Thursday 2 August 2012
Wednesday 1 August 2012
အသည်းရောဂါခံစားနေရသော
လူသားများ အတွက် ကျန်းမာလာဘ်တစ်ပါး ဝမ်းမြောက်စေသည့်
သခွတ်ပြုတ်ဆေးရည်
..…( အသည်းရောဂါအတွက် ဆေး သိရှိစေရန် ထပ်မံတင်ပေးပါသည် )
ဘီပိုး စီပိုး အသည်းသမားများ သခွတ်ကိုသောက် ရောဂါပျောက်၏….( အသည်းရောဂါဖြစ်နေသော
မိသားစုဝင်များအား စိတ်ချမ်းသာမှု့  ဖြစ်စေပြီး လူ
့သက်တမ်းအပြည့်ေ
နနိုင်သောကြောင့် Mg
အခုဖော်ပြသော သခွတ်အစွမ်းကြောင့် စီပိုး အသည်းသမားသည် ပိုးကောင်ရေ သိန်းချီရာမှ ဆယ်ဂဏန်းမျှသာကျန်ရှီတော့ပြီး ရောဂါမှာ သိသိသာသာ ပျောက်ကင်းသွားသလောက်ဖြစ်သွားသောကြောင့် အသည်းအထူးကု ဒေါက်တာ ခင်မောင်ဝင်း ဆရာကြီးကိုယ်တိုင်အံ့အားသင့်လို့  သခွတ်သောက်သော လူနာကို မှတ်တမ်းအပြု့ ခံလိုက်ရသော မြန်မာတို့ ၏ သခွတ်ပင် သာဖြစ်ပါသည် ။
ဆရာကြီးစီမှာ အသည်းအတွက် သောကများစွာ ငွေမြောက်များစွာ ကုန်ကျနေပြီးမှ ရရှိလာသော အစွမ်းထက်ဆေးနည်းလည်း ဖြစ်ပါသည် ထို စီပိုးလူနာ၏ ကိုယ်တွေ့ ဆေးဖြစ်သောကြောင့် လူနာကိုယ်တိုင်းမှ ဌင်းကဲ့သို့  ပိုက်ဆံ ရာပေါင်းများစွာ ကုန်ကျခြင်းလည်း မရှိစေဘဲ တကယ်လည်း သောက် တကယ် စီပိုးပျောက်ခဲ့ရလို့  သူကိုယ်တိုင်လည်း ဆေးကုသိုလ် ပြု့ နေပါသေးသည် ။
လုပ်ဆောင်သောက်သုံးရန်မှာ ….
သခွတ်ပင်၏ အပွင့် အရွက် အခေါက် တို့ကို ယူပါ အပွင့်နှင့်အရွက်ကိုတော့ နေအနည်းရသော နေရာမှာ အခြောက်ခံလိုက်ပါ ( လက်ဖက်ခြောက်လို့ လည်း သောက်သုံးလို့ ရနိုင်စေရန် အတွက် ) အခေါက်ကိုတော့ ရေဆေးပြီး ကြာရှည်သိမ်းထားလို့ ရအောင် နေဖန့် ဖန့် ပြပြီး အခေါက်ကို သုံးစွဲ ရပါမည် ။
ဆေးရည်ကျိုနည်း ….
ပထမဦးစွာ ဆေးကျိုရန်အတွက် မြေအိုးအသစ်တလုံးကို ရယူပါ
မြေအိုးထဲ့တွင် သခွတ်ပွင့် ၊ အရွက် နှင့် အခေါက်တို့ ကို ရေနဲ့  သုံးခွက်တခွက်ကျော်ကျော်လောက်
ပြုတ်ပြီး သောက်သုံးပေးပါ တနေ့ ကို သုံးကြိမ်( သို့  ) နှစ်ကြိမ်လောက်
လုပ်ဆောင်သောက်သုံးပေးပါ ။ အခေါက်တစ်မျိုးတည်းကိုလည်း
ကြိုချက်သောက်သုံးနိုင်ပါသည် ။
အရွက်အခြောက်နှင့် အပွင့်အခြောက်ကိုတော့ အောက်ဖော်ပြပါ အတိုင်း သောက်သုံးလည်း ရပါသည် ။
အရွက်ခြောက်နဲ့  အပွင့် ခြောက်အနည်းငယ်ကိုလည်း လက်ခြောက်ပုံစံပြုလုပ်ပြီးတော့လည်း ဆေးအဖြစ်သောက်သုံးနိုင်ပါသေးသည်
၊ လက်ဖက်ခြောက်ခပ်သည့် ပုံစံလို လက်ဖက်ခြောက်အစား သခွတ်အရွက်ခြောက်နှင့်
အပွင့်ခြောက် အနည်းငယ်ထည့်ခပ် ရေနွေးကြမ်း သောက်သုံးသလို့ လည်း
လုပ်သောက်ခြင်းဖြင့် အသည်းရောဂါအတွက် ကြိုတင်ကာကွယ်ခြင်း
အကျိုးကျေးဇူးရရှိပါသည် ၊
သခွတ်ဆေးရည် သည် အသည်းနဲ့ ပတ်သက်သော အသည်းအဆီဖုံးခြင်းနှင့် ဘီပိုး စီပိုး အသည်းရောဂါ ဖြစ်နေသူများ အတွက် အကောင်းဆုံး ဆေးစွမ်းထက်မြတ်ပေးစွမ်းနိုင်သော သခွတ်ပင်၏ ကျေးဇူးများသာ ဖြစ်ပါတော့သည် ။
ရောဂါဟူသမျှ တခဏဖြစ်ကြပါစေ……
အခုဖော်ပြသော သခွတ်အစွမ်းကြောင့် စီပိုး အသည်းသမားသည် ပိုးကောင်ရေ သိန်းချီရာမှ ဆယ်ဂဏန်းမျှသာကျန်ရှီတော့ပြ
ဆရာကြီးစီမှာ အသည်းအတွက် သောကများစွာ ငွေမြောက်များစွာ ကုန်ကျနေပြီးမှ ရရှိလာသော အစွမ်းထက်ဆေးနည်းလည်း ဖြစ်ပါသည် ထို စီပိုးလူနာ၏ ကိုယ်တွေ့ ဆေးဖြစ်သောကြောင့် လူနာကိုယ်တိုင်းမှ ဌင်းကဲ့သို့  ပိုက်ဆံ ရာပေါင်းများစွာ ကုန်ကျခြင်းလည်း မရှိစေဘဲ တကယ်လည်း သောက် တကယ် စီပိုးပျောက်ခဲ့ရလို့  သူကိုယ်တိုင်လည်း ဆေးကုသိုလ် ပြု့ နေပါသေးသည် ။
လုပ်ဆောင်သောက်သုံးရန်မှာ ….
သခွတ်ပင်၏ အပွင့် အရွက် အခေါက် တို့ကို ယူပါ အပွင့်နှင့်အရွက်ကိုတော့ နေအနည်းရသော နေရာမှာ အခြောက်ခံလိုက်ပါ ( လက်ဖက်ခြောက်လို့ လည်း သောက်သုံးလို့ ရနိုင်စေရန် အတွက် ) အခေါက်ကိုတော့ ရေဆေးပြီး ကြာရှည်သိမ်းထားလို့ ရအောင် နေဖန့် ဖန့် ပြပြီး အခေါက်ကို သုံးစွဲ ရပါမည် ။
ဆေးရည်ကျိုနည်း ….
ပထမဦးစွာ ဆေးကျိုရန်အတွက် မြေအိုးအသစ်တလုံးကို ရယူပါ
မြေအိုးထဲ့တွင် သခွတ်ပွင့် ၊ အရွက် နှင့် အခေါက်တို့ ကို ရေနဲ့  သုံးခွက်တခွက်ကျော်ကျော်လော
အရွက်အခြောက်နှင့် အပွင့်အခြောက်ကိုတော့ အောက်ဖော်ပြပါ အတိုင်း သောက်သုံးလည်း ရပါသည် ။
အရွက်ခြောက်နဲ့  အပွင့် ခြောက်အနည်းငယ်ကိုလည်း လက်ခြောက်ပုံစံပြုလုပ်ပြီးေ
သခွတ်ဆေးရည် သည် အသည်းနဲ့ ပတ်သက်သော အသည်းအဆီဖုံးခြင်းနှင့် ဘီပိုး စီပိုး အသည်းရောဂါ ဖြစ်နေသူများ အတွက် အကောင်းဆုံး ဆေးစွမ်းထက်မြတ်ပေးစွမ်းနို
ရောဂါဟူသမျှ တခဏဖြစ်ကြပါစေ……
ရန်ကုန်မြို့က ဘဏ်ဝန်ထမ်းတဦးကို လုပ်ငန်းခွင်မှာ တွေ့ရတဲ့ပုံပါ။ (ဓာတ်ပုံ - Soe Zeya Tun , REUTERS)
ဘဏ်ကတ်တွေ၊ ချက်လက်မှတ်တွေ အသုံးတွင်ကျယ်လာရင် ငွေချေ၊ ငွေသုံးတဲ့အခါ ပိုပြီး အဆင်ပြေလာတော့မှာ ဖြစ်ပါတယ်။ ဘဏ်ကတ်တွေ မကြာခင် လာတော့မယ်လို့ ဆောင်းပါးက ဆိုပါတယ်။
ပြည်သူ့ရှေ့မှောက် အရောက်လာတော့ မည့် MPU ကတ်များ
မောင်မောင်ဝင်း
ကြေးမုံသတင်းစာ - ဇူလိုင် ၃၀
လူသားတို့၏ နေ့စဉ်နှင့်အမျှ ကျင်လည် လှုပ်ရှားနေရသော လူမှုစီးပွားရေး ဘဝများတွင် ငွေကြေးသုံးစွဲမှုနှင့် မကင်းနိုင်ကြပေ။
လူသားတို့အတွက် အခြေခံစားဝတ်နေရေးအတွက်ဖြစ်စေ၊ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှု၊ စားသုံးမှုများအတွက်ဖြစ်စေ၊ ခရီးသွားလာရေး၊ အပန်းဖြေရေး၊ ပျော်ရွှင်ရေး၊ ကျန်းမာရေး၊
သာရေးနာရေး၊ ဘာသာရေး စသည်တို့အတွက်ဖြစ်စေ ငွေကြေးသုံးစွဲဆောင်ရွက်ကြရပေသည်။
ကမ္ဘာဦးအစက ကုန်စည်ချင်း ဖလှယ်သည့်နည်းဖြင့် သုံးစွဲဖြေရှင်းခဲ့ကြသော်လည်း နောက်ပိုင်းတွင် ဖလှယ်မှုကိရိယာ အသပြာငွေကြေးအဖြစ် သတ္တု၊ ဒင်္ဂါးအစရှိသည်တို့မှသည် ယနေ့ခေတ်သုံးစွဲနေကြသော ငွေစက္ကူများအထိ နိုင်ငံအသီးသီးမှ တီထွင်ဖန်တီးသုံးစွဲလာကြခြင်းဖြစ်သည်။
လူသားတို့နေထိုင်ရာ ဝန်းကျင်ကမ္ဘာသည် အချိန်နှင့်အမျှ ခေတ်မီပြောင်းလဲတိုးတက်ဆန်းသစ်နေသည့်သဘာဝရှိပေရာ ငွေကြေးသုံးစွဲမှုအပိုင်းတွင်လည်း ငွေသားစက္ကူများကိုသာ အစစအရာရာ ကိုင်တွယ်သုံးစွဲပေးချေနေကြရခြင်းမရှိတော့ပေ။
ဤသို့ သုံးစွဲပေးချေရန်လည်း အစစအရာရာ မဖြစ်နိုင်တော့ပေ။ ဘဏ်များ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကလည်း ချက်လက်မှတ်များ၊ ငွေပေးအမိန့်လွှာများ၊ ဘဏ်အာမခံလက်မှတ်များ၊ ငွေချေးစာချုပ်လက်မှတ်များစသည်ဖြင့် ငွေကဲ့သို့ တန်ဖိုးရှိသော ဖလှယ်မှုကိရိယာများကို တီထွင်ထားရှိကြပါသည်။
သုံးစွဲပေးချေကြရသည့်အပိုင်းတွင် ကြီးမားများပြားသော အကြီးစားပေးချေမှုများရှိသကဲ့သို့ အလတ်စားနှင့် အသေးစားပေးချေမှုများလည်း ရှိကြပါသည်။
အကြီးစားပေးချေမှုများအတွက် ချက်လက်မှတ်များ၊ ငွေပေးအမိန့်များ၊ စာရင်းပြောင်းညွှန်ကြားချက်များဖြင့် ပေးချေနိုင်ကြပြီး အလတ်စားနှင့် အသေးစားပေးချေမှုများအတွက် နေရာတိုင်းတွင် ချက်လက်မှတ်နည်းလမ်း၊ ဘဏ်စာရင်းပြောင်းနည်းလမ်းတို့ဖြင့် ပေးချေရန် အဆင်မပြေသကဲ့သို့ နေရာတိုင်းသို့ ငွေသားငွေစက္ကူများကို သယ်ဆောင်သွားရန်လည်း အဆင်မပြေသည်များရှိသဖြင့် ပေးချေမှုအဆင်ပြေစေရန် ယနေ့ခေတ်တွင် အီလက်ထရွန်နစ် နည်းပညာသုံးကတ်များကို တွင်ကျယ်စွာသုံးစွဲပေးချေလာကြသည်ကို တွေ့ရှိရပါသည်။
ကမ္ဘာပေါ်တွင် ကတ်များတီထွင်သုံးစွဲခဲ့ကြရာ ယနေ့အချိန်တွင် ချမ်းသာ သောနိုင်ငံများမှသည် ဆင်းရဲသည့်နိုင်ငံများအထိ အမျိုးမျိုးအဖုံဖုံသော ကတ်ပုံစံများဖြင့် ပေးချေသုံးစွဲနေကြပြီဖြစ်ပါသည်။
ဤတွင် တစ်ကမ္ဘာလုံး ကျယ်ပြန့်စွာ လက်ခံသုံးစွဲနိုင်သော နိုင်ငံတကာသုံး VISA, MASTER, AMERICAN EXPRESS စသည့် ကတ်များသည် အထင်ရှားဆုံးဖြစ်ပါသည်။
အာရှဒေသတွင်လည်း နိုင်ငံအလိုက်၊ ဘဏ်အလိုက်ကတ်များကို ထုတ်ဝေအသုံးပြုလျက်ရှိကြရာ ဂျပန်မှ JCB ကတ်၊ တရုတ်မှ CUP ကတ် စသည်ဖြင့် ထင်ရှားကြပါသည်။
မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍတွင်လည်း ကတ်များအသုံးပြုမှုနှင့်ပတ်သက်၍ ပုဂ္ဂလိကဘဏ်များ ၁၉၉၇ ခုနှစ်တွင် စတင်ပေါ်ထွန်းလာခဲ့ပြီးနောက် ၂ဝဝဝ ပြည့်နှစ်ခန့်တွင် အချို့ဘဏ်များက စတင်သုံးစွဲခဲ့ကြသော်လည်း ၂ဝဝ၃ ခုနှစ် မြန်မာ့ဘဏ်လုပ်ငန်း အကျပ်အတည်းနှင့်အတူ နိဂုံးချုပ်သွားခဲ့သည်ကို ဝမ်းနည်းဖွယ်တွေ့ရှိရပါသည်။
သို့ဖြစ်၍ ကတ်သုံးစွဲမှုတွင် မြန်မာတို့ ခေတ်နောက်ကျကျန်ခဲ့ခြင်းဖြစ်ပါသည်။ ဤသို့ ခေတ်နောက်ကျကျန်ခဲ့ခြင်းကို ခေတ်နှင့်အမီ လိုက်ပါနိုင်စေရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဘဏ်များအသင်းကြီးက Myanmar Payment Union(MPU) ကို ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိပါသည်။
MPU စီမံခန့်ခွဲမှုကော်မတီကို ၁၅-၉-၂ဝ၁၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ အဖွဲ့ဝင်ဘဏ် ၁၆ ဘဏ်ရှိကြောင်း သိရပါသည်။ MPU ဖွဲ့စည်းရသည့်ရည်ရွယ်ချက်များမှာ ငွေသားဖြင့်ပေးချေရမှုများကို လျော့နည်းစေရန်၊ အလတ်စားနှင့် အသေးစား ပေးချေရမှုများအတွက် နိုင်ငံတကာငွေပေးချေမှုစနစ်များနှင့်အညီ ကျင့်သုံးနိုင်စေရန်နှင့် တစ်နိုင်ငံလုံးအတွက် တစ်ပြေးညီ စံသတ်မှတ်ချက်ဖြင့် အီလက်ထရွန်နစ်ကတ်များ အသုံးပြုနိုင်စေရန်တို့အတွက် ဖြစ်ပါသည်။
MPU ကို စတင်ဖွဲ့စည်းခဲ့သည့်အချိန်မှစ၍ အဖွဲ့ဝင်ဘဏ်များမှ တာဝန်ရှိသူများသည် အကြိမ်ကြိမ်တွေ့ဆုံ၍ MPU ကတ်များ ထုတ်ဝေသုံးစွဲနိုင်ရန် အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ ဆွေးနွေးညှိနှိုင်းရရှိသည့် လုပ်ငန်းစဉ်များကိုလည်း သက်ဆိုင်ရာသို့ တင်ပြ ခွင့်ပြုချက်ရယူခဲ့ကြပါသည်။
အဆိုပါ လုပ်ငန်းစဉ်များကို အကျဉ်းချုပ် ဖော်ပြရသော်-
(၁) Debit ကတ်များနှင့် ATM ကတ်များကိုသာ စတင်ထုတ်ဝေရန်
(၂) အဖွဲ့ဝင်ဘဏ်တစ်ခုခုက ထုတ်ဝေသောကတ်သည် ကျန်အဖွဲ့ဝင်ဘဏ် အားလုံးက ထုတ်ဝေသော ကတ်များကဲ့သို့ ကြိုက်နှစ်သက်ရာ ATM စက်များ POS Terminal များတွင် သုံးစွဲနိုင်စေရန်
(၃) နိုင်ငံတကာသုံးကတ်များကို ပြည်တွင်းတွင် သုံးစွဲနိုင်ရေး MPU မှ တာဝန်ခံ၍ လက်ခံဆောင်ရွက်ပေးရန်
(၄) MPU ကတ်များကို ပြည်ပတွင်ပါ သုံးစွဲစေနိုင်ရေး ကြိုးပမ်းရန်
(၅) ကတ်သုံးစွဲမှု စနစ်တကျဖွံ့ဖြိုးတိုးတက်လာသည့်အခါ Credit ကတ်များ အပါအဝင် ခေတ်မီအီလက်ထရွန်နစ်နည်းပညာသုံးကတ်များ၊ ကတ်အသုံးပြုရန်မလိုသော အင်တာနက်ကွန်ရက်၊ မိုဘိုင်းကွန်ရက်သုံးပေးချေမှု စနစ်များကိုပါ တိုးချဲ့ဆောင်ရွက်ရန်
(၆) ကတ်ထုတ်ဝေသူနှင့် ကတ်သုံးစွဲသူတို့အကြား လုံခြုံစိတ်ချရမှု အဆင်ပြေချောမွေ့သော ဝန်ဆောင်မှု၊ ဆုံးရှုံးမှုအန္တရာယ်ကင်းရှင်းမှုများကို ဖော်ဆောင်ပေးရန်
(၇) လိုအပ်သော စည်းမျဉ်း၊ စည်းကမ်းမူဘောင်များ (Regulatory Framework) အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တင်ပြဆောင်ရွက်ရန်တို့ ဖြစ်ပါသည်။
ငွေသားကိုသာ ကိုင်တွယ်သုံးစွဲပေးချေနေကြရာမှ ငွေသားကဲ့သို့ တန်ဖိုးရှိသောကတ်များဖြင့် စက်ကိရိယာနှင့် ဆက်သွယ်မှုကွန်ရက်ကိုအသုံးပြု၍ထုတ်ဝေသည့်ဘဏ်၊ အဖွဲ့အစည်း၊ သုံးစွဲသည့် ပြည်သူလူထု၊ လက်ခံသည့် ကုမ္ပဏီ၊ ဆိုင်၊ အဖွဲ့အစည်းတို့အကြား အပြန်အလှန်ယုံကြည်စိတ်ချစွာဖြင့် သုံးစွဲနိုင်ကြသည့်စနစ်ကို ဖော်ဆောင်ရခြင်းဖြစ်သဖြင့် လွယ်ကူသော လုပ်ငန်းစဉ်တစ်ခုတော့မဟုတ်ပေ။
သို့ရာတွင် တွေ့ရှိလာရသည့် အခက်အခဲများကို MPU သည် စုပေါင်းအားဖြင့် ရင်ဆိုင်ကျော်လွှားဖြေရှင်းနိုင်ခဲ့ပေသည်။
ပထမဦးစွာတွေ့ရသည့် အခက်အခဲကား အရင်းအနှီးကြီးမားခြင်းပေတည်း။
ဤအခက်အခဲကို အဖွဲ့ဝင်ဘဏ်များက အချိုးညီထည့်ဝင်ကြခြင်းဖြင့် ကျော်လွှားခဲ့ကြပါသည်။ အထက်ဌာနကလည်း ခွင့်ပြုပေးခဲ့သည်။ ပထမအကြိမ် ထည့်ဝင်ထားမှုနှင့် မလုံလောက်က ဒုတိယအကြိမ် ထပ်ထည့်ကြသည်။ မလုံလောက်သေးက တတိယအကြိမ်၊ စတုတ္ထအကြိမ် စသည်ဖြင့် ထပ်မံထည့်ဝင်ရန်လည်း နောက်မတွန့်ကြပေ။
ကြီးမားသော နိုင်ငံလုံးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းကြီးတစ်ခုဖြစ်သဖြင့် ပထမဦးစွာ ရင်းနှီးမြှုပ်နှံထားရမည်သာဖြစ်ပြီး အကျိုးအမြတ်ရရှိလာသည့်အခါ အဖွဲ့ဝင်ဘဏ်များက အညီအမျှခွဲဝေရရှိကြမည့်ပုံစံဖြစ်ပါသည်။ စုပေါင်းဆောင်ရွက်ပြီး စုပေါင်းခံစားသည့်စနစ်ဖြစ်သဖြင့် ဂုဏ်ယူဖွယ်ရာလည်းဖြစ်ပါသည်။ ဤသည်ကို MPU နှင့် ပတ်သက်၍ လာရောက်လေ့လာစူးစမ်းကြသည့် နိုင်ငံခြားကုမ္ပဏီများ၊ အဖွဲ့အစည်းများကလည်း အံ့သြချီးကျူးကြပြီး အချို့ဖွံ့ဖြိုးပြီး နိုင်ငံများတွင်ပင် ဤကဲ့သို့ National SWITCH ပုံစံဖြင့် မသွားနိုင်ကြောင်း၊ အဖွဲ့အစည်းအသီးသီးက ပုံစံအမျိုးမျိုးဖြင့် ထုတ်ဝေခဲ့ကြသဖြင့် ယခုမှ ပြန်လည်စုစည်းရသည်များလည်း ရှိကြောင်း၊
အမျိုးမျိုး ပြန့်ကျဲကွဲပြားနေပါက စာရင်းရှင်းလင်းမှု ရှုပ်ထွေးခြင်း၊ အုပ်ချုပ်ကွပ်ကဲမှု ခက်ခဲခြင်းတို့ကို တွေ့ရကြောင်း စသည်တို့ကို သိရှိရပေသည်။
ထပ်မံ၍ တွေ့ရှိရသော အခက်အခဲများမှာလည်း များပြားလှပေသည်။
National SWITCH အဖြစ် တည်ထောင်မည့် ရန်ကုန်မြို့ ဗဟိုဘဏ်တွင် ခေတ်မီ Data Center တည်ဆောက်ခြင်း၊ ဗဟိုဘဏ်နှင့် အဖွဲ့ဝင်ဘဏ်များအကြား ဆက်သွယ်မှုကွန်ရက်များ တည်ဆောက်ရခြင်း၊
လိုအပ်သော Hard Ware များ ပြည်ပမှ မှာယူရခြင်း၊ အဖွဲ့ဝင်ဘဏ်များတွင် Own Switch များ တည်ဆောက်ရခြင်း၊ ATM စက်များ၊ POS များ မှာယူရခြင်း၊ Merchant များဖြစ်သော ဟိုတယ်၊ စတိုးဆိုင်၊ ကုမ္ပဏီ၊ စားသောက်ဆိုင် စသည်တို့နှင့် ညှိနှိုင်းရခြင်း စသည် စသည်ဖြင့်
တစ်ဦးကောင်းတစ်ယောက်ကောင်း လုပ်ဆောင်၍ မရနိုင်သော၊ စုပေါင်းအားဖြင့်သာ ဖြေရှင်းနိုင်မည်ဖြစ်သော အခက်အခဲများပင်တည်း။ ထိုသို့သော အခက်အခဲများကိုလည်း MPU က ကျော်လွှားခဲ့ပါသည်။
ယခုအခါ ဖွဲ့စည်းသည့်ကာလတစ်နှစ်မပြည့်မီအတွင်း MPU Debit ကတ်များကို စတင်သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း ဝမ်းမြောက်ဖွယ်ကြားသိရပေသည်။
MPU Debit ကတ်များကို အနည်းဆုံး ၁ဝဝဝဝ ကျပ်မှ အများဆုံး သိန်း ၅ဝ အထိသတ်မှတ်၍ သုံးစွဲမည်ဖြစ်ကြောင်း၊ ATM တွင် ငွေထုတ်ခြင်း၊ POSများ ရှိရာနေရာများတွင် လက်ကျန်ရှိသလောက် သုံးစွဲပေးချေနိုင်ခြင်းတို့ ဆောင်ရွက်နိုင်ပေတော့မည်။
မြန်မာအမျိုးသား အမျိုးသမီးများ၏ ပိုက်ဆံအိတ်၊ လက်ကိုင်အိတ်များအတွင်း ပိုက်ဆံအစား သေသပ်လှပသော ကတ်ပြားလေးများ နေရာယူလာတော့မည်ဖြစ်ပေသည်။ ဖြစ်သင့်သည်မှာ ကြာပြီဟုတော့ တွေးစရာရှိပါသည်။ သို့ရာတွင်ယခုလည်း နောက်မကျသေးပါ။ တစ်ခါတစ်ရံတွင် နောက်ကျမှ လိုက်ရသူက ရှေ့လူထက် ပိုမိုသာလွန်အောင်၊ ပိုမိုစနစ်ကျအောင် လုပ်ဆောင်သွားနိုင်သည်များလည်း ရှိတတ်ပါသည်။ မြန်မာစကားပုံအတိုင်း အကြံတူနောက်လူသာစမြဲမဟုတ်ပါလား။
MPU သည် ၂ဝ၁၂ ဇူလိုင်လအတွင်ွးှနျအ ကတ်များဖြင့် စတင်စမ်းသပ်ဆောင်ရွက်၍ စမ်းသပ်မှုများ ချောမွေ့ပြည့်စုံသည့်အခါ အမှန်အသုံးပြုမည့် ကတ်များဖြင့် ခွင့်ပြုဆောင်ရွက်သွားမည်ဟု သိရသည်။
စမ်းသပ်ကာလကိုလည်း ရက်သတ္တခြောက်ပတ်မျှသာ အချိန်ယူထားကြောင်း ကြားသိရပါသည်။ ကတ်သုံးစွဲလိုသူတို့အနေဖြင့် သက်ဆိုင်ရာဘဏ်များတွင် ဆက်သွယ်၍ ဆောင်ရွက်နိုင်ကြမည်ဖြစ်ပါသည်။ နှစ်သက်ရာဘဏ်မှ ကတ်ကို သုံးစွဲနိုင်ပေသည်။
ထို့ပြင် ဘဏ်မဟုတ်သော အဖွဲ့အစည်းများကလည်း ကတ်များထုတ်ဝေ၍သုံးစွဲနေကြခြင်းများလည်းရှိပေရာ ယင်းလုပ်ငန်းများသည်လည်း အမျိုးမျိုးသောငွေပေးချေမှုစနစ်များသာ ဖြစ်သဖြင့် MPU တွင် စနစ်တကျ မှတ်ပုံတင်စေပြီးမှသာ သတ်မှတ်ထားသောစည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ငန်းဆောင်ရွက်ခွင့်ပြုသွားရန် စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ သိရှိရပါသည်။
MPU သည် MPU ကတ်များကို မကြာမီ ပြည်သူ့ရှေ့မှောက်သို့ ရောက်ရှိလာအောင် ကြိုးပမ်းနေပါသည်။ MPU သည် နိုင်ငံတော်အတွင်း ငွေသားမကိုင်တွယ်ရသော ခေတ်မီပေးချေမှုစနစ်များ ဖွံ့ဖြိုးလာအောင် ဖော်ဆောင်နေပါသည်။ လက်တွေ့သုံးစွဲရာတွင် တွေ့ရှိရမည့် အခက်အခဲများအတွက်ကိုလည်း ပြည်သူလူထု ထံမှ အကြံဥာဏ်များရယူ၍ ဖြေရှင်းဆောင်ရွက်သွားနိုင်ရန် အသင့်ပြင်ဆင်ထားရှိပါသည်။
သို့ဖြစ်၍ မကြာမီ ပြည်သူ့ရှေ့မှောက်အရောက်လာတော့မည့် MPU ကတ်များဟု ဆိုပါရစေလား။ ။
Posted in: Business,စီးပွားရေး
လွန်ခဲ့တဲ့ ၅ လကျော်လောက်က ကျွန်တော်တို့ဌာနကို ကင်ဆာဝေဒနာရှင် ဆရာတော်တစ်ပါး ရောက်လာ တယ်။ ဆရာတော်က ကင်ဆာရနေလို့ ဓါတ်ရောင်ခြည်ကင်ဖို့ သက်ဆိုင်ရာ ဆရာဝန်ကြီးများရဲ့ ညွှန်ကြားချက်လည်းပါလာတယ်။ ကျွန်တော်တို့က ဆရာတော်ကို ဓါတ်ရောင်ခြည်ကင်ဖို့စီစဉ်ေ
ဒါနဲ့ ‘ဆရာတော်ဒီကြားထဲ ဘာဆေးတွေ သောက်လဲလို့ မေးကြည့်တယ်။ ဆရာတော်က သင်္ဘော ရွက်အစိမ်းတွေကိုပဲ အရည်ညှစ်သောက်တယ်’ လို့ပြောပြတယ်။
သည့်နောက် ဆရာတော်လည်း ၀မ်းသာအားရ ပြန်ကြွသွားတာပဲ။ ဆရာတော်ရဲ့ ကင်ဆာရောဂါဟာ သင်္ဘောရွက် အစိမ်းကြောင့် ပျောက်တယ်ထင်တာပဲ၊ အတိအကျတော့ မပြောနိုင်ဘူး။ ဆေးသိပ္ပံသဘောအရ တစ်ဦး တစ်ယောက် သင်္ဘောရွက်ကြောင့် ကင်ဆာပျောက်တယ်ဆိုပေမဲ့ အားလုံးပျောက်လိမ့်မယ်လို့ ကောက် ချက်ချ မပြောနိုင်ဘူးဆရာ။ ကင်ဆာအမျိုးအစားနဲ့ ကင်ဆာလူနာပေါင်းများစွာကို စမ်းသပ် ကြည့်ပြီး ပျောက်မှ အတည်ပြုပြောနိုင်မှာပါ။ ထူးခြားတာကတော့ အမှန်ပဲဆရာ” ဟူ၍ ဆရာဝန်ကြီးဒေါက်တာ တင်အောင်က ပြောပြခဲ့သည်။ ကျွန်တော်လည်း ထိုစဉ်ကပင် သင်္ဘောရွက် စိမ်းအာနိသင်ကို သတိပြုမိသည်။ ၁၅-နှစ်ခန့်ကြာသောအခါ ဆရာဝန်ကြီး ဒေါက်တာတင်အောင်သည် ကွယ်လွန် သွားရှာသည်။
ကျွှန်တော်လည်းကင်ဆာရောဂါနှင
ကျွှန်တော်ဖတ်ရူလေ့လာကြည့်ရာ
ဒေါက်တာခင်ရွှေ (တိရစ္ဆာန်ဆေးကုဆရာဝန်) ဘာသာပြန်တင်ပြသော ဆောင်းပါးအပြည့်အစုံ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ “သင်္ဘောပင်ကို အပူပိုင်း အမေရိကန်နိုင်ငံတွင် စ-တင်စိုက်ပျိုးနေကြ သည်။ လက်တင်ဘာသာအားဖြင့် ( Carica Papaya ) ဟုခေါ်ပြီး သြစတြေးလျနှင့် နယူးဇီလန် တွင် ပေါပေါဟု ခေါ်ဆိုသည်။ မြောက်အမေရိကရှိ လက်တင်ဘာသာအားဖြင့် ( Asi-mina Tirbola ) နှင့်ရှိသော အပင်နှင့်မတူချေ။ ၎င်းကိုလည်း ပေါပေါဟုခေါ်ဆိုသည်။ နှစ်ပင်စလုံး ဆေးဖက်ဝင်ပါသည်။ သင်္ဘောရွက်အရည်သည် သြစတြေးလျနိုင်ငံ ရွှေကမ်းခြေရှိလူများအား ကင်ဆာရောဂါပျောက်စေပါသည်။
စာရေးဆရာ ( Harold Tieze )က ၎င်းစာအုပ်တွင် မည်သို့မည်ပုံ အဆီထုတ်မည်နှင့် ကင်ဆာပျောက် ကင်းသူတို့၏ ဇာတ်လမ်းတို့ကို အတိအကျ ရေးသားထားသည်။ ဤစာအုပ်တွင် ရွှေကမ်းခြေလက် ကမ်းစာစောင်တွင်ပါရှိသော အောက်ပါ အစီရင်ခံစာကိုဖော်ပြပါမည်။ “ပေါပေါသည် ကင်ဆာပျောက် သစ်သီးဖြစ်သည်။ ဥယျာဉ်မူးတို့သည် ကင်ဆာရောဂါရှင်တို့၏ သင်္ဘောရွက်အလှူခံမူကို အားပေး ကြသည်။ လွန်ခဲ့သော ၁၄- နှစ်က ဤအရပ်နေသူသည် ကင်ဆာရောဂါပျောက်ကြောင်း အရွက်၏ ဂုဏ်သတ္တိကိုထုတ်ဖော်ပါသည်။ ၎င်းကိစ္စကိုခြေရာခံလိုက်ရာ သူနာပြုဆောင် ရောက်သွားပါသည်။ မစ္စတာစတန်ရှယ်တန်သည် ပြုတ်ထားသော သင်္ဘောရွက်သတ္တုရည်ကို သောက်ခြင်းဖြင့် ပိန်းကြာ ရွက်ပေါ် ရေမတင်သကဲ့သို့ ကင်ဆာရောဂါ ရှောရှောရှူရှူ ပျောက်သွားသည်။
အမေရိကန်၌ သုသေသနလုပ်ရာတွင် သိပ္ပံဆိုင်ရာ အထောက်အထား ရရှိပါသည်။ ၎င်းသုသေသန၌ သင်္ဘောပင်မှ ဓာတုပစ္စည်းတစ်ခုကို ထုတ်နုတ်ရာ ကင်ဆာရောဂါ အဆတစ်သောင်းခန့် ထက်မြက် သွားပါသည်။ မစ္စတာရှယ်တန်က ဤတွေ့ရှိမူသည် ကျွန်ုပ်ကို သောက်သုံးရန် အကြံပေးခဲ့ပါသည်။ ကျွနှ်ပ် နှစ်လ စမ်းသောက်ကြည့်သည်။ ကျွန်ုပ်သည် တီဘီရောဂါကို ဓါတ်မှန်ဖြင့်အဆုတ် စစ်ဆေးခဲ့ သည်။ ဆရာဝန်တို့က ကင်ဆာပျောက်ပြီဟု ပြောပါသည်။ ထိုနှင့် ကျွန်ုပ်က အထူးကုတို့အား ပြော ကြားရာ ၎င်းတို့က မယုံကြည်ကြချေ။ နောက်ဆုးံ ခေါင်းကုတ်ပြီး ကျွနှ်ပ်က ကင်ဆာရောဂါအတွက် သင်္ဘော ရွက်ကို ပြုတ်သောက်ခဲ့ကြောင်း ထောက်ခံချက်ရေးခဲ့သည်။ ၁၉၆၂-ခုနှစ် ကင်ဆာသည် ဘယ်တော့ မှ ပြန်လည်မဖြစ်ပေါ်ခဲ့ပါ။ ရှယ်တန်၏ဇနီး သည်ကင်ဆာပျောက်ကြောင်း ဆေးမြီးတိုတို့ကို အခြားဝေဒနာ သည်တို့အားဖြန့်ဝေပေးရာ ၁၆-ယောက် ပျောက်ကင်းချမ်းသာပါသည်။
သင်္ဘောရွက်နှင့်ရိုးတံတို့ကိ
R.J.W မှ အောက်ပါအတိုင်း စာတစ်စောင်ရေးသားသည်။ ကင်ဆာရောဂါဖြင့် သေလုဆဲဆဲ ဖြစ်နေသော လူနာများအား သင်္ဘောရွက်ပြုတ်ရည်နှင့် ကုရပါသည်။ ရှေးဦးစွာ အသက် ၄၀-ရှိ ငှက်ပျောတောင် သူတစ်ယောက်တွင် ဆီးအိမ်ကင်ဆာရောဂါ ပြန့်ပွားမူကို မရပ်တန့်နိုင်ခဲ့ချေ။ ကျွန်ုပ်က တောစာ များ၊လတ်ဆတ်သောဂျုံဖြူများ၊
ဤသို့အားဖြင့် ကင်ဆာဆဲလ်များဖြင့် သွေးကြောများရှင်သန်မှုတို့
အထူးသဖြင့် သင်္ဘောရွက်သည် ကင်ဆာကျိတ်တို့ကို ထူးကဲစွာ ချေဖျက်ပေးပါသည်။ ထို့ပြင် ဓာတု နှင့်ဓါတ်ရောင်ခြည်ကုထုံးတိ
တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ကျောင်းသားတစ်ဦးမှ သိရှိရသည်မှာ ၎င်း၏သွေးသွင်းမူသည် ၁၅-လီတာရှိပြီး အင်အားချည့်နဲ့နေပါသည်။ ဖခင်ဖြစ်သူသည် စိတ်ပူပြီးဆေးမြီးတိုကို လိုက်ရှာရာ သင်္ဘော ရွက်အရည်ကိုသာလျှင် မှီဝဲကြောင်း၊ ၎င်းသွေးသွင်းမူကို ၂၀ လီတာတွင် သွေးဥငယ်အရေတွက် ၄၅.၅ ရှိကြောင်း၊ သို့သော် သင်္ဘောရွက်ဆေးကို မှီဝဲပြီးနောက် သွေးအဆင့် ၁၃၅-အထိ မြင့်တက်သွား ကြောင်း ၊ ဆရာဝန်တို့တောင်မှ အံ့အားသင့်ပြီး ကလေးကို ဆေးရုံမှဆင်းစေသည်။ ထိုသတင်းသည် တစ်မြို့လုံး ပျံ့နှံ့သွားပါသည်။ ၎င်းတို့၏ ဆေးမြီးတိုအရ သင်္ဘောရွက်နှစ်ရွက်ကို ဆေးကြောထုထောင်း စစ်ချရမည်။ ထိုအခါ အရွက်တစ်ရွက်လျှင် စားပွဲဇွန်း ၁-ရမည်။ တစ်နေ့လျှင် ၂-ဇွန်းမှီဝဲပါ။ ပြုတ်ခြင်း၊ အပူပေးခြင်း မပြုလုပ်ပါနှင့်။ ဆေးအာနိသင်ပြယ်တတ်သည်။ အရွက်ဖွားဖွားကိုရွေးပါ။ အလွန်ခါးသဖြင့် နှာခေါင်းပိတ်ပြီး မျိုရမည်။
နောက် ဇာတ်လမ်းတစ်ပုဒ်မှာ အသက် ၃၂-နှစ်ရှိသော ကျွှန်တော့်သူငယ်ချင်းတွင် လွန်ခဲ့သောနှစ်က တုပ်ကွေးဖြစ်ပြီး ဆေးရုံတင်ရသည်။ ဆရာဝန်ကတုပ်ကွေး ပျောက်ခြင်း မရှိကြောင်းပြောပြပါသည်။ မိမိခုခံအားကိုသာ မြင့်ပေးရန်ပြောသည်။ ထိုလူနာတွင် သွေးနှစ်ခါသွင်းပြီး ဘုရားဆီတွင် ဆုတောင်း နေရ သည်။ ၎င်း၏ သွေးဥတို့သည် ၂၈၀၀၁ သို့ ၃-ရက်အတွင်းကျသွားသည်။ ထိုအခါ ယောက္ခမ ဖြစ်သူက သင်္ဘောရွက်ရည်တိုက်ပြီး ကုသရာ သွေးများပြန်လည်မြင့်တက်ပြီ
ဒေါက်တာခင်ရွှေ
(တိရစ္ဆာန်ဆေးကုဆရာဝန်)
Subscribe to:
Posts (Atom)