ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Monday 20 January 2014

LG Optimus L7 (P-705) ကို Root လုပ်နည်း + မြန်မာစာထည့်သွင်းနည်း


LG Optimus L7 ကို Root လုပ်မဲ့သူငယ်ချင်းများအတွက် အရေးကြီးတာက Phone Driver ပါ
ဖုန်း Driver မရှိရင် Root လုပ်လို့ ဘယ်လို့ မှမအောင်မြင်ပါဘူး ကဲ Root လုပ်ဖို့ အတွက်
Driver ကိုအရင်သွင်းလိုက်ပါ..။

LG mobile usb driver ကိုဒေါင်းရန်

LG Optimus L7 အတွက် Root ဖိုင်လ်ကိုဒေါင်းရန်


အရင်ဆုံး USB driver ကို အရင်သွင်းလိုက်ပါ... ပြီးရင် Root ဖိုင်းကို Zip ဖြည့်လိုက်ပါ
ပြီးရင် ဖုန်းရဲ့ Settings > Applications > Development and enable USB debugging
တွေကိုအမှတ်ခြစ်ပေးလိုက်ပါ ပြီးရင်စောစောက Zip ဖြည့်ထားတဲ့ Root ဖိုင်လ်ထဲက
RunMe ကိုနှိပ်ဖွင့်ပါ ဒီပုံအတိုင်းတက်လာပါမယ်..



ပြီးရင် ဖုန်းကို USB နဲ့ Computer မှာချိတ်ပေးလိုက်ပါ.. ခဏနေပါ Computer ကဖုန်းကိုသိပြီဆိုရင်
  CMD အကွက်ကိုပြန်သွားပြီး Root လုပ်ဖို့ အတွက် (1) ကိုနှိပ်ပြီး Enter နှိပ်ပါ ဖုန်းကခဏနေ Reboot ကျပြီးပြန်တက်လာရင် Root လို့ ပြီးပါပြီ ကိုယ်က Root ထားတာကိုပြန်ပြီး Root မလုပ်ချင်တော့ဘူးဆိုရင်
စောစောက CMD အကွက်မှာ (2) ကိုနှိပ်ပြီး Enter နှိပ်ပေးလိုက်ပါ Root လုပ်ထားတာပြန်ပျက်သွားမှာပါ
အားလုံးအောင်မြင်ပါစေ....

Post by : SmartGhost 

xxxxxxxxxxxxxxxxxxxx
 
*** မြန်မာစာ နဲ့ မြန်မာကီးဘုတ် ထည့်သွင်းနည်း ***


မည်သည့် Android ဖုန်းမဆို Root Access ရပြီဆိုတာရင်  မြန်မာစာ နဲ့ မြန်မာ Keyboard ကို ထည့်သွင်းဖို့ လွယ်သွားပါပြီ..
Android Version 4.3 အတွက် မြန်မာစာ နဲ့ မြန်မာစာ မမှန်တာမျိုးတွေကို  ကို Djjoe Man (MMF) ရေးထားတဲ့ ဒီ Font Changer လေးကိုဒေါင်းယူပါ.....
Font Changer.APK လေးကို Phone ထဲမှာ Install လုပ်လိုက်ပါ... ပြီးရင် Install now ကို နှိပ်ပြီး Super su request တောင်းပါမယ်.. Grant နှိပ်ပေးလိုက်ပါ…ပြီးရင် Restart ကျပြီး..မြန်မာစာကို မှန်ကန်စွာမြင်ရပါပြီ..။


Android Version 2xx , 4 xx နှင့်အထက် တွေမှာ မြန်မာစာ အဆင်မပြေသေးဘူးဆိုရင် ဒီ ကိုကျော်စွာသွင် ရေးထားတဲ့ Smat Zawgyi (or) Smat Zawgyi ကို ဒေါင်းယူပြီး  ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ပါ (Driver ရှိရပါမယ် မရှိသေးရင် လိုအပ်တဲ့ USB Driver တွေကို ဒီနေရာမှာ ဒေါင်းယူပါ) 
 Smat Zawgyi ကို Zip ဖြည်ပြီး အထဲက .bat ဖိုင်လ်လေးကို Right Click > Run as administrator နဲ့ Run ပေးလိုက်တာနဲ့ အလိုလျောက် မြန်မာစာတွေ ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်...။ ခဏနေရင် ဖုန်းဟာ Restart ကျပြီး.... မြန်မာစာတွေ မှန်ကန်စွာမြင်ရမှာပါ..။
MMSD Smart Zawgyi v1.5  ကတော့ Android version 1.6 ကနေ 4.4 အထိအသုံးပြုနိုင်ပြီး Android 4.1 နဲ့အထက်တွေမှာအသုံးပြုမယ်ဆိုရင် အရင် ဇော်ဂျီထက် ပိုမိုမှန်စေပါတယ်။ Apk ဖိုင်လ်လေးပါ ဖုန်းထဲမှာပဲ Install လုပ် Run ပေးပြီး ညွှန်ကြားချက်အတိုင်း နှိပ်ပေးရုံပါပဲ ..။ မြန်မာ Developer ကိုဖြိုးချမ်း ရေးထားတာပါ..။


ဒီ App လေးကတော့ Android 4.0 အထက်ရှိတဲ့ Sony ဖုန်းများအတွက်ပဲဖြစ်ပါတယ်။
ဒီ App ကို အသုံးပြုဖို့ Root ဖောက်ရန်လိုအပ်ပါသည်။   MMSD Sony Installer
အသုံးပြုနည်းလမ်းညွန် Sony 4.0 နဲ့အထက်မှာ ဒီ App ကိုအသုံးပြုနိုင်ပါတယ်။
မည့်သည့်ဖောင်မှမပျက်ပဲ မြန်မာစာသွင်းနိုင်ပါတယ်။ မြန်မာစာလွဲနေတာလေးတွေ
မှန်သွားမှာဖြစ်ပါတယ်။ (Credit to: ကိုကျော်ဇော်နိုင်)
Android  Device တွေအတွက် မြန်မာစာတွေ ရေး နိုင်ဖို့ အတွက် မြန်မာ Keyboard  ကို ဒီနေရာမှာ ဒေါင်းယူ Install လုပ်ပါ...။


အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်...
Credit..by
ဝင်းကမ္ဘာကျော်
www.winkabarkyaw.net

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...