ကျွန်တော်ရဲ့ဘလော့လေးကိုဝင်ရောက်ကြည့်ရှု့သူများစိတ်ချမ်းသာခြင်းပြည့်စုံနိူင်ကြပါစေလို့ဆု့တောင်းလျှက်ပါဗျာ၊...

Showing posts with label ရသစာပေ. Show all posts
Showing posts with label ရသစာပေ. Show all posts

Monday, 24 February 2014

တာရာမင်းဝေ စာအုပ် ဖတ်ချင်ရင် 42 အုပ် တစ်ခါထဲ ဒေါင်းလုပ်ယူနိုင်ပါပြီ



တစ်အုပ်ချင်း လိုက်ရှာစရာမလိုအောင် စုစည်းထားပါတယ် ဖိုင်တစ်ခုထဲမှာ

စုပေါင်းထည့်ထားတာမို့  တစ်ကြိမ်ဒေါင်းလုပ်ယူရုံနဲ့ အကုန်ရယူနိုင်ပါတယ်

စာပေစုဆောင်းလိုသူများ ၀ယ်ရ ငှားရမလွယ်သူများ အောက်ကလင့်နှိပ်ယူ

Credit..by   မောင်(စွယ်စုံကျမ်း)

Download -တာရာမင်းဝေ 22 အုပ်

Download - တာရာမင်းဝေ 17 အုပ်

Download - တာရာမင်းဝေ -3 အုပ်

စာရေးဆရာမ ကြည်အေး၏ စာအုပ် 8အုပ် စုစည်းမှု ဒေါင်းလုပ်ယူနိုင်ပါပြီ

  


တစ်အုပ်ချင်း လိုက်ရှာစရာမလိုအောင် စုစည်းထားပါတယ် ဖိုင်တစ်ခုထဲမှာ

စုပေါင်းထည့်ထားတာမို့  တစ်ကြိမ်ဒေါင်းလုပ်ယူရုံနဲ့ အကုန်ရယူနိုင်ပါတယ်

စာပေစုဆောင်းလိုသူများ ၀ယ်ရ ငှားရမလွယ်သူများ အောက်ကလင့်နှိပ်ယူ

Credit...by   မောင်(စွယ်စုံကျမ်း)
Download - ကြည်အေး 8 အုပ် 

ဆရာချစ်စံဝင်း၏ စာအုပ် 25အုပ် ဖိုင်တစ်ခုနဲ့ စုစည်းထားပါတယ် ဒေါင်းနိုင်ပါပြီ



တစ်အုပ်ချင်း လိုက်ရှာစရာမလိုအောင် စုစည်းထားပါတယ် ဖိုင်တစ်ခုထဲမှာ

စုပေါင်းထည့်ထားတာမို့  တစ်ကြိမ်ဒေါင်းလုပ်ယူရုံနဲ့ အကုန်ရယူနိုင်ပါတယ်

စာပေစုဆောင်းလိုသူများ ၀ယ်ရ ငှားရမလွယ်သူများ အောက်ကလင့်နှိပ်ယူ
Credit..by  မောင်(စွယ်စုံကျမ်း)
Download -  ချစ်စံဝင်း 25 အုပ်ပေါင်းချုပ်

Sunday, 26 January 2014

ဆရာမင်းခိုက်စိုးစံ စာအုပ်တွေ ဖတ်ချင် စုချင်သူများအတွက် အုပ်-20 ဒေါင်းနိုင်ပါပီ



ငှားရ ၀ယ်ရ မလွယ်သောသူများ ဒေါင်းလုပ်ယူဖတ်နိုင်ဖို့ အုပ်-20 တင်လိုက်ပါတယ်

စုဆောင်းထားချင်သူများ အောက်ကလင့်မှာ Download ယူပါ ။တစ်ခါထဲအုပ်-20 ပါ
Credit..by  မောင်(စွယ်စုံကျမ်း)
Download -မင်းခိုက်စိုးစံအုပ်-20

Thursday, 16 January 2014

စာရေးဆရာ မင်းလူ၏ စာအုပ်များ ဖတ်ချင်ရင် တစ်ခါ Download ယူရုံနဲ့ 43 အုပ်ရပါပြီ



စုဆောင်းထားတဲ့ စာအုပ်တွေ တစ်အုပ်ချင်းမတင်တော့ပဲ စုစုတင်လိုက်ပါတယ်

လိုအပ်နေသူများ စာအုပ်ဝယ်၇န်အဆင်မပြေသူများ ငှားရမလွယ်နေရာဝေးသူ

စုဆောင်းထားလိုသူများအတွက် ဖိုင်တစ်ခုစုပီး 43 အုပ်တင်လိုက်ပါတယ်

အောက်ကလင့်မှာ လင့်မသေခင် ဒေါင်းလုပ်သွားယူပီး သိမ်းထားပါ
Credit..by..မောင်(စွယ်စုံကျမ်း)
 Download-  မင်းလူ -21 အုပ်

Download - မင်းလူ -22အုပ်

အကြည်တော် စာအုပ်များ တစ်နေရာထဲမှာ တစ်ခါဒေါင်းတာနဲ့  47 အုပ်လုံး ယူနိုင်ပါပြီ



တစ်အုပ်စီရှာနေရင် ကြာနေမှာစိုးလို့ စုစုပေါင်း ၄၇အုပ် ဖိုင်တစ်ခုနဲ့ တင်လိုက်တယ်

ပြည်ပက စာအုပ်ဝယ်ရမလွယ်သူတွေ အကြည်တော်စာအုပ် စုထားချင်သူတွေကို

အမြန်ရစေချင် အလွယ်ရစေချင်လို့ ဖိုင်တစ်ခုထဲ စုပြီးတင်လိုက်ပါတယ် အားလုံး

47 အုပ်ရှိပါတယ် ။ လိုအပ်သူ အောက်ကလင့်မှာ လင့်မသေခင် ဒေါင်းလုပ်ယူပါ

Credit..by  မောင်(စွယ်စုံကျမ်း)
Download - အကြည်တော် စာအုပ် 47 အုပ်

Wednesday, 15 January 2014

ဝတ္ထုစာအုပ်ဖတ်ချင်သူ စာအုပ်တွေ စုထားချင်သူအတွက် ဆုမြတ်မွန်မွန်ရဲ့ဝတ္ထု ၃၃ အုပ်ဆွဲနိုင်ပါပြီ



 စာဖတ်တာဝါသနာပါသူတွေ စာအုပ်ဝယ်ရန် အဆင်မပြေ ငှားလို့ မလွယ်သူတွေအတွက်

ဒီနည်းက အဆင်ပြေမှာပါ တစ်ခါ ဒေါင်းလုပ်ယူတာနဲ့ အများကြီးရမှာမလို့ စုထားချင်သူ

အပျင်းပြေဖတ်ချင်သူများအတွက် အဆင်ပြေပါတယ် အောက်ကလင့်မှာ ဒေါင်းလိုက်ပါ
Credit..by မောင်(စွယ်စုံကျမ်း)
Download 1 -15 အုပ်-ဆုမြတ်မွန်မွန်(မောင်စွယ်စုံကျမ်း).rar

Download 2 -15 အုပ်-ဆုမြတ်မွန်မွန် ( မောင်စွယ်စုံကျမ်း).rar

Wednesday, 25 December 2013

Camera ZOOM FX v5.0.4 Apk


Camera ZOOM FX apk
ဓါတ်ပုံရိုက်တာဝါသနာပါသူများအတွက် အထူးသင့်တော်တဲ့ Camera ZOOM FX နောက်ဆုံးထွက်ထားတဲ့ Application လေးကိုတင်ပေးလိုက်ပါတယ်ဗျာ။ ဓါတ်ပုံမရိုက်နေတုန်းအချိန်မှာနှင့် ရိုက်ထားပြီးသား ဓါတ်ပုံ များကို ပြုပြင်နိုင်ပြီး Effect ပေါင်းများစွာနဲ့ အလှဆင်နိုင်တဲ့ Feature တွေပါဝင်ပါတယ်ဗျာ။ Feature တွေကို ကျွန်တော်ပြောပြ တာထက်ကိုယ်တိုင်စမ်းသုံးပြီး ကလိကြည့်တာပါကောင်းပါတယ်။ Android OS 1.5 နှင့် အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။

 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Sunday, 10 November 2013

Battery Booster (Full) v6.7 Apk


Battery Booster (Full) apk

Battery Booster ကိုတော့ Android User တိုင်းသိကြမှာပါ။ Android Phone 10လုံးမှာ 9လုံးလောက်ကတော့ Battery Booster ကို အသုံးပြုထားကြပါတယ်။ အခုလည်း Version အသစ်ထွက်လာလို့တင်ပေးလိုက်တာပါ။ ဖုန်းတစ်လုံးမှာ Battery Booster ကို 99.99% လောက်ကိုအသုံးပြုသင့်ပါတယ်။ Battery ရဲ့ ခံနိုင်ရည်စွမ်းအား ကိုထိန်းသိမ်းပေးပြီး Battery သက်တမ်းကိုလည်း ရည်ရှည်သုံးနိုင်အောင်လို့ ဆောင်ရွက်ပေးနိုင်ပါတယ်။ Battery Booster ကတော့ လူတိုင်းသိထားပြီးသာဖြစ်လို့ ဆက်ပြီးမရှင်းပြတော့ပါဘူးနော်။ Android OS 1.5 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်ပါတယ်ဗျာ။

 
 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Thursday, 7 November 2013

မြန်မာဖောင့်ပါဝင်လာပြီးသားဖုန်းများ မြန်မာစာစနစ်ပြောင်းနည်း





မြန်မာဖောင့် အော်ဒီဂျင်နယ် ပါဝင်ပြီးသား ဖုန်းတွေမှာပဲရပါတယ် ။

မြန်မာဖောင့်မှန်မှ မြန်မာစာနစ်မှန်မယ်လို့ထင်ပါတယ် မြန်မာစာမမှန်တဲ့ဖုန်းကို မစမ်းရသေးလို့ပါ ။

မိမိလုပ်လိုသော ဖုန်းအမျိုးအစားမှာ မြန်မာဖောင့်သာပါဝင်ပြီး မြန်မာစာစနစ်ပါတဲ့ 1 GB ကျော်ဖန်ဝဲကို ဒေါင်းရမှာအဆင်မပြေတဲ့သူများကတော့ မြန်မာစာစနစ်ရအောင် ကိုယ့်ဖုန်းရဲ့အထဲမှာ အောက်ကနည်းအတိုင်း မြန်မာစာစနစ်ပါအောင် လုပ်ဆောင်နိုင်ပါတယ် ။

မြန်မာဖောင့်ပါဝင်လာတဲ့ဖုန်းတွေရဲ့ Language ထဲမှာ Myanmar ( Zawgyi ) ပါဝင်ပြီးသားပါ စမ်ဆောင်းက Hide လုပ်ထားတာပါ ။


"  ပြန်ဖော်ချင်ရင် "

ပုံထဲကအတိုင်း စာလေး 2 လုံးကိုဖြည့်ပေးလိုက်ယုံပါပဲ 




မိမိဖုန်းကို Root လုပ်လိုက်ပါ ။

ပြီးရင် Root Explorer ဆော့ဝဲထဲဝင်လိုက်ပါ system >>> CSC >>> အပေါ်နားက ( R/W ) ဆိုတာလေးကို ( R/O ) လို့ ပြောင်းလိုက်ပါ >>> ပြီးရင် Language.xml ဆိုတဲ့ ဖိုင်လေးကို အကြာကြီးဖိထားလိုက်ပါ Open in Text Editor ဆိုတာကိုရွေးလိုက်ပါ ။
ပြီးရင် ပုံမှာ ဝိုင်းပြထားသည့်အတိုင်း စာလေးကို ဖြည့်ပေးလိုက်ပါ ။

ပြီးသွားရင် ဖုန်းကိုပိတ်ပြီး ပြန်ဖွင့်လိုက်ပါ ။

ဖုန်းစက်တင်ထဲသွားပြီး Language ထဲဝင်ကြည့်လိုက်ပါ Myanmar ( Zawgyi ) ဆိုတာလေး ပေါ်လာနေပါပြီ ရွေးလိုက်တာနဲ့ ဖုန်းတစ်ခုလုံး မြန်မာစာနစ်ပြောင်းလဲသွားပါမယ် ။

ပြီးရင် မိမိဖုန်းထဲက စမ်ဆောင်းကီးဘုတ်စက်တင်ထဲကို ဝင်လိုက်ပါ ပြီးရင် Select input Languages ထဲဝင်လိုက်ပါ ။ Myanmar ( Zawgyi ) ဆိုတာလေးပေါ်နေတာကိုတွေ့ရပါမယ် ရွေးပေးလိုက်ပါ စမ်ဆောင်းကီးဘုတ်မှာ စမ်ဆောင်းရဲ့မြန်မာကီးဘုတ်ပါ သင်အသုံးပြူနိုင်ပါပြီ :)

 
credit.........

Thursday, 30 May 2013

အဆိပ်သင့်ပန်းသီးတစ်လုံး


သူ့နာမည်ကမောင်လှတဲ့….နာမည်ကသာမောင်လှ…လူကတော့အသားမဲမဲ…ပုကွကွနဲ့ လေ
တိုက်ရင်လဲကျတော့မယ့်အတိုင်း…..ပိန်လှီတဲ့သူ…လောကဓံကိုဘယ်လောက်ခံခဲ့ရသလဲဆို
တာ….သူ့ရဲ့မျက်နာနဲ့အသားအရကိုကြည့်တာနဲ့သိနိုင်တယ်….ဆီမရှိတဲ့ဆံပင်နီကြောင်ကြောင်
ခြောက်ကပ်ကပ်က….သူ့ဦးခေါင်းထက်မှာပျင်းရိစွာ…..တွဲခိုလို့ပေါ့…..

သူကငယ်ငယ်ကတည်းကကျည်းတန်စုတစ်ရွာလုံးရဲ့ခိုင်းဘက်……လူပျိုပေါက်အရွယ်ရောက်
လာတော့

…..သူတို့တစ်ရွာလုံးကသူ့ကိုဒီအတိုင်းတော့မဖြစ်ချေဘူးဆိုပြီင်္း….သူတို့ရွာမှာလှိုင်
လှိုင်ထွက်တဲ့….ပန်းသီးရောင်းခိုင်းတယ်……တစ်ရွာလုံးကသူ့ကိုစကားလည်းနားထောင်တယ်
….ခိုင်းရတာလည်းကောင်းလို့…..၀ိုင်းချစ်ကြတာပေါ့……ဒီလိုနဲ့ပန်းသီးသည်လေးမောင်လှအ
ဖြစ်ကိုရောက်ရှိလာပါတယ်…..

မောင်လှ….သူရောင်းရတာနဲ့…သူ့အမေမျက်မမြင်ကြီးနဲ့လုံးလည်ချာလည်နဲ့……နွေမှမိုး….မိုးမှ
ဆောင်း…ပေါ့…မှန်မှန်လေးနဲ့..ဘ၀ကိုရုန်းကန်လာပါတယ်……..တစ်နေ့တော့သူတို့ရွာကိုမြို့က
နေပြီးနှင်းဆီဆိုတဲ့….ကောင်မလေးတစ်ယောက်ရောက်ရှိလာပါတယ်……..သူတို့ရွာနဲ့တစ်မိုင်
လောက်ဝေးတဲ့နေရာမှာ…..ရထားဘူတာလေးတစ်ခုရှိပါတယ်…..အတန်အသင့်ကြီးမားတဲ့ဘူ
တာလေးပါ….သူတို့လိုခေါင်းရွက်ဗျက်ထိုးဈေးသည်တွေအတွက်တော့……..အရမ်းကိုကြီးမားတဲ့
ဈေးကွက်တစ်ခုပေါ့….နင်းဆီဆိုတဲ့ကောင်မလေးကိုစတွေ့မိတာဟာ..အဲဒီဘူတာလေးအ
တွင်းမှာပေါ့…စတွေ့တဲ့အခိုက်အတန့်လေးအတွင်းမှာဘဲ…မောင်လှရဲ့ရင်ထဲမှာဗြောင်းဆန်
အောင်လှုပ်ရှားသွားခဲ့တယ်….ရင်ထဲမှာဖားဖိုကြီးတစ်ခုလိုတုန်ခါနေတယ်…..သူ့စိတ်ထဲကထူး
ထူးဆန်းဆန်းစိတ်တွေနဲ့..နှလုံးသားတစ်ခုလုံးနိမ့်ချည်မြင့်ချည်ပေါ့……(အဲဒီလိုစတွေ့ခြင်းဟာ
သူ့ဘ၀အတွက်….မှောင်မိုက်တဲ့ကျိန်စာတစ်ခုကိုသင့်ခဲ့မိလိမ့်မယ်လို့….သူမသိခဲ့မိဘူး…)

ဒီလိုနဲ့ကောင်မလေးကလည်းသူတို့ရွာမှာတစ်လလောက်လာတည်းပါတယ်……အဲဒီနေ့ကစပြီး
မောင်လှတစ်ယေက်တစ်ပါတ်တစ်ခါလောက်ဘဲဘူတာကိုရောက်တော့တယ်…..ရွာနီးစပ်တွေလှည့်ရောင်းပြီး….
ဒီရွာထဲမှာဘဲတစ်ဝဲလည်လည်ပေါ့…….နှင်းဆီဆိုတဲ့ကောင်မလေးကလဲနာ
မည်နဲ့လိုက်ပါတယ်…..သူ့မျက်နာမှာမြို့သူတစ်ယောက်ရဲ့အတ္တနဲ့…နှုင်းဆီနီရဲ့ရဲတစ်ပွင့်ကို….အ
မြဲတမ်းခေါင်းမှာပန်ထားတယ်….မောင်လှကတော့မနက်မိုးလင်းတာနဲ့….နှင်းဆီတို့အိမ်ရှေ့သွား
ပြီ…..ရစ်သီရစ်သီနဲ့ယောင်လည်လည်လုပ်ပြီးမှ……တခြားရွာတွေသွားတယ်…..နေ့လည်ပြန်လာတယ်….
နင်းဆီကိုပြန်လာကြည့်တယ်…နောက်ဈေးသွားရောင်းပြန်တယ်……ညနေဆိုစော
စောပြန်လာပြီး…နင်းဆီတည်းတဲ့အိမ်ကိုလှမ်းမြင်ရတဲ့နေရာက….သစ်ပင်ကြီးအောက်မှာ….
ညနေစောင်းမိုး
ချုပ်တဲ့အထိ…..ထိုင်ပြီးငေးကြည့်နေလေ့ရှိတယ်….
အစကတော့ရွာကလူတွေကသတိမထားမိခဲကြဘူး……နောက်တော့မှရိပ်မိလာတယ်…
အကုန်လုံးပြုံးစိစိနဲ့ပေါ့…

..သူတို့စိတ်ထဲမှာဒါဟာဘယ်လိုမှမဖြစ်နိုင်ဘူးပေါ့……အချိန်တန်ရင်သူ့အလို
လိုပြီးသွားလိမ့်မယ်လို့ထင်ခဲ့မိကြတယ်…..မောင်လှလိုအညတရလေးရဲ့နလုံးသားမှာ….
ကြီးမားတဲ့ချစ်ခြင်းတေ

ွရှိခဲ့မိလိမ့်မယ်လို့…ဘယ်သူမှမယုံမိကြဘူး……

ဒီလိုနဲ့ကောင်မလေးရွာကိုရောက်ပြီး၁၅ ရက်နေ့လောက်မှာ….ညနေခင်းလေးမှာပေါ့..ကောင်မ
လေးကသူ့အဖော်တစ်ယောက်နဲ့အိမ်အပြင်ကု..ထွက်လာပါတယ်…….မောင်လှလည်းဘာလုပ်ရမှန်းမသိဘဲ…..
ထိုင်ရမလိုထရမလိုဖြစ်သွားတယ်……..တဖြေးဖြေးနဲ့ကောင်မလေးကသူ့အ
နားရောက်လာခဲ့တယ်…မောင်လှရင်ထဲမှာဗြောင်းဆန်နေပြီပေါ့…..ကောင်မလေးရဲ့အဖော်က
“ဟဲ့မောင်လှ….နှင်းဆီအတွက်သူပန်ဖို့…နှင်းဆီပန်းပန်ကရနိုင်မလဲဟပြောစမ်းပါဦး…..”
“ဟာ..ထွေးမြကလဲ….ငါခူးပေးမှာပေါ့..ဟ ..နင်ကလဲ..ငါ့ကိုပြောတာမဟုတ်ဘူး….”
“ကူညီပါအုန်း..ကိုမောင်လှ..ကျွန်မကပန်းပန်နေကြဆိုတော့…အခုချိန်မှာနှင်းဆီကလည်းအ
ရမ်းရှားနေတော့…မပန်ရဘူးဖြစ်နေတယ်……”လို့ကောင်မလေးက၀င်ပြောပါတယ်…ကောင်မ
လေးရဲ့အသံကိုလည်းကြားရော..ဘာပြောကောင်းမလဲ…မောင်လှရင်ထဲမှာဆွေ့ဆွေ့ခုန်နေတာ
ပေါ့….ဒီလိုနဲ့..မောင်လှအလုပ်တစ်ခုပိုရသွားပါတယ်….မနက်တိုင်းနင်းဆီပန်ဖို့ပန်းရှာပေးရတာပေါ့..
ဒီလိုနဲ့သူနဲ့ကောင်မလေးရင်းနှီးစပြုလာပါတယ်…..(သူတစ်ဖတ်သတ်ထင်တာပါ)…
ကောင်မလေးမြို့ကိုပြန်မယ့်ရက်လဲနီးလာတယ်…….ဘယ်နေ့ပြန်မလဲလို့လဲ….မောင်လှမမေးရဲ
ဘူး….ကြောက်တာလဲပါတယ်…….မပြန်စေချင်တာလဲပါတာပေါ့…..

ဒီလိုနဲ့ကောင်မလေးမြို့ပြန်မယ့်ရက်ကိုမောင်လှသိသွားပါတယ်…..အဲဒီသိတဲ့ညက..မောင်လှ
တစ်ယောက်…သစ်ပင်ကြီးအောက်မှာတစ်ယောက်ထဲ…ငုတ်တုတ်ကြီးငူငူကြီးထိုင်နေတယ်….
ပြန်ခါနီးနှစ်ရက်အလိုမှာ…ကောင်မလေးကမြို့ကိုပြန်ဖို့အတွက်…….ပန်းသီးလက်ဆောင်ဝယ်
သွားချင်တယ်လို့မောင်လှကိုပြောတယ်….မောင်လှလည်းဘူတာအထိလိုက်ပို့မယ်ဆိုပြီးတိုင်
ပင်ထားကြပါတယ်……ဒါပေမယ့်…ကံကဆိုးချင်တော့…ကောင်မလေးကအရေးပေါ်အကြောင်း
တစ်ခုနဲ့..တစ်ရက်စောပြီးပြန်ဖြစ်သွားပါတယ်…….အဲဒီအကြောင်းကိုမောင်လှတစ်ယောက်ပြန်
မယ့်ရက်မနက်ပိုင်းမှသိရပါတယ်….နှင်းဆီကဘူတာကိုရောက်နေပါပြီ..ရထားကတော့မလာ
သေးပါဘူး….

မောင်လှတစ်ယောက်ပန်းသီးခြင်းကြီးထမ်းလက်ထဲနင်းဆီပန်းလေးကိုင်ပြီး…..ဘူတာကိုသုတ်
ခြေတင်ပြေးပါတော့တယ်…..ဘူတာကိုရောက်တော့…ရင်ထဲမှာအဆမတန်မောဟိုက်နေပါပြီ…
ခြေထောက်တွေကိယိုင်နဲ့နဲ့..နင်းဆီကိုသူအလောတကြီး…ရှာနေမိတယ်…..ဟော…ရထားလာ
နေပါပြီ……….နှင်းဆီတက်သွားတာကို…သူရိပ်ကနဲမြင်လိုက်ရတယ်……ရထားဘီးစလိမ့်တော့
နှင်းဆီပါတဲ့…အတွဲကိုသူပြေးလိုက်သွားတယ်…………………..
ရထားကိုမှီလုမှီခင်မှာ…..ရုတ်တရက်…..ယိုင်နဲ့နေတဲ့ခြေထောက်ကခဲလုံးကိုတိုက်မိပြီးရထားသံလမ်း
ပေါ်ကိုလဲကျသွားပါတယ်….ပန်းသီးတွေကပြန့်ကျဲလို့ပေါ့…..လက်ထဲကနှင်းဆီလေးက
တစ်ဖက်ရထား….လမ်းသံဘောင်ပေါ်မှာ….နှင်းဆီပန်းလေးကိုသူ…ရူးသွပ်စွာနဲ့သွားကောက်မိတယ်…
…အဲဒီအချိန်မှာဘဲ….သူ့မျက်လုံးထဲမှာမြင်လိုက်ရတာက…….သူ့ဆီပြေးဝင်လာနေတဲ့
တစ်ဖက်ကရထားခေါင်းတွဲကြီး………………………………………………………….
…………………………………………..
“ဟာ….ဟင်……ဟာ….တိုက်သွားပြီ….”အသံတွေကဆူညံကုန်၏….သူ့အသိတွေအားလုံး
မှောင်မိုက်သွား၏….အဆိပ်သင့်ပန်းသီးလေးကတော့…..နှင်းဆီပန်းလေးလွင့်သွားတဲ့ဆီတ
လိမ့်လိမ့်………………………..ကောင်မလေးကိုတင်ဆောင်သွားတဲ့…ရထားကြီးကတော့……..
ဟိုး……အဝေးကြီးမှာ…..တရွေ့ရွေ့…..တရွေ့ရွေ့……….တရွေ့ရွေ့…………..

စာရေးသူ..သက်တန့်ချို..(၁း၃၀ မနက် ၂၀.၈.၀၉)

Saturday, 25 May 2013

ညီမလေး ဖတ်ဖို့( ၁ )

ညီမလေးဖတ်ဖို့ (၁)



သို့

ညီမလေးရေ...

သိပ်မကြာတော့တဲ့အချိန် အတွင်းမှာပဲ တို့နေထိုင်တဲ့ လောကတခွင်ဟာ မှောင်အတိကျပြီး ငွေရောင် လမင်း ကြီးက အလင်းတွေဖြန့်ကျက်ပေးတော့မယ်ကွဲ့ ။ ဒီလိုပါပဲ.. လူ့ဘ၀ဆိုတာလည်း ခဏတာ တာဝန်တွေ ထမ်း ဆောင်ပြီးတဲ့အခါမှာ နားကြရတာပဲမဟုတ်လား ။ တခါတလေတော့လည်း ကိုယ်တစ်ယောက်တည်း စဉ်းစား မိတယ် ။ တို့တွေရဲ့ အသက်ရှင်နေထိုင်မှုက ဘာလဲ ? တို့တွေ တစ်နေ့တစ်နေ့ စားလိုက်အိပ်လိုက်နဲ့ ဘယ်ပန်း တိုင်ထိ ရောက်အောင် အရောက်သွားကြရမှာလဲ ? လူ့ဘ၀ဆိုတာ တိုတောင်းတယ်ဆိုတဲ့ အယူအဆကို တို့တွေ အခု ကြီးပြင်းလာတဲ့ အသက်အရွယ်အရ လက်ခံရလိမ့်မယ် ညီမလေး.. ။ ဘာဖြစ်လို့လည်းဆို ဟိုးငယ်ငယ်က အကြောင်းအရာတွေကို ပြန်တွေးကြည့်မိတဲ့အခါတိုင်း မနေ့တနေ့က ဖြစ်ပျက်ခဲ့သလိုမျိုး ထင်ရလို့ပေါ့ကွယ် ။ အဲဒီတော့ ဒီလိုတိုတောင်းတဲ့ ဘ၀လေးအတွင်းမှာပဲ လူတွေ တစ်ဦးနဲ့ တစ်ဦး ချင်ခင်ကြတယ် ၊ မုန်းတီးကြတယ် ၊ တိုက်ခိုက်ကြတယ် ၊ နောက်ဆုံး သေဆုံးကြရတယ် ။ ဟုတ်တယ် .. ဒါဟာ ဘယ်သူမှ မလွန်ဆန်နိုင်တဲ့ လောက အမှန်တရားပဲ ။

ဒီတော့ တချို့ကပြောကြတယ် ။ နောက်ဆုံး အသက်ရှင်နေထိုင်မှုရဲ့ ပန်းတိုင်ဟာ သေခြင်းတရားဆိုရင် ဘာလို့ အလုပ်လုပ်ဖို့ ၊ အောင်မြင်မှုပန်းတိုင်တွေရရှိအောင် ကြိုးစားဖို့ လိုအပ် လဲလို့ ပြောကြတယ် ညီမလေး.....။ ကိုယ်ကတော့ အဲဒီလို ကြားမိတိုင်း ဟားတိုက်ပြီး ရယ်မောမိတယ် ။ ဟုတ်တယ်လေ.. တို့တွေအားလုံးဟာ လူသားတွေအားလုံးဟာ ဒီမြေပြင်ပေါ်ကို အဓိပ္ပါယ်မဲ့ သေဆုံးဖို့ ရောက်လာကြရတာမှမဟုတ်ပဲ ။ " တန်ဖိုး " ဆိုတဲ့အရာကို တစ်ဦးချင်းစီ ပြသနိုင်ဖို့ ကိုယ်လုပ်နိုင်တဲ့အစွမ်းလေးနဲ့ တခြားသူတွေရဲ့ ဘ၀အရည်အသွေးတွေကို တဖက်တလမ်းက နိုင်သလောက် မြှင့်တင်ပေးနိုင်မှသာ တို့တွေရဲ့ ဘ၀ဟာ တန်ဖိုးရှိတဲ့ ရှင်သန်နေထိုင်မှု ဖြစ်တော့မှာပေါ့ ။

နောက်တစ်ခုကတော့ လူတွေအရမ်းကြောက်ကြတဲ့ သေခြင်းဆိုတဲ့အရာပေါ့ ညီမလေးရေ... ။ သေခြင်း တရားဆိုတာ တကယ်တော့ ကိုယ်မရောက်ဖူးတဲ့ နယ်ပယ်ဒေသတစ်ခုကို မျက်ဝါးထင်ထင် တွေ့ရမယ့် စွန့်စား ခြင်း တစ်ရပ်ပဲပေါ့ ။ ညီမလေးရေ... စဉ်းစားမိရဲ့လား.. ကိုယ်သိပ်ချစ်ရတယ်ဆိုတဲ့ မိဘ မောင်နှမ ၊ ချစ်သူ ၊ သူငယ် ချင်းတွေ တစ်နေ့...ခွဲခွာသွားရင် ၀မ်းနည်းစွာနဲ့ ငိုကြွေးနေမှာလား ။ ဒါဆို ပြောင်းပြန်ရော စဉ်းစား ကြည့်ဖူးလား ညီမလေး... ။ ကိုယ်ကအရင် သူတို့ကို ခွဲခွာသွားရရင်ရော ။ သူတို့ကို ကိုယ့်အတွက်နဲ့ ၀မ်းနည်း ပူဆွေးသောကရောက်ပြီး ငိုကြွေးစေမှာလား ... ။ ကိုယ်သာဆိုရင်တော့ အဲဒီလို မဖြစ်စေချင်ပါဘူး ။

တစ်ခါတုန်းက တိဗက်တောင်ကြားမှာ ထူးဆန်းတဲ့ ရွာလေးတစ်ရွာ ရှိတယ် ။ အဲဒီရွာလေးရဲ့ ထုံးစံက လူသေ တဲ့အခါမှာ ဗုံတွေတီးပြီး မီးပုံပွဲတွေဆင်နွှဲပြီး ပျော်ပွဲရွှင်ပွဲတွေ ကျင်းပလေ့ ရှိပါတယ် ။ သူတို့အယူအဆကတော့

" ပူလောင်ရှုပ်ပွေလီတဲ့ လူ့လောကကနေ သေခြင်းတရာကို ရရှိတဲ့လူဟာ အလွန်ကို ကံကောင်းတဲ့လူဖြစ်ပြီး လက်ရှိ ခံစားနေရတဲ့ ဆင်းရဲသောကတွေနဲ့ ဝေးတဲ့ ဘ၀သစ်တစ်ခုကို မကြာခင်ရောက်ရှိတော့မှာမို့ သေဆုံး သူအတွက် ပျော်ပွဲရွှင်ပွဲတွေ ကျင်းပရခြင်းဖြစ်ပါတယ် " တဲ့... ။

ကိုယ်တော့ အဲဒီအယူအဆလေးကို သိပ်ပြီးသဘောကျတယ် ညီမလေး ။ ဟုတ်တယ် သေတယ်ဆိုတာ အဆုံး သတ်သွားတာမှမဟုတ်ပဲ ။ သံသရာတလျောက်မှာ ဘ၀ ၊ ဘ၀တွေ အသစ်အသစ်တွေ အများကြီးနဲ့ ကျင် လည်ရ ဦးမယ်လေ ။

" လူ့ဘ၀ဆိုတာ တို့တွေ ခဏတာ လာရောက်တွေ့ဆုံရတဲ့ ဘူတာရုံလေးတစ်ခုပါပဲ အချိန်တန်ရင်တော့ ရထား ကြီးက ဒီဘူတာရုံကနေ ထွက်ခွာသွားမှာပဲလေ ... "

အဲဒီအတွေးအမြင်တွေရပြီးကတည်းက ကိုယ့်မှာ ၀မ်းနည်းပူဆွေးတတ်တဲ့ မျက်ရည်မရှိတော့ဘူး ။ သူတို့ (သေဆုံးသွားသူ) ဘ၀အသစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ မေတ္တာအပြည့်နဲ့ ဆုတောင်းပေးနေမိတယ် ။ နောက် တစ်ခုက ချစ်ခြင်းမေတ္တာအကြောင်းပေါ့ ညီမလေးရေ... ။ အချစ်ဆိုတဲ့အရာကို ညီမလေး ယုံပါသလား ။ ဒီနေရာ မှာ ကိုယ့်ယူဆချက်ကတော့ အချစ်နဲ့ မေတ္တာဟာ လုံးဝကို ကွဲပြားခြားနားတယ်လို့ ယူဆ လက်ခံထားပါတယ် ။ ညီမလေး နားလည်အောင် အလွယ်ဆုံးပြောပြရရင်တော့ အချစ်ဆိုတာ လိုချင်တပ်မက်တဲ့ စိတ်တစ်ခုတော့ ကိန်းဝပ်နေတတ်တယ် ။ ပူပြင်းစူးရှတောက်လောင်တယ် ။ အဲဒီအချစ်မှာပဲ ပေးဆပ်တာရှိတယ် ။ ရယူတာရှိတယ် ။ ရက်စက်တာရှိတယ် ။ တိုက်ခိုက်တာရှိတယ် ။ လိမ်ညာတာလည်း ရှိတယ် ညီမလေး ။ တစ်စုံတစ်ယောက်ကို ချစ်မိပြီဆိုရင် အဲဒီလူဆီက ကိုယ်ချစ်သလောက် ပြန်လည်ရယူလိုတာကတော့ လူသားတိုင်းရဲ့ အတ္တတစ်ခုတော့ ညီမ လေး ။

မေတ္တာဆိုတာ ကတော့ အချစ်နဲ့ ဆင်တူတာမှန်ပေမယ့် အနှစ်သာရကတော့ လုံးဝမတူ ကွဲပြား ပါတယ် ။ မေတ္တာက အေးမြတယ် ..လမင်းရဲ့ အလင်းရောင်လိုပေါ့ ညီမလေး.... ။ မေတ္တာ စစ်စစ်မှာ ရယူလို တာမရှိဘူး ။ ပိုင်ဆိုင်လိုတာမရှိဘူး တိုက်ခိုက်လိုစိတ်မရှိဘူး ။ မလိမ်ညာတတ်ဘူး ။ ကိုယ်မေတ္တာထားတဲ့ လူတစ် ယောက်ရဲ့ ကောင်းကျိုးကိုသာ အစဉ်ရှေးရှုပြီး သူ့အတွက်ကို အချိန်တိုင်း ပေးဆပ်ဖြည့်ဆည်းပေးတာ မေတ္တာ ပေါ့ကွယ် ။

ညီမလေးလည်း ကိုယ်တကယ် ချစ်တဲ့သူကို တွေ့ပြီဆိုရင် သာမန်ပူလောင်တဲ့ အချစ်နဲ့ မချစ်ပဲနဲ့ အေးမြတဲ့ မေတ္တာ စစ်စစ်သာ ပေးနိုင်အောင်ကြိုးစားပါ ။ ကိုယ်ကြားဖူးတဲ့ ပုံပြင်လေး တစ်ပုဒ်ပြောပြမယ် ။ တစ်ခါတုန်းက သဲသောင် ပြင်တစ်ခုမှာ မုန်တိုင်း ဒါဏ်ကြောင့် ကြယ်ငါးတွေလာပြီး သိန်းနဲ့ချီပြီး သောင်တင်နေသတဲ့ ။ အဲဒီ အချိန်မှာ မိန်းမပျိုလေး တစ်ဦးဟာ သဲသောင်ပြင်တလျောက် ကြယ်ငါးတွေကို ကောက်ယူလိုက် ပင်လယ် ရေထဲကို လွှင့်ပစ်လိုက် လုပ်နေပါတယ် ။ မကြာခင် လူတစ်ယောက်ရောက်လာပြီး သူမရဲ့ လုပ်ရပ်ကို ကြည့်ပြီး ခေါင်းခါရင်းပြောပါတယ် ။

" ဒီမယ် မိန်းကလေး ဒီကြယ်ငါးတွေဟာ ဒီသောင်ပြင်ပေါ်မှာ လာတင်နေတာ သိန်းနဲ့ချီပြီးလာတင်နေတာကွဲ့ မင်းဒီလို တစ်ကောင်နှစ်ကောင်လောက် ရေထဲ ပစ်ချယုံနဲ့ ဘာထူးမှာလဲကွယ် ဒီအတိုင်းနေလဲ သူတို့တွေ မကြာ ခင် အကုန်သေကြရတော့မှာပဲ "

အဲဒီအခါ မိန်းမပျိုလေးက အဲဒီလူကို ကြည်လင်စွာ ပြုံးပြရင်း

" ရှင်ပြောတာမှန်ပါတယ် ဒီအတိုင်းပဲ ကြယ်ငါးတွေ အကုန်သေကြရမှာပါ ဒါပေမယ့် ကျွန်မရေထဲကို လွှတ်လိုက် တဲ့ ကြယ်ငါးတစ်ကောင်ကတော့ အနည်းဆုံး အသက်ရှင်ခွင့်ရသွားမယ်လေ "

လို့ပြောပြီး သဲသောင်ပြင်တလျောက် ကြယ်ငါးတွေကို ရေထဲပစ်ချရင်း ထွက်ခွာသွားသတဲ့ ။

ဟုတ်ပါတယ် ညီမလေးရေ... ။ တခါတလေ ကိုယ့်ရဲ့ လုပ်ရပ်လေးတစ်ခုဟာ အနည်းဆုံး တစ်စုံတစ်ခုကို အကျိုး ရှိစေတဲ့ လုပ်ရပ်လေးဖြစ်အောင် ကြိုးစားရလိမ့်မယ် ။ ဒီလောက်ဆို ညီမလေး... ဘ၀မှာ ဘယ်လို အသက် ရှင်နေ ထိုင်ရမယ်ဆိုတဲ့ နည်းလမ်းကို အရိပ်လေးဖြစ်ဖြစ် မြင်လောက်ရောပေါ့ ။ ကောင်းကောင်း... အိပ်စက်ပါ ညီမလေး ရေ... ။ နေ့သစ်တွေအတွက် ဘ၀မှာ အဓိပ္ပါယ်ရှိရှိ ရှင်သန်နေထိုင်ဖို့ တို့တွေ ခွန်အားတွေ ပြည့်ဝနေဖို့ လိုတယ် ။

သက်တန့်ချို
Related Posts Plugin for WordPress, Blogger...