ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Friday 24 January 2014

၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် တန်ဖိုးနည်း မိုဘိုင်းဖုန်းများ ဆက်လက် ဖြန့်ဖြူးရောင်းချမည့် အစီအစဉ်


၂ဝ၁၃ ခုနှစ် ဧပြီလမှစတင်၍ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် 
လစဉ်တန်ဖိုးနည်း မိုဘိုင်းဖုန်း သုံးသိန်းငါးသောင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် ပြည်သူများ အလွယ်တကူ အဆင်ပြေချောမွေ့စွာ ဆက်သွယ် အသုံးပြုနိုင်ရေးအတွက် ခွဲဝေဖြန့်ဖြူး ရောင်းချပေးလျက် ရှိပါသည်။
  ယခုအခါ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ရောင်းချပြီးသော တန်ဖိုးနည်း မိုဘိုင်းဖုန်း ၃ ဒသမ ၂ သန်း အပါအဝင် စုစုပေါင်း မိုဘိုင်းဖုန်း ခုနစ်သန်းကျော် ရောင်းချခဲ့ပြီး ဖြစ်ပါသည်။ 
 
 
တစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးပေးခဲ့ပြီးဖြစ်သည့် ဖုန်းအရေအတွက်ပေါင်း နှင့် မိမိနိုင်ငံရှိ အိမ်ထောင်စုပေါင်း ၈ ဒသမ ၇ သန်းကျော်အား အချိုးချတွက်ကြည့်မည်ဆိုလျှင် အိမ်ထောင်စု ၁ ဒသမ ၂၄ စုလျှင် မိုဘိုင်းဖုန်း တစ်လုံးနှုန်း ရရှိသွားနိုင်မည် ဖြစ်သော်လည်း လက်ရှိအခြေအနေတွင် အိမ်ထောင်စုတိုင်း ဖုန်းသုံးစွဲရန် လိုအပ်နေသေးကြောင်း စိစစ်တွေ့ရှိနေရပါသဖြင့် အိမ်ထောင်စုတိုင်းအတွက် မိုဘိုင်းဖုန်း ပိုမိုသုံးစွဲခွင့် ရရှိရေးကိုလည်း ဆက်လက်ဆောင်ရွက်သွားရန် ရည်ရွယ်ထားပါသည်။

သို့ဖြစ်ပါ၍ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် တယ်လီဖုန်း ခေါ်ဆိုခ ကျပ် ၃ဝဝ ကြိုတင် ပေးသွင်းထားသော CDMA 800 MHz/GSM/WCDMA မိုဘိုင်းဖုန်း ၃၅ဝဝဝဝ ကို SIM Card တစ်ခုအတွက် ကျပ် ၁၅ဝဝ နှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးသည့်အခါ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အများပြည်သူတို့အတွက် ပုံမှန်ရောင်းချပေးနေသည့် အစီအစဉ်တွင် နိုင်ငံတာဝန် ထမ်းဆောင်ခဲ့ ကြသော သက်ပြည့်ပင်စင် ခံစားနေသည့် အငြိမ်းစားများအတွက် သီးသန့်ထည့်သွင်း ဖြန့်ဖြူးရောင်းချ ပေးသွားမည် ဖြစ်ပါသည်။ 
 
၂ဝ၁၄ ခုနှစ် ဇန်နဝါရီလတွင် မိုဘိုင်းဖုန်းများကို ဆက်လက်ဖြန့်ဖြူး ရောင်းချရာ၌ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ လက်ရှိ တပ်ဆင်ပေးထားသော လိုင်းအင်အားနှင့် အမှန်တကယ် သုံးစွဲနေသော အခြေအနေများအပေါ် မူတည်၍ ပြည်သူများ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ အချိုးကျ ခွဲဝေပြီးပေးရန် လျာထားတွက်ချက် ထားပါသည်။

၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ တန်ဖိုးနည်း မိုဘိုင်းတယ်လီဖုန်းများ ဖြန့်ဖြူးရောင်းချမည့် အစီအစဉ်မှာ..
 
(၁) နေပြည်တော်ကောင်စီ နယ်မြေတွင် အများပြည်သူအတွက် CDMA 800 (၁၂ဝဝဝ)၊ GSM (၈ဝဝဝ)၊      WCDMA (၇ဝဝဝ)၊ ပင်စင်စားများအတွက် WCDMA (၂၂ဝဝ)၊ စုစုပေါင်း ၂၉၂ဝဝ၊

(၂) ကချင်ပြည်နယ်တွင် အများပြည်သူအတွက် CDMA 800 (၄ဝဝဝ)၊ GSM (၉ဝဝ)၊  WCDMA ၁ဝဝ၊ ပင်စင်စားများအတွက် WCDMA (၁၃ဝဝ)၊ စုစုပေါင်း ၆၃ဝဝ၊

(၃) ကယားပြည်နယ်တွင် အများပြည်သူအတွက် WCDMA (၂ဝဝ)၊ ပင်စင်စားများအတွက် WCDMA (၄ဝဝ)၊ စုစုပေါင်း ၆ဝဝ၊

(၄) ကရင်ပြည်နယ်တွင် အများပြည်သူအတွက် GSM (၅၂ဝဝ)၊ WCDMA (၈ဝဝ)၊ ပင်စင်စားများအတွက် WCDMA (၉ဝဝ)၊ စုစုပေါင်း ၆၉ဝဝ၊

(၅) ချင်းပြည်နယ်တွင် အများပြည်သူအတွက် WCDMA (၃ဝဝ)၊ ပင်စင်စားများအတွက် WCDMA (၇ဝဝ)၊ စုစုပေါင်း ၁ဝဝဝ၊

(၆) စစ်ကိုင်းတိုင်းဒေသကြီးတွင် အများပြည်သူအတွက် CDMA 800 (၁၂ဝဝဝ)၊ GSM (၅၅ဝဝ)၊ WCDMA (၅ဝဝ)၊ ပင်စင်စားများအတွက် WCDMA (၃၆ဝဝ)၊ စုစုပေါင်း ၂၁၆ဝဝ၊ 

(၇) တနင်္သာရီတိုင်းဒေသကြီးတွင် အများပြည်သူအတွက် GSM (၆၁ဝဝ)၊ WCDMA (၉ဝဝ)၊ ပင်စင်စားများအတွက် WCDMA (၇ဝဝ)၊ စုစုပေါင်း ၇၇ဝဝ၊

(၈) ပဲခူးတိုင်းဒေသကြီး (အရှေ့)တွင် အများပြည်သူအတွက် CDMA 800 (၁၆ဝဝဝ)၊ GSM (၅၅ဝဝ)၊ WCDMA (၅ဝဝ)၊ ပင်စင်စားများအတွက် WCDMA (၃၆ဝဝ)၊ စုစုပေါင်း ၂၅၆ဝဝ၊

(၉) ပဲခူးတိုင်းဒေသကြီး (အနောက်)တွင် အများပြည်သူအတွက် GSM (၆၄ဝဝ)၊ WCDMA (၆ဝဝ)၊ ပင်စင်စားများအတွက် WCDMA (၁၆ဝဝ)၊ စုစုပေါင်း ၈၆ဝဝ၊

(၁ဝ) မကွေးတိုင်းဒေသကြီးတွင် အများပြည်သူအတွက် GSM (၁၄၅ဝဝ)၊ WCDMA (၁၅ဝဝ)၊ ပင်စင်စားများအတွက် WCDMA (၃၃ဝဝ)၊ စုစုပေါင်း ၁၉၃ဝဝ၊

(၁၁) မန္တလေးတိုင်းဒေသကြီးတွင် အများပြည်သူအတွက် CDMA 800 (၂၄ဝဝဝ)၊ GSM (၁၂ဝဝဝ)၊ WCDMA (၁ဝဝဝဝ)၊ ပင်စင်စားများအတွက် WCDMA (၅၃ဝဝ)၊ စုစုပေါင်း ၅၁၃ဝဝ၊

(၁၂) မွန်ပြည်နယ်တွင် အများပြည်သူအတွက် GSM (၉၄ဝဝ)၊ WCDM (၆ဝဝ)၊ ပင်စင်စားများအတွက် WCDMA (၂ဝဝဝ)၊ စုစုပေါင်း ၁၂ဝဝဝ၊

(၁၃) ရခိုင်ပြည်နယ်တွင် အများပြည်သူအတွက် CDMA 800 (၂ဝဝဝဝ)၊ GSM (၄၆ဝဝ)၊ WCDMA (၄ဝဝ)၊ ပင်စင်စားများအတွက် WCDMA (၁၇ဝဝ)၊ စုစုပေါင်း ၂၆၇ဝဝ၊

(၁၄) ရန်ကုန်တိုင်းဒေသကြီးတွင် အများပြည်သူအတွက် CDMA 800 (၅ဝဝဝဝ)၊ GSM (၇၅ဝဝ)၊ WCDMA (၁၅၅ဝဝ)၊ ပင်စင်စားများအတွက် WCDMA (၁၅ဝဝဝ)၊ စုစုပေါင်း ၈၈ဝဝဝ၊

(၁၅) ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် အများပြည်သူအတွက် GSM (၄၉ဝဝ)၊ WCDMA (၁၁ဝဝ)၊ ပင်စင်စားများအတွက် WCDMA (၁ဝဝဝ)၊ စုစုပေါင်း ၇ဝဝဝ၊

(၁၆) ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် အများပြည်သူအတွက် GSM (၃၇ဝဝ)၊ WCDMA (၈ဝဝ)၊ ပင်စင်စားများအတွက် WCDMA (၅ဝဝ)၊ စုစုပေါင်း ၅ဝဝဝ၊

(၁၇) ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် အများပြည်သူအတွက် CDMA 800 (၄ဝဝဝ)၊ GSM (၃၆ဝဝ)၊ WCDMA (၄ဝဝ)၊ ပင်စင်စားများအတွက် WCDMA (၁၆ဝဝ)၊ စုစုပေါင်း ၉၆ဝဝ၊

(၁၈) ဧရာဝတီတိုင်း ဒေသကြီးတွင် အများပြည်သူအတွက် CDMA 800 (၈ဝဝဝ)၊ GSM (၁ဝ၃ဝဝ)၊ WCDMA (၇ဝဝ)၊ ပင်စင်စားများအတွက် WCDMA (၄၆ဝဝ)၊ စုစုပေါင်း ၂၃၆ဝဝ စသည်တို့ဖြစ်သည်။

ဇန်နဝါရီလတွင် ဖြန့်ဖြူးမည့် တန်ဖိုးနည်း မိုဘိုင်းတယ်လီဖုန်း စုစုပေါင်း CDMA 800 (၁၅ဝဝဝဝ)၊ GSM (၁ဝ၈၁ဝဝ)၊ အများပြည်သူအတွက် WCDMA စုစုပေါင်း (၄၁၉ဝဝ) နှင့် ပင်စင်စားများအတွက် WCDMA စုစုပေါင်း (၅ဝဝဝဝ)၊ အားလုံးပေါင်း ၃၅ဝဝဝဝ ဖြစ်သည်ဟု ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
 
 
Ref :ခေတ်လူငယ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...