ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Wednesday 30 April 2014

Android စမတ်ဖုန်းတွေကို Galaxy S5 အဖြစ် ပြောင်းလဲပေးမယ့် နည်းလမ်းများ

TechSpace Journal's photo.

TechSpace Journal's photo.

TechSpace Journal's photo.

အဆင့်မြင့်နည်းပညာတွေ ထည့်သွင်းပေးထားတဲ့ Samsung ရဲ့
နာက်ဆုံးထွက် စမတ်ဖုန်းနဲ့ ပတ်သက်ပြီး ချီးကျူးဂုဏ်ပြုသံတွေက မစဲသေးပါဘူး။ မြန်မာနိုင်ငံအတွင်းမှာဆိုရင်လည်း Galaxy S5 ကို ဝယ်ယူနိုင်နေပါပြီ။ စိတ်ဝင်စားမှု အများဆုံးခံရတဲ့ စမတ်ဖုန်းဆိုလည်း မမှားပါဘူး။ Galaxy S4 ပြည်တွင်းကို ဝင်ရောက်လာတုန်းက အုတ်အော်
သောင်းနင်းနဲ့ အလုအယက် ဝယ်ယူ ခဲ့ကြတယ်။ ယခု Galaxy S5 ကိုလည်း အားပေးတဲ့ပရိသတ်တွေက လျော့နည်းမသွားပါဘူး။

Galaxy S5 ကို ကြိုက်နှစ်သက်ရတဲ့ အကြောင်းအရင်းကို ပြောပါဆိုရင် သူ့ရဲ့ရေစိုခံနိုင်စွမ်း၊ Heart rate sensor စွမ်းရည်နဲ့ ကင်မရာစွမ်းရည်
တွေကြောင့်လို့ အဖြေပေးမှာ အသေအချာပါပဲ။ ရေစိုခံနိုင်ခြင်းဆိုတာက ဖုန်းကိုစတင်တည်ဆောက်ကတည်းက တစ်ပါးတည်းထည့်သွင်း လိုက်တဲ့ နည်းပညာဖြစ်တာကြောင့် ရေစိုမခံနိုင်တဲ့ ဖုန်းကို ရေစိုခံနိုင်အောင် ဖန်တီးလို့ မရပါဘူး။ သို့ပေမယ့် Galaxy S5 မှာလို Heart rate sensor စွမ်းရည်နဲ့ ကင်မရာစွမ်းရည်တွေအတိုင်း ရိုးရိုး Android ဖုန်းမှာ သုံးနိုင်ဖို့အတွက်ဆိုရင် App လေးတွေ သုံးပေးလိုက်ရုံနဲ့ ရတယ်ဆိုတာ သိသူနည်းသေးမယ်လို့ ထင်ပါတယ်။ ဒီလိုဆိုရင် ရိုးရိုး Android ဖုန်းကို Galaxy S5 အဖြစ်
ပြောင်းလဲကြည့်ရအောင်။
Heart rate sensor
Galaxy S5 ရဲ့အနောက်ဘက်မှာ တပ်ဆင်ထားတဲ့ Heart rate sensor ဆိုတာက သူ့ရဲ့နာမည်ကျော် Feature တစ်ခုပါပဲ။ ဒါပေမယ့် သူတစ်ခုတည်း နဲ့တော့ အလုပ်မဖြစ်ပါဘူး။ Heart rate sensor သုံးမယ်ဆိုရင် ဖုန်းထဲက S Health app ကို အရင်ဆုံး ဖွင့်ထားရပါမယ်။ ပြီးရင် sensor ပေါ်ကို လက်ချောင်းတင်ပေးလိုက်မယ်ဆိုရင် ဖုန်းရဲ့မျက်နှာပြင်မှာ တစ်မိနစ်အတွင်း သင့်ရဲ့နှလုံးခုန်နှုန်း ဘယ်လောက်ရှိတယ် ဆိုတာ ဖော်ပြပေးပါလိမ့်မယ်။
ဒီလို အလန်းစား Feature တစ်ခုကို ရိုးရိုး Android ဖုန်းတွေမှာ သုံးနိုင်ဖို့ Runtastic ကုမ္ပဏီက ဖန်တီးထုတ်လုပ်ပေးလိုက်ပါတယ်။ App ရဲ့နာမည်ကို Runtastic Heart Rate app လို့အမည်ပေးထားပါတယ်။ ဒီ App ကို သူ့ရဲ့ GPS running app ကိုအခြေပြုတည်ဆောက် ထားတယ်လို့ ဆိုပါတယ်။ Runtastic Heart Rate app မှာတော့ နှလုံးခုန်နှုန်းတွေကို တိုင်းတာဖို့အတွက် Camera Sensor ကိုအသုံးချ ရမှာပါ။ Camera Sensor ပေါ်ကို လက်ချောင်းတင်ပေးလိုက်တာနဲ့ သင့်ရဲ့နှလုံးခုန်နှုန်းတွေကို တွက်ချက်ပေးတော့မှာ ဖြစ်ပါတယ်။ ဒါက မယုံနိုင်စရာလို့ ယူဆနိုင်ပါတယ်။ စမ်းသပ်အသုံးပြုများရဲ့ လေ့လာတွေ့ရှိချက်အရတော့ Galaxy S5 က ထုတ်ပေးတဲ့ နှလုံးခုန်နှုန်းနဲ့ သိပ်မကွာဘူးလို့ ဆိုပါတယ်။
Runtastic Heart Rate
OS => Android 2.2 and up
Cost => Free
Download => http://bit.ly/P9QARw
-------------------------------------------------------------------
Selective Focus
ဓာတ်ပုံတွေကို ရိုက်ပြီးတာတောင်မှ လိုချင်တဲ့နေရာကို ပြန်ပြီး Focus ဖြတ်လို့ရတဲ့ ကင်မရာစနစ်သစ်ကို Galaxy S5 မှာအပြင် HTC One M8 မှာအသုံးပြုလာပါတယ်။ HTC One M8 မှာတော့ နောက်ကင်မရာရဲ့ ထိပ်ဘက်မှာ ပါဝင်တဲ့ Sensor က အာရုံခံပေးပြီး Galaxy S5 မှာတော့ Software တစ်ခုလုံးသာ အားကိုးထားပါတယ်။ Selective Focus ဆိုတာက မလိုအပ်တဲ့မြင်ကွင်းတွေကို ဝေဝါးပေးတဲ့ Feature တစ်ခုပါတယ်။ Selective Focus ကြောင့် မိမိအသားပေးလိုတဲ့ ပုံရိပ်ဟာ ပိုပြီးကြွရွ
သွားစေပါတယ်။
ဒီလို Function အတိုင်း အခြား Android ဖုန်းတွေမှာသုံးနိုင်ဖို့အတွက်ဆိုရင် Google Camera ဆိုတဲ့ App လေးရှိပါတယ်။ အဲဒီ App ထဲမှာ Lens Blur ဆိုတဲ့ Feature လေးကိုအသုံးချပြီး မိမိမလိုအပ်တဲ့ မြင်ကွင်းတွေကို
ဝေဝါးပေးနိုင်ပါတယ်။ တစ်ခုရှိတာက ဒီ App ကိုသုံးနိုင်ဖို့အတွက် သင့်ဖုန်းရဲ့ OS ဗားရှင်းက 4.4 နဲ့အထက်ရှိဖို့ လိုပါလိမ့်မယ်။
Google Camera
OS => Android 4.4 and up
Cost => Free
Download => http://bit.ly/1mdGpqB
-------------------------------------------------------------------
Private Mode
သင့်ဖုန်းထဲမှာ အခြားသူမမြင်စေလိုတဲ့ ဖိုင်တွေ၊ ဓာတ်ပုံတွေ ရှိနေမယ်ဆိုရင် အခြားသူကသင့်ဖုန်းကို ကိုင်လိုက်တိုင်း စိတ်မချမ်းသာ ဖြစ်နေပါလိမ့်မယ်။ Galaxy S5 မှာတော့ Private Mode နဲ့ သင့်ရဲ့ကိုယ်ပိုင်အချက်အလက်တွေကို ကာကွယ်ပေးထားပါတယ်။ Private Mode အတွင်းကိုတော့ လက်ဗွေရာလုံခြုံရေးစနစ်နဲ့ ဝင်နိုင်သလို၊ Password တွေ PIN နံပါတ်တွေနဲ့လည်း ထိန်းချုပ်ထားနိုင်ပါတယ်။
ဒီလို Galaxy S5 ရဲ့ Private Mode မျိုးလိုအသုံးပြုနိုင်မယ့် AppLock ဆိုတဲ့ App လေးရှိပါတယ်။ သူ့ကိုတော့ PIN လုံခြုံစနစ်နဲ့ ထိန်းချုပ်ထားပါတယ်။ တစ်ပါးသူမမြင်စေလိုတဲ့ App တွေ၊ Setting တွေ၊ Program တွေ၊ ဖုန်းခေါ်ဆိုမှုတွေကို AppLock ထဲ ထည့်ပိတ်ထားနိုင်ပါတယ်။
AppLock
OS => Android 2.2 and up
Cost => Free
Download => http://bit.ly/1jjyav2
-------------------------------------------------------------------
Kids Mode
Kids Mode ဆိုတာကတော့ ဖုန်းကိုကလေးငယ်တွေ ဝင်ရောက်ကလိမှာ ကာကွယ်တားဆီးပေးတဲ့ Feature တစ်ခုပါ။ Kids Mode အတွင်းမှာ ကလေးငယ်တွေအတွက် သီးသန့် App တွေကိုရွေးချယ်သတ်မှတ်ပေးထားနိုင်တဲ့အတွက် မသုံးစေချင်တဲ့ App တွေကို ဝင်ရောက်နိုင်ခြင်း မရှိပါဘူး။ Kids Mode အတွင်းမှာ ကလေးငယ်တွေအကြိုက် Layout ပုံစံမျိုးတွေ၊ Wallpaper မျိုးတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။
Kids Mode နဲ့အလားသဏ္ဍာန်တူညီတဲ့ App လေးကတော့ Zoodles ကနေ ထုတ်လုပ်လိုက်တဲ့ Kid Mode: Free Games + Lock ဆိုတဲ့ App လေးပါပဲ။ ဒီ App လေးထဲမှာ မိမိကလေးငယ်တွေကို အသုံးပြုစေချင်တဲ့ App တွေ သတ်မှတ်ပေးထားနိုင်ပါတယ်။

Kid Mode: Free Games + Lock
OS => Android 2.2 and up
Cost => Free
Download => http://bit.ly/19MJauJ
Ref : Cnet (Four apps that can transform any Android device into a Galaxy S5)
-------------------------------------------------------------------
May Thazin (TSJ Team)

Acer က Iconia One 7 နှင့် Iconia Tab 7 Tablets များကို ကြေညာ

Photo: Acer က Iconia One 7 နှင့် Iconia Tab 7 Tablets များကို ကြေညာ
=====================================

Acer က နယူးယောက်မြို့ တွင် တက်ဘလက် အသစ်များ ကို ကြေညာလိုက်ပါသည်။ Acer Iconia One 7 Tablet နှင့် Acer Iconia Tab 7 Tablet Phone တို့ ဖြစ်ပါသည်။ 

Acer Iconia Tab 7 သည် ခုနစ်လက်မအရွယ် တက်ဘလက် ဖြစ်သော်လည်း 3G အသုံးပြုနိုင်သဖြင့် ဖုန်းပြောဆိုနိုင်ပြီး အရွယ်ကြီးသည့် Phablet အဖြစ် အသုံးပြုနိုင်မည် ဖြစ်သည်။ သတ္တုကိုယ်ထည် ဖြင့် ကာရံထားပြီး ဖုန်းပြောဆိုခြင်း နှင့် အင်တာနက် အသုံးပြုခြင်း အတွက် လက်တစ်ဖက်ထဲ ဖြင့် ကိုင်တွယ်ရန် အဆင်ပြေပါသည် ဟု Acer က ပြောပါသည်။ Tab 7 HD Model  တွင် 1280x800 Resolution ရှိသည့် IPS Display တပ်ဆင်ထားပါသည်။ ကင်မရာ နှစ်လုံး နှင့် MicroSD Slot ပါရှိပါသည်။ Tab 7 HD Model တွင် Android 4.4 KitKat နှင့် Tab 7 တွင် Android 4.2 Jelly Bean ကို အသုံးပြုထားပြီး Jelly Bean ကို KitKat သို့ အဆင့်မြှင့်နိုင်သည် ဟု သိရသည်။ 

Acer Iconia One 7 သည် ခုနစ်လက်မအရွယ် တက်ဘလက် ဖြစ်ပြီး Intel Dual-Core Processor တပ်ဆင်ထားပါသည်။ 1280x800 Resolution IPS Display ပါရှိပါသည်။ MicroSD Card အသုံးပြုနိုင်ပြီး ကင်မရာ နှစ်လုံး ပါရှိပါသည်။ Android 4.2 ထည့်သွင်းထားသော်လည်း Android 4.4 KitKat သို့ အဆင့်မြှင့်နိုင်ပါသည်။ တစ်ခါအားသွင်းထားလျှင် ခုနစ် နာရီကြာ အသုံးခံသည် ဟု Acer က ပြောပါသည်။ 

Acer Iconia Tab 7 ကို ယူရို (၁၅၀) ဖြင့် မေလကုန် တွင် ရောင်းချမည် ဖြစ်ပြီး Tab 7 HD ကို ယူရို (၁၈၀) ဖြင့် ဇူလိုင်လ အစောပိုင်း တွင် ရောင်းချမည် ဖြစ်သည်။ Acer Iconia One 7 ကို ယူရို (၁၄၀) ဖြင့် မေလလယ်တွင် ရောင်းချမည် ဖြစ်သည်။ 

သူရ

Myanmar Digital Life Journal

<<< ကူညီတဲ့အနေနဲ့အောက်မှာ Click တစ်ချက်လောက်နှိပ်ခဲ့ပေးပါဦးနော် ။ ဘေးနှစ်ဖက်မှကြော်ငြာများကိုလည်း Click နှိပ်ခဲ့ပါဦး။ >>>

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

   Download

ဓါတ်ပုံတွေကိုအကောင်းဆုံးပုံတွေရရှိအောင် ပြုလုပ်ပေးနိုင်တဲ့ Perfectly Clear v 2.5.3 full APK

ဓါတ်ပုံတွေကိုပြုပြင်ရတာ ၀ါသနာပါသူများအတွက် အကြိုက်တွေ့စေမယ့်  Perfectly Clear v2.5.3 ဆိုတဲ့ Application လေး တစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ ရုပ်ထွက်မကောင်းတဲ့ ဓါတ်ပုံတွေကို ပိုမိုကောင်း မွန်လာအောင် (ကြည်လင်ပြက်သားမှုရှိလာအောင်) အတက်နိုင်ဆုံး ပြုပြင်နိုင်မှာဖြစ်ပါတယ်ဗျာ။

 အခု Application လေးက ဓါတ်ပုံရိုက်ပြီးသားပုံတွေကို မိမိ လိုချင်တဲ့အနေအထားပုံစံ မျိုးဖြစ်အောင်ပြု ပြင် ပေးနိုင်ပါတယ်ဗျာ။ Photo နဲ့သက် ဆိုင်တဲ့ Effect တွေ လည်းမျိုးစုံပါဝင်ပါတယ်။ Android O/S : 2.3.3 နှင့်အထက်ဖုန်းများမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ် ဗျာ။ အောက်မှာလည်း နမူနာကြည့်နိုင်အောင် Screen Shoot လေးတွေရိုက်ပြီးတင်ပေးထားပါတယ်။
 Athentech Imaging, the makers of Perfectly Clear, have been the industry leaders in Automatic Image Correction for years. Our powerful and desktop and intelligent LAB software have led the way for an award winning iPhone app and now Android app.

Camera phones lack the quality and sophistication that dedicated cameras have and often leave you with underexposed, washed out photos. Perfectly Clear Automatically corrects these images and turns them into stunning memories for years to come. Now, from the everyday smart phone user to the experienced mobile photographer, there is an intelligent way to automatically correct your photos anywhere, anytime.

With the new, completely redesigned interface, no effort is required to create and then share beautiful looking images with this fun-to-use app. Watch as Perfectly Clear automatically peels off your original photo to reveal a vibrant, color corrected photo with crisp details you couldn’t see in your original. Want more then automatic? Perfectly Clear lets you use our 10 patented correction to further customize your image the with the use of easy, intuitive sliders.

See for yourself the power of Perfectly Clear

Perfectly Clear for Android is available at an introductory price of $.99! That's 50% off.

This is your chance to get this great new app from an award winning software company. Perfectly Clear will transform you Android photos from mere snapshots into stunning memories.What's in this version : (Updated : Apr 30, 2014)

 major release, lots of amazing stuff you’re going to love! New app icon Designed to visually convey what Perfectly Clear is all about More here: http://goo.gl/6cUgyA
    Removing Noise
     Yes, it’s finally here... our super powerful and award winning automatic noise removal is now available on Android. (access it in the Tweak section). Examples: http://goo.gl/nhTXk4
    Major Stability improvement

Download Here
==
 
အားလုံးအဆင်ပြေပါစေ

ကွန်ပျူတာ နည်းပညာ စာအုပ်များ....

ကွန်ပျူတာ နည်းပညာ စာအုပ်များ.... 

Credit..by..

ကွန်ပျူတာ နည်းပညာ စာအုပ်များ....

၁။ Google အင်တာနက်မှ ရှာဖွေနည်းများ - မျိုးသူရ
http://www.mediafire.com/?5q7edy237ql83r3

၂။ Using Facebook - ဇော်လင်း
http://www.mediafire.com/?t3lkb748l37u6ix

၃။ အင်တာနက် Website လမ်းညွှန်နှင့် Facebook အသုံးပြုနည်း - သူရအောင်
http://www.mediafire.com/?t3lkb748l37u6ix

၎။ Peachtree Accounting (Computer Accounting Software) - ဝေဖြိုးအောင်( NATOGYI)
http://www.mediafire.com/?971rnbyc0yqabn9

၅။ Learning Auto CAD 2010 -1 - အောင်ဇော်လတ်
http://www.mediafire.com/?bu4d7ir727cjr2f

၆။ Learning Auto CAD 2010 -2 - အောင်ဇော်လတ်
http://www.mediafire.com/?3g3b5i5n7pc63rz

၇။ Microsoft Access 2010 ဖြင့် Database Program ရေးဆွဲခြင်း - ကိုမြန်မာ
http://www.mediafire.com/?2mg0d9grp5mdlq8

၈။ Turbo C Programming အခြေခံ
http://www.mediafire.com/?d5dkaqabsks49q1

၉။ Photoshop Cs Tools - Tool များရဲ့ အသုံးပြုနည်း လျှို့ဝှက်ချက် .......... မျိုးဆက်(Mr.Photo)
http://www.mediafire.com/?gr2a8kfru6bftxa

၁၀။ ကွန်ပျူတာအကြောင်း အသေးစိတ်သိစရာ .... ဇော်လင်း
http://www.mediafire.com/?3h272467mi3zr0n

၁၁။ Learning Guide for 3D Sudio Max(ပတွဲ) စတင်လေ့လာသူတွေအတွက် - နေဇော်ဝင်းမောင်
http://www.mediafire.com/?79sfna6banp39fx

၁၂။ Learning Web Design .. Web Design လက်တွေသင်ခန်းစာများ - ဦးသောင်းဝင်း(ပန်းချယ်ရီ)
http://www.mediafire.com/?frrp8hcj1p9fyi2

၁၃။ Windows 8 ကိုလေ့လာခြင်း - သရ(ICT)
http://www.mediafire.com/?vl34in6ho2knctm

၁၄။ Basic Networking - ကိုနေ
http://www.mediafire.com/?cz7xgj05h7u6yxm

၁၅။
Joomla! အခမဲ့ဝက်ဘ်ဆိုက် ရေးနည်း တင်နည်း - ကောင်းမြတ်ထွဋ် ၊ တင်ဦး
http://www.mediafire.com/?0jq1g5y93dyaqlq

၁၆။ အခြေခံဒီဇိုင်းနှင့် ဂရပ်ဖစ် အနုပညာ - ဆန်နီညိမ်း
http://www.mediafire.com/?jc5g94m3quemei7

၁၇။ ကွန်ပျူတာ စာရင်းကိုင်မိတ်ဆက် -
http://www.mediafire.com/?q97go4ju5jvj3cr

၁၈။ ကွန်ပျူတာ အထက်တန်း အတွဲ ၁ - ဦးဇော်လင်း(youth)
http://www.mediafire.com/?fzcqds18le8zzah

၁၉။ လွယ်ကူလေ့လာ အခြေခံကွန်ပျူတာ - မျိုးသူရ
http://www.mediafire.com/download/0s4iifp3vf9ssne

၂၀။ အခမဲ့ဝက်ဆိုဒ်ရေးတင်နည်း - မျိုးသူရ
http://www.mediafire.com/download/ct4ye9l7e8t67pe

၂၁။ အဆင့်မြင့် အင်တာနက်အသုံးပြုနည်း - မျိုးသူရ
http://www.mediafire.com/download/822nkqadugbee7o

၂၂။ ကွန်ယက်ချိတ်ဆက်နည်း - မျိုးသူရ
http://www.mediafire.com/download/7od5hj8q1csimdb

၂၃။ PHP Guide Book - မိုးမြင့်ရှိန်း
http://www.mediafire.com/download/tjof5j4lf44vn0v

၂၄။ Window XP & Window 7 Installation User Guide - မိုးထက်မြင့်
http://www.mediafire.com/download/bwwb5zhgt4rrcg6

Chess Master 2014 14.04.28 APK (Update Version)

Android Phone + tablet ကိုင်ဆောင်ထားသူများအတွက် Chess ထိုးတာ ၀ါသနာ ပါသူများအတွက် Chess Master ကလည်း Update ထပ်ပေးလိုက်

ပြန်ပါပြီနော်။ ဒီ Version မှာ ဆိုရင်တော့ အုပ်စုဖွဲ့ပြီး ကစားတာတွေ ပြီးတော့ ဖလားလုပွဲတွေကအစ တစ်ကယ် အပြင်မှာ ကျင်းပတဲ့အတိုင်း ကျင်းပပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။ Level တွေများစွာပါဝင်ပြီး တော်ရုံတန်ရုံ User လောက်က ဒီ Chess Master ကိုလွယ်လွယ်ကူကူ ဆော့လို့ရမှာမဟုတ်ပါဘူး။ကစားချင်းတယ်ဆိုတော့အောက်မှာဒေါင်းလိုက်ပါ

Download Here
အားလုံးအဆင်ပြေပါစေ
 
✔Pdf Maker v1.1 For Amdroid✔

image
✔Pdf Maker v1.1 For Amdroid✔
-မိမိတို့ရဲ့ gallery ထဲမှာသိမ်းထားတဲ့ photo ပုံ​တွေ
ကိုစု​ပေါင်းပြီး pdf file စာအုပ်​အဖြစ်​ပြုလုပ်​​ပေးမယ့်
"pdf maker v1.1"ဆိုတဲ့ android ဖုန်းသုံး
application တစ်​ခုကို တင်​​ပေးလိုက်​ပါပြီ-
-အသုံးပြုနည်းကလည်း အရမ်းလွယ်​ကူပြီး မြန်​ဆန်​မှုရှိ
တာကို ​တွေ့ရပါတယ်​-
User Guide
၁။အခု​ပေးထားတဲ့​ဆော့ဖ်​ဝဲကို​ဒေါင်းလုပ်​ဆွဲလိုက်​ပါ။
၂။ဒေါင်းပြီးရင်​​ဆော့ဖ်​ဝဲကို installing လုပ်​ပါ။
၃။ပြီးရင်​​ဆော့ဖ်​ဝဲထဲကိုနှိပ်​ပြီး ဖွင့်​ဝင်​ပါ။
၎။ကင်​မရာချက်​ခြင်းရိုက်​ယူချင်​ရင်​ ​အောက်​ဘက်​ အလယ်​​နေရာက ကင်​မရာပုံ​လေးကိုနှိပ်​ပြီး ရိုက်​ယူ
နိုင်​ပါတယ်​။
၅။gallery ထဲက ပုံ​တွေကို​ရွေးလုပ်​မယ်​ဆိုရင်
အောက်​ဘက်​၊ဘယ်​ဘက်​​ဘေးနားက ဂယ်​လာရီပုံနဲ့
နေရာကိုနှိပ်​လိုက်​ပြီး ဂယ်​လာရီအထဲက ပုံ​တွေကို
ကိုယ်​လုပ်​ချင်​သ​လောက်​ အကုန်​ select ​ရွေး
အမှတ်​ခြစ်​​တွေ​ပေးပြီး​တော့၊​အောက်​က
proceed to next ဆိုတဲ့စာသား​နေရာကိုနှိပ်​ပါ။
၆။ပြီးရင်​​အောက်​က၊ညာဘက်​​နေရာက pdf ဆိုတဲ့
စာသား​နေရာပုံ​လေးကိုထပ်​နှိပ်​​ပေးလိုက်​ပါ။
၇။"set your file name"ဆိုတဲ့ box ကွက်​လပ်
နေရာ​လေး​ပေါ်လာပါမယ်​။အဲ့ဒိအထဲမှာ ကိုယ်​လုပ်​မယ့်
pdf file နာမည်​ကို​ရေးထည့်​လိုက်​ပါ။
၈။ပြီးရင်​ ok ကိုနှိပ်​​ပေးလိုက်​ပါ။
၉။"working please wait" ဆိုပြီး ခဏ​လေး
စောင့်​​နေ​ပေးပါ။build လုပ်​တာသိပ်​မကြာပါဘူး။
ခဏ​လေးပါပဲ။
၁၀။ပြီးရင်​ back key နဲ့ အဆုံးထိပြန်​ထွက်​လိုက်​ပါ။
၁၁။ပြန်​ထွက်​လိုက်​ပြီးရင်​ ကိုယ့်​ဖုန်းရဲ့ My File/
File Manager ထဲကိုဝင်​ပြီး၊Image To Pdf
ဆိုတဲ့ folder ဖိုဒါ​လေးထဲဝင်​လိုက်​ရင်​ ကိုယ်​ခုနက
ပြုလုပ်​လိုက်​တဲ့ photo ဓါတ်​ပုံ​တွေဟာ pdf file
စာအုပ်​အ​နေနဲ့ ​ရောက်​ရှိ​နေပါလိမ့်​မယ်​။
(ပုံ​တွေကို pdf file ပြုလုပ်​ခြင်းပြီးဆုံးပါပြီ)
-Apk File Size 1.8MB ရှိပြီး
-Android OS Version 2.2 နဲ့အထက်​ရှိဖုန်း
များမှာ အသုံးပြုနိုင်​ပါတယ်​။
★Pdf Maker v1.1 ​ဆော့ဖ်​ဝဲအား ​အောက်​က
လင့်​ခ်​ကိုနှိပ်​ပြီး ​ဒေါင်းလုပ်​ရယူနိုင်​ပါတယ်​★
★APK အား​ဒေါင်းရန်​ လင့်​ခ်​★
★ဒီပို့စ်​​လေးကို စာအုပ်​အဖြစ်​ပြန်​လည်​ဖတ်​ရှုလိုပါက
အောက်​ကလင့်​ခ်​မှာစာအုပ်​အား​ဒေါင်းယူလိုက်​ပါ★
"ပြုလုပ်​နည်းစာအုပ်​အား​ဒေါင်းရန်​ လင့်​ခ်​"
  အဆင်​​ပြေပါ​စေ။
   ကို​ဇော်​သွင်​(နည်းပညာ)

Tuesday 29 April 2014

ColorNote Notepad Notes Version: 3.9.51 (Update Version)

 ကိုယ်ရေးကိုယ်တာမှတ်တမ်းလေးတွေ မှတ်သားတက်သူများအတွက် အသုံးတည့်ပေးမယ့်ColorNote Notepad Notes  Version: 3.9.51ဆိုတဲ့ Android Application လေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ ကျွန်တော်ကိုယ်တိုင် လည်းသဘောကျလို့ အဲဒါလေးကိုဆောင်ပြီး
မှတ်ချင်တာလေးတွေမှတ်သားထားပါတယ်ဗျာ။ မိမိလုပ်ငန်း ပိုင်း ၊ ကိုယ်ရေးကိုယ်တာ ၊ ကျောင်းစာ ၊ အစရှိသဖြင့် ခေါင်းစဉ်လေးတွေခွဲခြားပြီး မှတ်သားထားနိုင်ပါတယ် ဗျာ။ မိမိက password လေး
လုပ်ပြီး password ကိုပြန်လည်းchange မယ်ဆိုရင် Menu -> Settings -> Master Password -> Menu Button-> Clear Passwordဒါဆိုအဆင်ပြေလောက်ပါတယ်ဗျာ။ဒီကောင်းလေးကိုတော့ Android OS 1.6 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။
Color Note is a simple notepad app. It gives you a quick and simple notepad editing experience when you write notes, memo, email, message, shopping list and to do list. Color Note Notepad makes taking a note easier than any other notepad and memo apps.

* Notice *
If you cannot find widget of Color Note notepad notes, please read below FAQ.

* Features for Color Note notepad notes *
-Organize notes by color
-Sticky note Widget
-Checklist notes for To do list & Shopping list
-Checklist notes to get things done (GTD)
-Organize your schedule by note in calendar
-Password Lock note : Protect your notes by passcode
-Secured backup notes to sd storage
-Supports online back up and sync. You can sync notes between phone and tablet.
-Reminder notes on status bar
-List/Grid View
-Search notes
-Notepad supports ColorDict Add-On
-Powerful Reminder : Time Alarm, All day, Repetition.(lunar calendar)
-Quick memo / notes
-Wiki note link : [[Title]]
-Share notes via SMS, email, twitter
-Use color to categorize notes

Type: Productivity
Size: File size 4.6 MB
From: Notes
Score: 4.5
Download Here
===

အားလုံးအဆင်ပြေပါစေ

Viber 4.3.1.21 (For Android)

အားလုံးစောင့်မျှော်နေကြတဲ့ viber new version 29 April 2014 မှာ အသစ်လေးထွက်ရှီလာပါတယ် …
သူငယ်ချင်းတို့အားလုံးအဆင်ပြေမယ်လိုမျှော်လင့်ပါတယ်နော်။

Overview:Viber allows you to text, call, and send photos and video messages worldwide for free to over 200 million users using 3G or Wifi. Viber is available for Android, iPhone, Blackberry, Windows Phone and many more devices and platforms
With Viber, everyone in the world can connect. Freely. More than 200 million Viber users text, call, and send photo and video messages worldwide over Wifi or 3G - for free. Viber Out can be used to make calls to non-Viber mobile and landline numbers at low rates. Viber is available for many smartphones and platforms.

Viber is compatible with and optimized for Android tablets! Use Viber on your tablet and phone simultaneously.
On Viber, your phone number is your ID. The app syncs with your mobile contact list, automatically detecting which of your contacts have Viber.

What's New
4.3.1.21
Enhancements to the way Viber handles photo, video and location messages.
• Improved sticker menu
• Ability to reorder stickers
• Create group conversations easily
• Integration with native contact list for calls and messages
• Performance fixes
Download Here
===
အားလုံးအဆင်ပြေပါစေ
 
Custom Rom ဆိုတာ ဘာလဲ ?

Android ထုတ်ကုန် အသုံးပြုသူများအနေနဲ့ Android နဲ့သက်ဆိုင်တဲ့ သတင်းဝက်ဘ်ဆိုက်တွေထံ လည်ပတ်ရောက်ရှိတဲ့အခါမှာ ROM တွေရဲ့အကြောင်းကို ကြားဖူးကောင်းကြားဖူးပါလိမ့်မယ်။ ဒါပေမယ့် Android အသုံးပြုသူအများစုဟာ ROM တွေရဲ့အကြောင်းကို နားလည်သိရှိကြပေမယ့် အချို့သောသူများကတော့ ROM တွေရဲ့အကြောင်းနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရှိကြပါဘူး။

ဒါကြောင့် custom ROM တွေရဲ့အကြောင်းကို မသိသေးသူများအတွက် custom ROM ကိုအသုံးပြုရာမှာ သိထားသင့်တဲ့အချက်တွေကို ဖော်ပြလိုက်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ROM ဆိုတာ ဘာလဲဆိုတာ ရှင်းပြပါမယ်။ ROM ဆိုတဲ့အသုံးအနှုန်းဟာ သိုလှောင်မှုချစ်ပ်တွေပါဝင်တဲ့ Read-Only-Memory ကို အတိုကောက်ခေါ်ဆိုထားခြင်း ဖြစ်ပါတယ်။ ROM ပါဝင်တဲ့ Gameboy ဂိမ်းတွေမှာ ဂိမ်းတွေကို Save လုပ်ဖို့အတွက် သီးခြားနေရာရှိပေမယ့် ဂိမ်းတွေကတော့ Read-Only ဖြစ်တဲ့အတွက် modify ပြုလုပ်နိုင်ခြင်း မရှိပါဘူး။
 ဒီအသုံးအနှုန်းကို Android မှာ ရည်ညွှန်းအသုံးပြုတဲ့အခါမှာတော့ Firmware လို့ သုံးနှုန်းတာ အနီးစပ်ဆုံးမှန်ကန်တယ်လို့ ဆိုရပါမယ်။ ROM ကို Android ထုတ်ကုန်တွေမှာ install လုပ်တယ်ဆိုတဲ့ အဓိပ္ပာယ်ဟာ Android software/system file တွေကိုဖျက်ခြင်း (သို့) လက်ရှိ ဖိုင်အဟောင်းကို အသစ်နဲ့အစားထိုးခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ကွန်ပျူတာ operating system (Windows 7, OS X, Linux) တို့ကို re-install လုပ်တဲ့ လုပ်ငန်းစဉ်နဲ့ တူညီပါတယ်။

Cusom ROMs ဆိုတာဘာလဲ

Android ROM တွေမှာ stock ROM နဲ့ custom ROM ဆိုပြီး နှစ်မျိုးရှိပါတယ်။ Stock ROM ဆိုတာကတော့ Android ဖုန်းကိုဝယ်ယူတဲ့အခါမှာ ပါဝင်လာတဲ့ဖုန်းရဲ့ operating system ဖြစ်ပါတယ်။ Custom ROM ဆိုတာကတော့ Android ဖြန့်ချိမှုတစ်ခုကို ပြုပြင်မွမ်းမံထားခြင်း ဖြစ်ပါတယ်။ Google ဟာ Android source code ကို မည်သူမဆို ပြောင်းလဲအသုံးပြုနိုင်အောင် ပြုလုပ်ပေးထားတာကြောင့် လူအများဟာ ၎င်း code ကို ကိုယ်တိုင်ပြောင်းလဲကြပြီး fetaure များထည့်သွင်းကြသလို နှစ်သက်ဖွယ်ကောင်းတဲ့ tweak များနဲ့ ပြောင်းလဲဖြန့်ဝေကြပါတယ်။ ဒါကြောင့် custom ROM တစ်ခုကို homescreen ပြောင်းလဲခြင်း၊ background ၀န်ဆောင်မှုများနဲ့ default software စတာတွေပါဝင်တဲ့ Android ကို ထုတ်ကုန်တစ်ခုပေါ်မှာ ပိုမိုကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့အတွက် custom code ပြောင်းလဲပြင်ဆင်မှုအချို့ ပြုလုပ်ထားခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။
 Software ကျွမ်းကျင်ပညာရှင်များဟာ လျင်မြန်ပြီး feature အများစုဖြည့်စွက်ထားတဲ့ ROM တွေကို အတူတကွ ပူးပေါင်းတည်ဆောက်ကြပါတယ်။ လက်ရှိမှာ နာမည်ကျော်နေတဲ့ ROM များကတော့ Android ထုတ်ကုန် ၇၀ ကျော်အတွက် အထောက်အပံ့ပေးတဲ့ CyanogenMod, ပြုပြင်ပြောင်းလဲမှု များစွာပြုလုပ်ထားပြီး ပေါ့ပါးတဲ့ ROM ဖြစ်တဲ့ AOKP အမြင်ကောင်းမွန်အောင် အဓိကထားပြုလုပ်ထားတဲ့ ROM ဖြစ်တဲ့ Android Revolution တို့ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ Android တည်ဆောက်မှုများကို သာမန်လူများကသာ ပြုလုပ်ထားခြင်းဖြစ်ပြီး HTC နဲ့ Samsung တို့မှ developer များက ပြုလုပ်ထားခြင်းမျိုး မဟုတ်ပေမယ့် အားနည်းချက်အများအပြားရှိသလို အသုံးပြုတဲ့အခါမှာလည်း အန္တရာယ် မရှိစေပါဘူး။ 
အချို့သော အခြေအနေများတွင် community များက တည်ဆောက်ထားတဲ့ software တွေဟာ ဆယ်ဆမက ပိုမိုကောင်းမွန်တာကိုတွေ့ရပြီး ဖြန့်ချိတဲ့အချိန်ကလည်း တစ်ခုတစ်ခုဝေးကွာခြင်း မရှိပါဘူး။ Android အသုံးပြုသူများအနေနဲ့ HTC နဲ့ Samsung တို့ရဲ့ လက်ရှိ Software နဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှုမရှိဘူးဆိုရင် အောက်ဖော်ပြပါ ၀က်ဘ်ဆိုက်များထံ သွားရောက်လည်ပတ်ပြီး လေ့လာနိုင်ပါတယ်။ လက်ရှိ နာမည်ကျော်နေတဲ့ ROM သုံးခုကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

- CyanogenMod, http://www.cyanogenmod.com ကတော့ Android ထုတ်ကုန်တွေကို လျင်မြန်စွာနဲ့ အသုံးပြုနိုင်စေမယ့် ROM ဖြစ်ပါတယ်။
- AOKP, http://aokp.co ကလည်း နာမည်ကျော် ROM တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ထုတ်ကုန်အများစုအတွက် အထောက်အပံ့ပေးထားခြင်း မရှိပေမယ့်လည်း လေ့လာရကျိုးနပ်စေမယ့် ROM ဖြစ်ပါတယ်။
- Android Revolution HD, http://forum.xda-developers.com/showthread.php?t=840040 မှာတော့ HTC ထုတ်ကုန်များကို အများစုအထောက်အပံ့ပေးထားပြီး Asus Transformer နဲ့ Galaxy Nexus တို့ကိုလည်း အထောက်အပံ့ပေးထားပါတယ်။

Custom ROM များကို အသုံးပြုခြင်းကြောင့် ရရှိသည့် အကျိုးကျေးဇူးများ

- Android ဖြန့်ချိမှုအသစ်ကို ရရှိလိုတဲ့အခါမှာ လပေါင်းများစွာ စောင့်ဆိုင်းရပါတယ်။ ဒါပေမယ့် custom ROM developer များကတော့ ရက်သတ္တပတ်အနည်းငယ်အတွင်း ဖြန့်ချိပေးနိုင်ပါတယ်။ ဒါ့အပြင် feature သစ်တွေပါဝင်ပြီး အားနည်းချက်တွေကို ပြင်ဆင်ပေးထားတဲ့ update တွေကို မကြာခဏဆိုသလို ဖြန့်ချိတဲ့အတွက် ထုတ်ကုန်တွေကို လျင်မြန်စွာနဲ့ အသုံးပြုနိုင်စေပါတယ်။ Custom ROM အများစုကို update ပြုလုပ်တဲ့အခါမှာလည်း over the air (OTA) ဖြင့်ပြုလုပ်နိုင်တာကြောင့် အရာအားလုံးကို re-install မလုပ်ဘဲ သုံးနိုင်ပါတယ်။

- ဖုန်းကို Root လုပ်ပြီးတဲ့ ROM တစ်ခုကို install လုပ်တဲ့အခါမှာ အလွယ်တကူပြုလုပ်နိုင်ပြီး ဖုန်းနဲ့အတူပါလာတဲ့ stock ROM ကိုလည်း ပြောင်းလဲအသုံးပြုနိုင်စေပါတယ်။
- Custom ROM တစ်ခုကို install လုပ်ဖို့အတွက် Android ထုတ်ကုန်ကို Root လုပ်ထားဖို့လိုပါတယ်။ ဒါမှသာ ဖုန်းပေါ်မှ မလိုအပ်တဲ့အရာများကို ဖယ်ရှားခြင်း၊ ဖုန်းကို မွှေနှောက်အသုံးပြုခြင်းတို့ကို ပြုလုပ် နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Root access လိုအပ်တဲ့ overclocker လိုမျိုး application တွေကိုလည်း အသုံးပြုနိုင်စေပါတယ်။

Custom ROM များရဲ့ စွမ်းဆောင်ရည်

Developer တွေဟာ carrier တွေက ထည့်သွင်းပေးလိုက်တဲ့ app များကဲ့သို့ မလိုအပ်သမျှကို ဖယ်ရှားထားခြင်းနဲ့ kernel ကို အဆင့်မြှင့်တင်ထားမှုများကြောင့် custom ROM တွေရဲ့စွမ်းဆောင်ရည်ဟာ လျင်မြန်ပြီး အသုံးတည့်သလို memory သုံးစွဲမှုကလည်း နည်းပါးရခြင်း ဖြစ်ပါတယ်။

Custom ROM အသုံးပြုရာတွင် သတိပြုရမည့်အချက်များ

- Custom ROM များကို အသုံးပြုတဲ့အခါမှာ အန္တရာယ်ဖြစ်စေနိုင်တာကြောင့် သတိပြုပြီး အသုံးပြုဖို့လိုပါတယ်။ ပထမဦးဆုံးအနေနဲ့ ROM ထည့်သွင်းခြင်းလုပ်ငန်းစဉ်ဖြစ်တဲ့ flash လုပ်ငန်းစဉ်ကို ပြုလုပ်တဲ့အခါမှာ အမှားအယွင်းတစ်စုံတစ်ရာနဲ့ တွေ့ကြုံနိုင်ပါတယ်။ ဒီလိုဖြစ်ရပ်မျိုးဟာ ဖြစ်ပွားမှုနည်းပါးလျက်ရှိပြီး အကယ်၍ အမှားအယွင်းတစ်စုံတစ်ရာနဲ့ ကြုံတွေ့ခဲ့ပါက ယခင်အခြေအနေအတိုင်း restore လုပ်နိုင်ပါတယ်။

- Custom ROM ကို install လုပ်တဲ့အခါမှာ clean wipe ကိုပြုလုပ်ဖို့လိုပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ လက်ရှိ data တွေအားလုံးကို ဖျက်ပစ်မှာဖြစ်တဲ့အတွက် အရာအားလုံးကို အရင်ဆုံး back up လုပ် ထားရပါမယ်။
- Custom ROM တွေမှာ အားနည်းချက်ရှိနိုင်ပါတယ်။ အကယ်၍ အားနည်းချက်တွေကို ရှာဖွေတွေ့ရှိတဲ့အခါမှာ ROM forum ပေါ်မှာတင်ပြီး မေးမြန်းမှုများပြုလုပ်ကာ အကြံဉာဏ်များရယူနိုင်ပါတယ်။

- ဖုန်းအသစ်တွေနဲ့ ROM အသစ်တွေဟာ အချိန်တိုင်းလိုလို ထွက်ပေါ်နေပါတယ်။ ဒါကြောင့် ဖုန်းနဲ့လိုက်ဖက်မယ့် ROM ကိုရှာဖွေရာမှာ ဖုန်းအမျိုးအစားနဲ့ ROM ကိုရိုက်ထည့်ပြီး အလိုရှိတဲ့ Android ဗားရှင်းကို ရှာဖွေသင့်ပါတယ်။

ေေရးသားသူ -ဘမ္ဘီ

Credit to http://www.myanmarinternetjournal.com

ပန်းချီရေးရာနှင့် ပုံဆွဲ အခြေခံများ (မြန်မာလို)

 ပန်းချီရေးရာနှင့် ပုံဆွဲ အခြေခံများ ဆိုတဲ့ စာအုပ်လေးပါ
ပုံဆွဲတာ ဝါသနာပါတဲ့ သူငယ်ချင်းများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

Credit: http://sarchitthu.blog.com

Click Here to Download

ရှောင်ရှားသင့်တဲ့ ကွန်ပျူတာ အမှားများ

Photo: ရှောင်ရှားသင့်တဲ့ ကွန်ပြူတာ အမှားများ
=====================

ကွန်ပြူတာ နဲ့ ပတ်သက်ပြီး အယူအဆများစွာ ၊ နည်းလမ်းများစွာ ရှိပါတယ်။ အဲဒီအယူအဆ တွေထဲက အချို့ ဟာ မှားယွင်းနေပါတယ်။  အဲဒီအမှားတွေ ကို  ရှောင်ရှားနိုင်တဲ့ နည်းလမ်းတွေကို ရေးပေးလိုက်ပါတယ်။ 

Default Installation ကို အသုံးပြုခြင်း
--------------------------------------
Freeware တွေဟာ အခမဲ့အသုံးပြုနိုင်တဲ့အတွက် အလွန်အသုံးဝင်ပါတယ်။ ဒါပေမယ့် Freeware အများစု မှာ ကြော်ညာတွေ ပါရှိကြပြီး Ad-Ware လို့ ခေါ်တဲ့ ဆော့ဝဲ အပိုတွေကို ထည့်သွင်းပေးတတ်ကြပါတယ်။ အဲဒီ အပိုဆော့ဝဲ တွေ ဟာ ကွန်ပြူတာ ကို လေးလံစေပါတယ်။ အဲဒီအတွက် Freeware တစ်ခုကို အင်စတော လုပ်ပြီဆိုတိုင်း Custom Installation ကို အသုံးပြုသင့်ပါတယ်။ Custom Installation ကို အသုံးပြုရင် Ad-Ware, Crapware , Browser Toolbar နဲ့ အခြား ဆော့ဝဲ တွေကို အင်စတော လုပ်ခြင်း မှ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ 
 
Registry ရှင်းလင်းခြင်း
------------------------
Registry ရှင်းလင်းခြင်း ဟာ ကွန်ပြူတာ ကို မြန်ဆန်စေတယ်လို့ ယူဆနေကြပါတယ်။ အဲဒီ အယူအဆ ဟာ မှားယွင်းပါတယ်။ Windows Registry ဟာ Windows နဲ့ Applications တွေရဲ့ Settings တွေကို သိမ်းမှတ်ထားတဲ့ Database ဖြစ်ပါတယ်။ Windows Registry မှာ Entry ပေါင်း သိန်းဂဏန်း ရှိပါတယ်။ ဆော့ဝဲ တစ်ချို့ကို Uninstall လုပ်လိုက်တဲ့အခါမှာ Registry မှာ Entry အနည်းငယ် ကျန်ရှိတတ်ပါတယ်။ အဲဒီ Entry အနည်းငယ် ကို ရှင်းလင်းခြင်းဟာ ကွန်ပြူတာ ကို သိသာစွာ လျှင်မြန်လာစေမှာ မဟုတ်ပါဘူး။ အခြား Registry Entry တွေကို မှားယွင်း ရှင်းလင်း မိတတ်ပြီး မလိုလားအပ်တဲ့ Error တွေ ဖြစ်တတ်ပါတယ်။ ဆော့ဝဲ Company တွေက သူတို့ရဲ့ Registry Cleaner တွေ ရောင်းကောင်းအောင် လိမ်လည်ကြော်ညာနေကြတာဖြစ်ပါတယ်။ 
 
Disk Defragmentation မကြာခဏ ပြုလုပ်ခြင်း
------------------------------------------------
Windows က Drive တွေကို နောက်ကွယ်မှာ အလိုအလျှောက် Defragment ပြုလုပ်ပေးတဲ့အတွက် ကိုယ်တိုင် Defragment ပြုလုပ်စရာမလိုပါဘူး။  Fragmented ဖြစ်တဲ့ နှုန်းဟာ ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်း အတွင်းမှာ ရှိလာမှသာ ကိုယ်တိုင် Defragment ပြုလုပ်သင့်ပါတယ်။ Magnetic Hard Drive (HDD) များမှာသာ Defragment ပြုလုပ်စရာလိုပါတယ်။ Solid State Drive (SSD) များမှာ Defragment ပြုလုပ်စရာမလိုပါဘူး။ 
 
ကွန်ပြူတာ ကို Restart မပြုလုပ်ခြင်း
-------------------------------------
ကွန်ပြူတာမှာ ပြဿနာ တစ်ခုတက်ရင် ပထမဆုံး Restart ပြုလုပ်ပြီး ပြဿနာ ပြေလည်သွားပြီလားဆိုတာ စစ်ဆေးသင့်ပါတယ်။ Reboot ပြုလုပ်ခြင်းဖြင့် ပြဿနာများစွာ ကို ပြေလည်စေပါတယ်။ Reboot ပြုလုပ်ခြင်းဖြင့် ကွန်ပြူတာ နှေးကွေးစွာ အလုပ်လုပ်ခြင်း၊  Program တွေက Memory ကို အလွန်အကျွံအသုံးပြုခြင်း ၊ အင်တာနက် နဲ့ WiFi ချိတ်ဆက်မရခြင်း ၊ Windows Blue Screen of Death ပြဿနာဖြစ်ခြင်း စတာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ 
 
Data များကို Back Up မပြုလုပ်ခြင်း
-----------------------------------
ဒေတာ ဆုံးရှုံးမှုဖြစ်စေတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။ အဖြစ်အများဆုံး က မှားယွင်းဖျက်မိခြင်း၊ Hard Disk ပျက်ဆီးခြင်း၊ Viruses နဲ့ သင့်တော်စွာ Shutdown မပြုလုပ်ခြင်း တို့ ဖြစ်ပါတယ်။ အဲဒီအတွက် အရေးကြီးတဲ့ ဖိုင်တွေကို အမြဲတစ်စေ Back Up ပြုလုပ်ထားသင့်ပါတယ်။ ဒေတာတွေကို Back Up ပြုလုပ်နိုင်တဲ့ နည်းလမ်းများစွာ ရှိပါတယ်။ External Hard Drive မှာ Back Up ပြုလုပ်ခြင်း၊ Cloud Storage မှာ Back Up ပြုလုပ်ခြင်း ၊ Network Drive အသုံးပြုခြင်း တို့ ဖြစ်ပါတယ်။ Windows 7 မှာ ဒေတာတွေကို Back Up , Restore ပြုလုပ်နိုင်တဲ့ စွမ်းဆောင်ချက်ပါရှိပါတယ်။ Windows 8 မှာ Time Machine Back Up စွမ်းဆောင်ချက်ပါရှိပါတယ်။ 
 
Windows OS နဲ့ အခြား ဆော့ဝဲတွေကို Update မပြုလုပ်ခြင်း
--------------------------------------------------------------
Developer တွေက Updates တွေပြုလုပ်ပေးရတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။ အဓိက အကြောင်းအချက်တွေက စွမ်းဆောင်ချက် အသစ်တွေကို ထည့်သွင်းပေးဖို့၊ အမှားတွေကို ပြင်ဆင်ဖို့၊ လုံခြုံရေး ဟာကွက်တွေကို ဖာထေးပေးဖို့ နဲ့ System ကို ပိုမိုလုံခြုံစေဖို့ ဖြစ်ပါတယ်။ 
Control Panel>System and Security> Windows Update မှာ Windows Update တွေကို ရယူနိုင်ပါတယ်။ Windows Update တွေကို အလိုအလျှောက် Download ရယူပြီး အင်စတော လုပ်ဖို့ ကို Windows Update ရဲ့ Settings ထဲမှာ သတ်မှတ်ထားနိုင်ပါတယ်။ 
 
Antivirus ကိုလည်း အမြဲတစ်စေ Update ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ Antivirus Company တွေက Virus အသစ်တွေကို ကာကွယ်ဖို့ Virus Database တွေကို နေ့စဉ် Update ပြုလုပ်ပေးလေ့ရှိပါတယ်။ 

ကွန်ပြူတာနည်းပညာနယ်ပယ် ဟာ ကျယ်ပြန့်တဲ့အတွက် မှားယွင်းတဲ့ အယူအဆတွေကို လက်ခံကျင့်သုံးနေသူတွေ အများကြီး ရှိပါတယ်။ အပေါ်မှာ ဖော်ပြထားတဲ့ အယူအဆမှားတွေကို သိရှိပြီး ရှောင်ရှားနိုင်ဖို့ ရေးသားပေးလိုက်ပါတယ်။ 

GalaxSim Unlock 2.5.0 APK (Update Version)

SamsungPhone ကိုင်ဆောင်ထားသူများအတွက် ဆောင်ထားသင့်တဲ့ ဆော့ဝဲလေးဖြစ်ပါတယ်။ဒီဆော့ဝဲလေးက ဘာလုပ်တဲ့ ဆော့ဝဲလေးလဲဆိုရင်တော့ SamsungphoneSimlock တွေကို ဖြည့်ပေးတဲ့ ဆော့ဝဲလေး ဖြစ်ပါတယ်။ သူငယ်ချင်း တစ်ယောက်ယောက်ကဒါမှမဟုတ် နိုင်ငံခြားကနေပြီးတော့ သင့်ရဲ့ ဆွေမျိုးက Samsung PhoneS3 ကိုလက်ဆောင်ထည့်ပေးလိုက်တယ်။
 
 ဒါပေမဲ့ အဲဒီဖုန်းက ဒီနိုင်ငံမှာ သုံးလို့မရဘူးဖြစ်နေတယ်။ပြောမယ်ဆိုရင်တော့ Sim lock ဖြစ်နေတာပေါ့ ဆိုင်တွေမှာ သွားပြင်ရင်လည်း အနည်းဆုံးကတော့ ၃သောင်းလောက်ပေးရပါတယ်။ ဒီဆော့ဝဲလေးကတော့တစ်ပြားမှ ပေးစရာမလိုပါဘူး။ ဒါပေမဲ့ မိမိဖုန်းထဲမှာ Root ရှိထားဖို့လို့ပါတယ်။Sim Lock ကို Support ပေးတဲ့ Model တွေကတော့ S4,S3,S2,S,Note2,Note3, စတာတွေကို Support ပေးပါတယ်။ အသုံးဝင်တဲ့ ဆော့ဝဲလေးမို့လို့ တင်ပေးလိုက်ပါတယ်။

Features:
 
  Unsimlock / unbrand your phone
  Persists even after reset / flash / wipe / unroot
  Supports any rooted rom (Samsung stock, aosp, aokp, cm10, cm11…)
  Supports international GS4 GT-I9500, GS3 GT-I9300, Note2 GT-N7100
  Supports other Galaxy family devices (S, S2, Tab, Note and their variants)
  Supports devices previously unlocked with “voodoo unlock” or “galaxy s unlock”
  Detects errors like lost imei / serial in nv_data caused by third party apps
Gives detailed information about current locks status (locked, unlocked or “partially locked”)
  Automatic and manual efs backup (should guarantee a safe use), restore it on demand
Supports more Galaxy devices soon.

 ဝင်းလှိုင် (နည်းပညာ)

Galaxy S4 (GTI9500) အတွက် မြန်မာစာပါတဲ့ Official firmware 4.3

GalaxyS4(GTI9500)သမားတွေ အတွက် မြန်မာစာပါတဲ့ Firmware တင်ပုံတင်နည်းလေးကိုရှင်းပြပေးမှာဖြစ်ပါတယ်..ကိုယ်တိုင်ကိုယ်ကျ တင်နိုင်အောင် Tutorials များနဲ့တကွ ရှင်းပြပေးသွားမှာဖြစ်ပါတယ်..လိုအပ်မယ်ဖိုင်တွေကို အောက်ပါလင့်တွင် ဒေါင်းယူပါ..
Galaxy S4(GTI9500) firmware ဖိုင်အားဒေါင်းရန်
Passward တောင်းလာပါက  MMAS ဟု ရိုက်ထည့်ပါ..

Odin အား ဒေါင်းရန်

Samsung Usb Driver ဒေါင်းရန်(ရှိပြီးသားဖြစ်ပါက ဒေါင်းစရာမလိုပါ)

အားလုံးဒေါင်းပြီးသွားရင် ကွန်ပျူတာပေါ်မှာ Zip ဖြေလိုက်ပါ..
Firmware ဖိုင်ဇစ် ဖြေတဲ့အခါမှာ  tar.md5 ဖိုင်နဲ့ SS.DLL ဆိုပြီး ဖိုင် နှစ် ဖိုင် ထွက်ပါမယ်..
အဲဒီထဲက  tar.md5 ဖိုင်ကို ပဲယူမှာပါ.. ပြီးရင် odin ကို ကွန်မှာ ရမ်းလိုက်ပါ…ပြီးရင် အဲထဲက PDA နေရာမှာ စောစောတုန်းက firmware ဖိုင်ထဲက tar.md5 ဖိုင်ကို ရွေးပေးလိုက်ပါ…အောက်ပါပုံအတိုင်း ဖြစ်နေပါမယ်..

ပြီးရင် ဖုန်းကို ပါဝါပိတ် Download mode ကို   Vol- Power  Home တွဲနှိပ်ပြီးဝင်ပါမယ်..အောက် ကအတိုင်းဆိုရင် Download modeေ၇ာက်ပါပြီ..

ပထမပုံအတိုင်း ပေါ်လာရင်  vol+  ခလုတ်ကို နှိပ်လိုက်ပါ ဒုတိယပုံအတိုင်းဆို၇င် ရောက်ပါပြီ..
ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ…ခဏကြာရင် Odin ရဲ့
ID.com အထက်မှာ အရောင်လေး လင်းလာပါမယ်..

အဲဒီလိုမှ မလင်းလာရင် Driver ,ကြိုးပြန်စစ်ရပါမယ်..
ပြီးရင်တော့ Odin ရဲ့ Start ခလုတ်ကို နှိပ်လိုက်ပါ… အောက်ပါပုံအတိုင်း PASS ပြရင် ပြီးသွားပါပြီ ဖုန်းက reboot ကျသွားပါလိမ့်မယ်..ပြန်တက်လာရင် မိမိဖုန်း android versio 4.3 တင်ခြင်း ပြီးဆုံးပါပြီ.. reboot ကျသွားလို့ samsung logo မှာပဲ ၀ဲလည်လည် ဖြစ်နေရင် ဖုန်းကို ဘက်ထရီဖြုတ် ပြန်တပ် recovery mode ကို  vol+ power  home တွဲနှိပ်ဝင်ပါ အောက်ပါအတိုင်း ပေါ်လာပါမယ်.. အဲထဲကနေ factoy data reset /wipe cache partation လုပ်ပြီး reboot system now နှိပ်လိုက်ပါ..ပြန်တက်လာရင် 0k ပါပြီ..

REF MMAS
<<< တာဝန်မလေးပါက တချက်လောက်ကလစ်ပေးခဲ့စေလို >>>

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ
Related Posts Plugin for WordPress, Blogger...