ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Friday 9 November 2012

တံခါးဖျက်ဝင်သူများ

လတ်တလော ရခိုင်ပြည်မှာဖြစ်ခဲ့တဲ့ ပြဿနာတွေ ကို ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေနဲ့ ရခိုင်တိုင်းရင်း သားတွေကြား ပဋိပက္ခ အဖြစ် အားလုံးလိုလိုက သတ်မှတ်ထားပေမဲ့ ခိုးဝင်လာသူတွေဟာ ဘင်္ဂါလီ အစစ်မဟုတ်ဘဲ ဘင်္ဂါလီမျိုးနွယ်ဝင် စစ်တ ကောင်း သားတွေ ဖြစ်ပါတယ်။ဘင်္ဂါလီလူမျိုးတွေဟာ အိန္ဒိယနိုင်ငံ အနောက် ဘင်္ဂလားပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာ အဓိ ကနေကြ
ပါတယ်။ အင်္ဂလိပ် ကိုလိုနီခေတ်မှာ ဒီနှစ် နယ်ကို တပေါင်းတည်း ဘင်္ဂလားပြည်နယ် အဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၄၇ ခု အိန္ဒိယလွတ်လပ် ရေးကြေညာတော့မှ ဟိန္ဒူဘာသာဝင် ဘင်္ဂါလီများတဲ့ အနောက်ဘင်္ဂလားနဲ့ တြိပူရတို့ဟာ အိန္ဒိယဘက်ခြမ်းက ပြည်နယ် နှစ်ခု ဖြစ်သွားပြီး အစ္စလမ်ဘာသာ ဝင်များတဲ့ အရှေ့ဘင်္ဂလားက အရှေ့ပါကစ္စတန်ဖြစ်သွားပါတယ်။ အရှေ့ပါကစ္စ တန် ဟာ ၁၉၇၁ ခုမှာ လွတ်လပ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖြစ်လာပါတယ်။တကမ္ဘာလုံးမှာ ဘင်္ဂါလီလူမျိုးဦးရေ သန်း ၃၀၀ ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၁၅၆ သန်း၊ အိန္ဒိယနိုင်ငံမှာ သန်း ၇၀၊ ပါကစ္စ တန်၊ ဗြိတိန်၊ မလေးရှားနဲ့ အာရပ်နိုင်ငံတွေမှာလဲ အတော်များများရှိကြပါတယ်။ ဟန်တရုတ်လူမျိုးပြီးရင် ဘင်္ဂါလီ လူမျိုး ဟာ ကမ္ဘာမှာ ဒုတိယ လူဦးရေအများဆုံးလူမျိုး ဖြစ်ပါတယ်။ ဘင်္ဂါလီလူမျိုးအားလုံးရဲ့ ၅၀% ဟာ မွတ်ဆလင်တွေ ဖြစ်ပြီး ၄၈% ကတော့ ဟိန္ဒူတွေ ဖြစ်ပါတယ်။ ဗုဒ္ဓဘုရားရှင်လက်ထက်နဲ့ အသောကမင်းကြီးလက်ထက်မှာ ဘင်္ဂလားဒေသဟာ မဂဓတိုင်းထဲ ပါခဲ့ပါတယ်။ဘင်္ဂါလီလူမျိုးတွေထဲက ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ၊ စာပေအနုပညာရှင်တွေ၊ သိပ္ပံပညာ ရှင်တွေ တော်တော်များများ ထွက်ခဲ့ပြီး အဓိကအားဖြင့် ဟိန္ဒူဘာသာဝင်ဘင်္ဂါလီတွေ ဖြစ်ကြပါတယ်။ အာရှတိုက်က ပထမဆုံးနိုဘယ်ဆုရတဲ့ ကဗျာ ဆရာကြီး ရာဘင်ဒြာနတ်သ်တဂိုး၊ ကမ္ဘာကျော် ရုပ်ရှင် ဒါရိုက်တာ ဆတ္တယာဂျစ်ရေး၊ အိန္ဒိယလွတ်လပ်ရေး တော်လှန်ရေး ခေါင်းဆောင် ဆူဘတ်စ်ချန္ဒရာဘို့စ်၊ ကမ္ဘာကျော်သိပ္ပံပညာရှင် ဆာတယင်ဒြာနတ်သ်ဘို့စ်၊ နိုဘယ်ဆုရ စီးပွားရေးပညာ ရှင် အမာရ်တီယာဆင်း၊ စာရေးဆရာမ အရွန်ဒါတိရွိုင်း၊ ဘီးတဲလ်စ်ဂီတသစ်အဖွဲ့ရဲ့ဆရာ ဂီတပညာရှင်ကြီး ရာဗီရှန်ကာ တို့ဟာ ဘင်္ဂါလီဟိန္ဒူတွေဖြစ်ပြီး အသေးစားငွေချေးလုပ်ငန်း တီထွင်ခဲ့တဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မိုဟာမက်ယူနွတ်စ် ကတော့ ဘင်္ဂါလီမွတ်ဆလင် ဖြစ်ပါတယ်။မြန်မာပြည် လွတ်လပ်ရေးတိုက်ပွဲနဲ့ လွတ်လပ်ရေးခေတ် နိုင်ငံရေးသမိုင်းမှာပါဝင်ခဲ့တဲ့ ဘင်္ဂါလီတွေလဲ ထင်ထင်ရှားရှားရှိ ပါတယ်။ အိန္ဒိယ လွတ်လပ်ရေးတိုက်ပွဲမှာ ပါဝင်လှုပ်ရှားခဲ့လို့ ဗမာပြည်ကို နယ်နှင် ဒဏ်ပေးခံရတဲ့ မစ္စတာရာရှစ်ဟာ ဗိုလ် ချုပ်အောင်ဆန်းတို့နဲ့ တခေတ်ထဲ ရန်ကုန်တက္ကသိုလ် ကိုရောက် လာပြီး ၁၉၃၆ ခုမှာ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ၊ ကျောင်း သားသပိတ် ဥက္ကဋ္ဌ ဖြစ်ခဲ့ဖူးပါတယ်။ ဘင်္ဂါလီ နိုင်ငံရေးသမားတွေဖြစ်တဲ့ မစ္စတာရာရှစ်နဲ့ ဦးခင်မောင်လတ်တို့ဟာ လွတ်လပ်ရေး ရပြီးနောက် မှာလဲ ဖဆပလအစိုးရထဲမှာ ဝန်ကြီးတွေအဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။မြန်မာနိုင်ငံ အတိုက်အခံဘက်မှာလဲ ဘင်္ဂါလီတွေ အရေးကြီးနေရာတွေက ပါခဲ့ဖူးပါတယ်။ ဗမာပြည် ကွန်မြူနစ်ပါတီက ရဲဘော်ဂိုရှယ်၊ ဒေါက်တာနတ်၊ ဆရာရာဂျန်တို့ဟာလဲ အင်္ဂလိပ်က နယ်နှင်ဒဏ်ပေးလို့ ဗမာပြည်ရောက်လာတဲ့ ဘင်္ဂါလီ တော်လှန်ရေးသမားတွေ ဖြစ်ပါတယ်။ဗမာပြည်ကိုရောက်လာကြတဲ့ အဲဒီ ဘင်္ဂါလီတွေဟာ နယ်စပ်ကကူးဝင်လာတာတွေမဟုတ်ဘဲ ကိုလိုနီခေတ် မှာ သင်္ဘောနဲ့ ရောက်လာတဲ့ ဘင်္ဂါလီဟိန္ဒူတွေ၊ ဘင်္ဂါလီမွတ်ဆလင်တွေ ဖြစ်ပါတယ်။ ဆရာကြီးဦးရာဇတ်၊ ဆရာမောင်သော်ကတို့က တော့ အဲဒီထက်စောပြီး မျိုးရိုးစဉ်ဆက် ဗမာပြည်မှာနေခဲ့တဲ့ မွတ်ဆ လင်တွေ ဖြစ်ပါတယ်။စစ်တကောင်းစကားဟာ ဘင်္ဂါလီစကားရဲ့ ဒေသိယစကား dialect ဖြစ်ပြီး ဘာသာဗေဒမှတ်တမ်း Ethnologue မှာ သီး သန့်သင်္ကေတ cit လို့ပေးခဲ့ပါတယ်။ ရွင်ဂျာ အပါအဝင် စစ်တကောင်းစကားပြောသူ ၁၄ သန်းကျော်ရှိပါတယ်။ စစ်တ ကောင်းကို ဘင်္ဂါလီတွေက ချော့တော်ကလမ်း သို့မဟုတ် ခေါ့တော်ကလမ်း chottogram လို့ ခေါ်ရာကနေ စစ်တ ကောင်းသားဘင်္ဂါလီတွေကို ခေါ့တ် သို့မဟုတ် ခေါ့တောကုလား လို့ နာမယ်တွင်သွားပါတယ်။ စစ်တကောင်း ဒေသဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ နတ်မြစ်ပဲခြားတဲ့အတွက် နယ်စပ်ကျော်ခိုးဝင်သူတွေဟာ အဓိကအားဖြင့် စစ်တကောင်း သား ဘင်္ဂါလီ (ခေါ့တ်) တွေ ဖြစ်နေပါတယ်။ဒီကနေ့ ရွင်ဂျာလို့ခံယူနေသူတွေကို ဘာသာဗေဒမှတ်တမ်း Ethnologue မှာ ၂၀၀၇ ခုနှစ်အထိ စစ်တကောင်းသား တောင်ပိုင်းလေယူလေသိမ်းလို့ပဲ သတ်မှတ်ခဲ့ပါတယ်။ ၂၀၀၇ ဒီဘက်မှာတော့ စစ်တကောင်းသားဘာသာစကားကို ctg ၊ ရွင်ဂျာကို rhg လို့ခွဲပေးလိုက်ပြီး ရွင်ဂျာ နဲ့ စစ်တကောင်းသား မတူသလိုလို လုပ်ပြပေးခဲ့ရပါတယ်။ ဘာသာဗေဒ မှတ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...