ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Saturday 16 March 2019

အမတ်ကြီး ဦးပေါ်ဦး (သူ့ချည်းပဲလား- ဆားနဲ့ပါဘုရား)


အမတ်ကြီး ဦးပေါ်ဦးကို မြန်မာသက္ကရာဇ် ၁၁၂၁ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက်၊ တနင်္ဂနွေနေ့ ဖွားမြင်တယ်။ ဦးပေါ်ဦးဟာ အမရပူရမြို့တည် ဘကြီးတော်မင်း၊ ဘိုးတော်မင်းနဲ့ ရွှေဘိုမင်း သုံးဆက် မှီခဲ့သူ ဖြစ်တယ်။ ဦးပေါ်ဦးဟာ စာတတ်၊ ပေတတ်၊ ကျမ်းတတ် ပညာရှိ ဟာသဉာဏ်ရွှင် မှတ်ဉာဏ်ကောင်းသူ ဖြတ်ထိုးဉာဏ်ရွှင်သူလို့ ကျော်ကြားခဲ့တယ်။ ဘိုးတော်ဘုရင်နဲ့ အနီးကပ်ဆုံး နေခဲ့သူလို့လည်း ဆိုတယ်။ ဒါကြောင့် မင်းအဆက်ဆက်ကို လျှောက်တင်ခဲ့တဲ့ ပေါ်ဦးလျှောက်ထုံးတွေဟာ အလွန်ထူးဆန်း ထင်ပေါ်နေခဲ့တယ်။ ဒီနေရာမှာ ပေါ်ဦးလျှောက်ထုံး များစွာထဲက “သူ့ချည်းပဲလား – ဆားနဲ့ပါဘုရား” ကို ပြောပြလိုက်မယ်။ အချိန်တခုမှာ ဘိုးတော်ဦးဝိုင်း ဘုရင်က ဟဲ့။ ပေါ်ဦး။ ဥတကာဥ ဘယ်ဥ အကောင်းဆုံးလဲ။ မေးတော်မူတဲ့အခါ။ ပေါ်ဦးက ချက်ချင်းမဆွ လိပ်ဥပါဘုရားလို့ ဖြေလိုက်တယ်။ နောက်ထပ် ရက်အနည်းငယ်ကြာမှ ဘုရင်က ဟဲ့ ပေါ်ဦး။ သူ့ချည်းပဲလားလို့ မေးတော်မူတဲ့အခါ ပေါ်ဦးကလည်း ချက်ချင်းပင် ဆားနဲ့ပါဘုရားလို့ ပြန်ဖြေခဲ့လို့ သတိကောင်းလှချည့်၊ မှတ်ဉာဏ်ကောင်းပေ့လို့ ဦးပေါ်ဦး ချီးကျူးခံရဖူးတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...