ကြ်န္ေတာ္ဘေလာ့ဂါေလးကို လာၾကည့္သူအေပါင္းတို႔ ကိုယ္စိတ္ႏွလုံးရႊင္လန္းၾကပါေစလို႔ဆုမြန္ေကာင္းေတာင္းလ်က္ပါ၊...

Sunday 27 August 2023

Android ဖုန္းတစ္လံုးအတြက္ မရွိမျဖစ္ အေျခခံ App (၁၀) ခု

 

ဖုန္းတစ္လံုးဝယ္ျပီဆိုတာနဲ႔ ကိုယ္ၾကိဳက္တဲ့ App ေလးေတြ သြင္းၾကတာ သဘာဝပါပဲ။ ဒါေပမယ့္ ဖုန္းအမ်ိဳးအစားေပၚလိုက္ျပီး Storage နဲ႔  Ram ပမာဏကြာျခားတာေၾကာင့္ တစ္ခ်ိဳ႔ဖုန္းေတြမွာ App ေတြ အမ်ားၾကီးထည့္လို႔ မရပါဘူး။ ဒီေတာ့ Android ဖုန္းတစ္လံုးဝယ္ျပီဆိုတာနဲ႔ မရွိမျဖစ္ ထည့္ကို ထည့္သင့္တဲ့ App (၁၀)မ်ိဳး ကို အခရာကေန အၾကံဳျပဳလိုက္ပါတယ္
1.Zapya
Zapya သံုးလို႔ ဘာျဖစ္တယ္၊ ညာျဖစ္တယ္ ဘယ္လို ေျပာေျပာ Zapya ဟာ အသံုးအမ်ားဆံုး ထိပ္တန္း File Sharing App တစ္ခုဆုိတာ ျငင္းလို႔ မရပါဘူး။ တစ္ျခားသူေတြမွာ ရွိတဲ့ App ေတြ၊ ဓာတ္ပုံေတြ၊ သီခ်င္းေတြကို ေငြကုန္ေၾကးက်မႈမရွိဘဲ ယူလို႔ ရတယ္ေလ။ အသံုးျပဳရလြယ္ကူျပီး လ်င္ျမန္တယ္ေလ။
2. Google Play Store
ကိုယ္လိုခ်င္တဲ့ App သူမ်ားဆီမွာ မရွိရင္ေတာ့ တစ္ေနရာရာက ေဒါင္းရေတာ့မွာပါပဲ။ Android ဖုန္းေတြအတြက္ေတာ့ Google Play Store ဆိုတာ ရတနာသိုက္ၾကီးပါ။ သူ႔ဆီမွာ App နဲ႔ Game မ်ိဳးစံုကို အမ်ိဳးအစားခြဲထားျပီး Gmail Account နဲ႔ Sign in လုပ္ရုံနဲ႔ အလြယ္တကူ ေဒါင္းလုပ္လုပ္ယူလို႔ ရပါတယ္။
3. Facebook
Facebook App ကေတာ့ အထူးေျပာစရာလိုမယ္ မထင္ပါဘူး။ Social Network ျဖစ္တဲ့ Facebook မွာ ပံုတင္မယ္၊ အေတြ႔အၾကံဳေတြ Status တင္မယ္၊ သူမ်ားေရးထားတဲ့ စာေတြ ဖတ္မယ္ဆို Facebook ကို ရယူထားလိုက္ပါ။
4. Messenger
Messenger နဲ႔ Facebook ဆိုတာ ႏွစ္လႊာေပါင္းမွ တစ္ရြက္ဆုိသလိုပါပဲ။ သူငယ္ခ်င္းေတြနဲ႔ စကားေျပာမယ္၊ Group Chat လုပ္ျပီး ေဆြးေႏြးမယ္။ အခုဆို Doodle ဆြဲတာေတြ ဘာေတြပါရေတာ့ ဥာဏ္ကြန္႔ျမဴးလို႔ ပိုရလာပါျပီ။ My Day function နဲ႔  Secret Conversation ေတြလည္း သံုးလို႔ ရပါတယ္။
5. Gmail
ေက်ာင္းသားေတြေရာ၊ အလုပ္လုပ္ေနတဲ့ သူေတြ အတြက္ေရာ Gmail App ဟာ မရွိမျဖစ္ပါ။ ဖုန္းေလးထဲမွာတင္ email ေတြ စစ္လို႔ရ၊ Compose လုပ္လို႔ရ၊ Reply ျပန္လို႕ ရလို႔ Gmail ကိုလည္း ထည့္ထားသင့္ပါတယ္။

You May Also Like : ” Android ဖုန္းမ်ားအတြက္ အေကာင္းဆုံး Photo Editor Application ၈မ်ဳိး
6. Google Maps
အခုလို 3G ေတြ၊ 4G ေတြ Operator ေတြက အျပိဳင္အဆုိင္ေပးေနတဲ့ ေခတ္မွာ Google Maps ကို ေသခ်ာသံုးသင့္ပါတယ္။ GPS ေလး ဖြင့္ျပီး ကိုယ္သြားမယ့္ ေနရာေတြ သိႏုိင္သလို၊ သြားမယ့္ လမ္းေၾကာင္းေတြသာမက အၾကမ္းဖ်င္း ၾကာခ်ိန္ကိုပါ သိႏုိင္လို႔ပါ။
7. Viber
Messenger ကေန ဖုန္းေခၚလို႔ ရျပီ ဆုိေပမယ့္ ဒီမူလလက္ေဟာင္း VoIP App ကို ပစ္ပယ္ထားလုိ႔ မရေသးပါဘူး။ ခုေနာက္ပိုင္းဆို ျမန္မာႏုိင္ငံအတြက္ပါ Support လုပ္တဲ့ Sticker ေလးေတြ၊ Emoji ေလးေတြပါ ထပ္ထည့္ထားတဲ့ အတြက္ ပိုေတာင္ သံုးလို႔ ေကာင္းလာပါေသးတယ္။
8. MPT/Ooredoo/Telenor App
ဒါကေတာ့ ကိုယ္သံုးစြဲတဲ့ Operator ေပၚ မူတည္ျပီး ရယူထားသင့္တဲ့ App ပါ။ မဟုတ္ရင္ ဘယ္လို Internet Package ဝယ္ရမလဲ၊ ဖုန္းေဘလ္ ဘယ္လို လႊဲေပးရမလဲ၊ Ring Tune ဝန္ေဆာင္မွုေတြ ဘယ္လိုရယူမလဲဆုိတာ တစ္ခုခ်င္းစီ လိုက္ရွာေနရမွာေပါ့။
9. Ornagai
ဖုန္းတစ္လံုးနဲ႔ အင္တာနက္သံုးမယ္ဆုိရင္ေတာ့ ကိုယ္နားမလည္တဲ့ အဂၤလိပ္ ေဝါဟာရေတြ အမ်ားၾကီးနဲ႔ ၾကံဳမွာပါပဲ။ ဒီေတာ့ တစ္ခုခုၾကြယ္ေတာ့မယ္ဆိုရင္ Dictionary  App တစ္ခုကေတာ့ လိုမွာပါပဲ။ Ornagai ကေတာ့ Dictionary App တစ္ခုျဖစ္ျပီး၊ ျမန္မာ ကေန အဂၤလိပ္၊ အဂၤလိပ္ကေန ျမန္မာ ဘာသာျပန္ေပးႏုိင္ပါတယ္။ အရင္လို Dictionary စာအုပ္ၾကီး လက္က တကုိင္ကုိင္ လုပ္စရာမလုိေတာ့ဘူးေပါ့။
10. 360/ Cymera/ Meitu
ဒါကေတာ့ ဒီလိုမ်ိဳး Selfie လွလွ ေခတ္စားေနတဲ့ ေခတ္ၾကီးမွာ ကိုယ္ရုိက္ထားတဲ့ ဓာတ္ပံုေလး Facebook ေပၚတင္လို႔ ရတဲ့ အထိ ရုပ္ထြက္လွလွ ထြက္ဖို႔ လုိအပ္တဲ့ App ေလးေတြပါ။ Effect အလန္းစားေတြနဲ႔ Frame ေတြပါ ေရြးလို႔ရေတာ့ ေခတ္လူငယ္ ေကာင္ေလးေတြေရာ၊ ေကာင္မေလးေတြေရာ အေသၾကိဳက္စရာေပ့ါ။

အခရာပရိသတ္ၾကီးလည္း ဘယ္ App ေတြကေတာ့ ေနာက္ထပ္ မရွိမျဖစ္အေနနဲ႔ ပါသင့္တယ္၊ ဘယ္ App ေတြကေတာ့ ပရိသတ္ၾကီးနဲ႔ အကိုက္ပဲဆိုတာေလး Comment မွာ မွ်ေဝေပးသြားပါဦးခင္ဗ်ာ။
----------------------------------------------------------------------------------------
ဖုန်းတစ်လုံးဝယ်ပြီဆိုတာနဲ့ ကိုယ်ကြိုက်တဲ့ App လေးတွေ သွင်းကြတာ သဘာဝပါပဲ။ ဒါပေမယ့် ဖုန်းအမျိုးအစားပေါ်လိုက်ပြီး Storage နဲ့  Ram ပမာဏကွာခြားတာကြောင့် တစ်ချို့ဖုန်းတွေမှာ App တွေ အများကြီးထည့်လို့ မရပါဘူး။ ဒီတော့ Android ဖုန်းတစ်လုံးဝယ်ပြီဆိုတာနဲ့ မရှိမဖြစ် ထည့်ကို ထည့်သင့်တဲ့ App (၁၀)မျိုး ကို အခရာကနေ အကြုံပြုလိုက်ပါတယ်

1.Zapya

Zapya သုံးလို့ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ဘယ်လို ပြောပြော Zapya ဟာ အသုံးအများဆုံး ထိပ်တန်း File Sharing App တစ်ခုဆိုတာ ငြင်းလို့ မရပါဘူး။ တစ်ခြားသူတွေမှာ ရှိတဲ့ App တွေ၊ ဓာတ်ပုံတွေ၊ သီချင်းတွေကို ငွေကုန်ကြေးကျမှုမရှိဘဲ ယူလို့ ရတယ်လေ။ အသုံးပြုရလွယ်ကူပြီး လျင်မြန်တယ်လေ။

2. Google Play Store

ကိုယ်လိုချင်တဲ့ App သူများဆီမှာ မရှိရင်တော့ တစ်နေရာရာက ဒေါင်းရတော့မှာပါပဲ။ Android ဖုန်းတွေအတွက်တော့ Google Play Store ဆိုတာ ရတနာသိုက်ကြီးပါ။ သူ့ဆီမှာ App နဲ့ Game မျိုးစုံကို အမျိုးအစားခွဲထားပြီး Gmail Account နဲ့ Sign in လုပ်ရုံနဲ့ အလွယ်တကူ ဒေါင်းလုပ်လုပ်ယူလို့ ရပါတယ်။

3. Facebook

Facebook App ကတော့ အထူးပြောစရာလိုမယ် မထင်ပါဘူး။ Social Network ဖြစ်တဲ့ Facebook မှာ ပုံတင်မယ်၊ အတွေ့အကြုံတွေ Status တင်မယ်၊ သူများရေးထားတဲ့ စာတွေ ဖတ်မယ်ဆို Facebook ကို ရယူထားလိုက်ပါ။

4. Messenger

Messenger နဲ့ Facebook ဆိုတာ နှစ်လွှာပေါင်းမှ တစ်ရွက်ဆိုသလိုပါပဲ။ သူငယ်ချင်းတွေနဲ့ စကားပြောမယ်၊ Group Chat လုပ်ပြီး ဆွေးနွေးမယ်။ အခုဆို Doodle ဆွဲတာတွေ ဘာတွေပါရတော့ ဉာဏ်ကွန့်မြူးလို့ ပိုရလာပါပြီ။ My Day function နဲ့  Secret Conversation တွေလည်း သုံးလို့ ရပါတယ်။

5. Gmail

ကျောင်းသားတွေရော၊ အလုပ်လုပ်နေတဲ့ သူတွေ အတွက်ရော Gmail App ဟာ မရှိမဖြစ်ပါ။ ဖုန်းလေးထဲမှာတင် email တွေ စစ်လို့ရ၊ Compose လုပ်လို့ရ၊ Reply ပြန်လို့ ရလို့ Gmail ကိုလည်း ထည့်ထားသင့်ပါတယ်။


You May Also Like : ” Android ဖုန်းများအတွက် အကောင်းဆုံး Photo Editor Application ၈မျိုး”

6. Google Maps

အခုလို 3G တွေ၊ 4G တွေ Operator တွေက အပြိုင်အဆိုင်ပေးနေတဲ့ ခေတ်မှာ Google Maps ကို သေချာသုံးသင့်ပါတယ်။ GPS လေး ဖွင့်ပြီး ကိုယ်သွားမယ့် နေရာတွေ သိနိုင်သလို၊ သွားမယ့် လမ်းကြောင်းတွေသာမက အကြမ်းဖျင်း ကြာချိန်ကိုပါ သိနိုင်လို့ပါ။

7. Viber

Messenger ကနေ ဖုန်းခေါ်လို့ ရပြီ ဆိုပေမယ့် ဒီမူလလက်ဟောင်း VoIP App ကို ပစ်ပယ်ထားလို့ မရသေးပါဘူး။ ခုနောက်ပိုင်းဆို မြန်မာနိုင်ငံအတွက်ပါ Support လုပ်တဲ့ Sticker လေးတွေ၊ Emoji လေးတွေပါ ထပ်ထည့်ထားတဲ့ အတွက် ပိုတောင် သုံးလို့ ကောင်းလာပါသေးတယ်။

8. MPT/Ooredoo/Telenor App

ဒါကတော့ ကိုယ်သုံးစွဲတဲ့ Operator ပေါ် မူတည်ပြီး ရယူထားသင့်တဲ့ App ပါ။ မဟုတ်ရင် ဘယ်လို Internet Package ဝယ်ရမလဲ၊ ဖုန်းဘေလ် ဘယ်လို လွှဲပေးရမလဲ၊ Ring Tune ဝန်ဆောင်မှုတွေ ဘယ်လိုရယူမလဲဆိုတာ တစ်ခုချင်းစီ လိုက်ရှာနေရမှာပေါ့။

9. Ornagai

ဖုန်းတစ်လုံးနဲ့ အင်တာနက်သုံးမယ်ဆိုရင်တော့ ကိုယ်နားမလည်တဲ့ အင်္ဂလိပ် ဝေါဟာရတွေ အများကြီးနဲ့ ကြုံမှာပါပဲ။ ဒီတော့ တစ်ခုခုကြွယ်တော့မယ်ဆိုရင် Dictionary  App တစ်ခုကတော့ လိုမှာပါပဲ။ Ornagai ကတော့ Dictionary App တစ်ခုဖြစ်ပြီး၊ မြန်မာ ကနေ အင်္ဂလိပ်၊ အင်္ဂလိပ်ကနေ မြန်မာ ဘာသာပြန်ပေးနိုင်ပါတယ်။ အရင်လို Dictionary စာအုပ်ကြီး လက်က တကိုင်ကိုင် လုပ်စရာမလိုတော့ဘူးပေါ့။

10. 360/ Cymera/ Meitu

ဒါကတော့ ဒီလိုမျိုး Selfie လှလှ ခေတ်စားနေတဲ့ ခေတ်ကြီးမှာ ကိုယ်ရိုက်ထားတဲ့ ဓာတ်ပုံလေး Facebook ပေါ်တင်လို့ ရတဲ့ အထိ ရုပ်ထွက်လှလှ ထွက်ဖို့ လိုအပ်တဲ့ App လေးတွေပါ။ Effect အလန်းစားတွေနဲ့ Frame တွေပါ ရွေးလို့ရတော့ ခေတ်လူငယ် ကောင်လေးတွေရော၊ ကောင်မလေးတွေရော အသေကြိုက်စရာပေ့ါ။

အခရာပရိသတ်ကြီးလည်း ဘယ် App တွေကတော့ နောက်ထပ် မရှိမဖြစ်အနေနဲ့ ပါသင့်တယ်၊ ဘယ် App တွေကတော့ ပရိသတ်ကြီးနဲ့ အကိုက်ပဲဆိုတာလေး Comment မှာ မျှဝေပေးသွားပါဦးခင်ဗျာ။


Crd-Yoe Lu (Akhayar)
www.nyilattun.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...