ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Wednesday 9 September 2015

♪ Android Expert ဖြစ်စေဖို့ နည်းလမ်း ခြောက်ခု ♫

1
Android Expert တွေဟာ သာမာန်လူတွေထက် သူတို့ရဲ့ စမတ်ဖုန်းကို ထိရောက်စွာ အသုံးချတတ်ပါ တယ်။ အဲဒီအတွက် သင့်ရဲ့ စမတ်ဖုန်း အသုံးပြုမှုကို တိုးတက်စေမယ့် Android Expert တွေရဲ့ အမူအကျင့်တွေကို ရှာဖွေစုဆောင်းပြီး ဖော်ပြပေးလိုက်ပါတယ်။

၁။ Expert တွေဟာ သူတို့ရဲ့ Device များကို ချိတ်ဆက်ထားကြပါတယ်။
PC ကနေ SMS ပေးပို့ခြင်း၊ အခြား Device တစ်ခုကနေ WhatsApp Messages များကို စာပြန်ခြင်း၊ Device များကြားမှာ လင့်များနဲ့ ဖိုင်များကို မျှဝေခြင်း တို့အတွက် Android Expert တွေဟာ Pushbullet App ကို အသုံးပြုကြပါတယ်။ App ကို သင့်ရဲ့ Devices များနဲ့ ဒတ်စတော့ ဘရောက်စာမှာ အင်စတောလုပ်ထားရင် မည်သည့် Device ကို သင်အသုံးပြုနေသည်ဖြစ်စေ လင့်များ၊ Messages များကို လွယ်ကူစွာပေးပို့နိုင်၊ စာပြန်နိုင်မှာ ဖြစ်ပါတယ်။ စမတ်ဖုန်းကို သာမာန်သာ အသုံးပြုတတ်သူတွေက ဓါတ်ပုံ၊ ဖိုင်နဲ့ လင့်များကို သူတို့ထံ သူတို့ အီးမေးပေးပို့တဲ့ နည်းလမ်းကို အသုံးပြုကြပါတယ်။

1

၂။ Expert တွေဟာ Bloatware တွေကို ဖယ်ရှားကြပါတယ်။
သင့် စမတ်ဖုန်းမှာ Pre-Installed လို့ ခေါ်တဲ့ ကြိုတင်ထည့်သွင်းထားတဲ့ Apps များကို တွေ့နိုင်ပါတယ်။ အဲဒီ Apps များကို အသုံးမပြုရင်ဘဲဖြစ်ဖြစ်၊ အခြားပိုကောင်းတဲ့ Third-Party Apps များကို အသုံးပြုတာပဲဖြစ်ဖြစ် Pre-Installed Apps များကို ဖယ်ရှားနိုင်ပါတယ်။ Android Expert တွေကတော့ အဲဒီ Apps တွေကို Uninstall လုပ်ကြပါတယ်။

Sony ဖုန်းတွေမှာ App Drawer ထဲသွား၊ ဘယ်ဘက်ကနေ ပွတ်ဆွဲ၊ Uninstall ကို နှိပ်ပြီး ဖယ်ရှားနိုင်ပါ တယ်။ Uninstall လုပ်နိုင်တဲ့ Apps များနဲ့ မလုပ်နိုင်တဲ့ Apps များကို ခွဲခြားပြသပေးထားပါတယ်။ အခြား စမတ်ဖုန်းထုတ်လုပ်သူတွေရဲ့ စနစ်တွေကတော့ အနည်းငယ်ကွဲပြားပါတယ်။ Samsung မှာ Disable Apps နဲ့ LG မှာ Hide လုပ်နိုင်ပါတယ်။ Pre-Installed Apps များကို Uninstall လုပ်ချင်ရင်တော့ သင့်ဖုန်းကို Root လုပ်ထားတာက အကောင်းဆုံးဖြစ်ပါတယ်။

Root လုပ်ထားတဲ့ဖုန်းများမှ Pre-Installed Apps များကို Uninstall လုပ်ပေးနိုင်တဲ့ Apps များစွာကို Play Store မှာ ရယူနိုင်ပါတယ်။ သင့်ဖုန်းကို Root မလုပ်ချင်ရင် Memory သက်သာစေဖို့ အသုံးမပြုတဲ့ Apps များအတွက် Updates များကို Uninstall လုပ်ပြီး Disable လုပ်ပါ။ ဒါပေမယ့် အခြား Apps များက သင် Disable or Uninstall လုပ်ချင်တဲ့ App ကို မှီခိုနေရတယ်ဆိုရင်တော့ သေချာစွာလေ့လာပြီးမှ Disable or Uninstall လုပ်သင့်ပါတယ်။

HTC BlinkFeed နဲ့ Samsung My Magazine/Flipboard Briefing တို့လို စွမ်းဆောင်ချက်များကို အသုံးမပြုချင်ရင် Home Screen မှ နေရာလွတ်ပေါ်မှာ ဖိထားပြီး Settings ကို နှိပ်ပါ။ အဲဒီကနေ စွမ်းဆောင်ချက်များကို ပိတ်နိုင်ပါတယ်။

2

၃။ Expert တွေဟာ Voice Command များကို အသုံးပြုကြပါတယ်။
Android စမတ်ဖုန်းများမှာ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Google Now ပါရှိကြပါတယ်။ Voice Search App ကို ဖွင့် ဒါမှမဟုတ် Ok Google လို့ ပြောလိုက်တာနဲ့ ကိုယ်ရေးလက်ထောက်ကို အသံနဲ့ ခိုင်းစေနိုင်ပါပြီ။ Google Now ကို ခိုင်းစေနိုင်တဲ့ Voice Command များစွာ ရှိပြီး အင်တာနက်မှာ ရှာဖွေနိုင်ပါတယ်။

3

၎။ Expert တွေဟာ Home Screen မှာ Bookmarks တွေကို ထားရှိကြပါတယ်။
မိုဘိုင်းဘရောက်စာများစွာဟာ သင်နှစ်သက်ရာ ၀က်ဆိုက်ကို တိုက်ရိုက်သွားရောက်နိုင်မယ့် Home Screen Launcher ကို ဖန်တီးခွင့်ပေးထားပါတယ်။ Chrome ဟာ ၀က်ဆိုက်ရဲ့ အိုင်ကွန်ကို Home Screen မှာ Pin လုပ်ပေးနိုင်တဲ့အတွက် Apps များကို အသုံးပြုသလိုပဲ သင်နှစ်သက်တဲ့ ၀က်ဆိုက်နဲ့ စာမျက်နှာများကို လွယ်ကူစွာ ကြည့်ရှုနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ ဒါဟာ Apps များကို အသုံးပြုရတာထက် ဒေတာကုန်ကျမှုသက်သာပြီး ဖုန်းရဲ့ စွမ်းအင် အရင်းအမြစ်များကို သက်သာစေတဲ့ နည်းလမ်းဖြစ်ပါတယ်။

4

၅။ Expert တွေဟာ ဒေတာကို စောင့်ကြည့်ကြပါတယ်။
Expert တွေဟာ Mobile Data အသုံးပြုမှုကို စောင့်ကြည့်တတ်ကြပါတယ်။ Google Play မှာ Carrier တွေရဲ့ Apps များရှိပြီး ဒေတာအသုံးပြုမှုနဲ့ ပတ်သက်တဲ့ တိကျတဲ့ သတင်းအချက်အလက်တွေကို သိနိုင်ပါတယ်။ Android Phone များရဲ့ Settings မှာပါတဲ့ Data Usage ကိုလည်း Home Screen မှာ အလွယ်တကူ အသုံးပြုနိုင်အောင် Shortcut ပြုလုပ်ထားနိုင်ပါတယ်။ ဒီလိုလုပ်ဖို့ Home Screen ရဲ့ နေရာလွတ်ပေါ်မှာ ဖိထားပြီး Widgets ကို နှိပ်ပါ။ Settings Shortcut ကို Home Screen ပေါ်တင်ပြီး Data Usage ကို ရွေးပေးပါ။

ဒါ့အပြင် Mobile Data အသုံးပြုမှုကို တိုင်းတာပေးနိုင်တဲ့ Onavo Count ( Data Manager ) , My Data Manager – Data Usage တို့လို Apps များကိုလည်း အသုံးပြုနိုင်ပါတယ်။

5

၆။ Expert တွေဟာ အလုပ်တွေကို အလိုအလျှောက် လုပ်ခိုင်းတတ်ကြပါတယ်။
စမတ်ဖုန်းတွေဟာ နေ့စဉ်လူနေမှုဘ၀တွေရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာပါပြီ။ နေ့စဉ်လူနေမှုဘ၀တွေမှာ တစ်ချိန်ထဲ၊ တစ်နေရာထဲမှာပဲ တူညီတဲ့ အလုပ်တွေကို ထပ်ခါထပ်ခါ လုပ်ရတာတွေရှိနေပါတယ်။ အဲဒီအတွက် Smartphone Expert တွေက အလုပ်တွေကို သူတို့ကိုယ်တိုင် လုပ်စရာမလိုဘဲ အလိုအလျှောက် ပြုလုပ်ပေးအောင် ပြုလုပ်တတ်ကြပါတယ်။ ဥပမာအားဖြင့် အလုပ်ကနေ အိမ်ပြန် လာချိန်မှာ “ အိမ်ပြန်လာပြီ။ “ ဆိုတဲ့ Message ကို အလိုအလျှောက်ပေးပို့ခြင်း၊ ရာသီဥတု ခန့်မှန်းချက်အရ ထီးယူဖို့ Notification အလိုအလျှောက် ပေါ်လာအောင် ပြုလုပ်ခြင်းတို့ ဖြစ်ပါတယ်။

6

ဒီလို စမတ်ဖုန်းမှာ အလုပ်တွေ အလိုအလျှောက် လုပ်ပေးနိုင်တဲ့ Apps နှစ်ခုကတော့ IF by IFTTT နဲ့ Tasker တို့ဖြစ်ပါတယ်။ အဲဒီ Apps များက အလိုအလျှောက် လုပ်ပေးနိုင်တဲ့ အလုပ်တွေက များပြားလှပါ တယ်။ Android Expert တွေက အဲဒီ Automation Apps များကို အသုံးပြုကြပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...