ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Thursday 18 September 2014

မြန်မာ့ရိုးရာ စတစ်ကာများ အသုံးပြုနိုင်မည့် My Chat အခမဲ့ Messaging App စတင် အသုံးပြု နိုင်မည်


 
မြန်မာ နိုင်ငံ အတွက် သီးသန့် ထုတ်ပေး ထားသော စတစ်ကာ များဖြင့် အသုံးပြု နိုင်မည့် My Chat အခမဲ့
Messaging App အား သြဂုတ်လ ၂၇ ရက်တွင် စတင် အသုံးပြု နိုင်မည်ဖြစ် ကြောင်း သတင်းရ ရှိသည်။


အဆိုပါ Messaging App အား My Square မှ ထုတ်လုပ် လိုက်ခြင်း ဖြစ်ပြီး Android ဖုန်းနှင့် Tablet များ
တွင် အသုံးပြု နိုင်မည် ဖြစ် ကြောင်း၊ မြန်မာ့ ရိုးရာ ဇာတ်ကောင်များ ဖြစ်သည့် ဦးရွှေရိုး၊ ဒေါ်မိုး၊ ဖိုးဝရုပ်၊ ဖိုး
သာထူး စသည့် စတစ်ကာများ အချင်းချင်း ပေးပို့ အသုံးပြု နိုင်မည် ဖြစ်ကြောင်း သိရသည်။


အဆို ပါ APP ကို Google Play, My Store, One Mobile Market တို့တွင် ဒေါင်း လုပ် ရယူ နိုင်မည် ဖြစ်
ကြောင်း My Square ၏ CEO ဖြစ်သူ Linda Lim ကပြောသည်။


“App ကို ရယူပြီး အသုံးပြုဖို့ ဖွင့်လိုက် တာနဲ့ email, login ဝင်ဖို့ Password တွေ တောင်းမှာ ဖြစ်ပါတယ်။
အဲဒါတွေ ဖြည့်ပြီး တာနဲ့ အသုံးပြု နိုင်ပါပြီ။ အချင်းချင်း စကားပြော တာတို့၊ အဖွဲ့လိုက် စကားပြောတာတို့ စ
တစ်ကာ လေးတွေ ပို့တာ တို့ကို အသုံးပြု နိုင်မှာပါ” ဟု My Square ၏ Chief Technology Officer ဖြစ်
သူ David Rossellat ကပြောသည်။


Credit : internetjournal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...