အခုတလော Xiaomi ရဲ့ MI ဖုန်းတွေဟာ သုံးစွဲသူတွေကြားမှာတော်တော် ရေပန်းစားနေပါတယ်
Mi 3 , Mi note ကစလို့ ယခု MI 4 တောင် တိုင်ခဲ့ပါပြီ
China i Phone လို့တောင် တင်စားခေါ်ဝေါ်ကြတဲ့ MI ရဲ့ MI 4C အတွက်
MIUI version 6 Dev ROM တင်ပြီး မြန်မာစာထည့်သွင်းနည်းကိုဖော်ပြပေးမှာဖြစ်ပါတယ်
ပထမဦးစွာ MI 4 C အတွက် Developer ROM ကို Download ဆွဲပါ
MI 4 /4C MIUI version 6 Dev ROM Download
MIUI 6 တင်နည်း
- ပထမဦးစွာ Download ပြုလုပ်ရှိသော ဖိုင်ကို update.zip ဟု rename ပြောင်းလိုက်ပါ
- ထို့နောက် Mi 4C ရဲ့ internal storage ထဲသို့ အဆိုပါ zip ဖိုင်ကို ထည့်ပါ
- ဖုန်း Screen ပေါ်ရှိ updater ဆိုသော App ထဲသို့ဝင်ပါ
- ပြီးလျှင် Menu key ကို နှိပ်ပြီး Select update package ဆိုသော စာကိုရွေးပေးပါ internal storage ထဲသို့ရောက်သွားမည်ဖြစ်သည်
- Storage ထဲတွင် ထည့်ထားသော update.zip ကိုရွေးပေးပြီး Update ဆိုတာကို နှိပ်ပေးလိုက်ပါ zip ဖိုင်ကို စစ်ဆေးပါလိမ့်မည်
- ပြီးလျှင် Reboot ကို နှိပ်ပေးလိုက်ပါ အလိုအလျောက် Update တင်ပေးသွားမည်ဖြစ်ပြီး Reboot ကျပြီး လျှင် လှပသော MIUI 6 ကိုပိုင်ဆိုင်ပါပြီ
မြန်မာဖောင့် သွင်းရန် လိုအပ်သော MMAS Font Changer နှင့် Smart Zawgyi pro .bat ကို အောက်တွင် ရယူပါ
MMAS Font Changer
Smart Zawgyi Pro .bat
မြန်မာဖောင့် ထည့်သွင်းနည်း
- ပထမဦးစွာ MMAS font changer ကိုဝင်လိုက်ပါ
- ထို့နောက် Root Permission ဖွင့်ရန် Screen ပေါ်ရှိ Security Application ထဲဝင်ပါ
- Permission > Root permission ထဲကို ၀င်ပြီး MMAS Font changer ကို ဖွင့်ပေးလိုက်ပါ
- Permission Request တောင်းလျင် Allow ကို သာ နှိပ်ပေးလိုက်ပါ ပြီးလျင်တော့ ပြန်ထွက်ပြီး Font changer ထဲပြန်ဝင်ပါ
- Zawgyi font ပြောင်းရန်ကို နှိပ်ပေးပါ (Sony ဖုန်းများအတွက် ကိုရွေးလျှင် Chinese font ပျောက်မည်ဖြစ်သည်)
- Reboot ကျပြီးပြန်တက်လာရင် လည်း MM Font ကို မရသေးပါ Download ပြုလုပ်ထားသော Smart zawgyi pro ကိုဖွင့်လိုက်ပါ
- 1 ကိုနှိပ် Enter ခေါက်ပြီး Smart Zawgyi font ကို သွင်းပေးလိုက်ပါ
- Reboot ပြန်တက်လာသော် လှပတဲ့ MM font ကို ရရှိပါပြီ ကြိုက်နှစ်သက်ရာ Keyboard ထည့် အသုံးပြုနိုင်ပြီဖြစ်သည်
credit to MMAS font changer & Smart zawgyi font owner
No comments:
Post a Comment