ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Wednesday 25 March 2015

Xiaomi Redmi Note & Note 4G ဖုန်းများကို အလွယ်တကူ Root လုပ်နိုင်ပါပြီ

မင်္ဂလာပါ
အမေးများလာတဲ့ Xiaomi Redmi Note & Note 4G ဖုန်းများကို
Root လုပ်နည်းကို အားလုံးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။

အခုကျနော် ရှင်းပြပေးသွားမယ့် နည်းလမ်းများသည်
ဒီ Xiaomi Redmi Note & Note 4G ဖုန်းများကို Root လုပ်နည်းနဲ့
Root Access ရရှိနိုင်တဲ့ Root Tool များနဲ့ နည်းလမ်းပေါင်းစုံကို
တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

စကားမစပ် ဒီ Xiaomi Redmi ဆိုင်ရာ ဖုန်းကို Root လုပ်တော့မယ်ဆိုရင်တော့
Firmware တင်နည်းကိုပါ မသိထားလို့ မဖြစ်ဘူးနော် တော်ကြာ Root လုပ်တာ
တော့ အဆင်ပြေတယ် မပြေတဲ့အခါကျ တွပ်ပီ ကံမကောင်းပဲ ဘာလုပ်ရမှန်းမသိ
ဖြစ်နေရင်တော့ အဟ... မပူပါနဲ့ ဟိုအရင်ကျနော်တင်ပေးထားဖူးပါတယ်
အောက်ကလင့်မှာ ၀င်လေ့လာကြည့်လိုက်ပါ။

အသစ်သွင်သစ်နဲ့ သိပ်လန်းချင်တယ်ဆိုတဲ့ သူများအတွက် Offical MIUI ROM တင်နည်း For Redmi 1S, Mi4, Mi3, Note, Pad အပြည့်အစုံ

မိမိဖုန်းကို Root လုပ်ခြင်းကိစ္စ မစမှီတော့
 မိမိဖုန်းရဲ့ Data များအားလုံးကို Backup လုပ်ထားသင့်ပါတယ်

ဖုန်းရဲ့ Data များနဲ့ App များကို Backup လုပ်နည်းကို ကျနော်
ဟိုတလောက ဖုန်းမှာတင် လုပ်နည်းနဲ့ ကွန်ပျူ တာကနေလုပ်ယူ
နည်းများကို အသေးစစ်ရှင်းပြပေးခဲ့ပါပြီ။

ဖုန်းမှာတင် Backup apk များကို အသုံးပြု ပြီး
Backup အလွယ်တကူ လုပ်ယူနည်းကို အောက်လင့်မှာ ၀င်ဖတ်ပေးပါ။

 ဖုန်း System တစ်ခုလုံးကို Backu and Restore ဆိုင်ရာ ဖုန်းမှာတင် အလွယ်တကူ လုပ်ယူနည်းအပြည့်အစုံ

 ဖုန်းရဲ့ Data များနဲ့ App များကို ကွန်ပျူ တာကနေ
Backup Tool များကို အသုံးပြု ပြီး အလွယ်တကူ Backup လုပ်
ယူနည်းကိုတော့ အောက်ကလင့်မှာ လေ့လာကြည့်လိုက်ပါ

ဖုန်း System တစ်ခုလုံးကို Backup & Restore လုပ်ဖို့ရန်အကောင်းဆုံး ဆော့ဝဲများနဲ့ အသုံးပြုနည်း အပြည့်အစုံ 

Backup လုပ်နည်း Restore လုပ်နည်းကို နားလည်ပြီးရင်တော့
Xiaomi Redmi Note & Note 4G ဖုန်းများကို အလွယ်တကူ
 Root အလွယ်လုပ်နည်းကို အောက်မှာ ဆက်လေ့လာကြည့်ပါ။

Framaroot-1.9.3.apk Method ဖြင့် Root လုပ်နည်း
=========================

 ကျနော် Google တစ်ခွင်ပတ်ရှာကြည့်တော့ ဒီ Xiaomi Redmi Note & Note 4G ဖုန်းများကို
ကွန်ပျူ တာမလိုပဲ Root Access အလွယ်တကူ ရရှိနိုင်တဲ့ Root Apk လေးကိုတွေ့ပါတယ်။

အဲဒါကတော့ လူတိုင်းသိပြီးဖြစ်တဲ့ Framaroot Apk လေးပါ။
ဒီ Apk မှာတောင်မှာ ဗားရှင်း Framaroot-1.9.3.apk နဲ့မှ အဆင်ပြေပါတယ်။
ဒါပေမယ့် အခုနောက်ပိုင်းထွက်ရှိထားတဲ့ Update ဗားရှင်းတွေလည်း အဆင်ပြေလောက်မှာပါ။

ဒီ Xiaomi Redmi Note & Note 4G ဖုန်းများကို ဒီ Framaroot Apk လေးနဲ့
Root Access ရရှိနိုင်တယ်ဆိုရင်တော့ ဒီ Apk လေးနဲ့ Root လုပ်နည်းကိုတော့
အောက်ကလင့်မှာ ပုံလေးတွေနဲ့တကွ ရှင်းပြထားပါတယ် လေ့လာကြည့်လိုက်ပါ။




Download Here


တစ်ခြားသော One Click Root Apk ဖြစ်တဲ့ Towelroot apk နဲ့
Root လုပ်နည်းကိုတော့ အောက်ကလင့်မှာ လေ့လာကြည့်လိုက်ပါ။


မြည်သည့်ဖုန်းကိုမဆို 4.2.2 အထက် ဖုန်းအားလုံးကို One Click နဲ့ Root အလွယ်တကူ လုပ်နည်း (ကွန်ပျူ တာမလို)


Root Genius Method ဖြင့် Root လုပ်နည်း
======================
 ဒီတစ်ခါ Xiaomi Redmi Note & Note 4G ဖုန်းများကို
Root Genius Tool ဖြင့် One Click နဲ့တင် Root Access ရရှိနိုင်ပါတယ်။

ဒီ Root Tool လေးကိုအသုံးပြု မယ်ဆိုရင်တော့ Root လုပ်မရဖြစ်နေတဲ့
 တော်တော်များများ Phone or tablet များကို တစ်ချက်တည်းနှိပ်ရုံနဲ့
Root လုပ်ပေးနိုင်တဲ့ One Click Root tool ဖြစ်ပါတယ်။

 Root Genius tool ဖြင့် Root အလွယ်လုပ်နည်းကိုတော့
အောက်ကလင့်မှာ ၀င်လေ့လာကြည့်လိုက်ပါ။

Phone or tablet များကို တစ်ချက်တည်းနှိပ်ရုံနဲ့ Root လုပ်ပေးနိုင်တဲ့ Root Genius Method

Updater app ကိုအသုံးပြု ပြီး Root လုပ်နည်း
=======================

 ဒီတစ်ခါတော့ Xiaomi Redmi ဖုန်းတွေမှာ တိုက်ရိုက်ပါလာတဲ့
Updater app ကိုအသုံးပြု ပြီး Xiaomi Redmi Note & Note 4G ဖုန်းများကို
 အလွယ်တကူ Root လုပ်နိုင်ပါတယ်။ အောက်မှာ ဆက်လေ့လာကြည့်လိုက်ပါ။

How to Root Xiaomi Redmi Note & Note 4G (Official)
==========================
 1-) Download copy to external SD card
2-) Select updater app
3-) Select menu
4-) Select update package
5-) Select pathway to 'Rootonly_beta.zip'
6-) And install
7-) After reboot select security app
8-) Select permission app
9-) Check root tab
Well done you have root!!!


၁။ ပထမဆုံး RedMiNote_rootonly.zip အရင်ဒေါင်းလော့ရယူလိုက်ပါ။


၂။ ဒေါင်းလော့ရလာတဲ့ Zip ဖိုက်ကို မိမိဖုန်း SD Card သို့ ကူးထည့်လိုက်ပါ
ဘယ် Folder မှာမှ သွားမထည့်ပါနဲ့ ဒီအတိုင်း ထည့်လိုက်ရုံပါ။


 ၃။ ဖုန်းမှာ ပါလာတဲ့
Updater app ကိုဖွင့်လိုက်ပါ။
ပြီးရင် ဖုန်းရဲ့ Menu Button ကိုနှိပ်ပါ၊ Select installation pack ဆိုတာကိုနှိပ်ပါ။

Select installation pack ဆိုတာကို နှိပ်ပြီးတာနဲ့ စောနားက
ဖုန်းရဲ့SD Card ထဲမှာထည့်ထားခဲ့တဲ့
 ‘Update.Zip’ OR RedMiNote_rootonly.zip ကိုရွေးပေးလိုက်ပါ။
 အောက်ကပုံကို အသေအချာကြည့်ပါ။




၎။ Update ဆိုတာကိုနှိပ်လိုက်ပြီးရင်တော့ Update Now သို့မဟုတ်
  Update to New version ကိုနှိပ်ပေးလိုက်ပါ။
ပြီးရင် 2 Minutes လောက်စောင့်နေပေးလိုက်ပါ။

ဖုန်းပြန်တက်လာရင်တော့ Security App ကိုအသင့်ရောက်နေပါလိမ့်မယ်။
Verify လုပ်ရန်အတွက်  Security App ကိုဖွင့်လိုက်ပါ။
ပြီးရင် Root Permission နေရာမှာ Enable သို့မဟုတ် Turn on ပေးလိုက်ပါ။


အပေါ်ကနည်းလမ်းတွေအတိုင်း အားမရသေးရင်တော့
Root လုပ်နည်း Video Tutorial လေးကို Youtube လင့်ကနေ
တင်ပေးလိုက်ပါတယ် အောက်မှာ ကြည့်လိုက်ပါ။


အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။

 ခင်မင်လေးစားလျှက်

 
အဆင်ပြေပါစေ
Credit  by
ဇူးနစ်(နည်းပညာ)
 www.zunite.org

1 comment:

Related Posts Plugin for WordPress, Blogger...