{ကျေဇူးရှင်အဖေအတွက်ပေးဆပ်ခြင်း}
*အဖေ....
ကျွန်တော်ငယ်ငယ်က အမေကွယ်လွန်းပြီးနောက်ပိုင်း
အမေမဲ့၊ အနေမဲ့၊ စားစရာမဲ့၊ ဘဝနဲ့ အမေဘက်ကအဖွားအိမ်မှာ
တစ်နှစ်ခြောက်လညီမတစ်ယောက်၊ သုံးနှစ်အရွယ်ညီမတစ်ရောက်နဲ့အတူ
အဖေပစ်ထားခဲ့တယ်နော်။။။။
*အဖေ....
အခုအသက်ကြီးပြီ အဖေအသက် ၇၀ အရွယ်ရောက်ချိန်မှာ အဖေအတွက်
ကျွန်တော် လေလုံ၊ မိုးလုံ ၊ စားစရာအပြည်စုံနဲ့ထားပေးပါတယ်အဖေ။။။။။။။။။။။။။။
*အဖေ.....
ကျွန်တော်ငယ်ငယ်က ယောကျာင်္းလေးဖြစ်တဲ့ကျွန်တော်ကို
ရှင်ပြု့ သာမဏေဝတ်မပေးခဲ့ဘူးနော်။။။
*အဖေ.....
အခုအသက်ကြီးပြီလေ အဖေအတွက် ကျွန်တော် ဘုရားဒါယိကာ၊ ကျောင်းဒါယိကာ၊
ရဟန်းဒါယိကာ၊ ကြီးဖြစ်အောင် ကျွန်တော်လုပ်ပေးခဲ့ပါတယ် အဖေ။။။။။။။။။။။။။။။
*အဖေ.....
ကျွန်တော်ငယ်ငယ်က ဘာပညာမှသင်မပေးဘဲ ကျွန်တော်ရဲ့ပညာမျက်စီ အလင်းရအောင်
ဖွင့်မပေးခဲ့ဘူးနော်။။။
*အဖေ.....
အခုအသက်ကြီးပြီလေ မျက်စီမွဲလို့ စာလည်းဖတ်လို့မရ၊ အလင်းရောင်လည်းသိပ်မမြင်
တော့ဘူး သားရယ်ဆိုလို့။
ကျွန်တော် အဖေ့မျက်စီအလင်းရအောင် တတ်ကျွမ်းတဲ့ ဆရာဝန်ကြီးတွေနဲ့
အဖေရဲ့မျက်စီနှစ်ကွင်းအလင်းရအောင် ကု့သပေးခဲ့ပါတယ်အဖေ။။။။။။။။။။။။
*အဖေ.....
ကျွန်တော် အခုအသက် ၂၅ နှစ်ပြည့်ပြီ ကျွန်တော်အရမ်းချစ်တဲ့ကောင်မလေးနဲ့လက်ထပ်ဖို့
အဖေ ကိုပြောပြတော့ အဖေ ပြောခဲ့တဲ့ မင်းညီမလေးတွေကိုကြည့်ပါအုံးဆိုတဲ့စကားတစ်
ခွန်းတည်းနဲ့။ ကျွန်တော်ဘဝလေးမိသားစု့ကိုအစွမ်းကုန်ပေးဆပ်နေတဲ့အချိန်၊
ကျွန်တော်ချစ်သူကောင်မလေး နားလည်မပေးနိုင်ခြင်းရက်စက်မှု့အောက်မှာ
ကျွန်တော် အသည်းတွေ ကွဲကြေ သေဆုံးသွားခဲ့တာ။
အဖေ မသိချင်ရောင်ဆောင်နေခဲ့ပါတယ်နော်။။။။။။။။။။။။
*အဖေ.....
အဖေ့သမီးနှစ်ယောက်ကမွေးထားတဲ့ မြေးတွေနဲ့အတူ ပြုံးပျော်နေနိုင်တာ
အဖေအတွက် ကမ္ဘာလေးတစ်ခုဆိုရင်လေ။
အထီးကျန် အချစ်တွေ သေဆုံးသွားတဲ့ အသက် ၃၀ ကျော် ကျွန်တော်ဘဝ
အလွမ်း ကမ္ဘာလေးကို အဖေမမြင်ပါစေနဲ့လို့ဆု့တောင်ရင်း
အဖေ ရဲ့အနားမှာ၊ အဖေရဲ့ လိုအင်ဆန္ဒ ဒုက္ခတွေကို ကူညီဖြေရှင်းဖြည့်ဆည်းပေးကာ
မွေးကျေးဇူးတွေဆပ်ရင်း။
ကျွန်တော် အသက်ရှင်နေဆဲပါဘဲ အဖေ။။။။။။။။။။။။။။။။။။။။။
{ ကျော်ဆန်း ရင်တွင်းခံစားချက်များ }
ကောင်းလှပါတယ်ဆရာ သာဓုခေါ်ပါတယ် အနော် ဒီလိုသားမျိုးပဲမွေးမယ်
ReplyDelete