ကျွန်တော်ရဲ့ဘလော့လေးကိုဝင်ရောက်ကြည့်ရှု့သူများစိတ်ချမ်းသာခြင်းပြည့်စုံနိူင်ကြပါစေလို့ဆု့တောင်းလျှက်ပါဗျာ၊...

Sunday, 18 August 2013

အရက်သောက်နည်း ဟာသ

မြို့လေးတစ်မြို့မှာရှိတဲ့ ဘား ဆိုင်ထဲကိုလူစိမ်းတစ်ရောက်ဝင်လာ
တယ်ဗျ...
လူစိမ်းဆိုတော့လဲ ဆိုင်ထဲကလူတွေက ကျိတ်ရှိုးလေးရှိုးကြတာပေါ့
အဲ့ဒီလူက အေးဆေးအထာမျိုးနဲ့ ခုံမှာဝင်ထိုင်ပြီးတော့ အရက်မှာလိုက်တယ်...
''' ၀ီစကီ နှစ်ပတ် နှစ်ပတ် နှစ်ပတ်...သုံးခွက်ပေးပါ."""
ဆိုင်ရှင်ရော ဆိုင်ထဲကလူတွေပါ ဘာလဲဟ ဆိုပြီး ၀ိုင်းကြည့်တာပေါ့
အဲ့ဒီလူက ဘာမှ မပြောပဲနဲ့သူဟာသူသောက်စရာရှိတာသောက်ပြီးလစ်သွားတယ်
ဒီလိုနဲ့ ၂ ရက် ၃ ရက်လောက်
နေတော့ဆိုင်ရှင်က မနေနိုင်မထိုင်နိုင် စပ်စုပါလေရော
""" နေပါဦးဗျ...ခင်ဗျားက ၀ီစကီကို တစ်ခွက်ထဲသောက်ရင်လည်းရရဲ့သားနဲ
ဘာဖြစ်လို့ သုံးခွက် သုံးခွက် မှာမှာသောက်တာတုန်းဗျ"""
အရက်သမား ------ ဒီလိုဗျ..ကျွန်တော့်မှာအကိုနှစ်ယောက်ရှိတယ်ဗျ
ကျွန်တော့အကိုတွေကိုသိပ်လေးစားတာ...ဒါကြောင့် ကျွန်တော်ဂါရ၀ပြုတဲ့အနေနဲ့
သူတို့ဖို့
တစ်ခွက်စီ သောက်ပေးတာပါဗျာ...
ဆိုင်ရှင် ----- သြော်....ဟုတ်လား...&^$#$(&^%#@
နောက်တစ်ပတ်လောက်လဲနေရော...
အရက်သမား -- ၀ီစကီကို နှစ်ပတ် နှစ်ခွက်ပဲပေးပါတော့ဗျာ....
ဆိုင်ထဲကလူတွေရော..ဆိုင်ရှင်ပါ အံသြသွားတယ်...အားလုံးထင်ကြတာက သူ့အကိုတစ်ယောက်
ယောက်တော့ရှော(သေ)သွားပြီပေါ့
ဒါနဲ့ဆိုင်ရှင်က အရက်ခွက်သွားချရင်းနဲ့ "''
စိတ်မကောင်းစရာပါပဲဗျာ...ကျွန်တော်တို့ခင်ဗျားအကို
အတွက်ဝမ်းနည်းပါတယ်'''''''
အရက်သမား ----- အင်...ကျုပ်အကိုက ဘာဖြစ်နေလို့လဲဗျ
ဆိုင်ရှင် ----- ခင်ဗျားအကိုဆုံးသွားတာမဟုတ်ဘူးလား
အရက်သမား -- ဘာလို့ဆုံးရမှာလဲဗျ..အိမ်မှာအကောင်းကြီး....
ဆိုင်ရှင် -- နေပါဦးဗျာ..ဒါဆိုခင်ဗျားက ဘာလို့ဒီနေ့မှ ၀ီစကီကို
နှစ်ခွက်ပဲမှာရတာလဲ
နှစ်ခွက်ပဲမှာတော့ ကျုပ်က
ခင်ဗျားအကိုတစ်ယောက်ယောက်များတစ်ခုခုဖြစ်တာများလားလို့ပေါ့
အဲဒါကြောင့်မေးမိတာပါဗျာ.....
အရက်သမား ------ သြော်ဒါလား....ဟင်းဟင်း...ဒီလိုဗျ..ကျွန်တော်ကအရက်ဖြတ်လိုက်ပြီလေ..
ဒီသောက်နေတဲ့ခွက်တွေက ကျွန်တော့အကိုတွေအစားသောက်ပေးနေတာပါတဲ့ ကဲ...။

____________________________________
Reference and Credit to - စိုးဇေယျာထွန်း,မိုးဇော်
Posted By Admin Team[https://www.facebook.com/newsofmyanmar]
(email:newsofburma.myanmar@gmail.com)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...