Android Device များကို
စက်ရုံထုတ်အနေအထားအတိုင်းပြုလုပ်နိုင်ဖို့အတွက် ‘ factory reset ‘ ကို
ထည့်သွင်းပေးထားပါတယ်။ သင့်ရဲ့ ဖုန်းလေးလံလာလို့ ဖြစ်ဖြစ်၊ Android OS ဟာ
ကောင်းကောင်းအလုပ် မလုပ်တော့လို့ပဲ ဖြစ်ဖြစ် factory reset
ပြုလုပ်နိုင်ပါတယ်။
သင့် Android Device ကို အခြားတစ်ယောက်ကို ရောင်းချ ဒါမှမဟုတ်
လှူဒါန်းမယ်ဆိုရင်တော့ factory
သင့်ရဲ့ လုပ်ရုံနဲ့ မလုံလောက်ပါဘူး။ နည်းပညာ
ကျွမ်းကျင်သူတွေက factory reset ပြုလုပ်လိုက်လို့ ပျက်သွားတဲ့ သင့်ရဲ့
ဒေတာတွေကို ပြန်လည်ရှာဖွေနိုင်ပါတယ်။ အဲဒီ အခြေအနေမှာတော့ factory reset
မလုပ်ခင် encrypt ပြုလုပ်သင့်ပါတယ်။ သင့်ရဲ့ Andnroid Device ကို
အခြားသူတစ်ယောက်ထံ လွှဲပြောင်းပေးတော့မယ်ဆိုရင် ဒေတာများကို ပြန်ပြီး
ရှာလို့မတွေ့အောင် ဖျက်ပစ်နည်းကို နောက်ပိုင်း မှာ ရေးပေးမှာပါ။ အခု
tutorial မှာတော့ factory reset ပြုလုပ်နည်းကို ရေးပေးလိုက်ပါတယ်။
Factory reset ပြုလုပ်ရင် သင့်ရဲ့ ဒေတာများကို ဖျက်ပစ်မှာ ဖြစ်လို့
contacts, app & data , photos, videos နဲ့ အခြား အရေးကြီးဒေတာတွေကို
အရင်ဆုံး backup ပြုလုပ်ပါ။ ဒီလိုပြုလုပ်ဖို့ Apps များစွာ ရှိပြီး
ယခင်တစ်ပတ်ထုတ် ဂျာနယ်မှာ ရေးသားပေးထားတဲ့ Helium က apps & data တွေကို
sd card , cloud တို့မှာ backup လုပ်ပေးနိုင်ပါတယ်။
Factory reset ပြုလုပ်ခြင်း
Phone settings ထဲသွားပြီး backup and reset ထဲဝင်ပါ။ Back up my data
မှာ အမှန်ခြစ်ပေးပြီး backup account ကိုရွေးပေးပါ။ Automatic restore
မှာလည်း အမှန်ခြစ်ပေးသင့်ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုရင် သင့်ဖုန်းမှ app
data, WiFi passwords နဲ့ အခြား ဆက်တင်တွေကို Google Servers များမှာ
သိမ်းဆည်းပေးပြီး restore လုပ်ပေးမှာပါ။ အပေါ်မှာ ဖော်ပြခဲ့သလိုပဲ အခြား
third-party apps များကို အသုံးပြုပြီးလည်း backup လုပ်နိုင်ပါတယ်။
အချို့ဖုန်းထုတ်လုပ်သူတွေကလည်း သူတို့ ကိုယ်ပိုင် backup
ဝန်ဆောင်မှုများကို ထည့်သွင်းပေးထားတဲ့ အတွက် backup and reset ကဏ္ဍအောက်မှာ
ရွေးချယ်စရာ Option တစ်ခု အပိုရှိတတ်ပါ တယ်။ နှစ်သက်ရာ ၀န်ဆောင်မှု သို့မဟုတ်
သင့်ရဲ့ များကို အသုံးပြုပြီး backup လုပ်ပါ။
Factory reset လုပ်ဖို့အတွက် factory data reset , reset phone စတဲ့
ခလုတ်တွေကို နှိပ်ရမှာပါ။ သင့်ရဲ့ ဖုန်းမှာ sd card ထည့်သွင်းထားရင် sd
card မှ ဒေတာတွေကို ဖျက်ပစ်မလားလို့ မေးမှာပါ။ သင့်ရဲ့
စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ Reset ခလုတ်ကို နှိပ်လိုက်ရင် reboot
ဖြစ်ပြီး recovery mode ထဲရောက်သွားမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ android
device မှ ဒေတာများကို ဖျက်ပစ်မှာပါ။
ပြီးရင်တော့ reboot ဖြစ်သွားပြီး သင့်ရဲ့ ဖုန်းဟာ စက်ရုံထုတ်အခြေအနေကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။
အဝေးမှ factory reset ပြုလုပ်ခြင်း
သင့်ရဲ့ ဖုန်းဟာ ခိုးယူခံရရင် ဒါမှမဟုတ် ပျောက်ဆုံးသွားရင် ဖုန်းထဲမှ
သင့်ရဲ့ ကိုယ်ရေးကိုယ်တာ ဖိုင်တွေဟာ စိုးရိမ်စရာ ဖြစ်ပါတယ်။ အဲဒီအခြေအနေမှာ
Google ရဲ့ Android Device Manager ၀န်ဆောင်မှုကို အသုံးပြုပြီး သင့်ရဲ့
ဖုန်းကို အဝေးမှ factory reset ပြုလုပ်နိုင်ပါတယ်။ Google က android device
တွေမှာ android device manager ကို ကြိုတင်ထည့်သွင်းပေးထားသလို
ဖုန်းအဟောင်းတွေမှာလည်း အင်တာနက် ဆက်သွယ်မှုကနေ တစ်ဆင့် နောက်ကွယ်ကနေ
ထည့်သွင်းပေးထားပါတယ်။ သင့်ရဲ့ ဖုန်းမှာ android device manager မရှိရင်
ကိုယ်တိုင် ထည့်သွင်းနိုင်ပါတယ်။ ဖုန်းမပျောက်ခင်မှာ
ကြိုတင်ထည့်သွင်းထားဖို့ အရေးကြီးပါတယ်။
ဖုန်းပျောက်သွားရင် အခြားဖုန်းတစ်လုံး ဒါမှမဟုတ် ပီစီကနေ Android Device
Manager ၀က်ဆိုက်ကိုသွားပြီး ပျောက်သွားတဲ့ သင့်ဖုန်းမှ Google အကောင့်နဲ့
login ၀င်ပါ။ Android Device Manager က သင့်ဖုန်းကို ရှာတွေ့ရင် ring,
lock, erase စတဲ့ ရွေးချယ်မှုတွေကို ပြသမှာ ဖြစ်ပါတယ်။ Erase ကို နှိပ်ရင်
confirmation menu တစ်ခုပေါ်လာမှာပါ။ Confirm လုပ်လိုက်တာနဲ့ သင့်ရဲ့
ဖုန်းမှ ဒေတာအားလုံးကို ဖျက်ဆီးပစ်ပြီး စက်ရုံထုတ် အခြေအနေအတိုင်း
ရောက်ရှိအောင် ပြုလုပ်ပေး မှာ ဖြစ်ပါတယ်။
Myanmar Digital Life Journal