ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Wednesday 27 April 2016

♪ Myamar Font Changer apk တွေကို တစ်နေရာထဲမှာ ရနိုင်မဲ့နေရာ ♫


Android Smart Phone များကို Myanmar Font ထည့်သွင်းရန်အသုံးပြုတဲ့
Myanmar Font Changer apk များကို တစ်နေရာထဲကနေရယူနိုင်မဲ့ Website လေးကို
ပြန်လည်မျှဝေပေးလိုက်ပါတယ်။ လိုအပ်ရာကို ၀င်ရောက်ကြည့်ရှူ့ပြီး Download ရယူလိုက်ရအောင်…….

oooooOOOOO Myanmar Font Changer apk များအားရယူရန် Website OOOOOooooo


အဆင်ပြေပါစေ။
Warmly Welcome
Credit..by
Ko Htoo ( MMAS )


Tuesday 26 April 2016

ဘောလုံးGamblerတွေအတွက်tipsတွေသယ်လာပေးမယ့် MM Football tipster v5 beta

ဘောလုံးGamblerတွေအတွက် Tipsတွေသယ်လာမယ့်MM Football Tipsters v5 beta ဗားရှင်းဖြစ်ပါတယ်
အရင်က နောက်ရာသီမှာ ဗားရှင်းအသစ်ထပ်ထုတ်မလို့ ပြင်ထားတာပါ။ဒါပေမယ့်
အရင်ဗားရှင်းမှာ အခက်အခဲလေးတစ်ခုဖြစ်နေတာနဲ့  ဗားရှင်း5 ကို အကြိုထုတ်ပေးလိုက်ပါတယ်။
နောက်ရာသီမှာ အသစ် ထပ်ထွက်ပေးပါ့မယ်..။
အပ်ဒိတ် ဘောလုံးသတင်းတွေ
အိပ်ဒိတ် ကြေးပေါက်တွေ
အကောင်းဆုံး ပွဲကြို ခန့်မှန်းချက်တွေ
နာမည်ကြီး Tipsterတွေရဲ့ Tipတွေ
အများကြီးနေ့စဉ်ဝင်ပါမယ်။ ဒါအပြင် အမှတ်ပေးဇယား၊ပွဲစဉ်များ ကိုအလွယ်တကူကြည့်ရှုနိုင်ပါပြီ။
**သည်ထဲမှာပါတဲ့မန်ဘာခေါ်ယူတွေက app creator နဲ့မဆိုင်ပါ။
သင်ဟာ ဘောလုံးGamblerတစ်ဦးဆို အခုပဲ ဒေါင်းလုပ်ဆွဲဆောင်ထားလိုက်ပါ။

DOWNLOAD HERE

OR 

DOWNLOAD HERE

အပြတ်ရှင်းမိုဘိုင်း ကဇွန်းမရွာ

♪ ဆိုက်ကြီးလွန်းနေတဲ့ Video ဖိုင်တွေကို Window နဲ့ Mac OS တွေမှာဘယ်လိုဆိုက်ချုံ့မလဲ ♫

သင့်စက်ထဲမှာ သိမ်းထားတဲ့ Video တွေ၊ အထူးသဖြင့် HD Video တွေဟာ သင့်စက်ရဲ့ နေရာလွတ်များစွာကို ယူထားတတ်ပါတယ်။ ဒါဆိုရင်အရမ်းမခက်ခဲပဲ လွယ်ကူစွာနဲ့၊ အရည်အသွေး ထိခိုက်မှုနည်းနည်းနဲ့
သင့်Video တွေရဲ့ ဆိုက်ကိုချုံ့နိုင်ပါတယ်။ အဲ့ဒီအတွက်သင့် ကွန်ပျူတာထဲမှာရှိနေတဲ့ ဗီဒီယိုဖိုင်ဆိုက်တွေကို ဆော့ဖ်ဝဲတချို့အသုံးပြုပြီးချုံ့ကြည့်ရအောင်။
သင့်ရဲ့ Window PC ကွန်ပျူတာတွေပေါ်မှာ သင့်အနေနဲ့ ဗီဒီယိုဖိုင်တွေချုံ့ချင်တယ်ဆိုရင် ဆော့ဖ်ဝဲနှစ်မျိုးအသုံးပြုပြီးချုံ့နိုင်ပါတယ်။ အဲ့ဒီ Software တွေကတော့ Freemake Video Converter နဲ့ Handbrake
တို့ပဲဖြစ်ပါတယ်။ အလွယ်ကူဆုံးကတော့ Freemake Video Converter ပဲဖြစ်ပါတယ်။ သင့်အနေနဲ့ ဘယ်လိုအသုံးပြု လုပ်ဆောင်ရမယ်ဆိုတာကို အောက်မှာဖော်ပြပေးပါမယ်။

Freemake Video Converter ကိုအသုံးပြုပြီး ဗီဒီယိုဖိုင်တွေကိုချုံ့နိုင်မယ့် နည်းလမ်းများ

၁) အလိုအလျောက်ချုံ့နည်း

အောက်မှာဖော်ပြထားတဲ့ နည်းလမ်းတွေကတော့ သင့် Video တွေကိုအလိုအလျောက်ချုံ့နိုင်စေမယ့်နည်းလမ်းတွေဖြစ်ပါတယ်။
၁. Freemake Video Converter ကို ဒေါင်းလုဒ်လုပ်၊ Install ပြုလုပ်ပြီး ဖွင့်လိုက်ပါ။
၂. Video တစ်ခုကို ထည့်သွင်းပါ။
၃. Output Format တစ်ခုကို ရွေးချယ်လိုက်ပါ။
၎. ပုံမှာပြထားတဲ့အတိုင်း File Size ကို ပြောင်းလဲသတ်မှတ်ရမှာပါ။ ပြီးရင် Convert ခလုတ်နှိပ်လိုက်ရင် ရပါပြီ။
Reducing Video1
သင့်အနေနဲ့ Video ကို Convert မလုပ်ခင် Video ရဲ့ နဂို File Size ကိုမှတ်ထားပါ။ ပြီးရင် Freemake နဲ့ ပြုလုပ်ပြီး ထွက်လာတဲ့ Video ကိုကြည့်ကြည့်လိုက်ပါ။ သင့်အနေနဲ့ အရည်အသွေးကျဆင်းမှုမရှိပဲ
ဆိုက်တစ်ဝက်လောက်လျော့ကျသွားတာကို တွေ့ရမှာဖြစ်ပါတယ်။

၂) Video Resolution ကိုပြောင်းလဲနည်း

သင့်အနေနဲ့ 1280×720 ဒါမှမဟုတ် အဲ့ဒီထက်မြှင့်နေတဲ့ Resolution ကိုအဆင်မပြေဖြစ်နေတယ်ဆိုရင်တော့ Resolution ကိုပြန်လည်ပြင်ဆင်ပြီးတော့ 800×600 ဒါမှမဟုတ် 640×480 စတဲ့ ကြည့်ရတာ
အဆင်ပြေသင့်တော်နိုင်မယ့် Resolution တွေကလည်း HD ရုပ်ထွက်ကို ပေးနိုင်မှာပါ။ အဲ့ထက်သေးချင်တယ်ဆိုရင် 320×240 ဆိုက်အထိတောင်ရွေးချယ်လို့ရနိုင်ပါသေးတယ်။ ဘယ်လိုလုပ်ရမလဲ ဆိုရင်တော့
၁. အရင်ဆုံး ပရိုဂရမ်ကိုဖွင့်ပြီး ဗီဒီယိုတစ်ခုထည့်လိုက်ပါ။
၂. သင်လိုချင်တဲ့ Output format တစ်ခုကိုရွေးချယ်လိုက်ပါ။
၃. လိုချင်တဲ့ Resolution ကိုရွေးချယ်ရမှာပါ။ (640×480, 640×360 စသည်ဖြင့် အမျိုးမျိုးပေါ့)
၎. ပြီးရင် Convert ကိုနှိပ်လိုက်ပါ။
Reducing Video2

၃) Video Codec ကိုပြောင်းလဲနည်း

Codec ကို လျှော့ချခြင်းကြောင့် File Size ကို ၂ဆ၊ ၃ဆ အထိလျှော့ချနိုင်ပါတယ်။ Space တွေကို ပိုမိုရယူနိုင်ဖို့ အကောင်းဆုံးကတော့ H.264 ပဲဖြစ်ပါတယ်။ H.264 ကိုအသုံးပြုပြီး သင့်အနေနဲ့ တူညီတဲ့ Resolution နဲ့ HD Video တွေကို ရယူနိုင်ပါတယ်။
Reducing Video3

၎) Frame Rate လျှော့ချနည်း

Frame Rate ဆိုတာကတော့ ပြသနေစဉ်အတောအတွင်းမှာ တစ်စက္ကန့်အတွင်း ပြသတဲ့ Frame အကြိမ်အရေအတွက်ပဲဖြစ်ပါတယ်။ ယေဘုယျအားဖြင့်တော့ အများစုမှာ 24-30 fps ရှိပါတယ်။ အဲ့ဒီထက် Frame Rate နည်းအောင် ချပြီး Video File ဆိုက်ကိုသေးပစ်လို့ရပါတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ ဒီနည်းလမ်းဟာ Video လည်ပတ်လုပ်ဆောင်မှုကို ထိခိုက်နိုင်လို့ အများကြီး မထောက်ခံချင်ပါဘူး။
Reducing Video4

Handbrake ကိုအသုံးပြုပြီး ဗီဒီယိုဖိုင်တွေကိုချုံ့နိုင်မယ့် နည်းလမ်းများ

Handbrake ကလည်းပဲ ဗီဒီယိုတွေကို အလွယ်တကူ ချုံ့နိုင်မယ့် Software တစ်ခုပဲဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲကို Window ကွန်ပျူတာတွေ၊ Mac OS နဲ့ Linux ကိုအခြေခံထားတဲ့ ကွန်ပျူတာတွေမှာတောင် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်သင့်ရဲ့ Mac Book မှာအလွယ်တကူဒေါင်းပြီး တပ်ဆင်နိုင်ပါတယ်။
၁. Handbrake ကိုဒေါင်းလုဒ်၊ Install လုပ်ပြီး Software ကိုဖွင့်လိုက်ပါ။
၂. Source ခလုပ်ကိုနှိပ်ပြီး Video ကိုထည့်သွင်းပါ။
၃. File ကိုသိမ်းဆည်းမယ့် နေရာကို Browse ကိုနှိပ်ပြီးရွေးချယ်လိုက်ပါ။
၎. Format အတွက် MP4 ကိုရွေးချယ်ထားပေးလိုက်ပါ။ ပြီးရင် Start ကိုနှိပ်ပြီး Convert လုပ်လိုက်ရင်ရပါပြီ။
Reducing Video5
အပေါ်မှာဖော်ပြထားတဲ့ နည်းလမ်းတွေကိုအသုံးပြုပြီး သင့်အနေနဲ့ လွယ်ကူစွာ ဆိုက်တွေကို ချုံ့နိုင်ပါတယ်။ ဖိုင်ဆိုက်အကြီးအသေးပေါ်မူတည်ပြီး အချိန်အနည်းငယ်ပေးရမှာဖြစ်ပါတယ်။ ဖော်ပြပါနည်းလမ်းတွေနဲ့ သင့်ကွန်ပျူတာထဲက ကြီးမားတဲ့ Video ဖိုင်ဆိုက်တွေကို အလွယ်တကူချုံ့နိုင်ပြီဖြစ်ပါတယ်။
Ref: Freemake.com

Credit to ==> Digital Times

Mi Service Tool




အသုံးလိုရင်တော့ ယူကြပါ Mi တွေအတွက်
Service Tool လေးပါ...
အသုံးဝင်မယ်ထင်ပါတယ်.... လိုအပ်သူများဒေါင်းနိုင်ပါတယ်
တစ်ခုထည်းနဲ့ အစုံလုပ်နိုင်ပါတယ်


DOWNLOAD



ဒီ Tool လေးကိုရေးသားပေးပို့ထားသူကတော့ကျွန်တော်တို့ MIF ရဲ့ Admin တစ်ဦးဖြစ်တဲ့ အကိုချမ်းမြေ့အောင်(သုဝဏ္ဏနည်းပညာ) ပဲဖြစ်ပါတယ် ...



နည်းပညာမျှဝေနေသူများနဲ့လေ့လာနေသူများအားလုံးကိုအစဉ်လေးစားလျက် .....

ဇော်မျိုးထက်
www.mmitfamily.com

ရုရှား ကားမောင်းသမား Game [96.1 MB] [apk]

Russian car driver HD
ရုရှား ကားမောင်းသမား ဂိမ်းရယူရန်အောက်က Download ကိုနှိပ်ပါ Download အတန်းပြည့်ပြီးသွားလျှင် My File သို့မဟုတ် Filemanager ထဲက Download ဖိုင်မှာသွားရှာပြီး install ပြုလုပ်ပါ
Download Russian car driver HD Android free game.
-

msung ဖုန်းတွေမှာ password ဒါမှမဟုတ် pattern lock မေ့သွားရင် Samsung ID သုံးပြီး ဘယ်လို unlock လုပ်မလဲ ♫


ကိုယ့်ဖုန်းကို သူငယ်ချင်းတွေ၊သူစိမ်းတွေ ယူမသုံးနိုင်အောင်လို့ ဖုန်း lock screen ကို password ဒါမှမဟုတ် pattern lock နဲ့ ပိတ်ထားတတ်ကြတယ် မဟုတ်လား။ လက်ဗွေရာဆန်ဆာပါတဲ့ဖုန်းဆို လက်ဗွေရာနဲ့ပေါ့နော်။ ဒါပေမယ့် တစ်ခါတလေ လက်ဗွေရာဆန်ဆာကြောင်သွားတာမျိုး၊ ဒါမှမဟုတ် ကိုယ်ပေးထားတဲ့ password (or) pattern ကို ကိုယ်ကိုယ်တိုင် မေ့နေတတ်တာမျိုးဆို ဖုန်းထဲဝင်လို့မရဖြစ်ဖူးမှာပါ။
Samsung ဖုန်းတွေမှာ ဒီပြဿနာကို အောက်ပါနည်းလမ်းလေးတွေနဲ့ အလွယ်ကူဆုံးဖြေရှင်းနိုင်ပါတယ်။
တစ်ခုသိထားရမှာက၊ ဒီနည်းလမ်းက ပထမဆုံး ကိုယ့်ဖုန်းမှာ Samsung အကောင့်ရှိဖို့ လိုပါတယ်။ Samsung အကောင့်ဖွင့်ဖို့ ဖုန်း Settings ထဲဝင်၊ Accounts ကနေ Add Account ဆိုတာနှိပ်ပြီး၊ Samsung Account ကို ရွေးပေးလိုက်ပါ။ ဒီမှာ ကိုယ့် Google အကောင့်နဲ့ Samsung အကောင့်တစ်ခုဖွင့်လိုက်ပါ။ ကိုယ့် gmail ထဲကို Verify မေးလ်တစ်စောင် ပို့ပါလိမ့်မယ်။ အဲဒီ မေးလ်ထဲဝင်ပြီး၊ Verify ဆိုတာကို နှိပ်လိုက်ပါ။ ဒါဆို Samsung အကောင့်လုပ်တာ ပြီးပါပြီ။
add samsung account in Galaxy S4
အကယ်၍ ကိုယ့်ဖုန်းမှာ Password ဒါမှမဟုတ် Pattern ကို မေ့သွားပြီး ၀င်လို့မရတော့ဘူးဆိုရင်
(၁) ကွန်ပြူတာ ‘ဒါမှဟုတ် ဖုန်းနောက်တစ်လုံးကနေ https://findmymobile.samsung.com ကို သွား
Capture
(၂) ကိုယ့် Samsung အကောင့် ID ရယ် Password ရယ် ရိုက်ပြီး Log in ၀င်
(၃) Log in ၀င်ပြီးသွားပြီဆိုရင် ကိုယ့် register လုပ်ထားတဲ့ Samsung ဖုန်းပေါ်နေပါလိမ့်မယ်။ အကယ်၍ ဖုန်းမှာ ဖုန်းလိုင်း ဒါမှမဟုတ် ကွန်နက်ရှင်မရှိဘူးဆိုရင်တော့ ဖုန်းက inactive ဆိုပြီး ပြနေပါလိမ့်မယ်။ ၀က်ဘ်ဆိုဒ်စာမျက်နှာရဲ့ ဘယ်ဘက်ခြမ်းမှာ Connection ၊ Remote Controls တို့ကို On ဖွင့်ထားပေးပါ။
samsung-unlock-myphone
(၄) အောက်နားမှာ Unlock My Device ဆိုတာ ရှိပါတယ်။ နှိပ်လိုက်ရင် ‘Unlock My Screen’ ဆိုတဲ့ လင့်ခ်တစ်ခု ထပ်ပေါ်လာပြီး၊ Unlock ခလုတ်ကို နှိပ်လိုက်တာနဲ့၊ ဖုန်း lock screen ပွင့်သွားပြီဖြစ်ကြောင်း ပေါ်လာပါလိမ့်မယ်။
samsung-unlock-my-device
(၅) အခုဆိုရင် သင့်ဖုန်း Lock screen ပွင့်သွားပြီဖြစ်ပြီး၊ ဖုန်းမှာ lock ပေးထားတာပါ ပျောက်သွားပါလိမ့်မယ်။ နောက်တစ်ခါ lock ပြန်ပေးချင်တယ်ဆိုရင် ပြန်ပေးနိုင်ပါတယ်။ မမေ့အောင်တော့ ဂရုစိုက်ပေါ့။
ဒီ feature လုပ်ဆောင်ပုံက Android ဖုန်းတော်တော်များများမှာပါတဲ့ Android Device Manager နဲ့ တူတူပဲ ဖြစ်ပြီး၊ အင်တာနက်ကွန်နက်ရှင်လိုပါတယ်။ ဒါပေမယ့် Samsung ရဲ့ Find My Mobile မှာက၊ ဖုန်းပျောက်သွားရင် သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင်တစ်ယောက်ကို ဂါဒီယန်ပေးပြီး၊ သူ့ဖုန်းကနေ ကိုယ့်ဖုန်း ကို Emergency mode လှမ်းပြောင်းနိုင်တာ၊ ပျောက်သွားတဲ့ဖုန်းမှာ SIM ကတ် လဲလိုက်ရင်၊ သတိလှမ်းပေးတာ စတာတွေ ပါဝင်ပါတယ်။

Credit to ==> Digital Times

360 Total Security 8.2.0.1134​ Final Offline Installer

 
360 Total Security 8.2.0.1134 Final Offline နောက်ဆုံးထွက် Update လေးပါ..။ ဒီ ဆော့ဖ်ဝဲ လေး ကတော့ ဖရီးအသုံးပြုနိုင်ပြီး ကွန်ပြူတာကို ပြသာနာရှာမယ့် Virus များ ရဲ့ရန်မှ Protect လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့ အပြင်ကွန်ပျူတာကို သွက်လတ်ပေါ့ပါးသွားအောင် disk space, cleans junks  အစရှိတဲ့ မလိုအပ်တော့တဲ့ File များကိုဖယ်ရှားရှင်းလင်းပေးပြီး Computer အသုံးပြုရတာ ယခင်ကထက် ပိုမိုမြန်ဆန်လာအောင် မြှင့်တင်ပေးမှာဖြစ်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 40.26 MB ရှိပြီး Windows XP / Vista/ 7/ 8/ 8.1/ 10 (32-bit or 64-bit) အထိ အသုံးပြုနိုင်ပါတယ်။ အသုံးပြုလိုတဲ့သူများ အောက်က Link ကနေ Download လုပ်ယူသွားနိုင်ပါတယ်။
 

 
 Password: www.ayekyaw.org
 
Credit..by ,,
www.ayekyaw.org

Wednesday 20 April 2016

ဖုန်းခေါ်ရင် ခေါ်တဲ့သူရဲ့ ဖုန်းနံပါတ်ကို အခြားတစ်ဖက်မှာ အတုနှင့် ပေါ်အောင်ခေါ်ပြီး မိန်းကလေးအသံ /ယောက်ျားလေးအသံ Change ပြုလုပ်နည်း



ဒီပို့လေးကို စိတ်ဝင်စားလို့ မေးထားကြတဲ့ သူငယ်ချင်းတွေ

 အတွက်  ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

ဖုန်းခေါ်ရင် ခေါ်တဲ့သူရဲ့ ဖုန်းနံပါတ်ကို အခြားတစ်ဖက်မှာ

 အတုနှင့် ပေါ်အောင်ခေါ်ပြီး မိန်းကလေးအသံ /ယောက်ျားလေးအသံ Change ခေါ်နည်း

 ပြုလုပ်နည်းကိုတော့ အောက်မှာ Screenshots အတိုင်း ပြုလုပ်နိုင်ပါတယ်။

Application  ကိုတော့ အောက်မှာ အဆင်ပြေရာ လင့်ဖြင့် ဝင်ရောက် ဒေါင်းယူနိုင်ပါတယ်။

1/


2/


3/


 4/


Photo Credit -

Download From Here 


Download From Here 

ဖုန်းမှာ Wallpapers စတိုင် ကို S7 Edge နှင့် ထည့်သွင်းပြီး အသုံးပြုနိုင်မယ့် S7 Edge Wallpapers v1.7 Apk


Android OS နှင့် Tablet  ချစ်သူများ အတွက် အရမ်း လှပတဲ့ 
မိမိဖုန်းမှာ Wallpapers စတိုင် ကို S7 Edge နှင့် ထည့်သွင်းပြီး အသုံးပြုနိုင်မယ့်
 Application  တစ်ခု တင်ပေးလိုက်ပါတယ်ဗျာ။
စမ်းသပ်အသုံးပြုချင်တယ်ဆိုရင်တော့ နမူနာအနေနဲ့အောက်မှာ
 Screen Shoot တွေရိုက်ပြထားပါတယ် ။
Android OS Version 2.3 နှင့်အထက်ရှိထားတဲ့ဖုန်းတွေပေါ်မှာ
 Installလုပ်၍အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Screen Shoot



Download From Here 


Download From Here 

မနေ့က အသစ်ထွက်လာတဲ ဗားရှင်း အသစ် Messenger v66.0.0.13.69 Apk



Apr 18 2016 ရက် မနေ့က အသစ်ထွက်လာတဲ့ Messenger v66.0.0.13.69 Apk လေးပါ။
Messenger ဆိုတော့ အထွေအထူး ပြောစရာ မလို့တော့ဘူး အားလုံး သိပြီးသားတွေပါ။
Android OS Version 2.3 နှင့်အထက်ရှိထားတဲ့ဖုန်းတွေပေါ်မှာ 
Installလုပ်၍အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Screen Shoot


Download From Here 


Download From Here 

ဖုန်းထဲ့မှာ မြန်မာ အလံဖြင့် Lock ကို အလှဆင်နိုင်မယ့် Myanmar Flag Zipper Lock v1.0 Apk




ကျနော် ခုတင်ပေးလိုက်တာကတော့ မိမိဖုန်းထဲ့မှာ မြန်မာ အလံဖြင့်

 Lock  ကို အလှဆင်နိုင်မယ့် Myanmar Flag Zipper Lock v1.0 Apk လေးပါဗျာ။

လိုအပ်သူများ ဆောင်ထားလို့လျှင် အောက်မှာ ဝင်ရောက် ဒေါင်းလော့ ရယူနိုင်ပါပြီ။

Android OS Version 2.3 နှင့်အထက်ရှိထားတဲ့ဖုန်းတွေပေါ်မှာ

 Installလုပ်၍အသုံးပြုနိုင်မှာဖြစ်ပါတယ်။


Download From Here 


Download From Here 

မြန်မာကီးဘုတ် အပါအဝင် နိုင်ငံတစ်ကာ အားလုံးကို အသုံးပြုနိုင်မယ့် TouchPal Cute Emoji Keyboard v5.8.1.4 Apk



Android Keyboard  ချစ်သူများ အတွက် မြန်မာကီးဘုတ် အပါအဝင် နိုင်ငံတစ်ကာ ကီးဘုတ်အားလုံးကို ခုတင်ပေးလိုက်တဲ့ TouchPal လေးနှင့် လွယ်ကူစွာ အသုံးပြုနိုင်ပါပြီ။ ဒီ ကီးဘုတ်လေးဆိုရင်ဖြင့် စာလုံး အရောင်တွေကို လွယ်ကူစွာ ပြောင်းလှယ်ပေးနိုင်ခြင်း.။ Copy, cut, paste တိုကို လွယ်ကူစွာ အသုံးပြုနိုင်ခြင်း။ over 1000 အထိ အသုံးပြုနိုင်ခြင်း စသော အများကြီးသော လုပ်ဆောင်မူတွေနှင့် အကောင်းဆုံးသော Android Keyboard   တစ်ခု ဖြစ်ပါတယ်။
စမ်းသပ်အသုံးပြုချင်တယ်ဆိုရင်တော့ နမူနာအနေနဲ့အောက်မှာ Screen Shoot တွေရိုက်ပြထားပါတယ် ။
Android OS Version 2.3 နှင့်အထက်ရှိထားတဲ့ဖုန်းတွေပေါ်မှာ Installလုပ်၍အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Screen Shoot



Download From Here 


Download From Here 

Application တွေကိုမြန်မာမှုပြုနိုင် ပြင်ဆင်နိုင့် မယ့် APK Editor v1.4.9 Apk



ကျွန်တော်အခုတင်ပေးလိုက်တဲ့ Application လေးကတော့ Android Apk တွေကို မြန်မာမှုပြုပေးနိုင်ပြီး ၊ မိမိလိုချင်တဲ့ ပုံစံမျိုးလေးတွေပြုပြင်ပြောင်းလဲပေးနိုင်တဲ့ Application လေးတစ်ခုဖြစ်ပါတယ်ဗျာ။ မိမိပြင်ချင် တဲ့ Application အကြောင်းကိုတော့ ကောင်းကောင်းလေးနားလည်ထားဖို့လိုပါတယ်ဗျာ။ Application ရဲ့ Icon တွေ ၊ စာသားတွေ ၊ Background တွေ Permission တွေအစရှိတာတွေအားလုံးကို မိမိပြုပြင်ချင် သလိုမျိုးလေး ပြင်ဆင်နိုင် မှာဖြစ်ပါတယ်ဗျာ။ မိမိကျွမ်းကျင်ရင်ကျွမ်းကျင်သလိုမျိုး အသုံးပြုနိုင်မယ့် Application ကောင်းတစ်ခုလည်း ဖြစ်ပါတယ်ဗျာ။
Android OS Version 2.3 နှင့်အထက်ရှိထားတဲ့ဖုန်းတွေပေါ်မှာInstallလုပ်၍လွယ်ကူစွာအသုံးပြုနိုင်မှာ
ဖြစ်ပါတယ်။ လိုအပ်ရင် အောက်မှာ ဒေါင်းယူနိုင်ပါပြီ။ အဆင်ပြေကြပါစေဗျာ။

Screenshot 


Download From Here 


Download From Here 

ကိုယ့် Profile ကို ဘယ်သူဝင်ကြည့်ထားလဲဆိုတာ ဖေါ်ပြပေးနိုင်မယ့် Who Viewed Me On Fbook v1.12 Apk



Android OS နှင့် Tablet ကိုင်ဆောင်ထားသော  သူငယ်ချင်းတွေအတွက် ကိုယ့် Profile ကို ဘယ်သူဝင်ကြည့်ထားလဲဆိုတာ ဖေါ်ပြပေးနိုင်မယ့် လေးကို တင်ပေးလိုက်ပါတယ်ဗျာ။ ဘယ်သူမဆို ကိုယ့် Profile  ထဲ့ကို ဘယ်သူ တွေ ကြည့်သွားလည်း ဆိုတာ သိချင်ကြတာပေါ့ အဲ့ဒါတွေကို သိဖို့ အတွက်တော့ ဒီကောင်လေးကို ဆောင်ထားလိုက်ပါ ။
စမ်းသပ်အသုံးပြုချင်တယ်ဆိုရင်တော့ နမူနာအနေနဲ့အောက်မှာ Screen Shoot တွေရိုက်ပြထားပါတယ် ။
Android OS Version 2.3 နှင့်အထက်ရှိထားတဲ့ဖုန်းတွေပေါ်မှာ Installလုပ်၍အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Screen Shoot


Download From Here 


Download From Here 

မိမိရဲ့ ဖုန်းကို Menu Button ခလုတ်ကိုနှိပ်စရာမလိုပဲ လက်နဲ့ဝှေ့ယမ်းပြီးဖွင့်နိုင်မယ့် Smart screen on-Apk



မိမိရဲ့ ဖုန်းကို Menu Button ခလုတ်ကိုနှိပ်စရာမလို့တော့ပါဘူး
လက်နဲ့ဝှေ့ယမ်းလိုက်တာနဲ့ဖုန်းဖွင့်သွားပါပြီ-ခလုတ်လည်းပြတ်မှာကြောက်စရာမလိုတော့ပါဘူး-ဒီApplication မှာတော့ တော့-Enable smart screen on မှာအမှန်ခြစ်ပေးပါ **WAVE HAND MODE မှာ ON နှိပ်ပေးလိုက်ပါ-အပေါ်ဆုံးမှာsave and restart app ကိုနှိပ်လိုက်ရင်တော့ဒီဆော့&
#4125;ဲလေးကိုသုံးလို့ရပါပြီ။
စမ်းသပ်အသုံးပြုချင်တယ်ဆိုရင်တော့ နမူနာအနေနဲ့အောက်မှာ
Screen Shoot တွေရိုက်ပြထားပါတယ် ။
Android OS Version 2.3 နှင့်အထက်ရှိထားတဲ့ဖုန်းတွေပေါ်မှာ
 Installလုပ်၍အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Screen Shoot


Download From Here 


Download From Here 

Samsung Galaxy J5 Version (All Version) Root ဖေါက်နည်း

Samsung Galaxy J5 ရဲ့  Model အားလုံးကို Root ဖေါက်နိုင်ဖို့ စုစည်းပေးလိုက်ပါတယ်..။ အရင်တစ်ခေါက်ကတင်ထားတာ အဆင်မပြေဘူးပြောလာလို့ ပြည့်စုံအောင် ထပ်တင်ပေးလိုက်ပါတယ်..။

ဒီ Model တွေပါ....
  SM-J5008 / SM-J500F/ SM-J500FN / SM-J500G / SM-J500H SM-J500M / SM-J500N0 / SM-J500Y.
 Samsung Galaxy J5 ကို Root ပြုလုပ်ဖို့အတွက် အောက်မှာ CF AutoRoot ဖိုင်လ်တွေ တင်ပေးထားပါတယ်...   မိမိဖုန်း Model No နှင့် ကိုက်ညီတာကို သေချာစွာ ရွေးပြီး ဒေါင်းယူထားပါ။ (Zip ဖိုင်လ်ကို ဖြည်ထားပါ.. Odin ပါ တခါတည်းပါပြီးသားပါ)
 

Samsung USB Driver ကို ကွန်ပျူတာမှာ Install လုပ်ထားရပါမယ်.. မရှိသေးရင် ဒီမှာနှိပ်ပြီး ဒေါင်းယူ Install လုပ်ပါ..။
Odin နောက်ဆုံး Version ကို လိုအပ်ရင် ဒီမှာနှိပ်ပြီး ဒေါင်းယူပါ။(Zip ဖိုင်လ်ကိုဖြည်ထားပါ)
အားလုံးပြည့်စုံပြီဆိုရင် Root စ,တင်ပြုလုပ်ပါမယ်...
မိမိရဲ့  Galaxy J5 ကို Power ပိတ်လိုက်ပါ....
 Volume Down + Home + Power  ခလုတ်သုံးခုကို ၁၀ စက္ကန့်မျှ တစ်ပြိုင်တည်း  တွဲနှိပ်ထားပါ...
Download Mode ကို ရောက်သွားပါလိမ့်မယ်..
ပြီးရင် ဖုန်းကို USB ကြိုးမှတဆင့် ကွန်ပျူတာနဲ့ ချိတ်ပေးလိုက်ပါ...
Odin 3.10.7.exe ကို Run လိုက်ပါ...

PDA မှတဆင့်...
img_-1458334344-U22556.png
စောစောကဒေါင်းယူထားတဲ့ ..... CF-Auto-Root-j5ltekx-j5ltekx-smj500??.zip  ကို ရွေးပေးပြီး...
img_-1458334396-U22556.png
အောက်နားက Start ကို နှိပ်ပေးလိုက်ပါ...

img_-1458334444-U22556.png
သူ့ဖာသာသူ အလုပ်လုပ်နေပါလိမ့်မယ်... 
ခဏနေရင်....
PASS လို့ပေါ်လာပြီး Reboot ကျသွားကာ ဖုန်းလည်း သူ့အလိုလိုပြန်ပွင့်လာပါလိမ့်မယ်..
ပုံမှန်အတိုင်း ပြန်ပွင့်လာရင် ဖုန်း Screen ပေါ်မှာ SuperSU Icon လေးနှင့် Root ပေါက်နေတာကို တွေ့မြင်နိုင်ပါပြီ..။
ခင်မင်လျှက်
ဝင်းကမ္ဘာကျော်
www.winkabarkyaw.net
Related Posts Plugin for WordPress, Blogger...