြပါမယ်။
ဖုန်းတွေရဲ့  ဗို့ အားပေးသွင်းတဲ့အပိုင်းမှာအဓိက ပါဝင်တာကတော့ Battery ပါ။ ဒါကြောင့်
battery အပေါင်း လမ်းကြောင်း ကို Diagram အများစုမှာ “VBAT” လို့ သုံးကြပါတယ်။
တစ်ချို့  Diagram တွေမှာတော့ “VBATT” လို့ ရေးကြပါတယ်။ HUAWEI ဖုန်းတွေမှာအသုံးပြု
ထားတဲ့ CPU ပေါ်မူတည်ပြီး Diagram တွေ မှာ အနဲငယ်ကွဲလွဲနေတတ်ပါတယ်။
QUALCOMM CPU အသုံးပြုတဲ့မော်ဒယ်တွေမှာ Battery အပေါင်းဗို့ လမ်းကြောင်းကို
"“VBAT"” လို့ သုံးပြီး "“VPH_PWR"”ဆိုတဲ့ အပေါင်းဗို့ လမ်းကြောင်းတစ်ခုတိုးလာပါတယ်။
VBAT>SWITCH>VPH_PWR>PMU ဆိုပြီး ပါဝါအိုင်စီသို့ ဗို့ ပေးသွင်းပါတယ်။ပုံတွင်ကြည့်ပါ။
ပုံတွင် Q201 သည် FET ဖြစ်ပြီး switch အဖြစ်အလုပ်လုပ်ပေးပါသည်။ FET ဧ၊် အ၀င်ငုတ်ဖြစ်သော “D” သို့  “VBAT” ပေးသွင်းပြီး “S” မှထွက်လာသောအပေါင်းဗို့ လမ်းကြောင်း
ကို VPH_PWR အဖြစ်သတ်မှတ်ထားပါသည်။
MEDIATEK CPU အသုံးပြုတဲ့ ဖုန်းတွေမှာတော့
VBATT>SWITCH>VBAT>PMU ဆိုပြီး ရေးကြပါတယ်။ဒီမော်ဒယ်တွေမှာ VPH_PWR ဆိုပြီး
အပေါင်းဗို့ ပေးသွင်းတဲ့လမ်းကြောင်းမပါဝင်ပါဘူး။ပုံတွင်ကြည့်ပါ။

ပုံတွင် Q902 သည် FET ဖြစ်ပြီး ၄င်းဧ၊် “D” သို့  “VBATT” ပေးသွင်းပြီး “S” မှထွက်လာသောဗို့ ကို
“VBAT” အဖြစ်ခေါ်ဝေါ်ကာ ပါဝါအိုင်စီသို့ ပေးသွင်းထားပါသည်။ အထက်ပါမော်ဒယ်နှစ်မျိုးတွင်
QUALCOMM ဖုန်းများတွင် အသုံးပြုသော FET သည်၊ချာဂျင်ပိုင်းနှင့်ဆက်စပ်နေသဖြင့်၊ အပိတ်အဖွင့်ကို အရှင်ထားပေးရသည်။၎င်းအပိတ်အဖွင့် ထိန်းချုပ်မှုကို ပါဝါအိုင်စီ မှ လိုအပ်သလို
ထိန်းပေးထားပါသည်။ MTK အုပ်စုများတွင် FET ကို ထည့်သွင်းထားသော်လည်း switch အဖြစ်
အသုံးပြုထားခြင်းမျိုးမဟုတ်ပဲ R901 ဖြင့် FET ဧ၊် Gate ကို ဂရောင်းချကာ အမြဲဖွင့်ထားသော အနေအထားတွင် အသုံးပြုထားပါသည်။ ၄င်း FET ကို AC9,AC6 စသဖြင့်ခေါ်ကြပါသည်။
ထို့ ကြောင့် FET ကို switch အဖြစ်အသုံးပြုထားသော Qualcomm ဖုန်းများတွင် “VBAT” လမ်းကြောင်းတွင် တတ်ဆင်ထားသော smoothing capacitor များကို “VBAT Filter” များဟု
ခေါ်ပြီး “VPH_PWR” လမ်းကြောင်းပေါ်ရှိ smoothing capacitor များကို “VPH Filter” များဟု
ခေါ်ကြပါသည်။၎င်း “VBAT Filter” နှင့် “VPH Filter” နှစ်မျိုးစလုံးသည် Battery အပေါင်းဗို့ 
ပေးသွင်းသော “INPUT Filter” အမျိုးအစားများသာဖြစ်ပါသည်။
ထပ်မံပြီး “OUTPUT Filter” များကို လေ့လာထားရန်လိုပါသည်။ပါဝါအိုင်စီကို အ၀င်ဗို့ ပေးသွင်း
သော အပိုင်းကို “INPUT” ဟုခေါ်ပြီး အထွက်ဗို့ လမ်းကြောင်းများကို “OUTPUT” ဟုခေါ်ပါသည်။
၎င်းအထွက်လမ်းကြောင်းများကို ကွိုင်ပါသော အထွက်ပိုင်းနှင့်၊ကွိုင်မပါဝင်သော အထွက်ပိုင်းဆိုပြီး
နှစ်မျိုးတွေ့ ရပါတယ်။ပုံတွင်လေ့လာကြည့်ပါ။

ပုံတွင် ပါဝါအိုင်စီ PM8029 အမျိုးအစားဖြစ်ပြီး ၄င်းဧ၊် အထွက်တွင် Buck coil လေးများ (၄) လုံးပါဝင်နေတာတွေ့ ရပါမည်။ ထို ကွိုင်လေးတွေမှတစ်ဆင့်ထွက်လာသော ဒီစီဗို့ လေးတွေကို
ချောမွေ့ စေရန်၊မလိုအပ်တဲ့ အေစီနှောက်ယှက်လိုင်းများစစ်ထုတ်ပေးရန် smoothing capacitor
လေးများတတ်ဆင်ပေးထားပါတယ်။ဒီကယ်ပစီတာလေးတွေကိုတော့ “BUCK OUTPUT Filter”
လေးတွေလို့ ခေါ်ပြီး၊ အစိမ်းရောင်မျဉ်းကြောင်းလေးတွေနဲ့ ပြထားတဲ့ အထွက်လမ်းကြောင်းပေါင်း
(၁၉) လိုင်းရှိပါတယ်။၎င်းအထွက်လမ်းကြောင်းပေါ်က ကယ်ပစီတာလေးတွေကိုတော့
“LINEAR OUTPUT Filter” လို့ ခေါ်ပါတယ်။အထက်တွင်ဖော်ပြခဲ့သော FILTER လေးတွေဟာ မကြာခဏ ရှော့ဖြစ်တတ်တဲ့အတွက်၊ သူတို့ နဲ့ ဆက်စပ်နေတဲ့ လမ်းကြောင်းများကို ၊လေ့လာထား
မှသာ "“INPUT SHORT" နှင့် "“OUTPUT SHORT" တို့ ကို ရှာရာတွင်များစွာအထောက်အကူ
ပြုနိင်တာတွေ့ ရပါလိမ့်မည်။

Credit..by
ကို ကို အောင် 
 https://web.facebook.com/permalink.php?story_fbid=1581818288775567&id=100008422320695
LikeShow more reactions
Comment

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...