ကျွန်တော်ရဲ့ဘလော့လေးကိုဝင်ရောက်ကြည့်ရှု့သူများစိတ်ချမ်းသာခြင်းပြည့်စုံနိူင်ကြပါစေလို့ဆု့တောင်းလျှက်ပါဗျာ၊...

Sunday, 27 August 2023


 

[Zawgyi] ဖြင့်ဖတ်ရန်Android ဖုန်းတွေ မကြာခဏ Hang နေရခြင်း







  forumformyanmar

==============================
[Unicode] ဖြင့်ဖတ်ရန်Android ဖုန်းတွေ မကြာခဏ Hang နေရခြင်း
ဖုန်းတွေ ဘာလို့ မကြာခဏ Hang နေရတာလဲဆိုတာ အကြောင်းအရင်းများစွာရှိပါတယ်။ CPU နိမ့်နေတာ ကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ဆုံး အခြေအနေ
ကတော့ ဖုန်းမှာပါတဲ့ Built-in Memory လို့ခေါ်တဲ့ Memory ပမာဏနည်းတဲ့ ဖုန်းတွေက ပို Hang တတ်ပါတယ်။

ဘာကြောင့် Built-in Memory နည်းတဲ့ ဖုန်းတွေက ပို Hang တာလဲ ?Built-in Memory နည်းတဲ့ဖုန်းတွေက CPU နည်းပါ တယ်။ Built-in Memory က နည်းနေတဲ့အတွက် External Memory ထပ်ထည့်ရပါ တယ်။ External Memory 8GB, Built-in Memoryက 125 MB ရှိနေတဲ့ ဖုန်းတစ်လုံးဟာ မကြာခဏ Hangနေတယ်။

ဘာကြောင့်လဲဆိုရင် ဖုန်းထဲမှာ သွင်းထားတဲ့ Application တွေများနေတယ်။ Built-in Memory ရှိသလောက်ကို Applicationတွေ သွင်းထား တာကြောင့်လဲ ဖြစ်နိုင်ပါတယ်။

နောက်တစ်ခုက External Memory 8GBကို 7GBလောက် Dataတွေ ထည့်ထားတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ အဲ့ဒီလို အခြေ အနေမျိုးမှာ ဖုန်းက OSကိုလဲ Run နေရတယ်။ တစ်ခြား Application တွေကိုလဲ Run နေရတဲ့ အတွက် သူလုပ်နိုင်တဲ့ စွမ်းရည်ထက် ကျော်လွန်သွားတဲ့အခါ တစ်ခါတလေ Hangတတ်ပါတယ်။

Built-in Memory နည်းတဲ့ ဖုန်းတွေကို အဲ့လို မဖြစ်အောင် ဘယ်လိုလုပ်မလဲ?
 ရှင်းပါတယ်၊ သူလုပ်နိုင်သလောက် တာဝန်ကိုပဲ လုပ်ခိုင်းပါ။ CPU နည်းတဲ့အတွက် သူရဲ့အလုပ် လုပ်နိုင်စွမ်း လည်း နည်းပါတယ်။ ဖုန်းတစ်လုံးက Built-in Memory 125 MB, CPU 800 MHz ရှိတယ် ဆိုပါစို့။ အဲ့ဒီ Memoryက Android Os ရဲ့ Data ပမာဏကို နုတ်ပြီး လက်ကျန် Memory ဖြစ်ပါတယ်။ နဂိုထဲက Memory နည်းနေတဲ့အတွက် Application အများကြီး သွင်းလို့ မရပါဘူး။ ဖုန်းထုတ်တဲ့ လူတွေက ဒါကို တွက်ချက် ပေးပြီးသားပါ။

Applicationတွေကို အစကတည်းက လိုအပ်သလောက် ထည့်ပေးပြီးသားပါ။

User လက် ထဲရောက်မှာသာ စိတ်ကြိုက် Application ထည့်လို့ရအောင် Memory ချန်ပေးထားတာပါ။ Built-in Memoryပေါ်မှာ Android Osကလဲ အလုပ်လုပ်နေတယ်၊ Application တွေကလဲ အလုပ်လုပ် နေပါတယ်။ Built-in Memory နည်းတဲ့ ဖုန်းတွေကို External Memory တတ်နိုင်သမျှ အများဆုံး ထည့်ပါ။
Applicationတွေ လိုအပ်သလောက်ပဲ ထည့်ပါ။ ဂိမ်းကို အချိန် ကြာမြင့်အောင် မဆော့ပါနဲ့။ Recentတွေကို ဖျက်ပေးပါ။ Call Logတွေ အများကြီး သိမ်းမထားပါနဲ့ ဖျက်လိုက်ပါ။
တစ်ပတ် တစ်ခါလောက် ဖုန်းကို Restart လုပ်ပေးပါ။ ဖုန်းဖွင့်ထားဖို့မလိုအပ်တဲ့ အချိန်တွေမှာ ဖုန်းကို ခဏပိတ်ထားပါ။
ဖုန်းဆိုတာ ကွန်ပျူတာထက် အလုပ် ပိုလုပ်ပါတယ်။ ကွန်ပျုတာက အလုပ် လုပ်ပြီးရင် ပိတ်တဲ့အချိန်တွေ ရှိပါတယ်။

ဖုန်းကို Power ပိတ်တဲ့အချိန်က နည်းပါတယ်။ ဒါကြောင့် တစ်ခါတလေ အနားပေးသင့်ပါတယ်။ စက်ပစ္စည်းဆိုတာ လူတွေနဲ့ အတူညီဆုံး ပုံစံတွေယူပြီး တီထွင်ထားတာပါ။ သူတို့လဲ လူတွေလို အနားပေးသင့်ပါတယ်။ လုပ်နိုင်စွမ်းထက် ပိုလာရင် ဘယ်အရာပဲဖြစ်ဖြစ် ပျက်စီးလွယ်ပါတယ်။
ဒီလိုနည်းလမ်းတွေနဲ့ ဖုန်း မကြာခဏ Hang နေတယ်ဆိုတဲ့ Error ကို အတတ်နိုင်
ဆုံး ဖြေရှင်း လို့ရ ပါတယ်။  forumformyanmar





 အဆင်ပြေပါစေ
ညီလတ်ထွန်း(နည်းပညာ)
www.nyilattun.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...