ဖုန်းတွေမှာပါတဲ့backlightပတ်လမ်းလေးအလုပ်လုပ်ပုံကိုကျွန်တော်ဥာဏ်မှီသလောက်
ပြောပြပေးလိုက်ပါတယ်။
lcdတွေရဲ့နောက်ကအလင်းပေးတဲ့ledမီးလုံးလေးတွေရှိပါတယ်။အဲဒီမီးလုံးလေးတစ်လုံး
စွမ်းအားပြည့်လင်းနိင်ဖို့ dc 3vလိုအပ်ပါတယ်။တကယ်လို့  မီးလုံးလေးလုံးတန်းဆက်ဆက်ထားတဲ့ ပတ်လမ်းတစ်ခုအတွက် 12v ကနေ 15v ကြားလိုအပ်ပါတယ်။ဒီအတွက်လိုအပ်တဲ့ဗို့ ကို၊အခုပြောပြတဲ့ပတ်လမ်းလေးကထုပ်
ပေးနိင်ပါတယ်။ dc to dc convertor ပတ်လမ်းလေးပါ။အခြေခံလုပ်ဆောင်ချက်ကို
မသိသေးတဲ့ညီငယ်တွေဗဟုသုတအနေနဲ့ ပါ။ပုံမှာမြင်နေရတဲ့အိုင်စီလေးကတော့
ရှမစ်ထရစ်ဂါ အင်ဗာတာဂိတ်(၆)ခုပါတဲ့အိုင်စီပါ။vr1,c2 တို့ အတွဲကနေ စတုဂံပုံလှိုင်း
ထုပ်ပေးတဲ့ပတ်လမ်းအဖြစ်အလုပ်လုပ်ပါတယ်၊ (f= 1/cr) ပုံသေနည်းအရ300KHZ
ကနေ 12.650KHZ အထိလိုအပ်သလို r နဲ့ c တန်ဖိုးတွေကိုပြောင်းပြီးလုပ်ယူနိင်ပါ
တယ်။ထွက်လာတဲ့စတုဂံလိုင်းကို ကွိုင်နဲ့ ကွန်ဒင်ဆာ ပတ်လမ်းက resonance
frequency အဖြစ်အပေါင်းအနှုတ်ပါဝင်တဲ့ အေစီ လှိုင်းအဖြစ်ပြောင်းလဲပေးပါတယ်။
အေစီကိုဒီစီအဖြစ်ပြောင်းပေးတဲ့ diode ပတ်လမ်းကအမ်ပီယာအသင့်အတင့်တောင့်
ခံနိင်တဲ့ဒီစီဗို့ အားကိုစစ်ထုပ်ပေးပါတယ်၊ဒီနေရာမှာသတိထားသင့်တာက diode ပါ။
ရိုးရိုး diode တွေမဟုတ်ပါဘူး၊ shottky barrier diode လို့ ခေါ်တဲ့
recovery time အလွန်တိုတောင်းတဲ့ high frequency switching mode diode
လေးတွေပါ။ဒီလောက်ဆိုရင်တော့ back light ပတ်လမ်းလေးဘယ်လိုဗို့ မြင့်တင်
ပေးတယ်ဆိုတာသဘောပေါက်မယ်လို့ ထင်ပါတယ်။အားလုံးပဲအဆင်ပြေကြပါစေ။
Credit to >>> Ko Aung

https://www.facebook.com/ko.aung.1485
No comments:
Post a Comment