ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Tuesday 5 May 2015

Smart Phone အသုံးပြုသူများသိထားသင့်သည့် အချက် (၅) ချက်


 
၁။ Smart Phone တစ်လုံး၏ကင်မရာများကိုယခုအခါသူ့ထက်ငါအပြိုင်အဆိုင်များဖြင့် Megapixels များမြင့်၍ထုတ်လုပ်ကြသည်ကိုတွေ့ လာရသည် Megapixels များမြှင့်တင်ခြင်းဖြင့် ဓာတ်ပုံ ကောင်းများရရှိနိုင်သည်ဟုသောအယူအဆဖြင့် pixel မြင့်ဖုန်းများဝယ်ယူကြသည်။Megapixels သည် ဓာတ်ပုံ အရွယ်အစားအနုစိတ်ကိုသာအဓိကထားသဖြင့်Pixel များလေပုံSizeကိုချဲပြီးဓာတ်ပုံထုတ်နိုင်ခြင်းဖြစ်ပြီး ဓာတ်ပုံ ၏အရည်အသွေး ကောင်းမွန်ရန်မှာမှု အာရုံခံ Sensor များနှင့် တိကျပြတ်သားစေရန် Aperture size တို့ကသာပိုမိုအရေးပါသည်။
၂။Smart phone များတွင်ယနေ့ Core များဖြင့် လုပ်ဆောင်နိုင်စွမ်းများကိုမြှင့်တင်ပေးရာ လက်ရှိ Octa coreသည် Core 8လုံးအလုပ်လုပ်သော CPU အမျိုးအစားဖြစ်သည်။ သို့သော် Core အရေအတွက်ထက် ထုတ်လုပ်သည့် ကုမ္ပဏီ မှအရည်အသွေးကောင်မွန်ပါက core အရေအတွက်နှင့်မဆိုင်ကြောင်းကို Mediatak မှထုတ်လုပ်သော Octa core CPU များ၏လုပ်ဆောင်နိုင်မှုမှာ Snapdragon မှထုတ်သော ထိပ်တန်းအဆင့် Quad core များကိုမကျော်နိုင်ခြင်းဖြင့်တွက်ချက်နိုင်သည်။
၃။ Smart Phone များကိုယနေ့တွင်ပိုမိုအသုံပြုနိုင်ရန် ဘက်ထရီ သိုလှောင် စွမ်းများကိုတိုး၍ထုတ်လာခဲ့သည် သိုသော် Asus ၏ Zenfone 2၏3000mAh battery မှာတကြိမ်အားသွင်းပြီး standby mode ထားပါ က ၁၂ နာရီ ခန့်ဖြင့်စွမ်းအင်ကုန်သွားပြီး Micromax Smart Phone Company ထုတ် Yu Yureka အမျိုးအစားမှာ 2500 mAh battery သိုလှောင် စွမ်းရှိပြီး ၃၆ နာရီမှာကုန်ဆုံးသဖြင့် ဘက်ထရီ Capicity နှင့် မဆိုင်ပဲ Screen size,Core,Ramများနှင့်လည်းဆိုင်သည်။
၎။ Smart phone များတွင် Auto Brightness အလိုအလျောက်အလင်းမြှင့်တင်ပေးခြင်း၊ Bluetooth ဖွင့်ထားခြင်း၊Live Wallpaper အသုံးပြုပါက Battery သက်တမ်းကိုထိခိုက်စေပြီး ယင်းတို့ကိုပိတ်ထားပြီး အသုံးပြုပါက ပိုမိုကြာရှည်စွာအသုံးပြုနိုင်မည်ကိုတွေ့  ရမည်ဖြစ်ပြီး အားသွင်းလျက်ဖုန်းအသုံးပြုခြင်းသည် ဖုန်းကိုများစွာထိခိုက်စေသည်။
၅။ သံလိုက်ဓာတ်သည် သင့်ဖုန်း မှတ်ဥာဏ်ကိုပျက်စီးစေသောကြောင့် ဖုန်းများကို Magnetic Wave ရှိသော ပစ္စည်းများ နှင့် Magnetic များနှင့်ဝေးသောနေရာမှာထားသင့်သည်။
 
 
 
 
Credit : Phone News Up To Date
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...