ကျွန်တော်ရဲ့ဘလော့လေးကိုဝင်ရောက်ကြည့်ရှု့သူများစိတ်ချမ်းသာခြင်းပြည့်စုံနိူင်ကြပါစေလို့ဆု့တောင်းလျှက်ပါဗျာ၊...

Showing posts with label ဖုန်း Rootလုပ်နည်းများ. Show all posts
Showing posts with label ဖုန်း Rootလုပ်နည်းများ. Show all posts

Wednesday, 22 March 2017

♪ Android OS 2.2 မှ 5.1 အထိအမှန်အကန် Root ဖောက်နိုင်တဲ့ (One Click) - KingRoot v5.0.5 build 20170313 Apk (March-13) ♫



KingRoot ကတော့ Version အသစ်ထွက်လာပြန်ပါပြီဗျာ။ အခုတင်ပေးလိုက်တဲ့ Root Tool လေးကတော့ ဖုန်းထဲမှာတင်ပဲ Root လုပ်ပေးနိုင်တဲ့ Apk လေးဖြစ်ပါတယ်ဗျာ။ (March-13) မှာအသစ်ထွက်လာတဲ့ Version လေးဖြစ်ပါတယ်ဗျာ။ ဟန်းဆက်ပေါင်းများစွာ ကို Click တစ်ချက်ထဲနဲ့ Root ဖောက်နိုင်တယ်လို့ ဆိုထားပါတယ်ဗျာ။ အခုနောက်ဆုံးထွက်ရှိထားတဲ့ Android OS 5.1 အထိ Root ပေါက်တယ် လို့သူ့ရဲ့မူရင်း Website မှာဖော်ပြထားပါတယ် ဗျာ။ ပြည်ပဆိုဒ်တွေကိုမွှေနှောက်ရာမှာလည်း Error ကင်း ကင်းနဲ့ Root ဖောက်နိုင်တယ် လို့ဖော်ပြ ထားပါတယ်ဗျာ။ ဖုန်းကလိချင်တဲ့သူငယ်ချင်းများနဲ့ Service လုပ် တဲ့ဘော်ဒါများ လိုအပ်ရင်ဒေါင်းယူ သွားနိုင်ပါတယ်ဗျာ။

Root and Unroot Android 2.2 , 2.3 , 4.0, 4.3, 4.4, 5.0 , 5.1



Wednesday, 20 July 2016

Samsung Galaxy Note 4 SM-N910T ဖုန်းကို TWRP Recovery ထည့်သွင်နည်း -


 

 မိတ်ဆက် 

======

Samsung Galaxy Note 4 SM-N910T ဖုန်းကိုင်ဆောင်ထားကြတဲ့ ညီအကိုများအတွက်
TWRP Recovery ထည့်သွင်နည်း ကို Update New အဖြစ် တင်ပေးလိုက်ပါတယ်။

ဒီဖုန်းအတွက် မကြာသေးမှီက ထွက်ရှိထားတဲ့ Android 6.0.1 Marshmallow  ဗားရှင်းကို
Root လုပ်ချင်တယ်ဆိုရင်တော့ သင့်ဖုန်းမှာ Custom Recovery ကိုအရင်ဦးဆုံး ထည့်သွင်း
ထားဖို့လိုအပ်မှာပဲဖြစ်ပါတယ်။

ဒီဖုန်းအတွက် TWRP Recovery File ကထွက်ရှိနေပါပြီ တကယ်လို့ သင့်ဖုန်းကို Root လုပ်ဖို့
ကြိုးစားနေတယ်ဆိုရင်တော့ ယခုဖေါ်ပြပါ Custom Recovery ထည့်သွင်းယူနည်းကို အောက်ပါ
အတိုင်း လေ့လာကြည့်လိုက်ပါခင်ဗျား...


For Download Needed!

====================

Samsung Android USB Driver for Windows



Download the latest Odin flashing Tool


TWRP Recovery for the Samsung Galaxy Note 4 SM-N910T



 TWRP Recovery  ထည့်သွင်းနည်း

====================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ

၂။ ဒေါင်းလို့ရလာတဲ့ Odin zip ဖိုင်ကိုဖြည့်လိုက်ပါ

၃။ ဒေါင်းလော့ရလာတဲ့ twrp recovery.zip ဖိုင်ကိုတော့
လုံးဝ zip ဖိုင်မဖြည်ပါနဲ့ ဒီအတိုင်းထားပါ

၎။ Odin ကိုဖွင့်ပါ  AP or PDA ဆိုတဲ့နေရာကို တစ်ချက်နှိပ်ပေးပြီး
ဒေါင်းလော့ရယူထားတဲ့ twrp recovery.zip ဖိုင်ကိုထည့်လိုက်ပါ။

၅။ ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
 volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။

၆။ ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။

၇။ Odin Flash Tool တွင် auto reboot ဆိုတဲ့နေရာမှ အမှန်ခြစ်ကိုဖြုတ်လိုက်ပါ။

၈။ Odin မှ ဖုန်းကိုသိပြီဆိုရင် Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။

၉။ Process တစ်ခုပြီးအောင်စောင့်နေလိုက်ပြီး Odin မှာ အောင်မြင်ကြောင်း
PASS ပြတဲ့အခါ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်ထားတဲ့ USB ကြိုးကို ဖြုတ်လိုက်ပါ။

၁၀။ ဖုန်းကို ပါဝါပိတ်ပြီး Volume Up + Home+ Power ကီးများကို
တွဲနှိပ်ပြီး Custom Recovery Mode သို့ဝင်ကြည့်လိုက်ပါ။

၁၁။ Team win twrp recovery screen ဖြင့်တက်လာခဲ့ရင်တော့
သင့်ဖုန်းမှာ Twrp Recovery ထည့်သွင်းပြီးပါပြီ။




Special Credit ===> ဇူးနစ်(နည်းပညာ)

Samsung Galaxy Note 4 SM-N910T ဖုန်းဗားရှင်း Android 6.0.1 Marshmallow Root လုပ်နည်း- by CHAN LAY (MCMM)




မိတ်ဆက်

=======
Samsung Galaxy Note 4 SM-N910T ဖုန်းဗားရှင်းကို Root လုပ်ချင်နေကြတဲ့ညီအကိုတွေအတွက်
Android 6.0.1 Marshmallow Root လုပ်နည်း Update New ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီဖုန်း ဗားရှင်း Android 6.0.1 Marshmallow ကို Root လုပ်မယ်ဆိုရင်တော့
သင့်ဖုန်းမှာ Custom Recovery ကိုထည့်သွင်းပေးထားရမှာပဲဖြစ်ပါတယ်။


အဆိုပါ Custom Recovery ကိုထည့်သွင်းထားပါမှ SuperSu.zip ဖိုင်ဖြင့်
Recovery Mode မှ အလွယ်တကူ Flash ပေးပြီး Root access ကိုရယူနိုင်ပါတယ်။


  မှတ်ချက်

=====
#ဖေါ်ပြပါ နည်းလမ်းသည် Galaxy Note 4 SM-N910T အတွက်သာ
သီးသန့်ဖြစ်ပြီး တစ်ခြား Device များကိုထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်။

#ဖုန်းကို Root လုပ်ခြင်းသည် ဖုန်း၏ warranty ကို ပျစ်စေနိုင်ပါတယ်။

#Root ရန်အတွက် Instruction ကိုအတိုင်းပြုလုပ်ပါရန်။

#မိမိဖုန်းမှာ Brick တစ်ခုခုဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ)မှ တာဝန်မယူပါ။

#ဖုန်းက erase ဖြစ်နိုင်တာမို့ Backup ပြုလုပ်ထားလိုက်ပါ။

#ဖုန်းမှာ ဘက်ထရီအား အနည်းဆုံး 50-60% charge ရှိနေရပါမည်။


 Root လုပ်ခြင်း၏ ကောင်းကျိုးအချို့

===================
၁။ သင့်ဖုန်းကို Custom Rom & Kernel များထည့်သွင်းနိုင်ပါတယ်။

၂။ Ads များကို Block ပြုလုပ်ထားနိုင်ပါတယ်။

၃။ Performance နှင့် battery life အပါအ၀င်
background process များကို စိတ်ကြိုက် စီမံထားနိုင်ပါတယ်။

၎။ Titanium Backup စတဲ့ Data recovery apps များကို အသုံးပြုပြီး
apps and data များကို Backup & Restore အလွယ်ပြုလုပ်ယူနိုင်ပါတယ်။

၅။ မလိုအပ်တဲ့ apps များနဲ့ bloatware ဆော့ဝဲများကို
အလွယ်တကူ uninstall ပြုလုပ်နိုင်ပါတယ်။


လိုအပ်ချက်များ

=========

၁။ ဖုန်းမှာ Custom Recovery ထည့်သွင်းထားရမည်။


၂။ UPDATE-SuperSU-v2.76-SYSTEMLESS.zip




Samsung Galaxy Note 4 SM-N910T ဖုန်းကို TWRP Recovery ထည့်သွင်နည်း


UPDATE-SuperSU-v2.76-SYSTEMLESS.zip



 SuperSU-update.zip ဖြင့် Root ပြုလုပ်နည်း

===========================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ။

၂။ SuperSU-update.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။

၃။ ဖုန်းမှာ Volume Up + Home + power ကိုတွဲနှိပ်ပေးပြီး
Custom Recovery mode သို့ဝင်လိုက်ပါ။

၎။ Custom Recovery mode တွင် Nandroid Backup ပြုလုပ်ထားလိုက်ပါ။

(ဒီအတွက် Backup ဆိုတာကို နှိပ်ပေးပြီး Backup လုပ်ထားရုံပါပဲ၊ ဖုန်းမှာ အကြောင်းကြောင့်
တစ်ခုခုဖြစ်ခဲ့ရင်တော့ နဂိုမူလ Stock Rom နဲ့ Custom Recovery ထည့်သွင်းထားပြီးသား
အနေအထားအားလုံးကို အလွယ်တကူ Restore ပြုလုပ်ယူနိုင်ပါတယ်)

၅။ Custom Recovery mode တွင် Install ကို တစ်ချက်နှိပ်လိုက်ပါ။

၆။ SuperSU-update.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။

၇။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။

၈။ RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။



Special Credit ===> ဇူးနစ်(နည်းပညာ)

Samsung Galaxy Grand Prime SM-G530F ဖုန်းဗားရှင်း Android 5.0.2 Root လုပ်နည်း- by CHAN LAY (MCMM)




မိတ်ဆက်

========
Samsung Galaxy Grand Prime SM-G530F ဖုန်းဗားရှင်း
Android 5.0.2 ကို Root လုပ်ချင်ကြတဲ့ ညီအကိုတွေအတွက်ပါ

ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ CF-Auto-Root Tool ဖြင့်
Odin မှ One Click တစ်ချက်နှိပ်ပေးပြီး အလွယ်တကူ ဖောက်ယူနိုင်ပါတယ်။
ဒီဖုန်းအတွက် CF-Auto-Root ဖိုင်က ထွက်နေခဲ့တာ နည်းနည်းကြာနေပါပြီ
တင်ပေးမယ်နဲ့ အလှည့်မရောက်နိုင်ဘူးဖြစ်နေတာ အခုချိန်ထိ Root access
မရှိသေးတဲ့ ဘော်ဒါတွေကတော့ Root File ကို အောက်ကလင့်မှာရယူလိုက်ပြီး
Root လုပ်နည်းကိုပါ ထပ်ပြီးလေ့လာကြည့်လိုက်ပါ။


For Download Needed!

===================

Samsung Android USB Driver for Windows



Download the latest Odin flashing Tool

Download CF-Auto-Root-fortunalte-fortunaltedx-smg530f.zip



  CF-Auto-Root ဖိုင်ဖြင့် Root လုပ်နည်း

=======================
ဖုန်းမှာ OEM & USB Debugging mode ကို Enable ပြုလုပ်ပါ။

ဒေါင်းလို့ရလာတဲ့ Odin & Root zip ကိုဖြည်လိုက်ပါ

Odin ကိုဖွင့်လိုက်ပြီး PDA ဆိုတဲ့နေရာမှာ CF-Auto-Root ဖိုင်ကိုထည့်လိုက်ပါ။

 ဖုန်းကို Download mode သွင်းလိုက်ပါ။
volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။

ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။

Odin မှဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။

Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်

ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root access ရရှိနေပါပြီ

Root Checker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။



Special Credit ===> ဇူးနစ်(နည်းပညာ)



Thursday, 14 July 2016

Huawei P9 Lite ဖုန်းကို bootloader unlock ပြုလုပ်နည်း by CHAN LAY (MCMM)




မိတ်ဆက်

=======

Huawei P9 Lite ဖုန်းကို bootloader unlock ပြုလုပ်ချင်တဲ့
ညီအကိုများအတွက် Update New ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

တကယ်လို့ သင့်ဖုန်း Huawei P9 Lite ကို Root လုပ်ချင်တယ်ဆိုရင်တော့
ပထမဆုံး သင့်ဖုန်းကို ပြုလုပ်ပေးရမယ့် Step ကတော့ Bootloader Unlok ပါပဲ



ပြီးတော့မှ Custom Recovery ထည့်သွင်းဖို့ ကြိုစားရပါဦးမယ်၊ အဲဒီ Step နှစ်ခုကို
အောင်မြင်စွာဖြင့် ကျော်ဖြတ်ပြီးပါမှ သင့်ဖုန်းကို Root အလွယ် လုပ်ယူနိုင်မှာပါ။

အထက်ဖေါ်ပြပါအတိုင်း သင့်ဖုန်းကို Bootloader Unlock ပြုလုပ်နည်းကို
ပထမဆုံး လေ့လာရမှာဖြစ်တဲ့အတွက် အောက်ပါအတိုင်း လေ့လာကြည့်လိုက်ပါ။


လိုအပ်ချက်များ

========
၁။ Hi Suite ကိုဒေါင်းလော့ရယူပြီး ကွန်ပျူတာတွင် ထည့်သွင်းပါ။

၂။ SRK Tool ကို ဒေါင်းလော့ရယူပါ။

၃။ ကွန်ပျူတာ လိုအပ်ပါမည်။

၎။ ဖေါ်ပြပါနည်းလမ်းသည် Huawei P9 Lite ဖုန်းအတွက်
သာဖြစ်ပါတယ် တစ်ခြား Device များအတွက် မဟုတ်ပါ။



Download HiSuite


Download SRK Tool



Bootloader Unlock ပြုလုပ်နည်း

==================
၁။ ကွန်ပျူတာတွင် လိုအပ်မယ့် USB Driver ကိုထည့်သွင်းလိုက်ပါ။

၂။ တကယ်လို့ Huawei Official account ဖွင့်လှစ်ထားတာမျိုးမရှိသေးရင်တော့
အောက်ပါ Web သို့သွားလိုက်ပြီး Free account တစ်ခု Register တင်ယူလိုက်ပါ။


 Official Huawei website


(အကောက်ဖွင့်တဲ့အချိန် English Version ဖြင့် ဖွင့်ပါ)

၃။ အကောက်တစ်ခုဖွင့်ပြီးတဲ့အခါ အောက်ပါပုံအတိုင်း Unlock ပြုလုပ်
နိုင်မယ့် Information Page ကိုတွေ့ရပါလိမ့်မယ်၊ လိုအပ်တာများကို
ဖြည့်စွက်ပြီး Summit ပြုလုပ်လိုက်ပါ။



တကယ်လို့ မလုပ်တတ်သေးရင်တော့ အောက်ပါလင့်တွင်
အသေစိတ်ကို လေ့လာအောင်တင်ပေးထားပါတယ်



Huawei ဖုန်းများကို bootloader unlock ပြုလုပ်နည်းစာအုပ်


၎။ Official မှ ပို့ပေးလာတဲ့ Unlock Code ကို Notepad ဖြင့်ဖွင့်လိုက်ပါ။

၅။ ဖုန်းမှာ Settings > Developer Options > မှ OEM Unlock ကို Enable ပြုလုပ်ပါ။

၆။ Settings > Developer Options > USB Debugging ကိုလည်း Enable ပြုလုပ်ပါ။

၇။ ဒေါင်းလော့ရလာတဲ့ SRK Tool zip ဖိုင်ကို ဖြည်ပြီး ဖွင့်လိုက်ပါ။

၈။ အောက်ပါပုံအတိုင်း မြင်နေရတဲ့အခါ Enter Key ကိုနှစ်ချက်ခေါက်လိုက်ပါ။



၉။ အောက်ပါပုံအတိုင်း Main Feature Option မြင်နေရတဲ့အခါ

1. Unlock boot loader ဆိုတာကို ရွေးချယ်ပေးရမှာဖြစ်တဲ့အတွက်
 ကီးဘုတ်မှ "1" ကိုနှိပ်ပြီး Enter ကိုခေါက်လိုက်ပါ။



၁၀။ အောက်ပါပုံအတိုင်း "Y" ကိုထပ်နှိပ်ပြီး Enter ကိုထပ်ခေါက်ပါ။




၁၁။ အောက်ပါပုံအတိုင်း bootloader Code ရှိလားမေးလာတဲ့အခါ

"Y" ကိုထပ်ရိုက်ထည့်ပြီး Enter ကိုပဲထပ်ခေါက်ချပေးလိုက်ပါ။



၁၂။ ဖုန်းမှာ Fastboot Mode သို့ရောက်သွားပါလိမ့်မယ် စောင့်နေလိုက်ပါ။




၁၃။ အောက်ပါပုံအတိုင်း မြင်နေရတဲ့အခါ Enter ကိုထပ်ခေါက်ပေးလိုက်ပါ။



၁၄။ အောက်ပါပုံအတိုင်း Enter your bootloader Code : ဆိုပြီးမြင်နေရရင်တော့

Notepad ဖြင့်ဖွင့်ထားတဲ့ Official မှ ချပေးလာတဲ့ Unlock Code များကို Copy ကူး
ယူပြီး Pate လုပ်ပေးလိုက်ပါ၊ ပြီးရင် Enter ကိုထပ်ခေါက်ပေးလိုက်ပါ။





၁၅။ အောက်ပါပုံအတိုင်း ရှေ့ဆက်အလုပ်လုပ်မှာ သေချာလားဆိုပြီးမေးလာခဲ့ရင်တော့

"Y" ဆိုပြီးရိုက်ထည့် Enter ခေါက်ပြီး အတည်ပြုပေးလိုက်ပါ။



၁၆။ Unlocking Process ပြုလုပ်နေတုန်းခနစောင့်နေလိုက်ပါ။

အောက်ကပုံမှာတော့ ဖုန်းကို Bootloader Unlock ပြုလုပ်ထားပြီးသားမို့
Already fastboot Unlocked ဆိုပြီးပြပေးနေတာပဲဖြစ်ပါတယ်။



၁၇။ သင့်ဖုန်းမှာ Unlocked ဆိုပြီးပြနေခဲ့ရင်တော့ ဖုန်းကို Reboot ချ
ပေးလိုက်ပါ၊
 ပြန်တက်လာတဲ့အခါ သင့်ဖုန်းကို Fastboot Mode သို့
ထပ်မံဝင်ကြည့်လိုက်ပါ။

 Bootloader Unlocked ဆိုပြီးပြနေရင်တော့
သင့်ဖုန်းမှာ Bootloader Unlock ပြုလုပ်ခြင်း ကိစ္စ ပြီးဆုံးပါပြီ။


Special Credit ===> ဇူးနစ်(နည်းပညာ)

Sunday, 3 July 2016

Huawei Honor 7 Plus ဖုန်းဗားရှင်း Android 6.0 Marshmallow Root လုပ်နည်း - by CHAN LAY (MCMM)





Huawei Honor 7 Plus ဖုန်းကိုင်ဆောင်ထားကြတဲ့ ညီအကိုများအတွက်
ဗားရှင်း Android 6.0 Marshmallow Root လုပ်နည်းကို တင်ပေးလိုက်ပါတယ်။

 ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ XDA site မှ SRKTools file ဖြင့်
ကွန်ပျူတာကို အသုံးပြုပြီး One Click Root Method ဖြင့် ပေါက်ပါတယ်။


 ကြိုတင်ပြင်ဆင်ရမယ့်အချက်များ

===================
ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ အဲဒီအတွက်
Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း နှိပ်သွားလိုက်ပါပြီး
 Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ ပေါ်လာတဲ့
Developer Option မှ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။

ငြင်းဆိုချက်

=======
မိမိဖုန်းကို Rooting process တစ်ခုပြုလုပ်လို့ပဲပဲဖြစ်ဖြစ်
အကြောင်းကြောင်းကြောင့် Brick ဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ) မှ
တာဝန်ယူဆောင်ရရွက်ပေးလိမ့်မယ်မဟုတ်ပါ။

ဖေါ်ပြပါ လမ်းညွှန်သည် ပြည့်စုံမှု မပြည့်စုံမှုထက် Root ရန်အတွက်
မိမိရဲ့ OWN Risk အပေါ်မှာသာ မူတည်ပါလိမ့်မယ်။




Download the SRKTools file

 Root လုပ်နည်း

=========
၁။ SRKTools file ဖိုင်ကိုဒေါင်းလော့ပြီး ဇစ်ဖြည်လိုက်ပါ။


၂။ ဖုန်းနဲ့ကွန်ပျူတာကို ချိတ်ဆက်ပေးလိုက်ပါ။


၃။ SRKTools ကိုဖွင့်လိုက်ပြီး လမ်းညွှန်အတိုင်းပြုလုပ်ပေးလိုက်ပါ။


၎။ Rooting process ပြုလုပ်နေတုန်းစောင့်လိုက်ပါ၊ ပြီးရင် Reboot ချလိုက်ပါ။


၅။ ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။

Crdit..by
 ဇူးနစ်(နည်းပညာ) မှပြန်လည်ဝေမျှပေးပါသည်။

Thursday, 2 June 2016

Samsung Galaxy Note 5 Marshmallow 6.0.1 Root ဖေါက်နည်း



Samsung Galaxy Note 5 SM-N9208 Model အတွက်  Root ဖေါက်နည်းကို မျှဝေပေးလိုက်ပါတယ်..။


အောက်ပါ Model ပါ... အခြား Model တွေမှာ လုံးဝ (လုံးဝ) မစမ်းပါနဲ့။









Root ပြုလုပ်နည်း
=====@@@=====

 အောက်ဖေါ်ပြပါ အဆင့်အတိုင်း တစ်ဆင့်ချင်း ပြုလုပ်ပါ...


(၁). CROM Service Apk  Install  > Unlock လုပ်ပါ...


(၂). N9208-Kernel (Only For N9208)  ဒေါင်းယူပြီး SD Card ထဲသို့  Copy ကူးထည့်ထားပါ။


 (၃).  Odin 3.10.7 (Latest updated version)  Zip ဖိုင်လ်ကိုဖြည်ပြီး Odin3 v3.10.7.exe ကို Run  > AP မှတဆင့်...


(၄).  TWRP for N9208. *.img.tar file Latest version 3.0.2.0  ကို ထည့်ပေးပါ..


 (၅).  Start ကို နှိပ်ပေးလိုက်ပါ။



 ===========@@@@@@@===========



SuperSU အဆင်မပြေခဲ့ရင်  SuperSU Stable 2.65 (or) Latest Beta 2.72  ကို SD Card သို့ ကူးထည့်ကာ Recovery Mode မှတဆင့် Flash ပေးပါ။



 ===========@@@@@@@===========



 နောက်ဆုံးအဆင်မပြေမှသာလျှင် အောက်ပါ CF Auto-Root တွေနှင့် Odin မှ တဆင့် Flash ပေးပါ။

Cf-Auto-Root SM-N9208 (Android 5.1.1)

Cf-Auto-Root SM-N9208 (Android 6.0.1)


 ပုံမှန်အတိုင်း ဖုန်းကပြန်မတတ်ပဲဖြစ်နေရင် N9208-Kernel (Only For N9208) ကို ဒေါင်းယူပြီး SD Card ထဲသို့ ကူးထည့်ကာ Recovery Mode > Install Zip မှတဆင့် Flash ပေးလိုက်ပါ။



    ===========@@@@@@@===========


 Good Luck!



အဆင်ပြေပါစေကြောင်း


ဆန္ဒပြုရင်း


ခင်မင်လျှက်
Credit ..by

ဝင်းကမ္ဘာကျော်

www.winkabarkyaw.net

Tuesday, 31 May 2016

360 root PC (4.0x to 6.0x)

Android 4.0x ကနေ 6.x root လုပ်လို့အဆင်ပြေမယ့် Tool လေးဖြစ်ပါတယ် update ထွက်လို့တင်ပေးလိုက်ပါတယ်ခင်ဗျာ.....
Credit..by ThanToeAung

Wednesday, 20 April 2016

Samsung Galaxy J5 Version (All Version) Root ဖေါက်နည်း

Samsung Galaxy J5 ရဲ့  Model အားလုံးကို Root ဖေါက်နိုင်ဖို့ စုစည်းပေးလိုက်ပါတယ်..။ အရင်တစ်ခေါက်ကတင်ထားတာ အဆင်မပြေဘူးပြောလာလို့ ပြည့်စုံအောင် ထပ်တင်ပေးလိုက်ပါတယ်..။

ဒီ Model တွေပါ....
  SM-J5008 / SM-J500F/ SM-J500FN / SM-J500G / SM-J500H /  SM-J500M / SM-J500N0 / SM-J500Y.
 Samsung Galaxy J5 ကို Root ပြုလုပ်ဖို့အတွက် အောက်မှာ CF AutoRoot ဖိုင်လ်တွေ တင်ပေးထားပါတယ်...   မိမိဖုန်း Model No နှင့် ကိုက်ညီတာကို သေချာစွာ ရွေးပြီး ဒေါင်းယူထားပါ။ (Zip ဖိုင်လ်ကို ဖြည်ထားပါ.. Odin ပါ တခါတည်းပါပြီးသားပါ)
 

Samsung USB Driver ကို ကွန်ပျူတာမှာ Install လုပ်ထားရပါမယ်.. မရှိသေးရင် ဒီမှာနှိပ်ပြီး ဒေါင်းယူ Install လုပ်ပါ..။
Odin နောက်ဆုံး Version ကို လိုအပ်ရင် ဒီမှာနှိပ်ပြီး ဒေါင်းယူပါ။(Zip ဖိုင်လ်ကိုဖြည်ထားပါ)
အားလုံးပြည့်စုံပြီဆိုရင် Root စ,တင်ပြုလုပ်ပါမယ်...
မိမိရဲ့  Galaxy J5 ကို Power ပိတ်လိုက်ပါ....
 Volume Down + Home + Power  ခလုတ်သုံးခုကို ၁၀ စက္ကန့်မျှ တစ်ပြိုင်တည်း  တွဲနှိပ်ထားပါ...
Download Mode ကို ရောက်သွားပါလိမ့်မယ်..
ပြီးရင် ဖုန်းကို USB ကြိုးမှတဆင့် ကွန်ပျူတာနဲ့ ချိတ်ပေးလိုက်ပါ...
Odin 3.10.7.exe ကို Run လိုက်ပါ...

PDA မှတဆင့်...
img_-1458334344-U22556.png
စောစောကဒေါင်းယူထားတဲ့ ..... CF-Auto-Root-j5ltekx-j5ltekx-smj500??.zip  ကို ရွေးပေးပြီး...
img_-1458334396-U22556.png
အောက်နားက Start ကို နှိပ်ပေးလိုက်ပါ...

img_-1458334444-U22556.png
သူ့ဖာသာသူ အလုပ်လုပ်နေပါလိမ့်မယ်... 
ခဏနေရင်....
PASS လို့ပေါ်လာပြီး Reboot ကျသွားကာ ဖုန်းလည်း သူ့အလိုလိုပြန်ပွင့်လာပါလိမ့်မယ်..
ပုံမှန်အတိုင်း ပြန်ပွင့်လာရင် ဖုန်း Screen ပေါ်မှာ SuperSU Icon လေးနှင့် Root ပေါက်နေတာကို တွေ့မြင်နိုင်ပါပြီ..။
ခင်မင်လျှက်
ဝင်းကမ္ဘာကျော်
www.winkabarkyaw.net

Tuesday, 19 April 2016

Samsung Galaxy Tab A (All Model) Root ဖေါက်နည်း



Samsung Galaxy Tab A ကို Root ဖေါက်ချင်လို့ပါဆိုပြီး အကူညီတောင်းထားလို့ မျှဝေပေးလိုက်ပါတယ်။
 
 
Samsung Galaxy Tab A ကို Root ပြုလုပ်ဖို့အတွက် အောက်မှာ CF AutoRoot ဖိုင်လ်တွေ တင်ပေးထားပါတယ်...   မိမိဖုန်း Model No နှင့် ကိုက်ညီတာကို သေချာစွာ ရွေးပြီး ဒေါင်းယူထားပါ။ (Zip ဖိုင်လ်ကိုဖြည်စရာမလိုပါ)
(Stock recovery ကတော့ Root ဖေါက်ရုံပဲ Recovery မတင်ဘူးဆိုရင် ဒေါင်းစရာမလိုပါ)
Samsung USB Driver ကို ကွန်ပျူတာမှာ Install လုပ်ထားရပါမယ်.. မရှိသေးရင် ဒီမှာနှိပ်ပြီး ဒေါင်းယူ Install လုပ်ပါ..။
Odin ကိုတော့ နောက်ဆုံး Version ကို ဒီမှာနှိပ်ပြီး ဒေါင်းယူပါ။(Zip ဖိုင်လ်ကိုဖြည်ထားပါ)
အားလုံးပြည့်စုံပြီဆိုရင် Root စ,တင်ပြုလုပ်ပါမယ်...
 
 
မိမိရဲ့  Galaxy Tab A ကို Power ပိတ်လိုက်ပါ....
 
 
 Volume Down + Home + Power  ခလုတ်သုံးခုကို ၁၀ စက္ကန့်မျှ တစ်ပြိုင်တည်း  တွဲနှိပ်ထားပါ...
Download Mode ကို ရောက်သွားပါလိမ့်မယ်..
ပြီးရင် ဖုန်းကို USB ကြိုးမှတဆင့် ကွန်ပျူတာနဲ့ ချိတ်ပေးလိုက်ပါ...
Odin 3.10.7.exe ကို Run လိုက်ပါ...

PDA မှတဆင့်...
img_-1458334344-U22556.png
စောစောကဒေါင်းယူထားတဲ့ ..... xxxxx cf-autoroot.tar ကို ရွေးပေးပြီး...
img_-1458334396-U22556.png
အောက်နားက Start ကို နှိပ်ပေးလိုက်ပါ...

img_-1458334444-U22556.png
သူ့ဖာသာသူ အလုပ်လုပ်နေပါလိမ့်မယ်... 
 
ခဏနေရင်....
 
PASS  လို့ပေါ်လာပြီး Reboot ကျသွားကာ ဖုန်းလည်း သူ့အလိုလိုပြန်ပွင့်လာပါလိမ့်မယ်..
ပုံမှန်အတိုင်း ပြန်ပွင့်လာရင် ဖုန်း Screen ပေါ်မှာ SuperSU Icon လေးနှင့် Root ပေါက်နေတာကို တွေ့မြင်နိုင်ပါပြီ..။

 
 
အဆင်ပြေပါစေခင်မျာ..

Wednesday, 6 April 2016

Samsung Galaxy Note 4 Version lollipop All model Root လုပ်နည်း






Galaxy Note 4 ကိုင်ဆောင်ထားကြတဲ့ သူငယ်ချင်းတွေအတွက်
Samsung Galaxy Note 4 Version lollipop All model Root လုပ်နည်း ကို
 အလွယ်တကူ Root လုပ်ယူနိုင်ပြီပဲဖြစ်ပါတယ်။

ဒီဖုန်းအတွက်လည်း အသင့်ထွက်လာရှိလာတဲ့ Cf-auto-root ဖြင့်
Odin ကနေ Flash ပေးပြီး Root လုပ်ယူရမှာဖြစ်ပါတယ်။

အရင်ဆုံး လိုအပ်တာတွေကို အောက်က လင့်မှာ ဒေါင်းယူလိုက်ပါ။


SAMSUNG USB Driver for Mobile Phones


Download Odin Tool

အောက်မှာ တင်ပေးထားတဲ့ CF Auto Root မျာကို မိမိဖုန်း Model အလိုက် မှန်ကန်စွာရွေးချယ်ပြီ
CF-Auto-Root Tool  များကို အောက်ကလင့်မှာ ဒေါင်းယူလိုက်ပါ။

Samsung Galaxy Note 4 Version lollipop All model Root


 CF-Auto-Root- SM-N910W8 .zip

CF-Auto-Root- SM-N910U. zip

CF-Auto-Root- SM- 910T. zip

 CF-Auto-Root- SM- 910S. zip

 CF-Auto-Root- SM- 910R4. zip

CF-Auto-Root- SM- 910P. zip

CF-Auto-Root- SM- 910I. zip

 CF-Auto-Root- SM- 910H. zip

CF-Auto-Root- SM- 910G. zip

 CF-Auto-Root- SM- 910F. zip

 CF-Auto-Root- SM- 910C. zip

CF-Auto-Root- SM- 9100. zip

CF-Auto-Root- SM- 9106. zip

 CF-Auto-Root- SM- 910V. zip

CF-Auto-Root- SM- 9109. zip




CF-Auto-Root ဖြင့် Root လုပ်နည်း
===================
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။
Odin က PDA ဆိုတဲ့နေရာမှာ CF-Auto-Root.tar ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
        ပါဝါပြန်တက်လာပြီဆိုရင်တော့ Lollipop 5.1.1 Root Access ရရှိနေပါပြီ။

Thursday, 31 March 2016

One Click Root AllDevices များစွာအတွက် ကလစ်တစ်ချက်နဲ့အမှန်အကန် ပြုလုပ်ပေးမယ့် Root ဘုရင်ကြီး အသစ်ထွက်လာပါပြီ KingRoot 4.8.5 Apk






KingRoot  4.8.5 Apk အသစ်ကို KingRoot မှအသစ်ဖြန့်ချီလိုက်ပါပြီ ခင်ဗျာ .. Android Model All Devices အမြင့် ဖုန်းတွေကို ဖုန်းထဲကနေ အလွယ်ဆုံး  One Click နဲ့ Root နိုင်ပြီဖြစ်ပြီး Android Device အစုံကိုလည်း Root ဖောက်နိုင်ပြီဟု ကြွေးကျော်နေတဲ့ Root ဘုရင်ကြီးကို တစ်ကယ့်လည်း လေးစားပါတယ်ဗျာ။အခုလည်း Android Device အားလုံးနီးပါးကို
ယခု ယနေ့ ထွက်ရှိလာတဲ့ ဗားရှင်းအသစ်တွင် Root လုပ်နိုင်ပြီဖြစ်ကြောင်း KingRoot ၏ ၀က်ဆိုဒ်တွင်လုံးဝ အာမခံတာကို ဖော်ပြထားပါပြီ။ ယနေ့ အသစ်ထွက်ရှိလာတဲ့ဗားရှင်းတွင်လည်း လုံးဝ Error ကင်းကင်းနဲ Root လုပ်လာတာတွေ တွေ့ ရမှာဖြစ်ပြီး Android မိုဘိုင်းဖုန်းတွေကို Root လုပ်ချင်တဲ့ အခါကျရင် KingRoot နဲအရင်စမ်းပြီးမှ မအောင်မြင်မှသာ အခြားသော Root Application တွေနဲ စမ်းသမ်စေချင်ပါတယ်။

KingRoot  4.8.5 Update Version အားအောက်မှာ ဒေါင်းယူရန်။



Download From Here 


Download From Here 

Wednesday, 16 March 2016

How To Root Samsung Galaxy S7 and S7 Edge [G930/G935F/FD/X/W8]



Samsung Galaxy S7 နဲ့  S7 Edge အတွက် Root ဖေါက်နည်းကို တောင်းဆိုနေကြလို့ မူရင်းအတိုင်းတင်ပေးလိုက်ပါတယ်..။

 (ကိုယ်တိုင်မစမ်းသပ်ရသေးပါ)

 Root ဖေါက်တဲ့အတွက်  Warranty ပျက်ပြယ်မှာဖြစ်ပါတယ်...။
 ဘာမှမလုပ်ခင် ဖုန်းထဲက အရေးကြီးတာတွေကို Backup လုပ်ထားပါ...
Firmware လေးပါဆောင်ထားနိုင်ရင် အကောင်းဆုံးပါ... :)
Root ပြုလုပ်နည်းကတော့ ထုံးစံအတိုင်း Odin ကနေ TWRP Recovery တင်ပြီး SuperSU.Zip ကို Flash ပေးရမှာပါ..။

အောက်မှာ မိမိဖုန်း Model အလိုက်TWRP ကို မှန်ကန်စွာ ဒေါင်းယူပါ...။

လိုအပ်တာတွေဒေါင်းပြီးသွားရင် ဒီပို့စ်လေးအတိုင်း ဆက်လုပ်လိုက်ပါ..။



TWRP For Samsung Galaxy S7 and S7 Edge

  • Download TWRP for Galaxy S7[Exynos] Download | twrp-3.0.0.0_herolte.tar.md5
  • Download TWRP for Galaxy S7[Qualcomm] Download | twrp-3.0.0.0_heroqlte.tar.md5
  • Download TWRP for Galaxy S7 edge[Exynos] Download | twrp-3.0.0-1-hero2lte.tar.md5
  • Download TWRP for Galaxy S7 Edge[Qualcomm]
    Download | Coming Soon…
  • Official TWRP for Samsung Galaxy S7 → Link

Other Important Files You Will Need

     

How to Install TWRP on Samsung Galaxy S7 and S7 Edge And Root


Step 1: Download and exact the TWRP tar image file for your for your Galaxy device. Extract the zip file to get the firmware with .tar or .tar.md5 extension and place at a location where you can easily locate it in your PC. 

Step 2: Now boot your device into Download/Odin Mode. To do so, turn off your device completely and then press and hold Power button + Volume Down + Home keys for a few seconds. If you see a warning sign press Volume up/ Volume down to get the Odin screen.

Step 3: If you already have Odin software on your PC then simply run the Odin3_3.10.7.exe file. If not, then download the Odin3.zip file from the download section and extract it. Run Odin software as administrator.

Step 4: While your device is still in the Odin Mode, connect your device to your PC using a USB cable.

Step 5: After a successful connection, the ID: COM in the Odin should turn Blue and an Added!! message should be displayed in the Log tab. In case your device doesn’t show up in Odin, then you can troubleshoot it with the steps given at the end of the tutorial.

Step 6: Now click on AP button and add the firmware file by navigating to the file path. Once added, it should show like this — File Path\twrp-3.0.0.0_heroqtle.tar

Step 7: Take care that only Auto Reboot and F.Reset Time are selected in the Options tab. Do not check Re-Partition.

Step 8: Once done, verify everything and proceed with installation by selecting Start button.

Step 9: Once you install the TWRP Recovery, boot into it with the button combinations like Volume Up + Power while the device is turned off completely.
Step 10: Now take a Nanadroid backup and perform a wipe. Go to Wipe>Advanced Wipe and Format Data only.

 Step 11: Now flash the dm-verity and force encryption disabler by tapping Install.

Step 12: Similarly flash the SuperSU package from the downloads.

Step 13: Now reboot to system.



Source: XDA 1, XDA 2, XDA 3
http://www.androidsage.com

Friday, 11 March 2016

MEIZU M2 Note Root & Myanmar Font ထည့်နည်း


ခုနောက်ပိုင်း တော်တော်ခေတ်စားလာတဲ့ ဖုန်းအမျိုးအစားလေးပါ... ပေးရတယ့်ငွေကြေးထက်စာရင် သူ့မှာပါတဲ့ spec တွေက တော်တော်လန်းပါတယ်။ ကဲဒါဆို Meizu m2 note root နည်းလေးပြောကြရအောင်ပါ။
Root ဖို့က Flyme account  ပဲလိုတာပါ။ ကျန်တာကိုတော့ပုံလေးတွေနဲ့ပြထားပါတယ်ဗျာ။
မြန်မာစာကတော့ Root Explorer လေးနဲ့ပဲ System/Font ထဲဝင်ပြီး ထည့်လိုက်တော့ပေါ့
Font.ttf တွေတော့ ဒီမှာဒေါင်းပါ
ကဲ  .. ပထမဆုံး ဖုန်းကို WiFi သို့မဟုတ် Internet On ပါ။ပြီးရင် ပုံထဲကအတိုင်း Flyme account ဖွင့်ပြီး
ပုံလေးတွေအတိုင်းဆက်လုပ်လိုက်ပါဗျာ။







Credit:

Wednesday, 9 March 2016

ASUS Zenfone 2 ကို Root ဖေါက်ပြီး မြန်မာ Font သွင်းနည်း


Asus Zenfone 2 Z00AD  ကို CWM Recovery တင်ပြီး Root ပြုလုပ်နည်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်...။


အရင်ဆုံး လိုအပ်တဲ့ ဖိုင်လ်တွေကိုအောက်မှာ ဒေါင်းယူလိုက်ပါ....


ပြီးရင် Driver မရှိသေးရင်အရင် သွင်းလိုက်ပါ...
 ပြီးရင် CWM zip ဖိုင်းထဲ SuperSU.Zip ကို Copy ကူပြီ ဖုန်းထဲသွင်းပေးထားပါ  ပြီရင် USB Setting တွေ ဖွင့်ပြီ ဖုန်းကိုချိတ်ဆက်ပေးလိုက်ပါ...


ပြီးရင် Root zip ကိုဖွင့်လိုက်ပါ CWM bat ဆိုတဲ့နေရာမှာနိုပ်ပါ ဒီပုံတိုင်းတက်လာပါမယ်...




ပြီးရင် CMD အကွက်ထဲကို ACCEPT လို့ရိုက်ပြီး Enter ရိုက်ပါ...


ပြီးရင် T4 လို့ရိုက်ထည့်ပါ...


ဒါဆိုဖုန်းက Reboot ကျပြီး CWM သွင်းပေးသွားမှာပါ ခဏ စောင့်ပေးပါ...



CWM သွင်းနေချိန် ဖုန်းမှာ အစင်းကြောင်းလေးတွေ တက်လာပါမယ်...  ဘာမှစိတ်မကူပါနဲ့


ပြီးရင် ဒီလို CWM Recovery တက်လာပါမယ်..


ဒါဆိုရင် CWN Recovery ထဲက Install Zip >
Choose Zip From SD Card ထဲက စောစောက Copy သွင်းထားတဲ့ SuperSU.Zip ကို Install လုပ်ပေးလိုက်ပါ ဒါဆို Root ဖောက်လို့ အောင်မြင်ပါပြီ..။



  မြန်မာစာပါလိုချင်သေးတယ်ဆိုရင်တော့အောက်က ပေးထားတဲ့
Font zip ကို စောစောက SuperSU.Zip သွင်းသလိုပဲ သွင်းပေးလိုက်ပါ မြန်မာစာ OK ပါပြီ..။


 အားလုံးပဲအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ MRC
Credit: www.mrckalay.blogspot.my
Related Posts Plugin for WordPress, Blogger...