ကျွန်တော်ရဲ့ဘလော့လေးကိုဝင်ရောက်ကြည့်ရှု့သူများစိတ်ချမ်းသာခြင်းပြည့်စုံနိူင်ကြပါစေလို့ဆု့တောင်းလျှက်ပါဗျာ၊...

Sunday, 31 March 2013

SONY Xperia (ST26i) 11.o.a.7.5.ကိုမြန်မာဖောင့်ထည့်မယ်။

Sony Xperia J (ST26i) 11.0.A.7.5 ကို Root လုပ်ခြင်း

 လမင်း:  ကျွှန်တော့် ဖုန်း Sony Experia J st26i ကို Root လုပ်ချင်လို့ ကုညီပေးပါအုံးဗျာ ။ အစ်ကို တင်ပေးထားတဲ့ အထဲ က ပာာတွေနဲ့ မရလို့ပါ သက်သက် ရှိလားမသိဘူးနော့် ကူညီပါအုံးဗျာ.။
တဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်... အဆင်ပြေပါစေ....။
အရင်က လာတဲ့ Sony Xperia J တွေရဲ့ build number က 11.0.A.3.28 ပါ။ အဲဒီတုန်းက root with restore v18 နဲ့ root လုပ်ရင်ရပါတယ်။ အခု build number က 11.0.A.7.5 ပါ။ ဒါကြောင့် root with restore v18 နဲ့ root လုပ်ဖို့ အဆင်မပြေတော့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ firmware ကို 11.0.A.3.28ဖြစ်အောင်  flash လုပ်ပြီး root လုပ်ကြည့်ရအောင်ဗျာ။
အရင်ဆုံး လိုအပ်တာတွေဒေါင်းပါ။


ကဲဒေါင်းလုပ်ပြီးသွားရင်တော့ စပြီး Root ကြရအောင်ဗျာ။


အဆင့်နှစ်ဆင့်လိုတယ်ဗျ။
ပထမအဆင့်က firmware ကို 11.0.A.3.28_WE.ftf ဖြစ်အောင်flash လုပ်တာပါ၊
ဒုတိယအဆင့်က Root လုပ်တာပါ။

ကဲ..ပထမအဆင့်ကိုစလုပ်ရအောင်။

၁။ ဒေါင်းလုပ်ဆွဲထားတဲ့ flashtool v0.9.10.1 ကို computer မှာ Install လုပ်ပါ။

၂။ ဒေါင်းလုပ်ဆွဲထားတဲ့ ST26i_11.0.A.3.28_WE.ftf ကို C:\Flashtool\firmwares ထဲကိုကူးထည့်ပါ။

၃။ ဒေါင်းလုပ်ဆွဲထားတဲ့ Xperia J driver ကို extract လုပ်ပြီးအထဲကST26.ftd ကို C:\Flashtool\devices ထဲကိုကူးထည့်ပါ။

၎။ ဖုန်းထဲမှာ လိုအပ်တဲ့ Setting>Develper Options>usb debugging ကို on လိုက်ပါ။Settings>Xperia>Connectivity>USB connection mode>msc mode ကိုပြောင်းပေးပါ။

 ၅။ C:/Flash Tool/Flash Tool.exe ကို right click နှိပ်ပြီး Run as administrator ဆိုပြီး run လိုက်ပါ။ ပုံထဲက ပြထားတာတွေအတိုင်းအဆင့်ဆင့်လုပ်သွားလိုက်ပါ။








၆။ ဖုန်းကို ဘက်ထရီဖြုတ်ပြီးပြန်တပ်ပါ။ Volume (-)ခလုတ်ကို ဖိထားပြီး ကွန်ပျူတာမှာ usb ကြိုးနဲ့ ချိတ်လိုက်ပါ။အောက်ကပုံလေးတွေကိုကြည့်ပါ။





 ကဲ...ဒါတွေပြီးရင်တော့ firmware ကို ST26i_11.0.A.3.28 ဖြစ်အောင် flash လုပ်လို့ပြီးပါပြီ။

ဒုတိယအဆင့်အနေနဲ့ ကျွန်တော်ပေးထားတဲ့ Root with Restore V18 နဲ့ root လုပ်လိုက်တော့ဗျာ။
ဒါဆိုရင်ရပြီနော်
ST26i_11.0.A.7.5 ကို ပြန်ပြီး flash လုပ်ချင်ရင်တော့အောက်မှာဒေါင်းပါခင်ဗျာ။



Credit to:http://android.syokzone.com


အားလုံးပဲအဆင်ပြေအောင်ကြိုးစားနိုင်ကြပါစေခင်ဗျာ။
ကျွန်တော်ပီတိတစ်ခုပဲရပါတယ်။
မြန်အောင်သားဖြိုးကြီး
Credit to : http://myanaungtharr.blogspot.com/2013/03/sony-xperia-j-st26i-110a75-root.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...