ကျွန်တော်ရဲ့ဘလော့လေးကိုဝင်ရောက်ကြည့်ရှု့သူများစိတ်ချမ်းသာခြင်းပြည့်စုံနိူင်ကြပါစေလို့ဆု့တောင်းလျှက်ပါဗျာ၊...

Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Wednesday, 22 March 2017

ဆားပုလင်းနှင်းမောင်နှင့်မြိုင်ရာဇာတာတေ အသံဇာတ်လမ်း

ဒီဇာတ်လမ်း ကို တော့ထွေထွေထူးထူးမိတ်ဆက်နေဖိုကတောင် လိုမယ်မထင်ပါဘူးနော်...။ဇာတ် က လဲရုံတင်ပြီးလို့ အကယ်ဒမီပေးပြီးသားကားဖြစ်တဲ့ အတွက် အားလုံး နဲ့ စိမ်းမယ်မထင်ပါဘူး အောက်ကလင့်နေပဲ ဒေါင်းလိုက်ပါနော်.........။

►  Step - 1.အောက်က စာအုပ်ရယူရန် ကိုနှိပ်လိုက်ပါ။

►  Step - 2. " 5 sec " လောက်စောင့်ပေးပါ။ 

►  Step - 3. ညာဘက်အပေါ်ထောင့်က "SKIP AD ►" ကိုနှိပ်ပေးပါ။ 

►  Step - 4. Download Link ကျလာပါလိမ့်မယ်။

► အိုကေပါပြီ ဗျာ။☻☻☻



Credit..by
www.pyaephyo.com

Friday, 13 January 2017

Xiaomi (သို့) MI အကြောင်း သိကောင်းစရာ


MI အကြောင်း သိကောင်းစရာ
*******************
Mi ကို ဝယ်တော့မှာလား ? ဝယ်လာလို့ စသုံးဖြစ်ပြီလား ? ဝယ်မယ့်သူကိုပြန်ရှင်းပြဖို့လား ?
- ဖုန်းမှာ အဓိက Model နှစ်မျိုးက Mi နဲ့ Redmi ပါ။ Mi ကတော့ Spec မြင့်သလို ဈေးမြင့်ပါတယ်။ Redmi ကတော့ Spec မြင့်ပေမယ့် ဈေးသက်သာ အောင်ဖန်တီးထားပါတယ်။ အဲသည့် နှစ်မျိုးစီမှာ သာမာန်ထက် Screen Size ကြီးတဲ့ Note Serie တစ်မျိုးစီ ရှိပါတယ်။ ဒါကြောင့် Mi Note နဲ့ Redmi Note ဆိုပြီးထပ် ရှိပါတယ်။ Mi , Mi Note, Redmi, Redmi Note ဆိုတဲ့ Model တွေပါ။ Mi Max နဲ့ Mi Mix ကိုတော့ သီးခြား အမျိုးအစားထဲ ထည့်ရပါလိမ့်မယ်။
- Mi ဖုန်းတွေမှာ Android ကိုအခြေခံထားတဲ့ စနစ်တစ်ခုရှိပါတယ်။ သူ့ကိုတော့ MIUI (မီယူအိုင်) လို့ခေါ်ပါတယ်။ Android မှာပါတဲ့ Function တွေထက်ကျော်လွန်ပြီး လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။ Android ကိုအခြေပြုပြီး မွေးဖွားလာတဲ့ MIUI ဟာ Mi ဖုန်းတွေရဲ့အသက်ပါ။ Android version ဘယ်လိုပဲဖြစ်နေပါစေ MIUI ကဖုန်းတစ်လုံးနဲ့ တစ်လုံးကို Feature တွေ ၉၉ ရာနှုန်းတူညီအောင် ထောက်ပံ့ပေးထားနိုင်တာမို့ Android Version ဟာ Mi အတွက် ကြီးကြီးမားမားအရေးမကြီးပါဘူး။ MIUI ကိုသာ အမြဲအဆင့်မြှင့်တင်ဖို့လိုပါတယ်။
- MIUI ရဲ့အားသာချက်ကတော့ လိုသလို Customize လုပ်လို့ရတဲ့ အရာတွေရယ် ကမ္ဘာပေါ်က ထောင်ပေါင်းများစွာသော Developer တွေ Designer တွေကအလုပ်လုပ်ပေးနေပြီး အသစ်အဆန်းတွေ အမြဲ Up to date ဖြစ်နေတာရယ်။ Active ဖြစ်နေပြီး စက္ကန့်နဲ့ အမျှ လေ့လာစရာတွေ တိုးနေတတ်တဲ့ ကမ္ဘာလုံးဆိုင်ရာ Forum ကြီးရှိနေတာရယ်။ ဘယ်မော်ဒယ်ကိုသုံးသုံး လုပ်ဆောင်ချက် အားလုံးနီးပါး အတူတူရရှိနိုင်လို့ ကွဲပြားနေတယ် ခွဲခြားထားတယ်လို့ မခံစားရတာရယ် ...
- MIUI မှာ China ROM နဲ့ Global ROM ဆိုပြီး အဓိက ၂ မျိုး ရှိပါတယ်။ တစ်မျိုးစီမှာ Developer ROM နဲ့ Stable ROM တစ်ခုစီထပ်ရှိပါတယ်။ Custom ROM ဆိုတာကတော့ MIUI Team ကနေတရားဝင်ထုတ်လုပ်ထားတာ မဟုတ်ပဲ Developer တွေက သီးသန့် ဖန်တီးထားတဲ့ ROM တွေဖြစ်ပါတယ် Error တွေရှိနိုင်ပါတယ်။ အမျိုးအစား အမျိုးမျိုး ရှိပါတယ်။ ပိုသုံးလို့ကောင်းတဲ့ လုပ်ဆောင်ချက်တွေလည်း ပါနိုင်ပါတယ်။ ဒါကိုမရောထွေးစေဖို့ သတိပြုပါ။
- အရင်က Developer ROM မှာ မြန်မာစာကိုTheme Font နဲ့ အလွယ်လေး ပြောင်းလို့ရပေမယ့် ပေါ်လစီအသစ်ကြောင့် အခု zawgyi ကို Theme font အနေနဲ့ လက်မခံတော့ပါ။ ဒါပေမယ့် Global ROM မှာ zawgyi တရားဝင်ပါလာပါပြီ။ အလုပ်ရှုပ်မခံချင်ရင် Global ROM ထွက်ပြီးသား Model တွေမှာ Global ROM ကိုတင်ထားတာ မြန်မာစာစိတ်ချရသလို Google ပြသနာလည်းကင်းသွားပါတယ်။
- MIUI 7 ကစလို့ Mi Account ဟာသိပ်ကိုအရေးကြီးတဲ့ အခန်းကနေ ပါဝင်လာပါပြီ။ Mi ဖုန်းသုံးတော့မယ် MIUI ကိုစတင် ထိတွေ့တော့မယ်ဆိုရင် Account ကလုံခြုံရေးအရလည်း အရမ်းအရေးကြီးပါတယ်။ ဖုန်းစဝယ်စဉ်မှာ Setting ထဲက Mi Account ကိုကြည့်ပါ။ သူများအကောင့်ဝင်ထားရင် ထွက်ခိုင်းပါ။ ကိုယ်ပိုင်အကောင့်နဲ့သုံးသင့်ပါတယ်။ ဆိုင်ကတာဝန်ရှိသူတွေကလည်း တစ်ခါတစ်လေ မေ့လျော့တတ်တာမို့ အကောင့်ကိုပြန်ထွက်ခိုင်းဖို့ မမေ့ပါနဲ့။ သူများအကောင့်ကြီးနဲ့ Find Device On ပြီးပါလာရင် ပြသနာသေချာပေါက်တက်မှာပါ
- ROM ကိုအခုမှ စပြီး Flash တော့မယ်ဆိုရင် ကျွမ်းကျင်သူတစ်ယောက်ကို အပြင်မှာ အကူအညီတောင်းပြီး အရင်ဆုံးစမ်းသပ်စေလိုပါတယ်။ Forum တွေမှာမေးတာ၊ Message တွေမှာမေးတာတွေက စလုံးရေစဖြစ်တဲ့ ကိုယ့်ကို ပိုပြီး ချာချာလည်စေပါတယ်။ ရှည်လျားပြီး အမှားမခံတဲ့ စနစ်တွေကို ရှင်းပြဖို့ အွန်လိုင်းကသင့်တော်တဲ့ communication မဟုတ်ပါ။
- ဖုန်းကို ကိုယ့်တာဝန်ကိုယ်ယူပြီး ကလိဖို့ လေ့လာဖို့ မဟုတ်ရင် Root တာကိုအားမပေးပါဘူး။ Root ပြီးတက်တဲ့ ပြသနာက အမျိုးအစားပေါင်းများစွာ ရှိလို့ Online Support တိတိကျကျ ပေးဖို့ မလွယ်ပါဘူး။ ကိုယ်မနိုင်တော့ရင် ဆိုင်ပဲပြေးရပါမယ်။ မလိုလားအပ်တဲ့ လုံခြုံရေးပြသနာလေးတွေ တက်နိုင်ပါတယ်။ သာမာန်သုံးရုံဆို မ Root ပါနဲ့။ Bootloader Unlock မလုပ်ပါနဲ့။ လုပ်မိရင်လည်း မိမိကိုယ်တိုင်မှာ တာဝန်အရှိဆုံးဆိုတာ သိရပါလိမ့်မယ်။ ဆိုင်ကို ပြသနာရှာလို့မရပါ။
- ဘက်ထရီကို တွေ့ကရာ ကြိုးတွေနဲ့ ယူသွင်းတာမျိုး မလုပ်ပါနဲ့ ဖုန်းပိတ်ကျသွားသည်အထိ မသုံးပါနဲ့၊ ၂၀ အောက်မရောက်သေးပဲ ခဏခဏ Charging သွင်းတာမျိုး မလုပ်မိပါစေနဲ့ ဖုန်းရဲ့ ဘက်ထရီ သက်တမ်းကို ထိခိုက်စေပါတယ်။ ဘက်ထရီမခံတော့ဘူး ဆိုတဲ့ အခြေအနေဟာ အထက်ပါ အကြောင်းအရာတွေကြောင့် ၈၀% ဖြစ်တတ်ပါတယ်။ Quick Charge စနစ်ပါတဲ့ဖုန်းတွေဆိုရင် A ပိုမြင့်ပါတယ်။
- ဖုန်းတွေဟာ သုံးနေရင် အနည်းနဲ့ အများ ပူတတ်ပါတယ်။ တစ်ခါတစ်လေ သာမာန်ထက်ပိုပူတတ်ပါတယ်။ အားသွင်းထားစဉ် ပူတာမျိုးဆို သတိရှိပါ။ ပလပ်ပြောင်းထိုးပါ နေရာပြောင်းအားသွင်းကြည့်ပါ။ ဖုန်းကိုပိတ်ပြီး အားသွင်းကြည့်ပါ။ အမြဲပူနေရင်တော့ သတိရှိပါစေ။ ရောက်နေတဲ့နေရာက Network လိုင်းတွေအားနည်းတဲ့အခါမျိုးမှာလည်း ဖုန်းကပူလာတတ်တာကို သတိပြုပါ။
- Software တစ်ခုခုသွင်းတော့မယ်ဆိုရင် Allow လုပ်ခိုင်းဖို့ စက္ကန့်တွေ စောင့်ဆိုင်းနေရတာ
ဖြေရှင်းရန် - Setting >> Additional Setting >> Privacy >> Unknown Sources ကိုအမှန်ခြစ်ပေးလိုက်ပါ...
- Developer Option မတွေ့တာ
ဖြေရှင်းရန် - Setting >> About Phone >> MIUI Version ကို ခုနှစ်ချက်ဆက်တိုက်နှိပ်ပေးပါ..
- Download Size ပြသနာတက်ပြီး မဒေါင်းပဲရပ်နေတာ
ဖြေရှင်းရန် - Download Application ကိုရှာပါ အပေါ်ဘက်ထောင့်ရှိ အစက်လေးသုံးစက်မှ တစ်ဆင့် Setting ကိုဝင်၍ Download Size Limit ကို Unlimited ထားပေးပါ...
- Facebook ကနေ Message ကိုနှိပ်လိုက်ရင် Messenger တက်မလာတာ သို့မဟုတ် Messenger Popup တက်မလာတာ
ဖြေရှင်းရန် - Setting >> Installed App >> Messenger >> Permission Manager >> အောက်ဆုံးက Display Popup Window ကိုအမှားလေးဖြုတ်လိုက်ပါ...
- Zapya ကချိတ်လို့ရပြီး ဘယ်ကိုမှပို့လို့မရတာ
ဖြေရှင်းရန် - Security Application ကိုရှာပါ Data Usage >> Restrict Data Usage >> Zapya ကို Data ရော WLAN မှာပါ အမှန်ခြစ်ပေးလိုက်ပါ...
- Ringtone ပြောင်းရန်မတွေ့တာ 
ဖြေရှင်းရန် - (၁) Setting >> Sound and Vibration >> Phone Ringtone>> အပေါင်းကိုနှိပ်ပြီး ကိုယ်လိုချင်တဲ့ ဖိုင်ကိုရွေးပေးလိုက်ပါ...
- Screen ကိုလက်နှစ်ချောင်းနဲ့ စုဆွဲလိုက်ရင် Home Screen ရဲ့ Menu ကိုရောက်သွားပြီး လက်သုံးချောင်းနဲ့ စုဆွဲလိုက်ရင်တော့ Home Screen Preview ကိုရောက်သွားမှာပါ...
- ကင်မရာကိုဖွင့်ထားပြီး Home back menu ခလုတ်သုံးခုထဲက menu ခလုတ်ကိုဖိထားရင် Camera setting ကိုမြင်ရမှာပါ။ Dial Pad ကိုဖွင့်ထားပြီး နှိပ်ရင် Call Setting .. Message ကိုဖွင့်ထားပြီး နှိပ်ရင် Message setting စသဖြင့် မြင်ရပါမယ်။
- Second Space ဆိုတာက ဖုန်းတစ်လုံးကိုပဲ ၂ လုံးပုံစံ ခွဲထားတာပါ။ သီးခြားကန့်သတ်မှုတွေလုပ်လို့ရသလို Password ခံထားလို့လည်းရပါတယ်။ မလိုချင်တော့ရင် Second Space ကိုပြန်ဖျက်နိုင်ပါတယ်...
- Dual app ဆိုတာက App တစ်ခုကို ၂ ခုဖြစ်အောင်ပွားသုံးတဲ့ လုပ်ဆောင်ချက်ပါ။ SIM နှစ်ကတ်သုံးထားလို့ VIber ၂ ခုဖွင့်ချင်တာ Messenger နှစ်ခုသုံးချင်တာ Facebook အကောင့် ၂ ခုသုံးချင်တာ တွေအတွက် လည်းအဆင်ပြေသွားစေမယ့် လုပ်ဆောင်ချက်ပါ...
- ဖုန်းတစ်လုံးနဲ့ တစ်လုံး အသစ်လဲရင် Data တွေပျောက်မှာ မစိုးရတော့ပါဘူး။ Setting တွေကအစ အကုန်လုံး ဟိုဘက်ဖုန်းအသစ်ဆီ လက်ရှိအတိုင်း Transfer လုပ်ပစ်နိုင်မယ့် Mi Mover က Setting ထဲမှာ ရှိပါတယ်။
- ပုံကို Hide လုပ်မိလို့ ပျောက်သွားသူတွေအတွက်က Gallery ကိုဖွင့်ပြီး Menu Key ကိုနှိပ်ထားကာ Setting ခေါ်လိုက်ပါ။ အဲထဲမှာ Show Hidden Album ကိုပြလိုက်ရင် ကိုယ့်ပုံတွေ ရေးရေးပေါ်ပါပြီ ဖိထားပြီး Unhide လုပ်ပါ။
အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်။ သိသင့်သိထိုက်တာလေးတွေ ရွေးပြီး ထုတ်နှုတ်ပေးလိုက်ပါတယ်။ ဆက်ပြီး သုံးကြည့်မယ်ဆိုရင် တော်တော်လေး နှစ်သက်ဖွယ်ကောင်းတဲ့ ခံစားချက်မျိုး ရရှိပါလိမ့်မယ်။ ဒါတွေသိထားရင် ဆက်ပြီး ဖတ်မှတ် လေ့လာသုံးကြည့်ဖို့ ပိုအဆင်ပြေသွားမှာပါ။
Credit: ဦိးလေး ချစ်
(MIUI Myanmar Fans)

Tuesday, 16 June 2015

SIM CARD LOCK ကျသွားတဲ့အခါ...


အကြောင်းအမျိုးမျိုးကြောင့် ကိုယ့် Sim Card က lock ကျသွားပြီဆိုရင် ဖုန်းလိုင်းပျောက်ပြီး unlock ပြန်လုပ်ဖို့ ဖုန်းက PUK Code တောင်းပါလိမ့်မယ် PUK ဆိုတာ ဘာမှန်းမသိတာနဲ့တင် မပုတုရုံး ဆီရောက်
ရောက်သွားရတယ် တကယ်တော့ ဖုန်းဝယ်ကတည်းက PUK code ကပါပြီးသားပါ (ပုံမှာပြထားသလို)

unlock ပြန်လုပ်ပုံကတော့
အဲ့ဒီ code ၈ လုံးကို ရိုက်ထည့်ပေးလိုက်ပါ ပြီးရင် ok နှိပ်ပါ
PIN number အသစ်ပြန်လုပ်ခိုင်းပါလိမ့်မယ်။ 12345 လို့သာ ရိုက်ပြီး ok နှိပ်ပါ နောက်တစ်ခေါက် PIN number ကို confirm လုပ်ခိုင်းပါလိမ့်မယ် 12345 လို့ထပ်ရိုက်ပေးပြီး ok နှိပ်လိုက်ပါ
ဒါဆိုပြီးပါပြီ Sim Lock, ပြုတ်ပြီး ဖုန်းလိုင်းပြန်တတ်လာပါလိမ့်မယ်

♪ သင့်ရဲ့ Android Phone , Tablet တို့ကို Factory Reset ပြုလုပ်နည်း ♫

1
Android Device များကို စက်ရုံထုတ်အနေအထားအတိုင်းပြုလုပ်နိုင်ဖို့အတွက် ‘ factory reset ‘ ကို ထည့်သွင်းပေးထားပါတယ်။ သင့်ရဲ့ ဖုန်းလေးလံလာလို့ ဖြစ်ဖြစ်၊ Android OS ဟာ ကောင်းကောင်းအလုပ် မလုပ်တော့လို့ပဲ ဖြစ်ဖြစ် factory reset ပြုလုပ်နိုင်ပါတယ်။

သင့် Android Device ကို အခြားတစ်ယောက်ကို ရောင်းချ ဒါမှမဟုတ် လှူဒါန်းမယ်ဆိုရင်တော့ factory သင့်ရဲ့ လုပ်ရုံနဲ့ မလုံလောက်ပါဘူး။ နည်းပညာ ကျွမ်းကျင်သူတွေက factory reset ပြုလုပ်လိုက်လို့ ပျက်သွားတဲ့ သင့်ရဲ့ ဒေတာတွေကို ပြန်လည်ရှာဖွေနိုင်ပါတယ်။ အဲဒီ အခြေအနေမှာတော့ factory reset မလုပ်ခင် encrypt ပြုလုပ်သင့်ပါတယ်။ သင့်ရဲ့ Andnroid Device ကို အခြားသူတစ်ယောက်ထံ လွှဲပြောင်းပေးတော့မယ်ဆိုရင် ဒေတာများကို ပြန်ပြီး ရှာလို့မတွေ့အောင် ဖျက်ပစ်နည်းကို နောက်ပိုင်း မှာ ရေးပေးမှာပါ။ အခု tutorial မှာတော့ factory reset ပြုလုပ်နည်းကို ရေးပေးလိုက်ပါတယ်။

Factory reset ပြုလုပ်ရင် သင့်ရဲ့ ဒေတာများကို ဖျက်ပစ်မှာ ဖြစ်လို့ contacts, app & data , photos, videos နဲ့ အခြား အရေးကြီးဒေတာတွေကို အရင်ဆုံး backup ပြုလုပ်ပါ။ ဒီလိုပြုလုပ်ဖို့ Apps များစွာ ရှိပြီး ယခင်တစ်ပတ်ထုတ် ဂျာနယ်မှာ ရေးသားပေးထားတဲ့ Helium က apps & data တွေကို sd card , cloud တို့မှာ backup လုပ်ပေးနိုင်ပါတယ်။

Factory reset ပြုလုပ်ခြင်း
Phone settings ထဲသွားပြီး backup and reset ထဲဝင်ပါ။ Back up my data မှာ အမှန်ခြစ်ပေးပြီး backup account ကိုရွေးပေးပါ။ Automatic restore မှာလည်း အမှန်ခြစ်ပေးသင့်ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုရင် သင့်ဖုန်းမှ app data, WiFi passwords နဲ့ အခြား ဆက်တင်တွေကို Google Servers များမှာ သိမ်းဆည်းပေးပြီး restore လုပ်ပေးမှာပါ။ အပေါ်မှာ ဖော်ပြခဲ့သလိုပဲ အခြား third-party apps များကို အသုံးပြုပြီးလည်း backup လုပ်နိုင်ပါတယ်။

အချို့ဖုန်းထုတ်လုပ်သူတွေကလည်း သူတို့ ကိုယ်ပိုင် backup ၀န်ဆောင်မှုများကို ထည့်သွင်းပေးထားတဲ့ အတွက် backup and reset ကဏ္ဍအောက်မှာ ရွေးချယ်စရာ Option တစ်ခု အပိုရှိတတ်ပါ တယ်။ နှစ်သက်ရာ ၀န်ဆောင်မှု သို့မဟုတ် သင့်ရဲ့ များကို အသုံးပြုပြီး backup လုပ်ပါ။

1

Factory reset လုပ်ဖို့အတွက် factory data reset , reset phone စတဲ့ ခလုတ်တွေကို နှိပ်ရမှာပါ။ သင့်ရဲ့ ဖုန်းမှာ sd card ထည့်သွင်းထားရင် sd card မှ ဒေတာတွေကို ဖျက်ပစ်မလားလို့ မေးမှာပါ။ သင့်ရဲ့ စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ Reset ခလုတ်ကို နှိပ်လိုက်ရင် reboot ဖြစ်ပြီး recovery mode ထဲရောက်သွားမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ android device မှ ဒေတာများကို ဖျက်ပစ်မှာပါ။

2

ပြီးရင်တော့ reboot ဖြစ်သွားပြီး သင့်ရဲ့ ဖုန်းဟာ စက်ရုံထုတ်အခြေအနေကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

အဝေးမှ factory reset ပြုလုပ်ခြင်း

သင့်ရဲ့ ဖုန်းဟာ ခိုးယူခံရရင် ဒါမှမဟုတ် ပျောက်ဆုံးသွားရင် ဖုန်းထဲမှ သင့်ရဲ့ ကိုယ်ရေးကိုယ်တာ ဖိုင်တွေဟာ စိုးရိမ်စရာ ဖြစ်ပါတယ်။ အဲဒီအခြေအနေမှာ Google ရဲ့ Android Device Manager ၀န်ဆောင်မှုကို အသုံးပြုပြီး သင့်ရဲ့ ဖုန်းကို အဝေးမှ factory reset ပြုလုပ်နိုင်ပါတယ်။ Google က android device တွေမှာ android device manager ကို ကြိုတင်ထည့်သွင်းပေးထားသလို ဖုန်းအဟောင်းတွေမှာလည်း အင်တာနက် ဆက်သွယ်မှုကနေ တစ်ဆင့် နောက်ကွယ်ကနေ ထည့်သွင်းပေးထားပါတယ်။ သင့်ရဲ့ ဖုန်းမှာ android device manager မရှိရင် ကိုယ်တိုင် ထည့်သွင်းနိုင်ပါတယ်။ ဖုန်းမပျောက်ခင်မှာ ကြိုတင်ထည့်သွင်းထားဖို့ အရေးကြီးပါတယ်။

ဖုန်းပျောက်သွားရင် အခြားဖုန်းတစ်လုံး ဒါမှမဟုတ် ပီစီကနေ Android Device Manager ၀က်ဆိုက်ကိုသွားပြီး ပျောက်သွားတဲ့ သင့်ဖုန်းမှ Google အကောင့်နဲ့ login ၀င်ပါ။ Android Device Manager က သင့်ဖုန်းကို ရှာတွေ့ရင် ring, lock, erase စတဲ့ ရွေးချယ်မှုတွေကို ပြသမှာ ဖြစ်ပါတယ်။ Erase ကို နှိပ်ရင် confirmation menu တစ်ခုပေါ်လာမှာပါ။ Confirm လုပ်လိုက်တာနဲ့ သင့်ရဲ့ ဖုန်းမှ ဒေတာအားလုံးကို ဖျက်ဆီးပစ်ပြီး စက်ရုံထုတ် အခြေအနေအတိုင်း ရောက်ရှိအောင် ပြုလုပ်ပေး မှာ ဖြစ်ပါတယ်။

3

Myanmar Digital Life Journal

Wednesday, 27 May 2015

ဒီတစ်ခါတော့ ဖုန်းHardware သမားတွေ အတွက် IC တွေခွဲ ခြားပုံကို ဖော်ပြပေးလိုက် ပါတယ် ခင်ဗျာ။



I C (ယေဘူရ ခွဲခြားနည်း)
------------------------------

၁ ။ POWER I.C ခွဲခြားရင် ဘေးမှာ POWER Crystal ရှိတယ် Capacitor တွေ အများကြီးရှိတယ်

၂ ။ Nokia မှာ Second Powei IC ခွဲလိုလျှင် ဘေး မှာ Coil အ၀ိုင်းကြီးရှိတယ် (Betty တို့ Tahbo စသည်ဖြင့် IC ပေါ်တွင် ရေးထားသည်။)

၃ ။ CPU ခွဲလိုလျှင် လေးထောင့် ညီညီနှင့် အကြီးဆုံး IC

၎ ။ CPU ဘေးမှာ ရှည်ရှည်သွယ်သွယ် IC က Software ရေးတဲ့ Flash IC

၅ ။ GSM Pa IC က အင်တာနာ Pad အနီးနားမှာ

၆ ။ WCDMA PA IC က ဘေးနားမှာDuplex Falter ရဲ့ ကာလာရောင် ရွှေ ကြေး အနက်ရောင် စသည်ဖြင့် ဘေးနားမှာရှိ

၇ ။ GSM နဲ့ WCDMA မှာ GSM IC က နည်းနည်းပိုကြီးတယ် Duplex FLTER က Digital Mic

၈ ။ RF IC (Network IC) ခွဲလိုလျှင် ဘေးမှာ Network Crystal ,Soft Falter (မဲမဲအရောင်)ရှိ

၉ ။ Bluetooth IC ဘေးနားမှာ MHz ရှိတယ် (Nokia) မှာဆို အဖြူရောင် အခြားမှာဆို နှစ်လုံးပြူး Capacitor ထက် နည်းနည်းသေးတဲ့ပုံအတိုင်းလာတယ်

၁၀။ WiFi IC က Power IC အရွယ်လောက်ရှိတယ် သူဘေးနားမှာ သူ့အတွက်သီးသန့် INT တစ်ခုရှိ တယ်

၁၁။ BackLight IC ဘေးမှာ ကွိုင် အ၀ိုင်းကြီး ရှိ SAMSUNG HUAWEI SONY Etc ဘေးမှာ Diode , Coil ရှိတယ်

၁၂။GPSICက ပြောင်လက်လက် ပါးပါးလေးCrystal သေးသေးလေးလည်း ဘေးမှာရှိတယ်

၁၃။ USB IC က Charging လမ်းကြောင်း USB Connector အနီးမှာ သေးသေးလေး

၁၄။ SIM IC က SIM Connector ရဲ့ဘေးနားလောက်မှာ မာကင်ရဲ့ အောက်မှာ (စောင်းကြည့် လျှင်[8] အလယ်လွတ် ထောင့်လွတ်)

၁၅။ Camera IC က Camera အိုက်ရဲ့အနီးအနားမှာ Second Power IC အရွယ်လောက်ရှိမယ်

၁၆။ Display IC ကDisplay Connector ရဲ့အနီးမှာ

၁၇။ Keypad IC က Keypad ရဲ့အနီး အပေါ် ဒါမှမဟုတ်အောက်

၁၈။ memory Card IC က mmc caplock ရဲ့ ဘေးနားမှာ RESISTOR (R) (အပေါ်ကအမဲ)ဖြုတ်လိုက် ရင်အောက်က အဖြူ
CAPACITOR (C)(or) CONDENSER အသားရောင်လေးထောင့် တိုင်းရင်(Circuit Board မှ ဖြုတ် တိုင်းရမယ်)
DIODE (D) မှာ ငုတ်သေးသေးလေးတွေပါ (Cathode=K ဘက်မှ အနီလေး ပါတယ် Cathode မှာအနီ Anode=A ဘက်မှာအနက် မှန်အောင်ခွဲရမည်

COIL (L) ဖြုတ်စရာမလို Circuit မှာတိုင်း (ပုံစံက) Resistor နဲ့တူတယ် နန်းကြိုးသေးသေးလေးတွေပတ် အ၀ိုင်းအမည်းနဲ့လည်းလာ

FUSE (F) က Capacitor နဲ့လွဲတတ်တယ်

TRANSISTOR ဖြုတ်တိုင်းရတယ် Transistor နဲ့ Diode နဲ့ဆင်တယ် နှစ်ငုတ်နဲ့ သုံးငုတ်ဘဲကွာတယ်

CRYSTAL က ကောင်းမကောင်းတိုင်းမရ Size တူတာလဲ ကြည့်ပြီးမှ သိနိုင် (မှန်အောင်တပ်ရမှာက အနက်ရောင် ငုတ်လေးနှစ်ဘက် ကွေးကွေးလေး (-)ရှိတယ် ဖြုတ်ရင် အသေအချာမှတ်

အထူးမှတ်သားရန်

Back Up BATTERY ကို AIR GUN ,HEAT GUN နဲ့ မဖြုတ်ရပေါက်ကွဲတတ်သည်။

Sunday, 24 May 2015

♪ Andriodစမတ်ဖုန်းအချို့နဲ့ Samsung:-) HTC တို့၏ လျှိုဝှက် Code များ ♫

*အချို့ Code တွေက Memory အားလုံးဖျက်ခြင်း သို့ ရှင်းလင်းခြင်းဖြစ်၍ဂရုစိုက်ပေးပါရန်မေတ္တာရပ်ခံအပ် ပါသည်။

*#*#7594#*#* - Make Power button turn off your device without displaying menu
*#*#4636#*#* - Display information about phone, battery, usage and WiFi
*#*#7780#*#* - Factory reset (deletes app data and apps, not firmware)
*2767*3855# - Complete phone wipe, including firmware (not to be used lightly!)
*#*#273283*255*663282*#*#* - Back up all your photos and videos
*#*#1472365#*#* - Test your GPS
*#*#1234#*#* - Display phone firmware and PDA info
*#*#232338#*#* - Show WiFi Mac address
*#*#8255#*#* - Access GTalk Service Monitor
*#*#36245#*#* - Access Email debug info Email
*#*#225#*#* - Events calendar
*#*#426#*#* - Debug info for Google Play Service
*#*#759#*#* - Access Google Partner Setup
Samsung secret codes
*#*#34971539#*#* - Show all camera information
*#*#197328640#*#* - Enable test mode for services
*#*#232339#*#* - Wireless LAN test
*#*#1575#*#* - Test your GPS (alternative to generic Android GPS test)
*#*#0*#*#* - Test your LCD display
*#*#4986*2650468#*#* - Display crucial phone information (PDA, Hardware, firmware etc.)
##778 (followed by the Call button) - EPST menu
HTC secret codes
*#*#3424#*#* - HTC function test Program
*#*# - HTC Info menu
*#*#8255#*#* - Launch GTalk Service Monitor
##3424# - Diagnostic mode
##3282# - EPST menu
##8626337# - VOCODER
##33284# - Field trial menu
##786# - Reverse Logistics Support
##7738# - Protocol Revision

Phone News Up To Date

Tuesday, 5 May 2015

Smart Phone အသုံးပြုသူများသိထားသင့်သည့် အချက် (၅) ချက်


 
၁။ Smart Phone တစ်လုံး၏ကင်မရာများကိုယခုအခါသူ့ထက်ငါအပြိုင်အဆိုင်များဖြင့် Megapixels များမြင့်၍ထုတ်လုပ်ကြသည်ကိုတွေ့ လာရသည် Megapixels များမြှင့်တင်ခြင်းဖြင့် ဓာတ်ပုံ ကောင်းများရရှိနိုင်သည်ဟုသောအယူအဆဖြင့် pixel မြင့်ဖုန်းများဝယ်ယူကြသည်။Megapixels သည် ဓာတ်ပုံ အရွယ်အစားအနုစိတ်ကိုသာအဓိကထားသဖြင့်Pixel များလေပုံSizeကိုချဲပြီးဓာတ်ပုံထုတ်နိုင်ခြင်းဖြစ်ပြီး ဓာတ်ပုံ ၏အရည်အသွေး ကောင်းမွန်ရန်မှာမှု အာရုံခံ Sensor များနှင့် တိကျပြတ်သားစေရန် Aperture size တို့ကသာပိုမိုအရေးပါသည်။
၂။Smart phone များတွင်ယနေ့ Core များဖြင့် လုပ်ဆောင်နိုင်စွမ်းများကိုမြှင့်တင်ပေးရာ လက်ရှိ Octa coreသည် Core 8လုံးအလုပ်လုပ်သော CPU အမျိုးအစားဖြစ်သည်။ သို့သော် Core အရေအတွက်ထက် ထုတ်လုပ်သည့် ကုမ္ပဏီ မှအရည်အသွေးကောင်မွန်ပါက core အရေအတွက်နှင့်မဆိုင်ကြောင်းကို Mediatak မှထုတ်လုပ်သော Octa core CPU များ၏လုပ်ဆောင်နိုင်မှုမှာ Snapdragon မှထုတ်သော ထိပ်တန်းအဆင့် Quad core များကိုမကျော်နိုင်ခြင်းဖြင့်တွက်ချက်နိုင်သည်။
၃။ Smart Phone များကိုယနေ့တွင်ပိုမိုအသုံပြုနိုင်ရန် ဘက်ထရီ သိုလှောင် စွမ်းများကိုတိုး၍ထုတ်လာခဲ့သည် သိုသော် Asus ၏ Zenfone 2၏3000mAh battery မှာတကြိမ်အားသွင်းပြီး standby mode ထားပါ က ၁၂ နာရီ ခန့်ဖြင့်စွမ်းအင်ကုန်သွားပြီး Micromax Smart Phone Company ထုတ် Yu Yureka အမျိုးအစားမှာ 2500 mAh battery သိုလှောင် စွမ်းရှိပြီး ၃၆ နာရီမှာကုန်ဆုံးသဖြင့် ဘက်ထရီ Capicity နှင့် မဆိုင်ပဲ Screen size,Core,Ramများနှင့်လည်းဆိုင်သည်။
၎။ Smart phone များတွင် Auto Brightness အလိုအလျောက်အလင်းမြှင့်တင်ပေးခြင်း၊ Bluetooth ဖွင့်ထားခြင်း၊Live Wallpaper အသုံးပြုပါက Battery သက်တမ်းကိုထိခိုက်စေပြီး ယင်းတို့ကိုပိတ်ထားပြီး အသုံးပြုပါက ပိုမိုကြာရှည်စွာအသုံးပြုနိုင်မည်ကိုတွေ့  ရမည်ဖြစ်ပြီး အားသွင်းလျက်ဖုန်းအသုံးပြုခြင်းသည် ဖုန်းကိုများစွာထိခိုက်စေသည်။
၅။ သံလိုက်ဓာတ်သည် သင့်ဖုန်း မှတ်ဥာဏ်ကိုပျက်စီးစေသောကြောင့် ဖုန်းများကို Magnetic Wave ရှိသော ပစ္စည်းများ နှင့် Magnetic များနှင့်ဝေးသောနေရာမှာထားသင့်သည်။
 
 
 
 
Credit : Phone News Up To Date
 

ရုပ်သံလိုင်း ၂၃ လိုင်းနှင့် FM လိုင်း ၅ လိုင်း ကို အင်တာနက်မလိုပဲ ဖမ်းနိုင်သော Android TV Tuner (65,000 Kyats)


 
 
 
အင်တာနက် လုံးဝမလိုပါ
ဆင်းကတ်ရှိစရာမလိုပါ
 

http://www.mebonlinestore.com/electronic?product_id=53
Android Version 4.1 နှင့်အထက် ရှိပြီး OTG(USB Host Mode) support လုပ်သော Android ဖုန်းများနှင့် Tablet များတွင် တပ် ၍ အသုံးပြု နိုင်သည့် Android TV Tuner အား ပြည်လမ်းတော်ဝင်စင်တာ ရှိ MEB Store တွင် ဝယ်ယူရ ရှိနိုင်ပါသည်။
 

DVB-T နှင့် DVB-T2 စနစ် အသုံးပြု ၍ ထုတ်လွှင့်လျှက် ရှိသော အခမဲ့ ရုပ် သံလိုင်းများအား ဖမ်းယူနိုင်ပါသည်။ မိမိကြိုက်နှစ်သက်သည့် အစီအစဉ်လာနေပါကလည်း ဖုန်းတွင် Record လုပ်ယူထားနိုင်ပါသည်။ EPG Guide support ပေးသသည့် ရုပ်သံလိုင်းဆိုပါကလည်း EPG (Electronic Program Guide) စနစ် ပါရှိပါသည့်အတွက် ဘယ်အချိန် ဘယ်အစီအစဉ် လာမည်ဆိုတာကို ကြည့်ရှုနိုင်ပါသည်။
 

ဖမ်းယူရရှိနိုင်သော လိုင်းများမှာ
 

MWD Shopping
MWD Music
Series
Variety
Movies
MWD
Documentary
Thazin FM
MRTV
MRTV Entertainment
MITV
HLUTTAW
NRC
FARMER
Readers
MRTV Sport
MRTV-4
Channel 7
5 PLUS
MNTV
Channel 9
Myanma Radio
Upper Tineyin
Lower Tineyin
Maharbawdi
Mandalay FM
 
 
လိုင်းဖမ်းယူမှု အားနည်းသည့်နေရာများအတွက်လည်း Outdoor Antenna အသေးလေး ပါရှိပါသည်။
ဈေးနှုန်းမှာ ၆၅၀၀၀ ကျပ် ဖြစ်ပြီး MEB Store အခန်းအမှတ် ၄၀၃၂၊ တတိယထပ်၊ တော်ဝင်စင်တာ၊ ပြည်လမ်း၊ ဒဂုံမြို့နယ် ဖုန်း ၀၉၄၅၀၀၅၇၆၈၁၊ ၀၁၈၆၀၀၀၇၂ တွင် ဝယ်ယူနိုင်ပါသည်။
 

Monday, 22 December 2014

♪ MPT ဖုန်းပြောခနှင့် ၀န်ဆောင်ခများ လျှော့ချရန်ရှိ ♫

MPTအနေဖြင့် ဖုန်းပြောခများအပါအ၀င် ၎င်းတို့၏၀န် ဆောင်ခများအားလုံးကို ဒီဇင်ဘာမကုန်မီလျှော့ ချပေးသွားရန် စီစဉ်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ စီးပွားရေးဌာနမှ သတင်းရရှိသည်။ ‘‘မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက လက်ရှိပေးနေတဲ့ဝန်ဆောင်မှုအားလုံးကို ပြည်သူတွေသက်သက်သာသာနဲ့ သုံးနိုင်မယ့် နှုန်းထားတစ်ခုအထိလျှော့ချပေးသွားမှာပါ။ ဒီဇင်ဘာမကုန်ခင်မှာ လျှော့ချသွားဖို့ စီစဉ်နေ ပါတယ်’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းစီးပွားရေးဌာနမှ ဒါရိုက်တာဦးစောထူးသာကပြောသည်။

MPTကလျှော့ချပေးသွားမည့် ၀န်ဆောင်မှုများမှာ ဖုန်းပြော ခများ၊ အင်တာနက်အသုံးပြုခများနှင့် ဆင်းမ်ကတ် ၀ယ်လျှင် ကျပ်တစ်သောင်းဖြင့် အင်တာနက်လျှောက်ရသည့်ဝန်ဆောင်မှု များပါဝင်ပြီးအခြားသော ၀န်ဆောင်ခများကိုလည်း လျှော့ချပေးသွားမည်ဖြစ်ပြီး ဈေးနှုန်းအတိအကျကို တရားဝင်ထုတ်ပြန်သွား မည်ဖြစ်ကြောင်းသတင်းရရှိသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ဖုန်းပြောခတစ်မိနစ်လျှင် ကျပ်၅၀နှင့် SMSတစ်စောင်လျှင် ၂၅ ကျပ်နှုန်းကောက်ခံလျက်ရှိပြီး ပြည်ပအော်ပရေတာနှစ်ခုက ဖုန်းပြောခတစ်မိနစ်လျှင် ၂၅ကျပ်နှင့် SMSတစ်စောင်လျှင် ၁၅ ကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိသည်။
 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့်  နိုင်ငံတစ်ဝန်းတွင် ဆင်းမ်ကတ်ပေါင်း ၁၄သန်းဝန်းကျင် အထိ ရောင်းချပေး ထားပြီး အဆိုပါအရေအတွက်မှာ ပြည်တွင်း၌ မိုဘိုင်းဖုန်းအသုံး ပြုသူအားလုံး၏ ၉၀ရာခိုင်နှုန်းကျော်ခန့်ရှိကြောင်းအော်ပရေ တာများ၏ ထုတ်ပြန်မှုစာရင်းများအရသိရသည်။

(ဓာတ်ပုံ-ကျော်ဇင်သန်း)

7 Day Daily

Thursday, 18 September 2014

ကိုယ်ဝန်ဆောင်မိခင်များအတွက် maymay app for android Download

Koe Koe Tech  ကနေရေးသားထားတဲ့ ကိုယ်ဝန်ဆောင်မိခင်များအတွက် maymay app ပါ
လိုအပ်ပါကအောက်ကလင့်မှာ Download ယူနိုင်ပါတယ်



 
Download Google Playstore Link
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 





**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

   Download

Saturday, 9 August 2014

♪ WCDMA ဆင်းမ်ကတ် သုံးကတ်ကို ၁,၅၀၀ ကျပ်ဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် E-Lite Tech တို့ ပူးပေါင်းရောင်းချမည် ♫

https://media.licdn.com/media/p/6/000/26c/10d/1d34e76.png
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် E-Lite Tech ကုမ္ပဏီတို့ပူးပေါင်း၍ WCDMA ဆင်းမ်ကတ် သုံးကတ်ကို ၁, ၅၀၀ ကျပ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်းသိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၁,၅၀၀ ကျပ်ဖြင့် WCDMA ဆင်းမ်ကတ် သုံး ကတ်ဝယ်ယူနိုင်သည်ဆိုသည့် SMS တစ်စောင်ကို မိမိမိုဘိုင်းဖုန်းအတွင်း လက်ခံရရှိသူတိုင်းသည် ဖုန်းနံပါတ် ၀၁- ၆၅၆၆၂၂ သို့ ဆက်သွယ်ပြီး မှတ်ပုံတင်စာရင်းသွင်းကာ နီးစပ်ရာ E-Lite Tech မိုဘိုင်းဆိုင်များတွင် ဝယ်ယူနိုင်မည်ဖြစ် သည်။

ဖုန်းနံပါတ် ၀၉ ၂၅၉ xxxxx ဖြင့်စသည့် WCDMA ဆင်းမ်ကတ် သုံးကတ်ကို ၁,၅၀၀ ကျပ်ဖြင့် ၀ယ်ယူရရှိနိုင်မည့် ယခုအစီအစဉ်တွင် ပထမဦးစွာ အထက်ပါဖုန်းနံပါတ်သို့ Message ဝင်သည့် ဖုန်းနံပါတ်၊ အမည်၊ နေရပ်လိပ်စာနှင့် ဆင်းမ်ကတ်ထုတ်ယူလိုသည့် E-Lite Tech ဆိုင်ခွဲတို့ကို စာရင်းပေးသွင်း ရမည်ဖြစ်သည်။

ထို့နောက် နှစ်ရက်အတွင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ Confirm Message တစ်စောင်ဝင်လာမည်ဖြစ်ပြီး ၁၀ ရက်အတွင်း ဆင်းမ်ကတ် သုံးကတ်ကို ငွေကျပ် ၁,၅၀၀ ဖြင့်ဝယ်ယူနိုင်မည်ဖြစ်သည်။



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 

Thursday, 7 August 2014

Huawei User တွေ အတွက် အသုံးဝင်မယ့် ဆိုဒ်လေးတစ်ခုပါ။












http://www.huawei-file.com/

♪ Samsung Galaxy Tab S အကြောင်းအသေးစိတ်ဖော်ပြချက်များ ♫

Photo: Samsung Galaxy Tab S
===============

ဒီဇိုင်း

အလျား ၈.၃၈ လက်မ၊ အနံ ၄.၉၄ လက်မနဲ့ အထူ ၀.၂၆ လက်မ သာရှိပြီး Huawei ကနောက်ဆုံးထွက်ရှိထားတဲ့ Ascend P7 ဖုန်းသာသာလောက်သာ အထူရှိတဲ့ ဒီဇိုင်းနဲ့ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ပါးလွှာသလို ပေါ့ပါးမှုလည်းရှိ မှာဖြစ်ပါတယ်။ နောက်ကာဗာကတော့ Galaxy S5 ဖုန်းရဲ့ နောက်ကာဗာပုံစံ မျိုးပေါက်ကလေးတွေပါဝင်ပြီး ဘေးဘောင်မှာလည်း ရွှေရောင်လိုင်းတစ်ခုထည့်သွင်းထားပါတယ်။ စတူဒီယိုအမျိုးအစား စပီကာကို Tablet ရဲ့ အောက် ဘက် ဘောင်ထဲမှာ ထည့်သွင်းတည်ဆောက်ထားပြီး 3.5mm နားကြပ်ပေါက်ကို အသုံးပြု ထားတာဖြစ်ပါတယ်။ Samsung ရဲ့ Super AMOLED အမျိုးအစား Capacitive Touchscreen ကို အသုံးပြုထားပြီး စကရင် resolution 1600x2560 pixels ထိအပြည့်အ၀ထောက်ပံ့ပေးနိုင်ပါတယ်။ စကရင် အကျယ် ဒေါင်းဖြတ်အတိုင်းအတာ ၈.၄ လက်မရှိပြီး Multitouch စနစ်နဲ့ Samsung TouchWiz UI စနစ်တွေလည်းထောက်ပံ့ပါဝင်ပါတယ်။ စွမ်းဆောင်ရည် ပြည်တွင်းကို ပထမဆုံးဝင်ရောက်လာတဲ့ CPU Core ၈ ခုပါဝင်တဲ့ Octa-Core အမျိုးအစား Tablet PC ပဲဖြစ်ပါတယ်။ Quad-core 1.9GHz Cortex-A15 နဲ့ Quad-core 1.3GHz Cortex-A7 အမျိုးအစား CPU နှစ်လုံးထည့်သွင်းထားပြီး Exynos 5 Octa 5420 Chipset ကိုအသုံးပြုထားတာဖြစ်ပါတယ်။ ဂရပ်ဖစ်ပိုင်းအတွက် Mali-T628 MP6 GPU ထောက်ပံ့ပါဝင်မှာဖြစ်ပါတယ်။ မှတ်ဥာဏ်ပမာဏ 3GB RAM ပါဝင်ပြီး အချက်အလက်သိုလှောင်မှုအတွက် 16GB Internal Storage ပါဝင်တဲ့အပြင် microSD ကနေ 128GB ထိတိုးမြှင့်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ WiFi 802.11 a/b/g/n/ac စနစ်၊ Wi-Fi Direct, DLNA, MHL, Wi-Fi hotspot စနစ်တွေအသုံးပြုနိုင်မှာဖြစ်ပြီး Bluetooth v4.0 စနစ်ထောက်ပံ့ပါဝင်ပါတယ်။ Android OS ကတော့ v4.4.2 (KitKat) ဖြစ်ပါတယ်။ Galaxy S5 လိုမျိုး လက်ဗွေလုံခြုံရေးစနစ် Fingerprint sensor ကိုထည့်သွင်းပေးထားပြီး Accelerometer, gyro, compass sensors စနစ်တွေလည်းပါဝင်မှာဖြစ်ပါတယ်။

ကင်မရာနှင့် ဘက်ထရီ 

Resolution 3264x2448 pixels ပမာဏ ပုံရိပ်ဖော်ဆောင်ပေး နိုင်တဲ့ 8MP အမျိုးအစား နောက်ကင်မရာရဲ့ အောက်ဖက်မှာ LED Flash မီးကို ထည့်သွင်း ထားပြီး ဗီဒီယိုကို 1080p (30fps) HD အရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာဖြစ် ပါတယ်။ ရှေ့မှာတပ်ဆင်ပေးထားတဲ့ ကင်မရာကတော့ 2.1MP အမျိုးအ စားဖြစ်ပါတယ်။ ကင်မရာပိုင်းမှာ Autofoucs စနစ်နဲ့ Geo-tagging စနစ်တွေ ထောက်ပံ့ပါဝင်ပါတယ်။ 4900 mAh ပမာဏရှိတဲ့ Li-on အမျိုးအစား ဘက်ထရီကို ထည့်သွင်းထားပြီး non-removable အနေနဲ့ တင်ဆင်ထား တာဖြစ်ပါ တယ်။ ဘက်ထရီနဲ့ကို ဗီဒီယိုဖုန်းခေါ်ဆိုမှုကို ၁၁ နာရီဝန်းကျင်နဲ့ သီချင်း နားထောင်မှုကို နာရီ ၈၀ နဲ့အထက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အားသာချက် 

ကြည်လင်ပြတ်သားပြီး တောက်ပတဲ့အရည်အသွေးမြင့် စကရင်က မြင့်မားတဲ့ contrast နဲ့ ပုံရိပ်တွေကို သဘာဝအတိုင်း ပုံဖော်ပေးနိုင်တာက ဒီ TabS ရဲ့အားသာချက်တစ်ခုပါ။ သာမန်ထက်ပိုမိုပါးလွှာတဲ့ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ သွားလေရာယူဆောင်သွားနိုင်မှာလည်းဖြစ်ပါတယ်။ ဘက်ထရီနဲ့ကို အချိန်ကြာမြင့်စွာ သုံးနိုင်တာက လည်း တခြား Tablet တွေထက် ထူးခြားလှပါတယ်။

အားနည်းချက် 

သူ့မှာပါဝင်တဲ့ တချို့ UI တွေ (ဥပမာ-Magazine UI) စတာတွေ ကိုတော့ ဖယ်ထုတ်နိုင်မှာမဟုတ်ပါဘူး။ လက်ဗွေစကမ်စနစ်ပိုင်းက Tablet ကို ဒေါင်လိုက်သုံးရင်အဆင်ပြေပေမယ့် အလျားလိုက်အနေအထားမှာဆိုရင် တော့ ၅၀ ရာခိုင်နှုန်းလောက်ပဲအလုပ်လုပ်နိုင်တယ်လို့ဆိုရမှာဖြစ်ပါတယ်။

သုံးသပ်ချက်

ပြည်တွင်းကို ၀င်ရောက်တဲ့ Tab S အမျိုးအစားတွေမှာ GSM 2G/3G နဲ့ LTE နက်ခ်ဝက်စနစ်တွေထောက်ပံ့ပါဝင်တာဖြစ်ပြီး နိုင်ငံတကာမှာ ရောင်းချတဲ့ အမျိုးအစားတွေမှာတော့ ဖုန်းကွန်ယက်စနစ်ပါဝင်ခြင်းမရှိ ပါဘူး။ Super AMOLED Screen, Exynos 5 octa 5420 processor စတာတွေကြောင့် Tablet ရဲ့ တန်ဖိုးက သာမန်ထက် ပိုမိုဈေးကြီးသွားတာလို့ထင်ပါတယ်။ Samsung ရဲ့ Note3 လိုမျိုးစွမ်းဆောင်ရည်တွေ၊ S5 လိုမျိုး လုံခြုံရေးစနစ်တွေကို ဒီ Tablet မှာ စုပေါင်းထည့်သွင်းပေးထားသလိုပါပဲ။ စွမ်းဆောင်ရည်ပိုင်းကတော့ ပြည်တွင်းမှာရောင်းချနေတဲ့ Tablet တွေထက် ပိုမိုမြင့်မားမှုရှိတယ်လို့ဆိုရမှာပါ။ Tablet ကို သာမန် အွန်လိုင်းသုံးဖို့၊ ဂိမ်းကစားဖို့၊ ဖျော်ဖြေရေး အတွက်သာမကဘဲ နေ့စဉ် ပြုလုပ်နေကျ လုပ်ငန်းဆောင်တာတွေကိုပါ ကွန်ပျူတာတစ်လုံးလိုမျိုး ကောင်းစွာလုပ်ဆောင်နိုင်စေဖို့ ထုတ်လုပ်ထားတဲ့ Tablet လို့ သုံးသပ်ရ မှာဖြစ်ပါတယ်။

ဈေးနှုန်း 

၄၅၆,၀၀၀ ကျပ်ဖြစ်ပြီး Samsung Brand Shop တွေမှာ ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။

ဒီဇိုင်း

အလျား ၈.၃၈ လက်မ၊ အနံ ၄.၉၄ လက်မနဲ့ အထူ ၀.၂၆ လက်မ သာရှိပြီး Huawei ကနောက်ဆုံးထွက် ရှိထားတဲ့ Ascend P7 ဖုန်းသာသာလောက်သာ အထူရှိတဲ့ ဒီဇိုင်းနဲ့ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ပါးလွှာသလို ပေါ့ပါးမှုလည်းရှိ မှာဖြစ်ပါတယ်။ နောက်ကာဗာကတော့ Galaxy S5 ဖုန်းရဲ့ နောက်ကာဗာပုံစံ မျိုးပေါက်ကလေးတွေပါဝင်ပြီး ဘေးဘောင်မှာ လည်း ရွှေရောင်လိုင်းတစ်ခုထည့်သွင်းထားပါတယ်။ စတူဒီယိုအမျိုးအစား စပီကာကို Tablet ရဲ့ အောက် ဘက် ဘောင်ထဲမှာ ထည့်သွင်းတည်ဆောက်ထားပြီး 3.5mm နားကြပ်ပေါက်ကို အသုံးပြု ထားတာဖြစ်ပါတယ်။ Samsung ရဲ့ Super AMOLED အမျိုးအစား Capacitive Touchscreen ကို အသုံးပြုထားပြီး စကရင် resolution 1600x2560 pixels ထိအပြည့်အ၀ထောက်ပံ့ပေးနိုင်ပါတယ်။ စကရင် အကျယ် ဒေါင်းဖြတ်အတိုင်းအတာ ၈.၄ လက်မရှိပြီး Multitouch စနစ်နဲ့ Samsung TouchWiz UI စနစ်တွေလည်းထောက်ပံ့ပါဝင်ပါတယ်။ စွမ်းဆောင်ရည် ပြည်တွင်းကို ပထမဆုံးဝင်ရောက်လာတဲ့ CPU Core ၈ ခုပါဝင်တဲ့ Octa-Core အမျိုးအစား Tablet PC ပဲဖြစ်ပါတယ်။ Quad-core 1.9GHz Cortex-A15 နဲ့ Quad-core 1.3GHz Cortex-A7 အမျိုးအစား CPU နှစ်လုံးထည့်သွင်းထားပြီး Exynos 5 Octa 5420 Chipset ကိုအသုံးပြုထားတာဖြစ်ပါတယ်။ ဂရပ်ဖစ်ပိုင်းအတွက် Mali-T628 MP6 GPU ထောက်ပံ့ပါဝင်မှာဖြစ်ပါတယ်။ မှတ်ဥာဏ်ပမာဏ 3GB RAM ပါဝင်ပြီး အချက်အလက်သိုလှောင်မှုအတွက် 16GB Internal Storage ပါဝင်တဲ့အပြင် microSD ကနေ 128GB ထိတိုးမြှင့်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ WiFi 802.11 a/b/g/n/ac စနစ်၊ Wi-Fi Direct, DLNA, MHL, Wi-Fi hotspot စနစ်တွေအသုံးပြုနိုင်မှာဖြစ်ပြီး Bluetooth v4.0 စနစ်ထောက်ပံ့ပါဝင်ပါတယ်။ Android OS ကတော့ v4.4.2 (KitKat) ဖြစ်ပါတယ်။ Galaxy S5 လိုမျိုး လက်ဗွေလုံခြုံရေးစနစ် Fingerprint sensor ကိုထည့်သွင်းပေးထားပြီး Accelerometer, gyro, compass sensors စနစ်တွေလည်းပါဝင်မှာဖြစ်ပါတယ်။

ကင်မရာနှင့် ဘက်ထရီ

Resolution 3264x2448 pixels ပမာဏ ပုံရိပ်ဖော်ဆောင်ပေး နိုင်တဲ့ 8MP အမျိုးအစား နောက်ကင်မရာရဲ့ အောက်ဖက်မှာ LED Flash မီးကို ထည့်သွင်း ထားပြီး ဗီဒီယိုကို 1080p (30fps) HD အရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာဖြစ် ပါတယ်။ ရှေ့မှာတပ်ဆင်ပေးထားတဲ့ ကင်မရာကတော့ 2.1MP အမျိုးအ စားဖြစ်ပါတယ်။ ကင်မရာပိုင်းမှာ Autofoucs စနစ်နဲ့ Geo-tagging စနစ်တွေ ထောက်ပံ့ ပါဝင်ပါတယ်။ 4900 mAh ပမာဏရှိတဲ့ Li-on အမျိုးအစား ဘက်ထရီကို ထည့်သွင်းထားပြီး non-removable အနေနဲ့ တင်ဆင်ထား တာဖြစ်ပါ တယ်။ ဘက်ထရီနဲ့ကို ဗီဒီယို ဖုန်းခေါ်ဆိုမှုကို ၁၁ နာရီဝန်းကျင်နဲ့ သီချင်း နားထောင်မှုကို နာရီ ၈၀ နဲ့အထက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အားသာချက်

ကြည်လင်ပြတ်သားပြီး တောက်ပတဲ့အရည်အသွေးမြင့် စကရင်က မြင့်မားတဲ့ contrast နဲ့ ပုံရိပ်တွေကို သဘာဝအတိုင်း ပုံဖော်ပေးနိုင်တာက ဒီ TabS ရဲ့အားသာချက်တစ်ခုပါ။ သာမန်ထက်ပိုမိုပါးလွှာတဲ့ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ သွားလေရာယူဆောင်သွားနိုင်မှာလည်းဖြစ်ပါတယ်။ ဘက်ထရီနဲ့ကို အချိန်ကြာမြင့်စွာ သုံးနိုင်တာက လည်း တခြား Tablet တွေထက် ထူးခြားလှပါတယ်။

အားနည်းချက်

သူ့မှာပါဝင်တဲ့ တချို့ UI တွေ (ဥပမာ-Magazine UI) စတာတွေ ကိုတော့ ဖယ်ထုတ်နိုင်မှာမဟုတ်ပါဘူး။ လက်ဗွေစကမ်စနစ်ပိုင်းက Tablet ကို ဒေါင်လိုက်သုံးရင်အဆင်ပြေပေမယ့် အလျားလိုက်အနေအထား မှာဆိုရင် တော့ ၅၀ ရာခိုင်နှုန်းလောက်ပဲအလုပ်လုပ်နိုင်တယ်လို့ဆိုရမှာဖြစ်ပါတယ်။

သုံးသပ်ချက်

ပြည်တွင်းကို ၀င်ရောက်တဲ့ Tab S အမျိုးအစားတွေမှာ GSM 2G/3G နဲ့ LTE နက်ခ်ဝက်စနစ်တွေထောက်ပံ့ ပါဝင်တာဖြစ်ပြီး နိုင်ငံတကာမှာ ရောင်းချတဲ့ အမျိုးအစားတွေမှာတော့ ဖုန်းကွန်ယက်စနစ်ပါဝင်ခြင်းမရှိ ပါဘူး။ Super AMOLED Screen, Exynos 5 octa 5420 processor စတာတွေကြောင့် Tablet ရဲ့ တန်ဖိုးက သာမန်ထက် ပိုမိုဈေးကြီးသွားတာလို့ထင်ပါတယ်။ Samsung ရဲ့ Note3 လိုမျိုးစွမ်းဆောင်ရည်တွေ၊ S5 လိုမျိုး လုံခြုံရေးစနစ်တွေကို ဒီ Tablet မှာ စုပေါင်းထည့်သွင်းပေးထားသလိုပါပဲ။ စွမ်းဆောင်ရည်ပိုင်း ကတော့ ပြည်တွင်းမှာရောင်းချနေတဲ့ Tablet တွေထက် ပိုမိုမြင့်မားမှုရှိတယ်လို့ဆိုရမှာပါ။ Tablet ကို သာမန် အွန်လိုင်းသုံးဖို့၊ ဂိမ်းကစားဖို့၊ ဖျော်ဖြေရေး အတွက်သာမကဘဲ နေ့စဉ် ပြုလုပ်နေကျ လုပ်ငန်းဆောင် တာတွေကိုပါ ကွန်ပျူတာတစ်လုံးလိုမျိုး ကောင်းစွာလုပ်ဆောင်နိုင်စေဖို့ ထုတ်လုပ်ထားတဲ့ Tablet လို့ သုံးသပ်ရ မှာဖြစ်ပါတယ်။

ဈေးနှုန်း

၄၅၆,၀၀၀ ကျပ်ဖြစ်ပြီး Samsung Brand Shop တွေမှာ ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။

Internet Journal

Tuesday, 5 August 2014

ANDROID ဖုန်း ကို မောက်ပဲလုပ်လုပ် keyboard ပဲလုပ်လုပ် လုပ်လို့ရနေပါပြီ ( KoPeinLay)


 
ဖုန်း ကို မောက်လုပ်ချင်သူများအတွက် WIFI MOUSE ကို တင်ပေးလိုက်ပါတယ် keyboard လည်းရ တယ်နော် အဆင်ပြေလို့ ကျွန်တော်စမ်းသပ် ထားပြီးသားပါ လိုအပ်တာတွေကတော့ wifi ဆိုတဲ့ အတွက် wireless တော့ လိုတာပေါ့ နောက်ပြီးဒီဆော့ဝဲ နှစ်ခု ဖုန်းထဲကို ထည့်သွင်းဖို့ဟာ က ဒီမှာ ဒေါင်းပါ ...
 
ကွန်ပြူတာထဲ ထည့်သွင်း ဖို့ရာက ဒီမှာ ဒေါင်းပါ ဒေါင်းပြီးပြီဆိုရင် လုပ်ပုံကတော့ ဟန်းဆက်နဲ့ ကွန်ပြူတာ wireless နဲ့ချိပ်လိုက်ပါ နောက်ပြီး ကွန်ပြူတာမှာ ထည့်ထားတဲ့ software ကိုလည်းဖွင့်လိုက်ပါ ညာဘက် အောက်ဒေါင့်မှာ ပြနေပါလိမ့် မယ် နောက်ပြီး ဟန်းဆက်က wifi mouse ကို ဖွင့်လိုက်ပါ အပေါ်ဆုံးက auto connect ကိုနှိပ်ပြီး ချိပ်လိုက်ပါ မောက်ပုံစံလေး ဟန်းဆက်မှာပြနေပါလိမ့်မယ် ဒါဆို သုံးလို့ရပါပြီ keyboark လုပ်ချင်ရင်တော့ ဘယ်ဘက် အောက်ဒေါင့်နားက keyboark ပုံစံ လေးကို နှိပ်ပြီးလည်း စာရေးနိုင်ပါတယ်ဗျာ......


http://kopeinlay.blogspot.com/

ဖုန်းပြောဆိုခကို (၁)မိနစ်(၂၅)ကျပ်နှုန်းဖြင့်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စတင်ဝန်ဆောင်မှုပေး


http://mandalaygazette.com/wp-content/uploads/2014/02/7902_553988067975169_1420658941_n.jpg

မြန်မာ့ဆက်သွယ်ရေုးလုပ်ငန်းအနေဖြင့် MPT မိုဘိုင်းလ်အသုံး ပြုသူCustomerများအတွက် Friends and Family Service ၀န်ဆောင်မှုPromotion အစီအစဉ်အဖြစ်၂၀၁၄ဇူလိုင်၂၉ရက်နေ့မှ စတင်၍ မိမိတို့၏သူငယ်ချင်း ၊ မိတ်ဆွေ၊မိသားစုဝင်တို့၏ မိုဘိုင်းလ်ဖုန်းများကို တစ်မိနစ်လျှင်၂၅ကျပ်ဖြင့်ခေါ်ဆိုနိုင် မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ Friends and Family Service ၀န်ဆောင်မှု Promotion အစီအစဉ်ကို ၂၀၁၄ ဇူလိုင်၂၉ရက်နေ့မှ စတင်၍ ၂၀၁၄ သြဂုတ်၃၁ရက်နေ့ အထိဆောင်ရွက်သွားမည်ဖြစ်ပြီး ကြိုတင်ငွေ ဖြည့် ကတ်သုံး GSM/ WCDMA ဖုန်းသုံးစွဲသူများအသုံးပြုနိုင်မည်ဖြစ်သည်။ အစီအစဉ်တွင်ပါဝင်အသုံးပြု လိုသူများအနေဖြင့်သတ်မှတ်ထားသည့် ပုံစံအတိုင်း1331 သို့ Message ပေးပို့ရ မည်ဖြစ်သည်။ ပေးပို့ ထားသောဖုန်းနံပါတ်များကို ပြန်လည်ကြည့်ရှုလိုပါကမိမိ၏ဖုန်းတွင် VIEW ဟုရိုက်ပြီး 1331သို့messageပေးပို့၍ပြန်လည်ကြည့်ရှုနိုင်သည်။
 
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြုလုပ်ပေးသည့်အဆိုပါဝန်ဆောင်မှုအစီအစဉ်တွင်မှတ်ပုံတင်ကြေးအဖြစ် ၂၅၀၀ကျပ်ကိုGSM/WCDMAမိုဘိုင်းလ်ဖုန်း၏လက်ကျန်ငွေမှနှုတ်ယူသွားမည် ဖြစ်သည်။မိမိAdd ပြုလုပ်ပေး ပို့ထားသော မိုဘိုင်းလ်ဖုန်းနံပါတ်များကို တစ်မိနစ်လျှင်၂၅ကျပ်နှုန်းဖြင့် စတင်အသုံးပြုသည့်ရက်မှစ၍ ရက်ပေါင်း (၃၀) အတွင်းခေါ်ဆိုအသုံးပြုနိုင်မည်ဖြစ်သည်။ “လောလောဆယ်တော့ ဒီဝန်ဆောင်မှုကို GSM/WCDMA မိုဘိုင်းလ်ဖုန်းတွေပဲအသုံးပြုနိုင်မှာပါ။ ဒီဝန်ဆောင်မှုက မိမိဖုန်းနံပါတ်တစ်ခုမှာ မိုဘိုင်းလ် ဖုန်းနံပါတ်အများဆုံး ၃ခုကိုပဲခွင့်ပြုထားပါတယ်။CDMA ဖုန်းအသုံးပြုသူတွေအတွက်လည်း မကြာခင် အချိန်အတွင်းမှာ အသုံးပြုနိုင်အောင်စီစဉ်နေပါတယ်။ 1331ကို message ပေးပို့တာကတော့ အခမဲ့ဖြစ် ပါတယ်။ ဒါပေမယ့်ဖုန်းဘေလ်လက်ကျန်ငွေ၂၅၀၀ကျပ် အနည်းဆုံးရှိ ဖို့တော့ လိုပါတယ်” ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

 
ထို့အပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးအော်ပရေတာလိုင်စင် လက်ဝယ် ရရှိထားသောနိုင်ငံတကာမိုဘိုင်းလ်အော်ပရေတာများနှင့်အပြိုင်ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ဂျပန်နိုင်ငံအခြေစိုက် KDDI, Sumitomo Corporation အစရှိသော ထိပ်သီးဆက်သွယ်ရေးကုမ္မဏီများနှင့် အကျိုးတူပူးပေါင်း၍ ဆက်သွယ်ရေး ဆိုင်ရာအဆောက် အဦးများ၊ အင်တာနက်အပါအ၀င် မိုဘိုင်းလ် ၀န်ဆောင်မှု လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ် သည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ လက်ရှိတည်ဆောက်ထားရှိသော Mobile network များကိုပိုမိုကောင်းမွန်ရန် အတွက် KDDI နှင့် Sumitomo Corporation ကုမ္မဏီများမှထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်းသိရသည်။
 
မြန်မာ့ဆက်သယ်ရေးလုပ်ငန်းမှဝန်ဆောင်မှုပေးသွားမည့် Friends and Family Service ၀န်ဆောင်မှု Promotion အစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုသူများ အနေဖြင့် www.mcit.gov.mm သို့ဝင်ရောက်ကြည့်ရှုနိုင်ပြီး 1876 သို့လည်းဆက်သွယ်၍မေးမြန်း စုံစမ်းနိုင်ကြောင်းသိရှိရ သည်။ နောက်ပိုင်း ကာလများတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေ  ဖြင့်တန်ဖိုးနည်း Sim card များကိုအကန့်အသတ်မရှိ မိုဘိုင်းလ်ဆိုင်များတွင် ၀ယ်ယူရရှိနိုင်ရန် စီစဉ်သွားမည်ဖြစ်သည်။ GSM(2G) နှင့် WCDMA(3G) sim card အမျိုးအစားများကို အဓိကထား၍ရောင်းချသွားမည်ဖြစ်သည်။ ထို့အပြင်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ကိုယ်ပိုင်call centerကိုတည်ထောင်သွားရန်စီစဉ်ထားရှိပြီးKSGM (KDDI Summit Global Myanmar Co,.Ltd) ကိုထူထောင်သွားမည်ဖြစ်သည်။
 
အဆိုပါKSGMကုမ္မဏီအနေဖြင့် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများကိုပေးအပ်သွားမည်ဖြစ်သည်။ အမေရိကန်ဒေါ်လာသန်း (၂,၀၀၀) ကိုပြည်တွင်းဆက်သွယ်ရေး ကဏ္ဍတွင်ရင်းနှီး မြုပ်နှံသွားရန် ကနဦး စီစဉ်ထားရှိသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ရှိပြီးသား Mobile Network များထက် ပိုမိုကောင်း မွန်သော Network များကို KDDI, Sumitomo Corporation နှင့်ပူးပေါင်း၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ် သည်။
 
 မင်းလွင်၊အောင်ရဲကျော်
Myanmar Digital Life Journal

Telenor ဆင်းမ်ကတ်များ စက်တင်ဘာလတွင် ရောင်းချမည်ဟု အတည်ပြု



ရန်ကုန် သြဂုတ် ၃

 ယခုနှစ် စက်တင်ဘာလအတွင်း Telenor Myanmar က ဆင်းမ်ကတ်များ စတင် ရောင်းချ မည်ဟု ၄င်းကုမ္ပဏီ ၏ ပြန် ကြားရေး တာဝန်ခံ ဦးစိုးသူထွန်းက ပြောကြားသည်။


ယင်းဆင်းမ်ကတ်များတွင် မိုဘိုင်းလ်အင်တာနက်စနစ် တစ်ခါတည်းပါဝင်ပြီး Video Call, Voice Mail, SMS စသည့် ဝန်ဆောင်မှုများကို ထည့်သွင်းထားကာ ဈေးနှုန်း ချိုသာသော ဟန်းဆက်များကိုလည်း ရောင်းချပေးရန် စီစဉ်ထားကြောင်း သိရ သည်။


''ကျွန်တော်တို့ ဆင်းမ်ကတ်တွေကို စက်တင်ဘာလအတွင်း မှာစတင်ရောင်းချမှာပါ။ ရောင်းချမယ့် ရက်ကြေညာတဲ့နေ့မှာ Internet ဝန်ဆောင်မှုနှုန်းကို ဘယ်လို ကောက်မလဲဆိုတာ အတိ အကျ ထုတ်ပြန်ပေးမှာပါ။ ဖုန်းခေါ်ဆိုခက တစ်မိနစ်ကို ၂၅ကျပ် နှုန်းဖြစ်ပါတယ်''ဟု ၄င်းကပြောသည်။


အဆိုပါ ဆင်းမ်ကတ်များကို လိုင်စင်ရရှိပြီး ရှစ်လအကြာဖြစ်သည့် စက်တင်ဘာလတွင် စတင် ရောင်းချ မည်ဖြစ်ပြီး 2G,3G နှစ်မျိုးအသုံး ပြုနိုင်၍ ဝယ်ယူရာတွင်လည်း မှတ်ပုံတင်ဖြင့် ဝယ်ယူနိုင်ကြောင်း သိရ သည်။ အော်ရီဒူးဆင်းမ်ကတ်များကို ဇူလိုင်လကုန်ခန့်က နေပြည်တော်နှင့် မန္တလေးမြို့ကြီးများတွင် စတင်ရောင်းချခဲ့ပြီး ရန်ကုန်မြို့၌ ယမန်နေ့က တရားဝင်စတင်ရောင်းချခဲ့သည်။

ချယ်ရီ
The Union Daily

Sunday, 3 August 2014

♪ အူရီးဒူးက ဒေါ်လာ ၃၀ ၀န်းကျင်တန်ဖိုးရှိ ဟန်းဆက်တစ်သန်း ရောင်းချပေးမည် ♫

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc7QtcYEI2-LbgRVcwtxvt0vWRsHbUg9dqx2GVzE_5D7JS6j9GmnbzKAVnvit7ExdwTNLsR4N3L6tCf7L-vjnEO2g9DHv2-N88LbCerjppvsObxs4flSD9x6n8zHIemSa9chIHnZNdfR8/s1600/CaptureWiz003.jpg
အူရီးဒူးကုမ္ပဏီထုတ် ဆင်းမ်ကတ်များကို ဈေးနှုန်းချို သာသော ဟန်းဆက်များဖြင့် ၀ယ်ယူအသုံးပြုနိုင် ရန်အတွက် အမေရိကန်ဒေါ်လာ ၃၀ ၀န်းကျင် ရှိသော မိုဘိုင်းဟန်းဆက် အလုံး ရေ တစ်သန်းကို ရောင်း ချပေး သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။  ‘‘အူရီးဒူးအနေနဲ့ UMTS 900(3G) နဲ့ကိုက်ညီတဲ့ ဟန်း ဆက်တွေကို ပြည်သူတွေ ဈေး နှုန်းချိုသာစွာနဲ့ ၀ယ်ယူအသုံးပြု နိုင်ဖို့ ဟန်းဆက်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေနဲ့ ညှိနှိုင်းပြီး ကန်ဒေါ် လာ ၂၀ နဲ့ ၃၀ ကြားရှိတဲ့ ဟန်း ဆက်တွေ ရောင်းချပေးသွားဖို့ လည်း စီစဉ်နေ ပါတယ်’’ဟု အူရီး ဒူးမြန်မာ၏ အမှုဆောင်အရာရှိ ချုပ်မစ္စတာ Ross Cormack က ပြောသည်။

UMTS 900(3G) နည်း ပညာနှင့် ကိုက်ညီသော ဟန်း ဆက်များကို Apple, HTC, Huwei, LG, Nokia , Sony , Samsung စသည်တို့က ထုတ် လုပ်သည့် ဟန်းဆက်အများစု တွင် အသုံးပြုနိုင်ပြီး အခြားသော ဟန်းဆက်အမျိုးအစားအချို့တွင် လည်း အသုံးပြုနိုင်သည်ဟု ဆို သည်။  ‘‘3G ဟန်းဆက်အတွက် မော်ဒယ် အမြင့်တွေမှာတော့ ရနိုင် ပေမယ့် ဈေးသက်သက်သာသာနဲ့ ရနိုင်ဖို့ကတော့ နည်းနည်းရှားတဲ့ အတွက် ဟန်းဆက်ကုမ္ပဏီတွေနဲ့ ညှိပြီးတော့ ကန်ဒေါ်လာ ၂၀၊ ၃၀ လောက်နဲ့ ရနိုင်မယ့် ရောင်းချပေးဖို့ သူတို့က လုပ်ပေးတာဖြစ်ပါ တယ်’’ဟု ဆက်သွယ်ရေးညွှန် ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေး မှူး ဦးသန်းထွန်းအောင် က ပြောသည်။

အူရီးဒူးဆင်းမ်ကတ် အသုံး ပြုလိုသူများအနေဖြင့် ဟန်းဆက် အသစ်ဝယ်ယူလိုခြင်း မရှိပါက မိမိဟန်းဆက် အား 3G ကွန်ရက် ဖြင့် ကိုက်ညီခြင်းရှိ၊ မရှိကို သိနိုင် ရန် ဆင်းမ်ကတ်ဝယ်ယူသော ဆိုင်များတွင် Ooredoo Check and Device App နှင့် လည်း စစ်ဆေး၍ သိရှိနိုင်ကြောင်း သတင်းရရှိ သည်။
By   နိုင်လင်းအောင်၊ ဆွေမွန်
 7Day News Journal

Sunday, 27 July 2014

♪ MECTel 800 MHz ဖုန်းများ ထပ်တိုးဝန်ဆောင်မှုနှစ်ခုလျှောက်နိုင် ♫

MECTel 800 MHz မိုဘိုင်းဖုန်းများအတွက် ထပ်တိုးဝန်ဆောင်မှုနှစ်ခုကို စတင်လျှောက်ထား အသုံးပြု နိုင်ပြီဖြစ်ရာ ဇူလိုင် ၂၅ ရက်မှ ၃၁ ရက် အထိ အခမဲ့သုံးစွဲနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။  ယခင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှရောင်းချ ပေးနေသည့် GSM နှင့် WCDMA မိုဘိုင်းဖုန်းများတွင် သာလျှောက်ထားအသုံး ပြုနိုင်သည့် VMS (Voice Mail Service)နှင့် MCA (Missed Call Alert) ဝန်ဆောင်မှုများကို မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ ရောင်းချပေးနေသည့် MECTel မိုဘိုင်းဖုန်းများတွင် စတင်ဝန် ဆောင်မှုရပြီဖြစ်သည်။  ‘‘၂၅ ရက်ကနေ ၃၁ ရက်အတွင်း အသုံးပြုမယ်ဆိုရင် Free အသုံးပြုလို့  ရမှာပါ။

ဩဂုတ် ၃၁ ရက်ကစပြီးတော့ လစဉ်ကြေး ဖြတ်မှာပါ’’ဟု 1876 Call Center မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။  VMS(Voice Mail Service)ဝန်ဆောင်မှုအသုံးပြုလိုသူများ အနေဖြင့် နံပါတ် ၂၃၃ သို့ Open VMS ဟု ရိုက်နှိပ်ပြီး မက်ဆေ့ခ်ျ ပေးပို့လျှောက်ထားနိုင်ပြီး MCA (Missed Call Alert) ဝန်ဆောင်မှု အတွက် နံပါတ် ၂၃၃ သို့ Open MCA ဟု မက်ဆေ့ခ်ျပို့လျှောက် ထားနိုင်ရာ ထိုဝန်ဆောင် မှုနှစ်ခုအတွက် လစဉ်ကြေးအဖြစ် ၁,၀၀၀ ကျပ် ပေးဆောင်ရမည်ဖြစ်သည်။

ဖုန်းပိတ်ထားချိန်၊ ဆက်သွယ်မှု ဧရိယာပြင်ပသို့ရောက် ချိန်နှင့် ဖုန်းပြောဆိုနေချိန်များတွင် ဝန်ဆောင်ပေး သည့် Voice Mail Service မှာ မိမိဖုန်းတွင် ဖုန်းခေါ်ဆိုသူထံမှ စကားသံချန် ထားခဲ့နိုင်သည့် ဝန်ဆောင် မှုဖြစ်ပြီး Missed Call Alert ဝန်ဆောင် မှုမှာ မိမိဖုန်းသို့ ခေါ်ဆိုထားသော နံပါတ်များကို ဆက်သွယ်မှုပြန် လည်ရရှိချိန်တွင် အသိပေး အကြောင်းကြားသည့် ဝန်ဆောင်မှုများဖြစ်ပြီး ပြန်ဖျက်လိုပါက နံပါတ် 233 သို့ပင် Cancel VMS နှင့် Cancel MCA ဟု မက်ဆေ့ခ်ျ ပေးပို့၍ ပြန်လည်ဖျက်သိမ်းနိုင်သည်။  MECTel CDMA 800MHz မိုဘိုင်းဖုန်းများတွင် အဆိုပါဝန် ဆောင်မှုနှစ်ခုကိုသာ စတင်အသုံး ပြုနိုင်ခြင်းဖြစ်ပြီး မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ GSM နှင့် WCDMA မိုဘိုင်းဖုန်းများတွင် အဆိုပါဝန်ဆောင်မှုနှစ်ခုအပါ  ထပ်တိုးဝန်ဆောင်မှုလေးခုကို ၂၀၁၃ ခုနှစ် အောက်တိုဘာက စတင်အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးပြီးဖြစ်သည်။

7Day News Journal

Thursday, 3 July 2014

♪ Samsung က ဈေးသက်သာတဲ့ Galaxy စမတ်ဖုန်း လေးလုံးကို ကြေညာ ♫

Photo: Samsung က ဈေးသက်သာတဲ့ Galaxy စမတ်ဖုန်း လေးလုံးကို ကြေညာ
=================================================

Samsung က ဈေးသက်သာတဲ့ Galaxy စမတ်ဖုန်း လေးလုံးကို ကြေညာလိုက်ပြီး စမတ်ဖုန်းအားလုံးမှာ နောက်ဆုံးထုတ် Android Version ကို အသုံးပြုထားပါသည်။ 

စမတ်ဖုန်းလေးလုံးမှာ Galaxy Core II, Galaxy Star 2, Galaxy Ace 4 နှင့် Galaxy Young 2 တို့ဖြစ်ကြပါသည်။ 

ဖုန်းလေးမျိုးတွင် Galaxy Core II သည် Specification အပိုင်းတွင် အကောင်းဆုံးဖြစ်ပါသည်။ ၄.၅ လက်မ မျက်နှာပြင်နှင့် Quad-Core 1.2GHz Processor တပ်ဆင်ထားပါသည်။ အနောက်ဘက်တွင် 5 MP Camera နှင့် 2000mAh Battery ပါရှိပါသည်။ SIM Card နှစ်ခုအသုံးပြုနိုင်ပြီး သားရေနှင့် ဆင်တူသည့် ကာဗာကို အနောက်ဘက်တွင် တပ်ဆင်ထားပါသည်။

Galaxy Ace 4 သည် ဖုန်းလေးလုံးတွင်  စွမ်းဆောင်ရည်သင့်သည့် စမတ်ဖုန်း ဖြစ်ပြီး LTE နှင့် 3G နှစ်မျိုးထုတ်လုပ်ပေးထားပါသည်။ LTE အမျိုးအစားတွင် Dual-Core 1.2GHz Processor နှင့် လေးလက်မ မျက်နှာပြင် တပ်ဆင်ထားပါသည်။ အနောက်ဘက်တွင် 5 MP Camera နှင့် 1850mAh Battery ပါရှိပါသည်။ 3G အမျိုးအစားတွင် 1.0GHz Dual-Core Processor , 5 MP Camera, 1500mAh Battery နှင့် လေးလက်မ မျက်နှာပြင်တပ်ဆင်ထားပါသည်။ 

Galaxy Star 2 နှင့် Galaxy Young 2 တို့သည် ဖုန်းလေးလုံးတွင် စွမ်းဆောင်ရည် အနိမ့်ဆုံးဖြစ်ပြီး Core တစ်ခုသာပါသည့် 1.0GHz Processor နှင့် ၃.၅ လက်မမျက်နှာပြင်ပါရှိပါသည်။ Galaxy Star 2 တွင် 2 MP Camera နှင့် 1300mAh Battery ပါရှိပါသည်။ Galaxy Young 2 တွင် 3 MP Camera နှင့် 1300mAh Battery ပါရှိပါသည်။ 

Samsung က ဖုန်းလေးလုံးကို ရောင်းချမည့် နေ့ရက်နှင့် ဈေးနှုန်းကို ကြေညာခြင်းမရှိသေး ဟု သိရပါသည်။ စွမ်းဆောင်ရည်နိမ့်ပြီး ဈေးနှုန်းသက်သာသည့် စမတ်ဖုန်းများ ဖြစ်သည့်အတွက် အမေရိကန်ပြင်ပတွင် ရောင်းချမည်ဟု သုံးသပ်မိပါသည်။ 

Samsung က သူ၏ မိုဘိုင်း မဟာဗျူဟာ တစ်စိတ်တစ်ပိုင်း အနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဈေးသက်သာသည့် စမတ်ဖုန်းများကို မကြာမီက ထုတ်လုပ်လျှက်ရှိပါသည်။ ယခုနှစ်အစောပိုင်းတွင် Samsung က သူ၏ ပထမဆုံး Linux အခြေပြု Tizen OS အသုံးပြုထားသည့် Samsung Z ကို ပြသခဲ့ပါသည်။ Z သည် ဈေးသက်သာသည့် Android Phone များကို ယှဉ်ပြိုင်မည်ဖြစ်ပြီး ယခုနှစ် နှောင်းပိုင်းတွင် ရုရှားနိုင်ငံ ၌ ဦးစွာရောင်းချမည်ဖြစ်သည်။

Samsung က ဈေးသက်သာတဲ့ Galaxy စမတ်ဖုန်း လေးလုံးကို ကြေညာလိုက်ပြီး စမတ်ဖုန်းအားလုံး မှာ နောက်ဆုံးထုတ် Android Version ကို အသုံးပြုထားပါသည်။

စမတ်ဖုန်းလေးလုံးမှာ Galaxy Core II, Galaxy Star 2, Galaxy Ace 4 နှင့် Galaxy Young 2 တို့ဖြစ်ကြပါသည်။

ဖုန်းလေးမျိုးတွင် Galaxy Core II သည် Specification အပိုင်းတွင် အကောင်းဆုံးဖြစ်ပါသည်။ ၄.၅ လက်မ မျက်နှာပြင်နှင့် Quad-Core 1.2GHz Processor တပ်ဆင်ထားပါသည်။ အနောက်ဘက်တွင် 5 MP Camera နှင့် 2000mAh Battery ပါရှိပါသည်။ SIM Card နှစ်ခုအသုံးပြုနိုင်ပြီး သားရေနှင့် ဆင်တူသည့် ကာဗာကို အနောက်ဘက်တွင် တပ်ဆင်ထားပါသည်။

Galaxy Ace 4 သည် ဖုန်းလေးလုံးတွင် စွမ်းဆောင်ရည်သင့်သည့် စမတ်ဖုန်း ဖြစ်ပြီး LTE နှင့် 3G နှစ်မျိုးထုတ်လုပ်ပေးထားပါသည်။ LTE အမျိုးအစားတွင် Dual-Core 1.2GHz Processor နှင့် လေးလက်မ မျက်နှာပြင် တပ်ဆင်ထားပါသည်။ အနောက်ဘက်တွင် 5 MP Camera နှင့် 1850mAh Battery ပါရှိပါသည်။ 3G အမျိုးအစားတွင် 1.0GHz Dual-Core Processor , 5 MP Camera, 1500mAh Battery နှင့် လေးလက်မ မျက်နှာပြင်တပ်ဆင်ထားပါသည်။

Galaxy Star 2 နှင့် Galaxy Young 2 တို့သည် ဖုန်းလေးလုံးတွင် စွမ်းဆောင်ရည် အနိမ့်ဆုံးဖြစ်ပြီး Core တစ်ခုသာပါသည့် 1.0GHz Processor နှင့် ၃.၅ လက်မမျက်နှာပြင်ပါရှိပါသည်။ Galaxy Star 2 တွင် 2 MP Camera နှင့် 1300mAh Battery ပါရှိပါသည်။ Galaxy Young 2 တွင် 3 MP Camera နှင့် 1300mAh Battery ပါရှိပါသည်။

Samsung က ဖုန်းလေးလုံးကို ရောင်းချမည့် နေ့ရက်နှင့် ဈေးနှုန်းကို ကြေညာခြင်းမရှိသေး ဟု သိရပါသည်။ စွမ်းဆောင်ရည်နိမ့်ပြီး ဈေးနှုန်းသက်သာသည့် စမတ်ဖုန်းများ ဖြစ်သည့်အတွက် အမေရိကန်ပြင်ပ တွင် ရောင်းချမည်ဟု သုံးသပ်မိပါသည်။

Samsung က သူ၏ မိုဘိုင်း မဟာဗျူဟာ တစ်စိတ်တစ်ပိုင်း အနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ အတွက် ဈေးသက်သာသည့် စမတ်ဖုန်းများကို မကြာမီက ထုတ်လုပ်လျှက်ရှိပါသည်။ ယခုနှစ်အစောပိုင်းတွင် Samsung က သူ၏ ပထမဆုံး Linux အခြေပြု Tizen OS အသုံးပြုထားသည့် Samsung Z ကို ပြသခဲ့ပါသည်။ Z သည် ဈေးသက်သာသည့် Android Phone များကို ယှဉ်ပြိုင်မည်ဖြစ်ပြီး ယခုနှစ် နှောင်းပိုင်းတွင် ရုရှားနိုင်ငံ ၌ ဦးစွာရောင်းချမည်ဖြစ်သည်။
Myanmar Digital Life Journal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



Friday, 27 June 2014

ဖုန်းကနေ မြန်မာစာတန်းထိုးရှပ်ရှင်ကားများ ထည့်ပြီးကြည့်ကြမယ် ။

ဖုန်းကနေ မြန်မာစာတန်းထိုးရှပ်ရှင်ကားများ ထည့်ပြီးကြည့်ကြမယ် ။
မည်သည့် Android ဗားရှင်းမဆို စာကိုမှန်ကန်စွာမြင်ရမှာဖြစ်ပါတယ် :) 

အရမ်းကိုလွယ်ကူပါတယ် 
မိမိဖုန်းထဲမှာ ကျနော့်ဖောင့်လေးကို ထည့်ပေးထားယုံနဲ့ ကိုယ့်မှာရှိတဲ့ Movie များကို စာတန်းထိုး srt ဖိုင်လေးထည့်ပြီး ကြည့်လို့ရမှာဖြစ်ပါတယ် ။

လိုအပ်သည့်.... ဆော့ဝဲများ / စာတန်းထိုးဖိုင်များ / ရှပ်ရှင်ကားများ / ကို အောက်တွင်လေ့လာပြီး ဒေါင်းယူပါ :) 





အရင်ဆုံး "MM Subtitle Font-DjjoeMan(MMF)" ဆိုတဲ့ မြန်မာ TTF Font လေးကို ဖုန်းရဲ့တစ်နေရာမှာ ထည့်ထားလိုက်ပါ ။

ပြီးရင် ကိုယ်ကြည့်မည့်ကားနှင့် ထိုကား၏စာတန်းထိုးဖိုင်ဖြစ်တဲ့ srt ဖိုင်လေးကို ဖိုဒါတစ်ခုထဲမှာ နာမည်တူပေးထားပြီး ထည့်ထားလိုက်ပါ ။

ပြီးရင် MX Player Pro ကိုဖွင့်ပြီး ကြည့်လိုက်ယုံပါပဲ :)

အဲ့မှာ မြန်မာဖောင့်မပေါ်ပဲ တခြားဖောင့်တွေပေါ်နေပါမယ် အောက်ကရေးထားတဲ့အတိုင်း ကျနော့်ဖောင့်သွားအပ်ပေးလိုက်ပါ ။

ဗွီဒီယိုကို ဖွင့်ပြီးသည့်အခါမှာ MX Player Pro ထဲက Subtitle ရဲ့ Settings ထဲကိုဝင်လိုက်ပါ ။

Font ဆိုတဲ့ အတန်းကိုနှိပ်လိုက်ပါ ။

Select font folder ဆိုတာကို နှိပ်ဝင်လိုက်ပါ ။
( စာမတွေ့ပါက အောက်နားနည်းနည်းပွတ်ဆွဲချလိုက်ပါ )

အဲ့မှာ ရွေးချယ်ဖို့ရန် My File ထွက်လာပါမယ် ။ ဖောင့်ထည့်ထားတဲ့နေရာကိုသွားပြီး ကျနော့်ဖောင့် "MM Subtitle Font-DjjoeMan(MMF)" ဆိုတာလေးကို ရွေးပေးလိုက်ပါ ။

ကဲ.... မြန်မာစာ မှန်ကန်စွာပေါ်လာတာကို သင်တွေ့ရမှာဖြစ်သလို... မည်သည့် Android ဗားရှင်းမဆို စာကိုမှန်ကန်စွာမြင်ရမှာဖြစ်ပါတယ် :)

+++ ဖောင့်အပ်နည်းကို Video နဲ့ကြည့်ချင်သူများ ဒီမှာကြည့်ပါ +++



xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx 


"MM Subtitle Font-DjjoeMan(MMF)" ကို လိုချင်သူများဒီမှာဒေါင်းယူပါ ဒေါင်းလော့လင့်အစုံနဲ့တင်ပေးထားပါတယ်

"MM Subtitle Font-DjjoeMan(MMF)" ဖောင့်ကို Dev-Host လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

"MM Subtitle Font-DjjoeMan(MMF)" ဖောင့်ကို Zippyshare လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

"MM Subtitle Font-DjjoeMan(MMF)" ဖောင့်ကို pCloud လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

"MM Subtitle Font-DjjoeMan(MMF)" ဖောင့်ကို FilePup လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

"MM Subtitle Font-DjjoeMan(MMF)" ဖောင့်ကို Fileswap လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

"MM Subtitle Font-DjjoeMan(MMF)" ဖောင့်ကို dataFile Host လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

"MM Subtitle Font-DjjoeMan(MMF)" ဖောင့်ကို Mega လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

"MM Subtitle Font-DjjoeMan(MMF)" ဖောင့်ကို Tiny လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

MX Player Pro ကို လိုချင်သူများဒီမှာဒေါင်းယူပါ ဒေါင်းလော့လင့်အစုံနဲ့တင်ပေးထားပါတယ် 

MX Player Pro V1.7.23 ကို Dev-Host လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 7 MB ရှိပါတယ် ။

MX Player Pro V1.7.23 ကို Zippyshare လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 7 MB ရှိပါတယ် ။

MX Player Pro V1.7.23 ကို Tiny လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 7 MB ရှိပါတယ် ။

MX Player Pro V1.7.23 ကို FilePup လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 7 MB ရှိပါတယ် ။

MX Player Pro V1.7.23 ကို dataFile Host လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 7 MB ရှိပါတယ် ။

MX Player Pro V1.7.23 ကို Mega လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 7 MB ရှိပါတယ် ။

MX Player Pro V1.7.23 ကို FileSwap လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 7 MB ရှိပါတယ် ။   

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မြန်မာစာတန်းထိုးလုပ်ပေးထားသော srt ဖိုင်များအား လိုချင်သူများ ဒီမှာသွားရောက်ဒေါင်းယူပါ

http://subscene.com/u/654477/subtitles

www2.subscene.com/u/654477/subtitles

https://www.facebook.com/MyanmarSubtitles

http://www.myanmarsubtitlemovie.blogspot.com/

srt စာတန်းထိုးတွေ လုပ်ပေးတဲ့ မူရင်းဂရုလင့်လေးပါ ။ 
အဲ့မှာမန်ဘာလှမ်းဝင်ထားကြပါ ။ နေ့တိုင်းလိုလို စာတန်းထိုးတွေ တင်ပေးသလို ။
ကိုယ်လိုချင်တဲ့ကားရဲ့ စာတန်းထိုးကိုလဲ တောင်းဆိုလုပ်ခိုင်းလို့ရပါတယ် :)
https://www.facebook.com/groups/myanmarsub/  

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx 

ရှပ်ရှင်ကားများကို ကြိုက်သည့်ကွာလတီနဲ့ ဒီမှာသွားရောက်ဒေါင်းယူပါ
https://www.facebook.com/photo.php?fbid=322779744531162&set=a.150086721800466.36777.100003974177436

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx  

မှတ်ချက် >>> ဒီစာလေးကို ဖတ်ဖြစ်အောင်ဖတ်ပေးပါ ။။  ။။  
ကျနော်ဘလော့မှာ သေချာရှင်းပြထားပြီး လင့်တွေလဲချိတ်ပေးထားပါတယ် ။ စာကိုဆုံးအောင်သေချာဖတ်ကြည့်လိုက်ရင် သဘောပေါက်မှာပါ ။ 
အဲ့တာကြောင့် စာကိုဆုံးအောင် သေချာဖတ်ကြပါလို့ တိုက်တွန်းချင်ပါတယ် ။

အရမ်းကို လွယ်ကူတဲ့လုပ်ဆောင်ချက်မို့လို့ လူတိုင်းလိုလို အဆင်ပြေနေကြပါတယ် ။
ဒါပေမယ့်လဲ တစ်ချို့နည်းပညာနဲ့ အလှမ်းဝေးတဲ့သူများအတွက် စကားလုံးများကို သဘောမပေါက်ပဲ ဘာလုပ်ရမှန်းမသိပဲ သဘောမပေါက်ကြတဲ့သူတွေရှိပါတယ် ။

( အကျဉ်းချုပ်ကတော့... ) ကိုယ်ကြည့်လိုတဲ့ကားရဲ့ မြန်မာစာတန်းထိုး srt ဖိုင်လေးကို ကျနော်ညွှန်ပြထားတဲ့ဆိုက်မှာ သွားရောက်ရှာဒေါင်းပါမယ် ။ 

ထိုစာတန်းထိုးပေးထားတဲ့ ကားနာမည်ရဲ့ရုပ်ရှင်ကားကို မိမိကြိုက်ရာနေရာကဒေါင်းပါ ။ Movie တွေရှိတဲ့ဆိုက်ကိုလဲ ကျနော်ညွှန်ပြပေးထားပါတယ် ။ 
မိမိမှာ ထို Movie ရှိပြီးသားဆိုရင်တော့ စာတန်းထိုး srt ဖိုင်လေးဒေါင်းလိုက်ယုံပဲပေါ့ ။

ပြီးရင်..ဖိုဒါတစ်ခုထဲမှာ Movie နဲ့ srt ဖိုင်လေးကို နာမည်တူရေးပြီး ထည့်ထားပါမယ် ။

ပြီးတာနဲ့ ဖွင့်ကြည့်လိုက်ယုံပါပဲ မြန်မာစာတန်းထိုးနဲ့ ဖွင့်လာတာကိုတွေ့ရပါမယ် ။

မြန်မာစာအဆင်မပြေပဲ တခြားစာတွေဖြစ်နေပါက ကျနော့်ဖောင့်လေးကို ကျနော်ပြထားသလို သွားအပ်လိုက်ပါ အဆင်ပြေသွားပါပြီ :)

တစ်ခုသိထားရမှာက srt ကို ဒေါင်းပြီးရင် Zip ဖြေရပါဦးမယ် ။ သူတို့က Zip ချုပ်ပြီးတင်ပေးထားလို့ပါ ။ Zip ဖြေလိုက်မှ အထဲက srt ဖိုင်အဖြူလေး ထွက်လာမှာဖြစ်ပါတယ် ။

Android ဖုန်းနဲ့ ကလစ်တစ်ချက်နှိပ်ယုံနဲ့ Zip တို့ Rar တို့ဖြေနိုင်တဲ့ဆော့ဝဲကတော့ Simple Unrar ဆိုတဲ့ ဆော့ဝဲပါပဲ မားကပ်မှာဖရီးပေးထားပါတယ် လိုချင်သူများသွားရောက်ဒေါင်းယူပါ ။

မားကပ်ဝင်ဒေါင်းရမှာ အဆင်မပြေဘူးဆိုပါ ကျနော့်ဒီလင့်မှာတင်ပေးထားပါတယ် သွားရောက်ဒေါင်းယူလိုက်ပါ ။ ပုံနှင့်တကွလဲ ပြသထားပါတယ်
http://freemobilesharing.blogspot.com/2014/03/simple-unrar-for-android.html 

အားလုံးပဲ သဘောပေါက်ကြရင်း အဆင်ပြေကြပါစေလို့...... မျှော်လင့်ပါတယ် :)

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx 

ကွန်ပြူတာနဲ့ ကြည့်ချင်သူများကတော့ ဒီမှာသွားရောက်လေ့လာ ဒေါင်းယူပါ :)
http://freemobilesharing.blogspot.com/2014/03/myanmar-subtitle-font-djjoemanmmf-for-pc.html

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အဆင်မပြေမှုများ ရှိပါက မေးမြန်းလိုပါက ( သို့ ) ဒေါင်းလော့လင့်များ ဒေါင်းမရတော့ပဲ သေသွားခဲ့ပါက ။ MyanmarMobileForum(MMF) ဂရုမှာ လာရောက်မေးမြန်း တောင်းဆိုနိုင်ပါတယ် ။ မန်ဘာဝင်ထားကြဖို့လဲ ဖိတ်ခေါ်ပါတယ် :)
https://www.facebook.com/groups/mmmobileforum/

အားလုံးပဲ အဆင်ပြေကြပါစေ..... :)
Credit..by..
Post By : DjjoeMan(MMF)
Related Posts Plugin for WordPress, Blogger...