Huawei Honor 7 Plus ဖုန်းကိုင်ဆောင်ထားကြတဲ့ ညီအကိုများအတွက်
ဗားရှင်း Android 6.0 Marshmallow Root လုပ်နည်းကို တင်ပေးလိုက်ပါတယ်။
ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ XDA site မှ SRKTools file ဖြင့်
ကွန်ပျူတာကို အသုံးပြုပြီး One Click Root Method ဖြင့် ပေါက်ပါတယ်။
ကြိုတင်ပြင်ဆင်ရမယ့်အချက်များ
===================ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ အဲဒီအတွက်
Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း နှိပ်သွားလိုက်ပါပြီး
Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ ပေါ်လာတဲ့
Developer Option မှ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။
ငြင်းဆိုချက်
=======မိမိဖုန်းကို Rooting process တစ်ခုပြုလုပ်လို့ပဲပဲဖြစ်ဖြစ်
အကြောင်းကြောင်းကြောင့် Brick ဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ) မှ
တာဝန်ယူဆောင်ရရွက်ပေးလိမ့်မယ်မဟုတ်ပါ။
ဖေါ်ပြပါ လမ်းညွှန်သည် ပြည့်စုံမှု မပြည့်စုံမှုထက် Root ရန်အတွက်
မိမိရဲ့ OWN Risk အပေါ်မှာသာ မူတည်ပါလိမ့်မယ်။
Download the SRKTools file
Root လုပ်နည်း
=========၁။ SRKTools file ဖိုင်ကိုဒေါင်းလော့ပြီး ဇစ်ဖြည်လိုက်ပါ။
၂။ ဖုန်းနဲ့ကွန်ပျူတာကို ချိတ်ဆက်ပေးလိုက်ပါ။
၃။ SRKTools ကိုဖွင့်လိုက်ပြီး လမ်းညွှန်အတိုင်းပြုလုပ်ပေးလိုက်ပါ။
၎။ Rooting process ပြုလုပ်နေတုန်းစောင့်လိုက်ပါ၊ ပြီးရင် Reboot ချလိုက်ပါ။
၅။ ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။
Crdit..by
ဇူးနစ်(နည်းပညာ) မှပြန်လည်ဝေမျှပေးပါသည်။
No comments:
Post a Comment