ငါမရှိမှ ငါကို တ့, ပြီး
ရှိုက်ငိုညည်းလည်း အချည်းနှီးဘဲ။
မင်းမရှိမှ့ မင်းကိုတ့, ခါ
အလွမ်းဖြာလည်း ငါမှာစင်စစ်အကြိုးမဖြစ်။
နောင်ဘဝက ကြောင်းကံလှ၍
လောကမြေမှာ လူဖြစ်လာသည့်
မင်းနှင့်ငါ့ဘဝ ပြန်တွေးဆလျှင်
ဆုံခဲဘိ , ကြုံခဲဘိ ,
လူ့ဘဝက
ရခဲဘိခြင်း ဖြစ်ခဲခြင်းကြောင့်
လာခြင်းကောင်းစေ
ဒို့တတွေအတွက်
ကွေးသောလက်များ ဆန့်မသွားခင်
ဆန့်ထားလက်ကလေး ပြန်မကွေးခင်
တဒင်္ဂသာ တစ်ဘဝတာမှာ
မင်းနှင့်ငါလည်း
သစ္စာအနှစ် မေတ္တာအစစ်နဲ့
ချစ်ကြရအောင်
သူငယ်ချင်း။။။။
{ ဆရာတော် ဦးဥက္ကံသအမှတ်တရ }
တပည့်ကျော်ဆန်း
No comments:
Post a Comment