ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Sunday 13 March 2016

Install Apk as System Application[ need root access] (APK တစ်ခုကို System Application တစ်ခုဖြစ်အောင် Install ပြုလုပ်ခြင်း)



System Application ဆိုတာ ဖုန်းထဲမှာ နဂိုပါဝင်တဲ့ Phone, message, camera တို့လို application တွေပါ။ 
Factory data reset ချလိုက်ရင် မပျက်ပဲ ကျန်နေတဲ့ app တွေကိုပြောတာပါ။
ယခုပြောပြပေးမယ့် Tutorial ကတော့ APK တစ်ခုကို System Application တစ်ခုဖြစ်အောင် တိုက်ရိုက် Install ပြုလုပ်လို့ရမယ့် 
နည်းလမ်းဖြစ်ပါတယ်။ System ထဲအထိရောက်အောင် သွင်းမှာဖြစ်တဲ့အတွက် ဖုန်းမှာ root ဖေါက်ထားဖို့တော့လိုပါမယ်။
** တွေ့သမျှ apk တိုင်းကိုတော့ ဒီနည်း အတိုင်း သွင်းလို့တော့ မရပါဘူး။ အခြားပြဿနာလေးတွေ ကြုံတွေ့နိုင်ပါတယ်။
ယခုပြမယ့် Tutorial မှာတော့ Frozen Keyboard.apk ကို နမူနာထားပြီး ပြပေးသွားပါမယ်။ အရင်ဆုံး 
လိုအပ်မယ့်အရာတွေပြောပေးပါမယ်

၁. သင်သွင်းလိုတဲ့ apk ဖိုင်
၂. adb ဖိုင် နဲ့
၃. adb command နဲ့ adb shell command အနည်းငယ်လောက် ရိုက်တတ်ရင် သွင်းလို့ရပါပြီ
>>>>> သင်သွင်းလိုတဲ့ apk ဖိုင် <<<<<<
ယခု Frozen Keyboard.apk ကို သုံးမှာပါ။ မိမိမှာရှိပြီးသားဖြစ်ခဲ့ရင် ရှိတဲ့ apk ကို အသုံးပြုပါ မရှိသေးရင် 
ဒီနေရာမှာ Download ရယူပါ။
Frozen Keyboard .apk
=====================
http://download1609.mediafire.com/…/ljc4…/FrozenKeyboard.apk
=====================
ဒီနေရာမှာ မှတ်သားစရာတစ်ခုက မိမိသွင်းမယ့် apk နာမည်ကို ကြားထဲမှာ [space] ခြားထားလို့မရပါဘူး။ 
FrozenKeyboard.apk ဆိုပြီး Frozen ဆိုတဲ့စကားလုံးနဲ့ Keyboard ဆိုတဲ့စကားလုံးကို ပူးရေးပေးပါ
( မှတ်ချက်။ ။ပူး..မရေးပဲ double quote{ “ “} နှစ်ခုခံပြီး command မှာထည့်သုံးလို့ရပေမယ့် စတင်အသုံးပြုကာစ 
လူအတွက် နည်းနည်းရှုပ်သွားမှာစိုးလို့ပါ)။
>>>>> ADB ဖိုင် <<<<<
adb command ကနေတစ်ဆင့် သွင်းမှာဖြစ်တဲ့အတွက် ADB ဖိုင်တွေလိုအပ်ပါမယ်။ 
ယခင် Tutorial အဟောင်းမှာ adb ဖိုင်ဒေါင်းလုဒ် လုပ်ပြီးသားဖြစ်ပါက ၄င်း adb ဖိုင်ကိုအသုံးပြုနိုင်ပြီး 
Download လုပ်ပြီးသားမရှိပါက အောက်ပါ Link မှ ရယူနိုင်ပါတယ်။
adb
=====================
http://download994.mediafire.com/44…/6yj6qf5a437xqvq/adb.zip
=====================
>>>>> ADB Command <<<<<
• မိမိသွင်းမယ့် apk ရယ် adb ဖိုင်တွေရယ်ကို ဖိုဒါအလွတ်တစ်ခုထဲမှာ အတူတူထည့်ထားလိုက်ပါ။
• အဲ့ဒီ ဖိုဒါရဲ့နေရာအလွတ်တစ်နေရာကို Mouse တစ်ချက်ထောက်ပြီး ကွန်ပြူတာ ကီးဘုတ်ပေါ်က Shift ခလုပ်ကို ဖိပါ၊ 
Shift Key ကို ဖိထားလျက် အနေအထားအတိုင်း Mouse > Right Click ကို တစ်ချက်ထောက်ပေးပါ။
• ပေါ်လာတဲ့ MENU ထဲက Open command window here ဆိုတဲ့နေရာ ကိုရွေးပါ။ 
cmd box လို့ခေါ်တဲ့ comprompt box လေး ပေါ်လာပါမယ်။
!!! တကယ်လို့ cmd box မခေါ်တတ်ဘူးဆိုရင် adb_cmd.exe ဆိုတဲ့ဖိုင်လေးကို 
အောက်ပါ Link ကနေ Download ဆွဲပြီး ယခုလက်ရှိ အလုပ်လုပ်နေတဲ့ ဖိုဒါထဲမှာ အတူတူထားပေးပါ။
=====================
http://download1525.mediafire.com/…/38qo446fvzs…/adb_cmd.exe
=====================
ပြီးရင် အဲ့ဒီ adb_cmd.exe ဖိုင်လေးကို ကလစ် ၂ချက်ခေါက် ဖွင့်လိုက်တာနဲ့ cmd box လေး ပွင့်လာပါမယ်။
• ဖုန်းမှာ root ဖေါက်ထားပြီးသားဖြစ်နေပါစေ၊ • ဖုန်းကို U.S.B debugging ဖွင့်ထားပြီးသားဖြစ်နေပါစေ။
•ဖုန်းနဲ့ ကွန်ပြူတာနဲ့ USB ကြိုးသုံးပြီးဆက်လိုက်ပါ။ ( Driver သွင်းထားပြီး ဖြစ်နေပါစေ။ )
• အဲ့ဒီပေါ်လာတဲ့ cmd box ထဲမှာ adb command တွေ ရိုက်ထည့်ပါမယ်။
____________________________________
• အရင်ဆုံး adb devices လို့ရိုက်ထည့်ပြီး Enter ခေါက်ပေးပါ။
• ဖုန်းနဲ့ ကွန်ပြူတာနဲ့ ချိတ်ဆက်မိသွားပြီဆိုတာနဲ့ cmd box ထဲမှာ Phone Serial Number ကို reply ပြန်ပါလိမ့်မယ်။ 
ဒါဆို စလို့ရပါပြီ။

• အောက်ပါ command တွေ တစ်ကြောင်းခြင်းရိုက်ထည့်ပြီး Enter ခေါက်သွားပါ။
• အားလုံးပြီးသွားလို့ရှိရင် စက်ပြန်တက်လာတာနဲ့ Frozen Keyboard apk လေးကို system application အနေနဲ့ သုံးလို့ရသွားပါပီ။
Factory data reset ချရင်တောင် မပျက်တော့ပါဘူး။
>>>>>>>command<<<<<<<
=========================
adb push FrozenKeyboard.apk /data/local/tmp/FrozenKeyboard.apk
adb shell
su
mount -o remount rw /system
dd if=/data/local/tmp/FrozenKeyboard.apk of=/system/app/FrozenKeyboard.apk
chmod 0644 /system/app/FrozenKeyboard.apk
reboot
============================
အပေါ်က command တွေတစ်ကြောင်းချင်း ရိုက်ထည့်ပြီးတာနဲ့ ဖုန်း restart ကျသွားမှာဖြစ်ပြီး စက်ပြန်တက်လာတာနဲ့ သုံးလို့ရသွားပါပီ။
တစ်ကယ်လို့ command တွေရိုက်ဖို့အခက်အခဲရှိသူတွေအတွက် အဆင်သင့်လုပ်ပြီးသား Project Folder ကို 
အောက်ပါ Link မှာ ရယူနိုင်ပါတယ်။
* ဖြစ်နိုင်ရင်တော့ အပေါ်က Command တွေကို တစ်ကြောင်းချင်း အတိအကျ ရိုက်ပြီး စမ်းကြည့်စေချင်ပါတယ်။ 
လေ့ကျင့်ထားရင် နောက်သင်ခန်းစာတွေအတွက် ပိုမိုလွယ်ကူစေမှာပါ။
==========================
http://download1472.mediafire.com/…/i…/SystemAPP-Project.zip
==========================
အပေါ်က download ရလာတဲ့ ဇစ်ဖိုင်ကိုဖြည်ပြီး install.bat ကို ကလစ် ၂ချက်ခေါက်ပေးလိုက်တာနဲ့ 
သူအလိုလို သွင်းပေးသွားပါလိမ့်မယ်။
မိမိအနေနဲ့ နောက်ထပ် အခြား APK တွေအတွက် ထပ်မံ အသုံးပြုချင်တယ်ဆိုရင် FrozenKeyboard ဆိုတဲ့
စာသားနေရာမှာ မိမိသွင်းလိုတဲ့ apk နာမည်နဲ့ အစားထိုးပေးပြီး apk ကို အဲ့ဒီဖိုဒါထဲ ထည့်သုံးလို့ရပါတယ်။
Credit..by
 MPPG'

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...