ကျွန်တော်ရဲ့ဘလော့လေးကိုဝင်ရောက်ကြည့်ရှု့သူများစိတ်ချမ်းသာခြင်းပြည့်စုံနိူင်ကြပါစေလို့ဆု့တောင်းလျှက်ပါဗျာ၊...

Saturday, 26 October 2013

********မြန်မာလို3D စာလုံးလေးရေးချင်ကြရင်ဗျာ********

သူငယ်ချင်းအားလုံးမင်္ဂလာပါဗျာကျနော်အခုတင်ပေးတာလေးကတော့အား
လုံးလည်းသိပြီးဖြစ်မှာပါမြန်မာလို3Dစာလုံးလေးတွေရေးတဲ့နည်းလေးပါ
မသိသေးမလုပ်တတ်သေးတဲ့သူငယ်ချင်းတို့အတွက်ကျနော်ရေးပြီးတင်ပေးလိုက်ပါတယ်
လုပ်ကြည့်ချင်တယ်ဆိုရင်အောက်မှာဆော့ဝဲလ်အရင်ဒေါင်းလိုက်ဗျာ
ဘုရားမှာကွန်နရှင်ကောင်းအောင်ဆုတောင်းလိုက်အုံးနော်
ကဲဆော့ဝဲလေးဒေါင်းလို့ရပြီဆိုရင်တော့ install လုပ်လိုက်ပါ လွယ်လေးမို့
installလုပ်တာတော့ပြောတော့ဘူးနော် ဆော့ဝဲလ်လေးinstallလုပ်ပြီးပြီဆိုရင်စလို့ရပါပြီဗျာ
ဒါလေးနှစ်ခုကတော့ဆော့ဝဲလ်လေးပါ ဘယ်နေမှာဒေါင်းဒေါင်းအတူတူပါပဲ
အပေါ်ကဟာအရင်ဒေါင်းကြည့်လိုက်ပါသူကတော့ဒါတိုက်ဒေါင်းဖို့လုပ်ထားပါတယ်

                               ဒီမှာဒေါင်းယူပါ




(၁ )ဆော့ဝဲလ်လေးကို

ဒတ်စတော့ပေါ်မှာကြည့်လိုက်ပါပြီးရင် အဲဒါလေးအရင်ဖွင့်လိုက်ပါ
ဖွင့်လိုက်ရင်အောက်မှာမြင်ရတဲ့အတိုင်း BOX လေးပေါ်လာပါမယ်အဲBOX လေးပေါ်လာရင်
register လုပ်ရပါ့မယ် ..registerလုပ်ဖို့အတွက်
မျှားပြထားတဲ့အကွက်လေးထဲမှာဒီcode လေးကူးထည့်လိုက်ပါ( X3D-9101-2462-1422 )
ပြီးရင်အောက်မှာမြင်ရတဲ့ Run xara3D ဆိုတာလေးကိုကလစ်နှိပ်လိုက်ပါ
အခုထည့်ပေးလိုက်တဲ့code တွေမရခဲ့ရင်ဆော့ဝဲလ်ဖိုင်ထဲမှာရှာကြည့်လိုက်ပါရှိပါတယ်


(၂)
ဒီလိုBOX လေးထက်ပေါ်လာပါ့မယ် အဲဒါဆိုရင် register now မှာကလစ်နှိပ်လိုက်ပါ
ဒါဆိုရင်ဒီအပိုင်းတော့ပြီးပါပြီခင်ဗျာ စာေ၇းဖို့အောက်မှာဆက်ကြည့်လိုက်ပါ


(၃) 
ကဲစာရေးလို့ရပါပြီဗျာ
အနီရောင်နဲ့ကွက်ပြထားတဲ့နေရာမှာကလစ်နှိပ်ပြီး အလည်မှာမြင်နေရတဲ့စာတွေကိုဖျက်လိုက်ပါ



(၄)
ဒီရေရာက်ရင်တော့မြန်မာဖေါင့်ပြောင်းရပါတော့မယ် zaw gyi ဖေါင့်တော့မရဘူးဗျာzaw gyi
ကလွဲရင်ကြံတာတွေရပါတယ် ဟိုအေက်မှာပေးထားပါတယ်ဗျာ
ဒေါင်းလိုက်ပါ မိမိစက်ထဲမှာလည်းရှိပြီးဖြစ်နိုင်ပါတယ်
ဖေါင့်လှလှလေးတွေပါမရှိသေးရင်အားလုံးဒေါင်းပြီး
install လုပ်လိုက်ပါဖေါင့်ပြောင်းဖို့စမယ်

အနီရောင်နဲ့ပြထားတဲ့ရောမှာကလစ်လုပ်လိုက်ပါပြီးရင်ဖေါင့်တွေပေါ်လာပါ့မယ်
မိမိကြိုက်တဲ့ဖေါင့်ကိုရွေးလိုက်ပါဖေါင့်ပြောင်းပြီးရင်စာရေးကြည့်လိုက်ပါ

shift+ ctrl ပြောင်းပြီးမရိုက်နဲ့နော်
english ဖေါင့်ရိုက်သလိုရိုက်လိုက်ပါ

(၅)
စာတွေရေးပြီရင်တော့ဒီအဆင့်မှာ စာလုံးအကြီးသေးရွေးလိုက်ပါ
မိမိကြိုက်တဲ့အနေအထားမှာထားလိုက်ပါ

(၆)
ဒီအဆင့်ကတော့စာတွေဟာရေးပြီးရင်ပူးကတ်နေမှာနော်
အဲဒါကို
အောက်မှာပြထားတဲ့နေရာမှာမိမိကြိုက်တဲ့အနေအထားလောက်လိုက်ပါ
အပြာရောင်နဲ့ပြထားတဲ့နေရာလေးနှစ်ခုမှာတော့စာလုံးလေးတွေ
အစောင်းအလှည့်လုပ်တာပါ မိမိကြိုက်သလိုဆွဲညှိလိုက်ပါ

(၇)
ဒီအဆင့်ကတော့စာလုံးလေးတွေအရောင်ထည့်မှာပါအနီရောင်ပြာထားတဲ့color
options ကလစ်နှိပ်လိုက်ပါပြီးရင် color Box ပေါ်လာပါ့မယ် မိမိကြိုက်တဲ့အရောင်ပြာင်းလိုက်ပါ
အပြာရောင်ပြထားတဲ့နေရာမှာတော့ Text မှာပဲထားလိုက်ပါ

(၈)
ဒီအဆင့်ကတော့ ရေးထားတဲ့စာလေးတွေကို ရွစိရွစိ လှုပ်လှုပ် ရွရွ လုပ်ဖို့ပါ
ကဲရွစိရွစိလေးလုပ်ဖို့အောက်မှာကြည့်လိုက်ပါအနီရောင်နဲ့ပြထားတဲ့နေရာမှာကလစ်နှိပ်လိုက်ပါ
ပြီးရင်အပြာရောင်နဲ့ပြထားတဲ့နေရာမှထက်ကလစ်လုပ်လိုက်ပါ

(၉)
ဒီရောက်ရင်တော့အပေါ်ပြောခဲ့တဲ့အပြာရောင်ပြထားတဲ့နေရာမှာကလစ်လုပ်လိုက်ရင်
အခုလိုBox လေးထက်ပေါ်လာပါ့မယ် ဒါဆိုရင်ကြည့်လိုက်ပါ
အပြာကြီးကွင်းပြထားတဲ့အထဲကနေမိမိကြိုက်တဲ့နေရာမှာကလစ်လုပ်ကြည့်လိုက်
ပါပြီးရင်အဲအောက်မှာကြည့်လိုက်ပါရေးထားတဲ့စာလုံးလေးတွေရွစိရွစိနဲ့တွေရပါ့
မယ် ရွစိရွစိလေးလုပ်တာပြီးရင် open မှာကလစ်နှိပ်လိုက်ပါ

(၁၀)

ကဲဒီရောက်ရင်တော့(save)သိမ်းပါတာ့မယ်မိမိရေးထားတဲ့စာစိတ်တိုင်းကြပြီလားကြည့်ပါ
စိတ်တိုင်းကြပြီဆိုရင်တော့အနီရောင်ကွက်ပြထားတဲ့နေရာမှာကလစ်နှိပ်လိုက်ပါ

(၁၁)ဒီရောက်လာရင် file name
မှာမိမိကြိုက်တဲ့နာမည်တစ်ခုရေးလိုက်ပါပြီးရင်
အနီရောင်ပြထားတဲ့နေရာမှာ GIF(*gif) ကိုထားပါ ပြီးရင် save
မှာကလစ်နှိပ်လိုက်ပါ

(၁၂)
ဒီရောက်လာပြီဆိုရင် save
မှာထက်ကလစ်နှိပ်ပြီးသိမ်းလိုက်ပါ

ပြီးရင်မိမိစက်ထဲပြန်ရှာကြည့်လိုက်ပါ..ပြီးပါပြီ




ဒါလေးနှစ်ခုကတော့မြန်မာဖေါင့်လှလှလေးတွေပါ ဒေါင်းယူပြီး

မိမိစက်ထဲကိုအားလုံးဖြစ်ဖြစ်
installလုပ်ထားလိုက်ပါ
မြန်မာဖေါင့်ဒေါင်းရန်(၁)




မြန်မာဖေါင့်ဒေါင်းရန်(၂)
သူငယ်ချင်းများအားလုံးအစဉ်ပြေနိုင်ပါစေဗျာ


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...