G-talk နဲ့Mobile ဖုန်းခေါ်မယ် .......
12:53 PM နည်းပညာ, ဖုန်းနည်းပညာ No comments နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါ... အသုံးပြုနည်းကတော့ .... 1. Google Talk ကိုဖွင့်ပါ။ 2. ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။ 3. အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။ (phonenumber@talkster.gtalk2voip.com) ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com 4.Talkster မှ ပေးပို့တဲ့ confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။ တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ မရှင်းတဲ့ သူတော်တော်များများရှိလို့ ထပ်ပြောပြပါမယ်။ အဲဒီ နံပါတ်က ကိုယ့် ဂျီတော့အိုင်ဒီကို အဲဒီသူက အဲဒီနိုင်ငံကနေ ဖုန်းပြန်ခေါ်လို့ ရအောင် စီစဉ်ထားတာပါ။ Call back system သုံးဘူးတဲ့သူဆို သိပါတယ်။ ကိုယ်က ဒီကနေ ခေါ်လိုက်တာနဲ့ သူ့ဖုန်းမှာ အဲဒီ နံပါတ်ပေါ်ပါတယ်။ ဆယ်စက္ကန့်ပြီးလို့ ကျသွားတာနဲ့ သူက အဲဒီ နံပါတ်ကို ပြန်ခေါ်လိုက်ရုံပါပဲ။ လွယ်ပါတယ်။ တကယ်လို့ သူ့ဖုန်းမှာ နံပါတ်မပေါ်ရင် ကိုယ်က တနည်းနည်းနဲ့ ပို့ပေးပေါ့ဗျာ။ ဂျီမေးလ် ကိုတော့ အမြဲ အွန်ထားဖို့ လိုပါမယ်။ 5. တကယ်လို့ mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်, သူ့အနေနဲ့ SMS ကတစ်ဆင့် သင့်ကိုပြန်လည်ဆက်သွယ်ရန် Talkster call-in number တစ်ခုကိုရရှိမှာဖြစ်ပါတယ်။ မရသေးဘူးဆိုရင် Talkster number ကို IM ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။ Make calls from your Google Talk 1. Google Talk Contact List က ကိုယ်ဆက်ချင်တဲ့ နံပါတ်ကို select လုပ်ပါ 2. Call button ကို Click လုပ်ပြီး စတင်ခေါ်ဆိုပါ။ 3. Talkster က သင်ဆက်သွယ်လိုတဲ့ နံပါတ်ကို gtalk ကတဆင့် ဆက်သွယ်ပေးပါလိမ့်မယ်။ 4. တကယ်လို့ တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင် သူစကားပြောဖို့ အားရဲ့လား ဆိုတာကို စစ်ဆေးဖို့ 10 secondsအချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး သင့်အတွက် ရထားတဲ့ Talkster local phone number ကို ပြန်ခေါ်ခိုင်းပါ။ 5. သူပြန်ခေါ်တာကို စောင့်စားနေပါ။ (တကယ်လို့ သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ) 6. သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့ ကြိုက်သလောက် စကားပြောဆိုလို့ ရပြီဖြစ်ပါတယ်။ 7. ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။ 8. တဘက်လူကို အဲဒီ Talkster call-in number လေးကို သိမ်းထားဖို့ သတိပေးပါ။ သူက သင့် Google Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု ဆက်သွယ်နိုင်ပါပြီ။ no catches, no limits, and no conditions! လို့ သူတို့က ဆိုထားပါကြောင်း။စိတ်မကောင်းစွာဖြင့် ဒီlist ထဲမှာ စင်ကာပူနှင့် မြန်မာနိုင်ငံပါမလာပါဘူး ... ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ဖော်ပြပေးလိုက်ပါတယ်။ Country name Country code Dialing code Argentina AR +54 Australia AU +61 Austria AT +43 Belgium BE +32 Canada CA +1 Chile CL +56 China CN +86 Czech Republic CZ +420 Denmark DK +45 El Salvador SV +503 Finland FI +358 France FR +33 Germany DE +49 Hong Kong HK +852 Hungary HU +36 Ireland IE +353 Israel IL +972 Italy IT +39 Latvia LV +371 Lithuania LT +370 Luxembourg LU +352 Mexico MX +52 Netherlands NL +31 Norway NO +47 Peru PE +51 Poland PL +48 Romania RO +40 Slovakia SK +421 Slovenia SI +386 Spain ES +34 Sweden SE +46 Switzerland CH +41 United Kingdom GB +44 United States US +1 Helpful Hints ဒီ service လေးကို သုံးဖို့ တဘက်လူမှ Caller ID ကိုဖွင့်ထားပေးဖို့လိုပါမယ်။ ဒီနည်းလမ်းနဲ့ တဘက်ကလူကို အဲဒီ service မှ မှတ်မိသိရှိပြီး ဆက်သွယ်ပေးနေတာ ဖြစ်လို့ပါပဲ။ login တွေ password တွေမလိုတဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။ အသေးစိတ် သိလိုသေးရင်တော့ www.talkster.com ကို သွားရောက် ဖတ်ရှုနိုင်ပါတယ်။ ZEALOT မှကူးယူပါတယ်။ Source by :http://blog.irrawaddy.org/ Email This BlogThis! Share to Twitter Share to Facebook Newer Post Older Post Home 0 comments: Post a Comment mp4သီချင်း (7) ကဗျာ (2) ကျန်းမာရေး... (3) စင်္ကာပူသတင်း (1) ဓါတ်ပုံ (11) နည်းပညာ (8) ဖုန်းနည်းပညာ (2) ဗီဒီယို (3) မလေးရှားသတင်း (25) လစဉ်ဗေဒင် (3) လမ်းညွှန် (1) သတင်း (10) သတိပေးချက် (2) သီချင်း (3) အင်တာဗျူး (3) အမှတ်တရ (3) ဆောင်းပါး (3) မွေးနေ့ဆုတောင်း (3) ကြေငြာ (1) မြန်မာသတင်း (5) Social Profiles TwitterFacebookGoogle PlusLinkedInRSS FeedEmail Popular Tags Blog Archives ဘောလုံးပွဲသတင်းဆိုဒ်များ မြန်မာဘောလုံးချစ်သူများ နိုင်ငံခြားပွဲစင်ရလဒ်များ ရန်ကုန်ယူနိုက်တက် လီဘာဘူးပရိတ်သတ်အတွက် ချဲလ်ဆီးနှင့်သူချစ်ပရိတ်သတ်များ ကမ္ဘောဇ မြန်မာဘောလုံးသတင်း sepn ဘောလုံးသတင်းစုံ myanmar goal သန်း...flash song များ... တယ်လီဖုန်.... အဆင်အမြဲ.... ရေစီးကြောင်းသံယောဇဉ်..... အသိုင်းအ၀ိုင်း.... အိမ်ကိုပြန်ခဲ့တော့...... မင်းလေးနားလည်.... ကိုယ့်အနားရှိနေစေချင်..... သူငယ်ချင်းလေး.... ကောင်မလေး.... မလေးရှား အွန်လိုင်း ရေဒီယိုနားဆင်ရန် http://api.ning.com/files/MDt99*I1ZC5wUt73szYGOno7Xb3zM9niKzKOX*99BFD0G3p5VjNda-xLmKhzp4S8USpfb2CoQnWlnFZTCYg3zKz6hWuDnF-F/mcnaingzin.gif Categories mp4သီချင်း (7) ကဗျာ (2) ကျန်းမာရေး... (3) စင်္ကာပူသတင်း (1) ဓါတ်ပုံ (11) နည်းပညာ (8) ဖုန်းနည်းပညာ (2) ဗီဒီယို (3) မလေးရှားသတင်း (25) လစဉ်ဗေဒင် (3) လမ်းညွှန် (1) သတင်း (10) သတိပေးချက် (2) သီချင်း (3) အင်တာဗျူး (3) အမှတ်တရ (3) ဆောင်းပါး (3) မွေးနေ့ဆုတောင်း (3) ကြေငြာ (1) မြန်မာသတင်း (5) ပိုစ့်အသစ်များ ဖတ်ရန် ... အဆင်ပြေ ကောင်းမွန်ကိုက်ညီသော Personal Computer တစ်လုံးကို ရွေးချယ် ၀ယ်ယူခြင်း (0 Replys) မလေးရှား စားအုန်းဆီ ကြိုပွိုင့်ဈေး ကျဆင်းလာ (0 Replys) ဆီးကျိတ်ကင်ဆာရှိသူများတွင် အက်စပရင် မှီဝဲခြင်းကြောင့် အသက်ရှင်နှုန်း ပိုများနိုင် (0 Replys) ဘလော့ဂါ မောင်စွယ်စုံကျမ်းနဲ့ အဆက်အသွယ် ရပါပြီ ခင်ဗျာ (3 Replys) Popular Posts ၀ါဆိုမိုးနဲ့ပြန်ခဲ့ပါ..ဗညားဟန် G-talk နဲ့Mobile ဖုန်းခေါ်မယ် ....... နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါ... အသုံးပြုနည်းကတော့ .... 1. Google Talk ကိုဖွင့်ပါ။ 2. ကိုယ်ဆ... ရိုဟင်ဂျာ...ဘင်္ဂလီတို့ရဲ့လုပ်ရပ်...ဓါတ်ပုံများ ရိုဟင်ဂျာကုလားတွေ မုဒိမ်းကျင့် လူသတ်ခံရတဲ့ ရခိုင်မလေး သီတာထွေး အကြမ်းဖက်သမားတွေလက်ချက်ကြောင့် အသက်ပေးလိုက်ရတယ်..ရခိုင်မလေး ဒါကတော့ဒေါက်တ... သနားစရာကောင်းလွန်းတဲ့ အမျိုးသမီး Jacqueline (ဖြစ်ရပ်မှန်) တချိန်တုန်းက Jacqueline သည်အဲလိုလှပခဲ့ပါတယ် (1999.09.19) သူဖခင... စင်္ကာပူနိုင်ငံမှ သဘင်ချစ်တဲ့ မြန်မာများအတွက် ဖိုးချစ်တို့ကတဲ့ ဇာတ်အလှသဘင် နှင့်အတူသြရသ ဆိုတေးတို့ ပါဝင်တဲ့ပဒေသာကပွဲကြီး စင်္ကာပူနိုင်ငံမှ သဘင်ချစ်တဲ့ မြန်မာများအတွက် ဖိုးချစ်တို့ကတဲ့ ဇာတ်အလှ သဘင်နှင့်အတူသြရသ၊ ဆိုတေးတို့ပါဝင်တဲ့ပဒေသာကပွဲကြီး အဟောင်းထဲက အသစ် အကာ... စစ်တွေမြို့တွင် မွတ်ဆလင် လူငယ် တစ်ဦးကို သင်္ကန်းဝတ်နဲ့ ဖမ်းဆီး၇မိ ထွန်းထွန်းနှင့် မောင်ရမ္မာ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မွတ်ဆလင် လူငယ် တစ်ဦးကို သင်္ကန်း ၀တ်ပြီး ယမန်နေ့က ဖမ်းဆီးရမိသည်ဟု သိရသည်။ ယခုအခါ... mp3 ..mp4..totalvideocomveter register code 94D7F253-97DB21CF-77BC98D8-6F456A41-BE943BE4-A0A3B2E0-16059D78-D7D2FE36-0DE33BC7-D866E316-C5811727-327512BB-AF3D58FF-07E5A488-DF33AE98-1A620... ကိုရီးယား အီးပီလုပ်သားလောင်း မြန်မာနိုင်ငံသား ညီငယ်များ အားလုံးသို့ ……….. ကိုရီးယား အီးပီလုပ်သားလောင်း မြန်မာနိုင်ငံသား ညီငယ်များ အားလုံးသို့ …… (ကိုရီးယားကို အလုပ်လာလုပ်ရန် ရည်ရွယ်ထားသူများ ဖတ်ရန်) အီးပီလုပ်သားေ... မွေးနေ့ဆုတောင်း ၀၆.၀၇.၂၀၁၂..နေ့တွင်ကျရောက်သော ညီမလေး ပွင့်ဖြိုးရွှေစင် ရဲ့ ၂၃ မြောက်မွေးနေ့မှ နောင်နှစ်ပေါင်း ၁၀၀ကျော်တိုင် စိတ်ချမ်းသာ ကိုယ်ကျန်းမာ ချမ်းသ... ဘာသာစကား( ၂၄ )မျိုးကို မြန်မာဘာသာပြန်ဆိုပေးနိုင်သော Myanmar အွန်လိုင်း အဘိဓါန်လေးတစ်ခုပါ.. ဘာသာစကား ၂၄ ခုကနေ မြန်မာဘာသာကို ဘာသာပြန်ပေးနိုင်ပါတယ်.. ဆိုဒ်တည်ထောင်သူတို့ရဲ့ ရည်ညွှန်းချက်တစ်ခုက “မြန်မာတို့... မလေးရှား သတင်းများ ဖတ်ရန် http://www.3dflags.com/media/icons/key-20111106/flags/120/3dflags-icon-mys1-120-medium.png မလေးရှားရောက် မြန်မာများအတွက် မလေးရှားသတင်းများ အားလုံးဖတ်ရန် ဖျော်ဖြေရေးဆိုက်များ Mtv burmeseclassic အိမ်မက်လှိုင်းး Pansagar Myanmar Music ကိုရီးယားရှပ်ရှင်များ ရွှေအိမ်မက်မြန်မာ့ရှပ်ရှင် ခရမ်းပြာအိပ်မက် myanmarsongs.net အာရှရုပ်ရှင် နိုင်ငံခြားရုပ်ရှင် အဖြူရောင်သံဇဉ် Followers |
Monday 19 November 2012
ညီမလေးဈေးကောင်းရပါစေ။။
ညီမလေးဈေးကောင်းရပါစေ ( ဒီကိစ္စကို မလေးရှားကနေ ထောက်ခံပါတယ်)
Sorry ပဲ ညီမလေး ...
ကိုယ် ဘာမှမတတ်နိုင်ဘူး။
မင်းအမေ နေမကောင်းတာ
မင်းမောင်လေး ညီမလေးတွေ ကျောင်းစားရိတ်လိုနေတာ
မင်းကိုယ်တိုင်အတွက် ရောင်းပန်းလှဖို့ ၊ ဈေးကွက်ဝင်ဖို့
ပါတိတ် ၊ သရီးစတက် ၊ မီနီစကပ် ၊ နှုတ်ခမ်းနီ ပါးနီ ၊ အော်ဒီကလုံး
ကိုယ်မတတ်နိုင်ဘူးကွဲ့
မင်းတို့က မပဋာဆိုရင် ကိုယ်လည်းပဲ မောင်ဒါသပါကွယ်။
Sorry ပဲ ညီမလေးရေ ...
မင်းရဲ့ ဘုရားပေး လယ်တပွဲ
နှမ်းပဲစိုက်စိုက် ၊ ဘူးပဲပျိုးပျိုး
နွေစပါး ၊ မိုးစပါးနဲ့ သီးထပ်သီးညှပ်
မပြတ်တမ်းစိုက်လည်း
ကိုယ့်မှာ ဓာတ်မြေသြဇာဖိုးမရှိ
ဟိုကောင်တွေဆီမှာတော့ အာသာငမ်းငမ်း
အကြည့်တွေ ရှိချင်ရှိလိမ့်မယ်
ဒါကိုတော့ မင်းလည်းသိတယ် ၊ ကိုယ်လည်းအသိပဲ။
Sorry ပဲ ညီမလေးရေ ...
မင်းဟာ နှုတ်မစောင့်သော လိပ်မလေး ဆိုပါတော့
ယုတ်မာရိုင်းစိုင်းတဲ့ နွားကျောင်းသားတချို့
မင်းအတွက် မီးဖိုနေကြပြီ
အားပျော့ပျော့ မင်းလက်ကလေးတွေ
နွမ်းဖတ်ဖျော့တော့ မင်းနှုတ်ခမ်းလေးတွေ
ချွေးစီးကြောင်းလေးနဲ့ အနားသတ်ထားရှာတဲ့
မင်းရဲ့ ပါးကွက်ပါးလေး
အဲဒါလေးကလည်း သစ္စာတစ်ပါးပဲပေါ့
မင်းလိုအပ်နေတဲ့ ထမင်းတစ်နပ်အတွက်
မဲမှောင်နေတဲ့ မင်းရဲ့ မနက်ဖြန်လေးတွေကို
ဈေးကွက်တင်ချေဦး ညီမလေး။
မင်းအပြုံးလေးတွေကို သူတို့မှတ်တမ်းတင်လိမ့်မယ်
တစ်ခဏတာအတွက် အသပြာရှိပေမယ့်
အရှက်သိက္ခာ တစ်ရွေးသားမျှမရှိရှာတဲ့ လူ့ငနွားတွေ
ရေနစ်နေတဲ့ ကောက်ရိုးလေး မင်းကို
နိုကီရာ ၊ ဆိုနီအဲရစ်ဆင် ၊ ပင်နာဆိုးနစ်တို့နဲ့
ဝါးကူထိုးလိမ့်မယ် စိတ်ချ။
ဒီကောင်တွေမှာ ဘုရားရှိချင်ရှိမယ်
တရားတော့ ရှိမှာမဟုတ်ဖူး ၊
ဒီကောင်တွေမှာ ကားရှိရင်ရှိမယ်
မေတ္တာထားဖို့ တွေးခေါ်တတ်မယ်မထင်ဖူး ၊
ဒီကောင်တွေဟာ နွားတွေ။
ဟုတ်တယ် နွားတွေကွဲ့
မင်းသိချင်မှ သိမယ်။
ဟိုစာမျက်နှာမှာ၊ ဒီစာမျက်နှာမှာ
(ဟေ့ ... ဟေး.... ဟောဒီမှာ မြန်မာဟေ့ ...)
အဲဒီလို မစားရ ဝခမန်း ကြွေးကြော်
လျှပ်ပေါ်လော်လီခဲ့တဲ့ သူတို့စာရိတ္ထတွေကို ထုတ်ကြွားကြတယ်။
Sorry ပဲ ညီမလေး ...
ကိုယ်လည်း ရင်နာရပါတယ်
မင်းတို့ဘဝလေးတွေအတွက်ရော
သူများဆီမှာ ကျွန်ခံ
ကိုယ့်အိမ်တောင် ကိုယ်မပြန်နိုင်သေးတဲ့ ကိုယ့်ဘဝအတွက်ရောပေါ့။
အရင်အချိန်တွေတုန်းက ကိုယ်တို့ပြောခဲ့တယ် (တစ်ဖက်နိုင်ငံတွေကိုပေါ့)
( ... ) နိုင်ငံ ဆိုပြီးတော့လေ ...။
ခုများ ကြည့်စမ်း ... မင်းတို့လေးတွေလေ ...
မဲဆောက်မှာ ၊ မယ်ဆိုင်မှာ ၊ ဘီကေကေမှာ ၊ ကြယ်ဂေါင်ရွှေလီမှာ
သတင်းတွေမှာ ဖတ်ရ၊ သတင်းတွေမှာ ကြားရတော့
အပိုမပြောဘူး ညီမလေးတို့
ကိုယ် မျက်ရည်ဝဲတယ်။
ကိုယ့်ပြည်ကိုယ့်ရွာက ကိုကိုတွေကတောင်
မင်းတို့ကို ဘိုင်စကုပ်ထဲ ထည့်သေးတာပဲ ...အင်း ... .
ဖဦးထုပ်တွေ ၊ နငယ်တွေ ၊ ဘကုန်းတွေ
ကိုယ့်ကို ဝိုင်းပြောကြ
အချင်းချင်း လက်တို့ကြ
ဟေ့ ... အဲဒါ ဘီရုမာ ဟေ့ ...။ ဘီရုမာ ချယ်နယ်ဟေ့ ...။
တောက်! ဘယ်လောက် အသည်းနာဖို့ကောင်းလဲ
မိုးကျရွှေကိုယ် ၊ တိုလီမိုလီ ၊ အချစ်ဇာတ်လမ်း ၊ ပေါသွပ် ၊
ဒီကောင်တွေကို ဘယ်သူတွေက လင်ခ့်ပေးလိုက်တာလဲ
မင်းတို့အထင်ကြီးတဲ့ ရွှေကိုကိုတွေပေါ့။
(ဟေ့ ... ဘီရုမာ ဘယ်ဈေးလဲ) အဲဒီလိုများ အမေးခံရရင်လေ
အသားတဆတ်ဆတ်တုန် ဒေါသပုန်ထရတယ်
လူသတ်ချင်လာတယ်။
မင်း အထင်ကြီးတဲ့ ကိုကိုတွေလည်း
ဗမာကားဟေ့ ... ဆိုတာနဲ့
လျှာတစ်သပ်သပ် ၊ ပါးစပ်တစ်ပြင်ပြင်
သွားရည် ငေါက်တောက်ကျ
ဘာကိုမှ မလုပ်ချင် မကိုင်ချင်
ဖန်သားပြင်ရှေ့ အခန့်သားထိုင်
ဇာတိပုညဂုဏ်မာနဟေ့ ... ဆိုပြီး
ဝံသာနုရက္ခိတတရား လက်ကိုင်ထားချင်ကြတယ်။
မင်းတို့လေးတွေကို
နှုတ်ခမ်းတစ်လန် ပန်းတစ်လန် လက်ညှိုးငေါက်ငေါက်ထိုး
အပြစ်ပြောတဲ့ မောင်မောင်တွေ
သူတို့ကရော ဘယ်လောက်များ သန့်စင်ကြလို့တုန်း
ဟေ့ ဒီမှာ ... ကိုယ်ပြောမယ် ညီမလေး
ဈေးကွက်ဝယ်လိုအားကြောင့် ရောင်းကုန်ဆိုတာ ရှိနေတာ
သူတို့တွေ တောင်းဆိုနေတာ
သူတို့တွေ လောကအလှကို ဖျက်ဆီးနေတာ
မင်းတစ်ယောက်ထဲကြောင့်တော့ မဟုတ်ဘူး
မင်းကို အင်တာနက်ပေါ်ပို့လိမ့်မယ်
သူတို့မို့ အရှက်မရှိ (ဘယ်ရှိပါ့မလဲ)
သူတို့မျက်နှာလေးများကျတော့ ပေါ်မှာကြောက်တတ်လိုက်တာ
ဟိုတယ်တွေမှာ ကလပ်တွေမှာ နောက်ဆုံး ဖိုရမ်စာမျက်နှာတွေပေါ်မှာ
ခပ်ကြွားကြွား ပြောကြလိမ့်မယ်။
Sorry ပဲ ညီမလေးရေ ...
မင်းရဲ့ လက်ကလေးတွေကို ပုခက်မလွှဲခင်
မာဆတ်က ကိုယ်ရွှေကိုယ်မျိုးတွေကို ပျော်တော်ဆက်ချေဦး
သတိတော့ထားကွဲ့
ဒီခေတ်က နည်းပညာခေတ်ကြီး
ကင်မရာတွေ အနီးအဝေး
ဈေးကြီးပေး ဝယ်ကိုင်လို့ရပြီ။
Sorry ပဲ ညီမလေးရေ ...
ရွှေအိုရောင်ညနေခင်းတွေမှာ မင်းဘဝကို ရောင်းဈေးတင်ပေါ့
မင်းကြောက်တဲ့ မနက်ဖြန်အတွက်
ဟိုတယ်တစ်ခုခုမှာ ကျွဲရိုင်းအချိုရည်
တစ်ခါသုံးဆပ်ပြာ ၊ ငွေခြည်ရောင် ရေခဲသေတ္တာ
ညလယ်စာ မှာစားရင်း ဖြတ်ကျော်ဦးပေါ့။
အထည်ချုပ်တွေ ပိတ်တာ ...
ကုန်ဈေးနှုန်းကြီးတာ ...
ငွေနှစ်သောင်းအတွက် တိုက်ပွဲဝင်တာ ...
အရပ်ထဲမယ် ကိုယ်လေး ခေါင်းလေးတောင် လွတ်လွတ်ကျွတ်ကျွတ် မလှုပ်ဝံ့တာ
အားလုံးဟာ စက်ဝိုင်းတခုပါပဲကွယ်
မင်းအပြစ်တွေချည်းပဲ မဟုတ်ပါဘူး ညီမလေးရယ်။
မင်းတို့လည်း မင်းတို့ နိုင်တဲ့ဝန် ထမ်းနေရတာ
အချိန်တန်ရင်တော့ သိုးမည်းအုပ်ကြီးထဲက ပြန်ထွက်ခဲ့ပါ ညီမလေးတို့ရယ်။
မင်းတို့ ကိုယ်စီ ဒုလ္လဘတစ်ခုစီရှိတယ်
မင်းတို့ဟာ ငှက်ကလေးတွေပေမယ့် မင်းတို့မှာ ဝမ်းရေးရှိတယ်
မင်းတို့မှာ အနာဂတ်ကိုယ်စီရှိတယ်
မင်းတို့မှာ ဘဝသစ်တွေ ရှိနေမယ်
နောက်ပြီးတော့ မင်းတို့ဟာ ...
မင်းတို့ဟာ မြန်မာမလေးတွေဖြစ်တယ်။
Sorry ပါ ညီမလေးရယ် ...
ကိုယ်ဘာမှ မတတ်နိုင်ဘူး
မင်းတို့ခရီးမှာ ထီးမိုးမပေးနိုင်ဘူး
လှော်တက်တစ်ချောင်းနဲ့ ဝင်မကူပေးနိုင်ဘူး
ကိုယ်တတ်နိုင်တာ တခုပဲ
တခုထဲပါပဲ ညီမလေးတို့ရယ် ...။
မင်းတို့လေးတွေ မော်တော်ကားလေးပေါ်ပါသွားတဲ့အခိုက်
ကိုယ့်မျက်နှာ မင်းတို့မမြင်အောင် ငုံ့
ကိုယ့်နှုတ်ခမ်းကို နာနာဖိကိုက်
ဘယ်သူမှ မကြားအောင် ဆုတောင်းပေးခဲ့ဖူးပါတယ်။
Sorry ပါ ညီမလေးတို့ရေ ...
By မားဆိုး "http://www.facebook.com/profile.php?id=100000146656174"
မူရင်းလင့် - http://www.facebook.com/note.php?note_id=101507398691
ဒီကဗျာလေးက မှန်လွန်းသောကြာင့် Share လုပ်လာတာပါ ကိုယ်တိုင်ရေး
မဟုတ်ကြောင်း ၀န်ခံအပ်ပါသည်..ဖတ်စေချင်သော စေတနာဖြင့်သာ.....။
Friday 9 November 2012
ဖုန်းများ မြန်မာဖောင်ထည့်နည်း{ 4 }
Nokia & sony Syambian ဖုန်း အတွက် မြန်မာဖောင့်
Tuesday, October 02, 2012
ဝင်းကမ္ဘာကျော်
Nokia အတွက်တောင်းဆိုနေကြတာများနေပါပြီ ... အဆင်ပြေအောင် ရှာဖွေမွှေနှောက်ပြီး တဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်...
Syambian ဖုန်း
အတွက် မြန်မာဖောင့် ကို ကျန်တဲ့ နေ ရာ တွေ မှာတော့ မ မြင် ရသေးပေမဲ့
website ကြည့် ရင် မြင် နိုင် မဲ့ နည်း လမ်းလေး ပါ ဗျာ ။ အဆင်ပြေပါတယ် E72
မှာ စမ်းပြီးသွား ပါပြီ။
အောက်က ဖုန်းတွေ မှာ လဲ ရနိုင်ပါတယ် ...
>>အဆင့် -1: ဒါလေးဒေါင်းလိုက်ပါ : http://bit.ly/KJXwl4
အဲ့ zip ဖိုင်ထဲ မှာ အောက်ကဟာတွေပါတယ်:
1) Opera Mobile 12
2) X-plore
3) Nokia Pure font with zawgyi
4) user.css
5) instructions!!.txt
>>အဆင့် -2
Un-rar ဖိုင်ဖြည်လိုက်ပါ . opera mobile နဲ့ x-ploreကို ဖုန်း ထဲ မှာ သွင်းလိုက်ပါ ။မှတ်ချက်။ ။ ဖုန်း ထဲ မှာ သာသွင်းပါ ။
>>အဆင့် -3
X-plore ကိုဖွင့် ပါ "NOKIA_PUREwithzawgyi.ttf" ကို ကူးပြီး "E:/system/Apps/OperaMobile/fonts" အောက် ထဲ ကူးထည့် လိုက် ပါ ။
>>အဆင့် -4
"user.css" ဖိုင်လေး ကို "E:/system/Apps/OperaMobile/styles" ထဲ ကိုကူးထည့် ပါ
အဲ့ဒါတွေ ပြီးရင် x-plore ပိတ်ပါ ။. ကဲ Symbian Phone ဖုန်းမှာ web ဆိုဒ် တွေ ကို မြန်မာ လို ကြည့်  နိုင်ပြီ ဖြစ် ပါတယ် ။
အဆင်ပြေပါစေ ....
ကိုးကား - Fone Fun Club
အောက်က ဖုန်းတွေ မှာ လဲ ရနိုင်ပါတယ် ...
Myanmar Font for Opera mobile in s60v5, Symbian^3, Symbian Anna, Nokia Belle Phones (Nokia N8, C7, C6-01, E7, 5800, 5230, 5530, 5535, N97, X6, C6, Samsung i8910, Sony Ericsson Idou, Vivaz Etc.)
In symbian phones, opera browser is the only browser that will dispaly myanmar fonts correctly.>>အဆင့် -1: ဒါလေးဒေါင်းလိုက်ပါ : http://bit.ly/KJXwl4
အဲ့ zip ဖိုင်ထဲ မှာ အောက်ကဟာတွေပါတယ်:
1) Opera Mobile 12
2) X-plore
3) Nokia Pure font with zawgyi
4) user.css
5) instructions!!.txt
>>အဆင့် -2
Un-rar ဖိုင်ဖြည်လိုက်ပါ . opera mobile နဲ့ x-ploreကို ဖုန်း ထဲ မှာ သွင်းလိုက်ပါ ။မှတ်ချက်။ ။ ဖုန်း ထဲ မှာ သာသွင်းပါ ။
>>အဆင့် -3
X-plore ကိုဖွင့် ပါ "NOKIA_PUREwithzawgyi.ttf" ကို ကူးပြီး "E:/system/Apps/OperaMobile/fonts" အောက် ထဲ ကူးထည့် လိုက် ပါ ။
>>အဆင့် -4
"user.css" ဖိုင်လေး ကို "E:/system/Apps/OperaMobile/styles" ထဲ ကိုကူးထည့် ပါ
အဲ့ဒါတွေ ပြီးရင် x-plore ပိတ်ပါ ။. ကဲ Symbian Phone ဖုန်းမှာ web ဆိုဒ် တွေ ကို မြန်မာ လို ကြည့်  နိုင်ပြီ ဖြစ် ပါတယ် ။
အဆင်ပြေပါစေ ....
ကိုးကား - Fone Fun Club
Posted in: Android နှင့် မြန်မာ Font, Mobile Phone
တံခါးဖျက်ဝင်သူများ
လတ်တလော
ရခိုင်ပြည်မှာဖြစ်ခဲ့တဲ့ ပြဿနာတွေ ကို ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေနဲ့
ရခိုင်တိုင်းရင်း သားတွေကြား ပဋိပက္ခ အဖြစ် အားလုံးလိုလိုက သတ်မှတ်ထားပေမဲ့
ခိုးဝင်လာသူတွေဟာ ဘင်္ဂါလီ အစစ်မဟုတ်ဘဲ ဘင်္ဂါလီမျိုးနွယ်ဝင် စစ်တ ကောင်း
သားတွေ ဖြစ်ပါတယ်။ဘင်္ဂါလီလူမျိုးတွေဟာ အိန္ဒိယနိုင်ငံ အနောက်
ဘင်္ဂလားပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာ အဓိ ကနေကြ
ပါတယ်။
အင်္ဂလိပ် ကိုလိုနီခေတ်မှာ ဒီနှစ် နယ်ကို တပေါင်းတည်း ဘင်္ဂလားပြည်နယ် အဖြစ်
သတ်မှတ်ခဲ့ပြီး ၁၉၄၇ ခု အိန္ဒိယလွတ်လပ် ရေးကြေညာတော့မှ ဟိန္ဒူဘာသာဝင်
ဘင်္ဂါလီများတဲ့ အနောက်ဘင်္ဂလားနဲ့ တြိပူရတို့ဟာ အိန္ဒိယဘက်ခြမ်းက ပြည်နယ်
နှစ်ခု ဖြစ်သွားပြီး အစ္စလမ်ဘာသာ ဝင်များတဲ့ အရှေ့ဘင်္ဂလားက
အရှေ့ပါကစ္စတန်ဖြစ်သွားပါတယ်။ အရှေ့ပါကစ္စ တန် ဟာ ၁၉၇၁ ခုမှာ လွတ်လပ်တဲ့
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖြစ်လာပါတယ်။တကမ္ဘာလုံးမှာ ဘင်္ဂါလီလူမျိုးဦးရေ သန်း ၃၀၀
ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၁၅၆ သန်း၊ အိန္ဒိယနိုင်ငံမှာ သန်း ၇၀၊ ပါကစ္စ
တန်၊ ဗြိတိန်၊ မလေးရှားနဲ့ အာရပ်နိုင်ငံတွေမှာလဲ အတော်များများရှိကြပါတယ်။
ဟန်တရုတ်လူမျိုးပြီးရင် ဘင်္ဂါလီ လူမျိုး ဟာ ကမ္ဘာမှာ ဒုတိယ
လူဦးရေအများဆုံးလူမျိုး ဖြစ်ပါတယ်။ ဘင်္ဂါလီလူမျိုးအားလုံးရဲ့ ၅၀% ဟာ
မွတ်ဆလင်တွေ ဖြစ်ပြီး ၄၈% ကတော့ ဟိန္ဒူတွေ ဖြစ်ပါတယ်။
ဗုဒ္ဓဘုရားရှင်လက်ထက်နဲ့ အသောကမင်းကြီးလက်ထက်မှာ ဘင်္ဂလားဒေသဟာ မဂဓတိုင်းထဲ
ပါခဲ့ပါတယ်။ဘင်္ဂါလီလူမျိုးတွေထဲက
ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ၊ စာပေအနုပညာရှင်တွေ၊ သိပ္ပံပညာ ရှင်တွေ
တော်တော်များများ ထွက်ခဲ့ပြီး အဓိကအားဖြင့် ဟိန္ဒူဘာသာဝင်ဘင်္ဂါလီတွေ
ဖြစ်ကြပါတယ်။ အာရှတိုက်က ပထမဆုံးနိုဘယ်ဆုရတဲ့ ကဗျာ ဆရာကြီး
ရာဘင်ဒြာနတ်သ်တဂိုး၊ ကမ္ဘာကျော် ရုပ်ရှင် ဒါရိုက်တာ ဆတ္တယာဂျစ်ရေး၊
အိန္ဒိယလွတ်လပ်ရေး တော်လှန်ရေး ခေါင်းဆောင် ဆူဘတ်စ်ချန္ဒရာဘို့စ်၊
ကမ္ဘာကျော်သိပ္ပံပညာရှင် ဆာတယင်ဒြာနတ်သ်ဘို့စ်၊ နိုဘယ်ဆုရ စီးပွားရေးပညာ ရှင်
အမာရ်တီယာဆင်း၊ စာရေးဆရာမ အရွန်ဒါတိရွိုင်း၊ ဘီးတဲလ်စ်ဂီတသစ်အဖွဲ့ရဲ့ဆရာ
ဂီတပညာရှင်ကြီး ရာဗီရှန်ကာ တို့ဟာ ဘင်္ဂါလီဟိန္ဒူတွေဖြစ်ပြီး
အသေးစားငွေချေးလုပ်ငန်း တီထွင်ခဲ့တဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်
မိုဟာမက်ယူနွတ်စ် ကတော့ ဘင်္ဂါလီမွတ်ဆလင် ဖြစ်ပါတယ်။မြန်မာပြည်
လွတ်လပ်ရေးတိုက်ပွဲနဲ့ လွတ်လပ်ရေးခေတ် နိုင်ငံရေးသမိုင်းမှာပါဝင်ခဲ့တဲ့ 
ဘင်္ဂါလီတွေလဲ ထင်ထင်ရှားရှားရှိ ပါတယ်။ အိန္ဒိယ လွတ်လပ်ရေးတိုက်ပွဲမှာ
ပါဝင်လှုပ်ရှားခဲ့လို့ ဗမာပြည်ကို နယ်နှင် ဒဏ်ပေးခံရတဲ့ မစ္စတာရာရှစ်ဟာ ဗိုလ်
ချုပ်အောင်ဆန်းတို့နဲ့ တခေတ်ထဲ ရန်ကုန်တက္ကသိုလ် ကိုရောက် လာပြီး ၁၉၃၆
ခုမှာ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ၊ ကျောင်း သားသပိတ် ဥက္ကဋ္ဌ ဖြစ်ခဲ့ဖူးပါတယ်။ ဘင်္ဂါလီ
နိုင်ငံရေးသမားတွေဖြစ်တဲ့ မစ္စတာရာရှစ်နဲ့ ဦးခင်မောင်လတ်တို့ဟာ လွတ်လပ်ရေး
ရပြီးနောက် မှာလဲ ဖဆပလအစိုးရထဲမှာ ဝန်ကြီးတွေအဖြစ်
ရွေးကောက်ခံခဲ့ရပါတယ်။မြန်မာနို င်ငံ
အတိုက်အခံဘက်မှာလဲ ဘင်္ဂါလီတွေ အရေးကြီးနေရာတွေက ပါခဲ့ဖူးပါတယ်။ ဗမာပြည်
ကွန်မြူနစ်ပါတီက ရဲဘော်ဂိုရှယ်၊ ဒေါက်တာနတ်၊ ဆရာရာဂျန်တို့ဟာလဲ အင်္ဂလိပ်က
နယ်နှင်ဒဏ်ပေးလို့ ဗမာပြည်ရောက်လာတဲ့ ဘင်္ဂါလီ တော်လှန်ရေးသမားတွေ
ဖြစ်ပါတယ်။ဗမာပြည်ကိုရောက်လာကြတဲ့
အဲဒီ ဘင်္ဂါလီတွေဟာ နယ်စပ်ကကူးဝင်လာတာတွေမဟုတ်ဘဲ ကိုလိုနီခေတ် မှာ သင်္ဘောနဲ့
ရောက်လာတဲ့ ဘင်္ဂါလီဟိန္ဒူတွေ၊ ဘင်္ဂါလီမွတ်ဆလင်တွေ ဖြစ်ပါတယ်။ ဆရာကြီးဦးရာဇတ်၊
ဆရာမောင်သော်ကတို့က တော့ အဲဒီထက်စောပြီး မျိုးရိုးစဉ်ဆက်
ဗမာပြည်မှာနေခဲ့တဲ့ မွတ်ဆ လင်တွေ ဖြစ်ပါတယ်။စစ်တကောင်းစကားဟာ ဘင်္ဂါလီစကားရဲ့
ဒေသိယစကား dialect ဖြစ်ပြီး ဘာသာဗေဒမှတ်တမ်း Ethnologue မှာ သီး သန့်သင်္ကေတ
cit လို့ပေးခဲ့ပါတယ်။ ရွင်ဂျာ အပါအဝင် စစ်တကောင်းစကားပြောသူ ၁၄
သန်းကျော်ရှိပါတယ်။ စစ်တ ကောင်းကို ဘင်္ဂါလီတွေက ချော့တော်ကလမ်း သို့မဟုတ်
ခေါ့တော်ကလမ်း chottogram လို့ ခေါ်ရာကနေ စစ်တ ကောင်းသားဘင်္ဂါလီတွေကို ခေါ့တ်
သို့မဟုတ် ခေါ့တောကုလား လို့ နာမယ်တွင်သွားပါတယ်။ စစ်တကောင်း ဒေသဟာ
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ နတ်မြစ်ပဲခြားတဲ့အတွက်
နယ်စပ်ကျော်ခိုးဝင်သူတွေဟာ အဓိကအားဖြင့် စစ်တကောင်း သား ဘင်္ဂါလီ (ခေါ့တ်)
တွေ ဖြစ်နေပါတယ်။ဒီကနေ့ ရွင်ဂျာလို့ခံယူနေသူတွေကို ဘာသာဗေဒမှတ်တမ်း
Ethnologue မှာ ၂၀၀၇ ခုနှစ်အထိ စစ်တကောင်းသား တောင်ပိုင်းလေယူလေသိမ်းလို့ပဲ
သတ်မှတ်ခဲ့ပါတယ်။ ၂၀၀၇ ဒီဘက်မှာတော့ စစ်တကောင်းသားဘာသာစကားကို ctg ၊
ရွင်ဂျာကို rhg လို့ခွဲပေးလိုက်ပြီး ရွင်ဂျာ နဲ့ စစ်တကောင်းသား မတူသလိုလို
လုပ်ပြပေးခဲ့ရပါတယ်။ ဘာသာဗေဒ မှတ
Source: www.myanmarcollection.co.cc/w
Subscribe to:
Posts (Atom)