Redmi ဖုန်းဟာ 5.5 လက်မ 720x 1280 display ပါဝင်ပြီး ဒေါ်လာ ၁၆၁ ( တရုတ်ယွမ်ငွေ ၉၉၉ ) ကျသင့်ပါတယ်။ အတွင်းမှာ 1.7GHz octa-core ချစ်ပ်ဆက်ကိုအသုံးပြုထားပြီး 16GB သိုလှောင်နိုင်စွမ်းရှိကာ android 4.2.2 ထည့်သွင်းထားတယ်။ 2GB RAM မန်မိုရီ၊ 13MP ကင်မရာနဲ့ 3200mAh ဘက္ထရီအစရှိတာတွေ ပါဝင်တပ်ဆင်ထားတာကြောင့် သူ့ဈေးနှုန်းနဲ့ယှဉ်ကြည့်ရင် အလွန်ကိုထိုက်တန်တယ်လို့ယူဆရတယ်။
ဒါ့အပြင် လူဦးရေ ၁၅သန်းမျှ စာရင်းပေးခဲ့တာကိုကြည့်ရင် တရုတ်မိုဘိုင်းဈေးကွက်ရဲ့ ကြီးမားမှုနဲ့ Xiaomi ကုမ္ပဏီရဲ့ ပါးနပ်တဲ့ဈေးကွက်ဗျူဟာတို့အရေးပါပုံဟာ သိသာလာပါတယ်။ တရုတ်ကုမ္ပဏီဟာ သူ့ရဲ့ပြည်တွင်း ဈေးကွက်အပြင် ပြည်ပကိုပါတိုးချဲ့ဖို့ ပြင်ဆင်နေသူဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းမှာအောင်မြင်တဲ့ Xiaomi Mi3 စမတ်ဖုန်းကို အိန္ဒိယ၊ ဘရာဇီး၊ ရုရှား၊ အင်ဒို၊ မလေးရှား၊ မက္ကဆီကို၊ ဖိလစ်ပိုင်၊ ထိုင်း၊ တူရကီနဲ့ ဗီယက်နမ်ဈေးကွက်များသို့ တင်ပို့ဖို့စီစဉ်ထားပါတယ်။
REF : GSMArena
ကြည်သာမောင်(TSJ Team)
No comments:
Post a Comment