ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Thursday 7 August 2014

♪ Samsung Galaxy Tab S အကြောင်းအသေးစိတ်ဖော်ပြချက်များ ♫

Photo: Samsung Galaxy Tab S
===============

ဒီဇိုင်း

အလျား ၈.၃၈ လက်မ၊ အနံ ၄.၉၄ လက်မနဲ့ အထူ ၀.၂၆ လက်မ သာရှိပြီး Huawei ကနောက်ဆုံးထွက်ရှိထားတဲ့ Ascend P7 ဖုန်းသာသာလောက်သာ အထူရှိတဲ့ ဒီဇိုင်းနဲ့ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ပါးလွှာသလို ပေါ့ပါးမှုလည်းရှိ မှာဖြစ်ပါတယ်။ နောက်ကာဗာကတော့ Galaxy S5 ဖုန်းရဲ့ နောက်ကာဗာပုံစံ မျိုးပေါက်ကလေးတွေပါဝင်ပြီး ဘေးဘောင်မှာလည်း ရွှေရောင်လိုင်းတစ်ခုထည့်သွင်းထားပါတယ်။ စတူဒီယိုအမျိုးအစား စပီကာကို Tablet ရဲ့ အောက် ဘက် ဘောင်ထဲမှာ ထည့်သွင်းတည်ဆောက်ထားပြီး 3.5mm နားကြပ်ပေါက်ကို အသုံးပြု ထားတာဖြစ်ပါတယ်။ Samsung ရဲ့ Super AMOLED အမျိုးအစား Capacitive Touchscreen ကို အသုံးပြုထားပြီး စကရင် resolution 1600x2560 pixels ထိအပြည့်အ၀ထောက်ပံ့ပေးနိုင်ပါတယ်။ စကရင် အကျယ် ဒေါင်းဖြတ်အတိုင်းအတာ ၈.၄ လက်မရှိပြီး Multitouch စနစ်နဲ့ Samsung TouchWiz UI စနစ်တွေလည်းထောက်ပံ့ပါဝင်ပါတယ်။ စွမ်းဆောင်ရည် ပြည်တွင်းကို ပထမဆုံးဝင်ရောက်လာတဲ့ CPU Core ၈ ခုပါဝင်တဲ့ Octa-Core အမျိုးအစား Tablet PC ပဲဖြစ်ပါတယ်။ Quad-core 1.9GHz Cortex-A15 နဲ့ Quad-core 1.3GHz Cortex-A7 အမျိုးအစား CPU နှစ်လုံးထည့်သွင်းထားပြီး Exynos 5 Octa 5420 Chipset ကိုအသုံးပြုထားတာဖြစ်ပါတယ်။ ဂရပ်ဖစ်ပိုင်းအတွက် Mali-T628 MP6 GPU ထောက်ပံ့ပါဝင်မှာဖြစ်ပါတယ်။ မှတ်ဥာဏ်ပမာဏ 3GB RAM ပါဝင်ပြီး အချက်အလက်သိုလှောင်မှုအတွက် 16GB Internal Storage ပါဝင်တဲ့အပြင် microSD ကနေ 128GB ထိတိုးမြှင့်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ WiFi 802.11 a/b/g/n/ac စနစ်၊ Wi-Fi Direct, DLNA, MHL, Wi-Fi hotspot စနစ်တွေအသုံးပြုနိုင်မှာဖြစ်ပြီး Bluetooth v4.0 စနစ်ထောက်ပံ့ပါဝင်ပါတယ်။ Android OS ကတော့ v4.4.2 (KitKat) ဖြစ်ပါတယ်။ Galaxy S5 လိုမျိုး လက်ဗွေလုံခြုံရေးစနစ် Fingerprint sensor ကိုထည့်သွင်းပေးထားပြီး Accelerometer, gyro, compass sensors စနစ်တွေလည်းပါဝင်မှာဖြစ်ပါတယ်။

ကင်မရာနှင့် ဘက်ထရီ 

Resolution 3264x2448 pixels ပမာဏ ပုံရိပ်ဖော်ဆောင်ပေး နိုင်တဲ့ 8MP အမျိုးအစား နောက်ကင်မရာရဲ့ အောက်ဖက်မှာ LED Flash မီးကို ထည့်သွင်း ထားပြီး ဗီဒီယိုကို 1080p (30fps) HD အရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာဖြစ် ပါတယ်။ ရှေ့မှာတပ်ဆင်ပေးထားတဲ့ ကင်မရာကတော့ 2.1MP အမျိုးအ စားဖြစ်ပါတယ်။ ကင်မရာပိုင်းမှာ Autofoucs စနစ်နဲ့ Geo-tagging စနစ်တွေ ထောက်ပံ့ပါဝင်ပါတယ်။ 4900 mAh ပမာဏရှိတဲ့ Li-on အမျိုးအစား ဘက်ထရီကို ထည့်သွင်းထားပြီး non-removable အနေနဲ့ တင်ဆင်ထား တာဖြစ်ပါ တယ်။ ဘက်ထရီနဲ့ကို ဗီဒီယိုဖုန်းခေါ်ဆိုမှုကို ၁၁ နာရီဝန်းကျင်နဲ့ သီချင်း နားထောင်မှုကို နာရီ ၈၀ နဲ့အထက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အားသာချက် 

ကြည်လင်ပြတ်သားပြီး တောက်ပတဲ့အရည်အသွေးမြင့် စကရင်က မြင့်မားတဲ့ contrast နဲ့ ပုံရိပ်တွေကို သဘာဝအတိုင်း ပုံဖော်ပေးနိုင်တာက ဒီ TabS ရဲ့အားသာချက်တစ်ခုပါ။ သာမန်ထက်ပိုမိုပါးလွှာတဲ့ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ သွားလေရာယူဆောင်သွားနိုင်မှာလည်းဖြစ်ပါတယ်။ ဘက်ထရီနဲ့ကို အချိန်ကြာမြင့်စွာ သုံးနိုင်တာက လည်း တခြား Tablet တွေထက် ထူးခြားလှပါတယ်။

အားနည်းချက် 

သူ့မှာပါဝင်တဲ့ တချို့ UI တွေ (ဥပမာ-Magazine UI) စတာတွေ ကိုတော့ ဖယ်ထုတ်နိုင်မှာမဟုတ်ပါဘူး။ လက်ဗွေစကမ်စနစ်ပိုင်းက Tablet ကို ဒေါင်လိုက်သုံးရင်အဆင်ပြေပေမယ့် အလျားလိုက်အနေအထားမှာဆိုရင် တော့ ၅၀ ရာခိုင်နှုန်းလောက်ပဲအလုပ်လုပ်နိုင်တယ်လို့ဆိုရမှာဖြစ်ပါတယ်။

သုံးသပ်ချက်

ပြည်တွင်းကို ၀င်ရောက်တဲ့ Tab S အမျိုးအစားတွေမှာ GSM 2G/3G နဲ့ LTE နက်ခ်ဝက်စနစ်တွေထောက်ပံ့ပါဝင်တာဖြစ်ပြီး နိုင်ငံတကာမှာ ရောင်းချတဲ့ အမျိုးအစားတွေမှာတော့ ဖုန်းကွန်ယက်စနစ်ပါဝင်ခြင်းမရှိ ပါဘူး။ Super AMOLED Screen, Exynos 5 octa 5420 processor စတာတွေကြောင့် Tablet ရဲ့ တန်ဖိုးက သာမန်ထက် ပိုမိုဈေးကြီးသွားတာလို့ထင်ပါတယ်။ Samsung ရဲ့ Note3 လိုမျိုးစွမ်းဆောင်ရည်တွေ၊ S5 လိုမျိုး လုံခြုံရေးစနစ်တွေကို ဒီ Tablet မှာ စုပေါင်းထည့်သွင်းပေးထားသလိုပါပဲ။ စွမ်းဆောင်ရည်ပိုင်းကတော့ ပြည်တွင်းမှာရောင်းချနေတဲ့ Tablet တွေထက် ပိုမိုမြင့်မားမှုရှိတယ်လို့ဆိုရမှာပါ။ Tablet ကို သာမန် အွန်လိုင်းသုံးဖို့၊ ဂိမ်းကစားဖို့၊ ဖျော်ဖြေရေး အတွက်သာမကဘဲ နေ့စဉ် ပြုလုပ်နေကျ လုပ်ငန်းဆောင်တာတွေကိုပါ ကွန်ပျူတာတစ်လုံးလိုမျိုး ကောင်းစွာလုပ်ဆောင်နိုင်စေဖို့ ထုတ်လုပ်ထားတဲ့ Tablet လို့ သုံးသပ်ရ မှာဖြစ်ပါတယ်။

ဈေးနှုန်း 

၄၅၆,၀၀၀ ကျပ်ဖြစ်ပြီး Samsung Brand Shop တွေမှာ ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။

ဒီဇိုင်း

အလျား ၈.၃၈ လက်မ၊ အနံ ၄.၉၄ လက်မနဲ့ အထူ ၀.၂၆ လက်မ သာရှိပြီး Huawei ကနောက်ဆုံးထွက် ရှိထားတဲ့ Ascend P7 ဖုန်းသာသာလောက်သာ အထူရှိတဲ့ ဒီဇိုင်းနဲ့ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ပါးလွှာသလို ပေါ့ပါးမှုလည်းရှိ မှာဖြစ်ပါတယ်။ နောက်ကာဗာကတော့ Galaxy S5 ဖုန်းရဲ့ နောက်ကာဗာပုံစံ မျိုးပေါက်ကလေးတွေပါဝင်ပြီး ဘေးဘောင်မှာ လည်း ရွှေရောင်လိုင်းတစ်ခုထည့်သွင်းထားပါတယ်။ စတူဒီယိုအမျိုးအစား စပီကာကို Tablet ရဲ့ အောက် ဘက် ဘောင်ထဲမှာ ထည့်သွင်းတည်ဆောက်ထားပြီး 3.5mm နားကြပ်ပေါက်ကို အသုံးပြု ထားတာဖြစ်ပါတယ်။ Samsung ရဲ့ Super AMOLED အမျိုးအစား Capacitive Touchscreen ကို အသုံးပြုထားပြီး စကရင် resolution 1600x2560 pixels ထိအပြည့်အ၀ထောက်ပံ့ပေးနိုင်ပါတယ်။ စကရင် အကျယ် ဒေါင်းဖြတ်အတိုင်းအတာ ၈.၄ လက်မရှိပြီး Multitouch စနစ်နဲ့ Samsung TouchWiz UI စနစ်တွေလည်းထောက်ပံ့ပါဝင်ပါတယ်။ စွမ်းဆောင်ရည် ပြည်တွင်းကို ပထမဆုံးဝင်ရောက်လာတဲ့ CPU Core ၈ ခုပါဝင်တဲ့ Octa-Core အမျိုးအစား Tablet PC ပဲဖြစ်ပါတယ်။ Quad-core 1.9GHz Cortex-A15 နဲ့ Quad-core 1.3GHz Cortex-A7 အမျိုးအစား CPU နှစ်လုံးထည့်သွင်းထားပြီး Exynos 5 Octa 5420 Chipset ကိုအသုံးပြုထားတာဖြစ်ပါတယ်။ ဂရပ်ဖစ်ပိုင်းအတွက် Mali-T628 MP6 GPU ထောက်ပံ့ပါဝင်မှာဖြစ်ပါတယ်။ မှတ်ဥာဏ်ပမာဏ 3GB RAM ပါဝင်ပြီး အချက်အလက်သိုလှောင်မှုအတွက် 16GB Internal Storage ပါဝင်တဲ့အပြင် microSD ကနေ 128GB ထိတိုးမြှင့်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ WiFi 802.11 a/b/g/n/ac စနစ်၊ Wi-Fi Direct, DLNA, MHL, Wi-Fi hotspot စနစ်တွေအသုံးပြုနိုင်မှာဖြစ်ပြီး Bluetooth v4.0 စနစ်ထောက်ပံ့ပါဝင်ပါတယ်။ Android OS ကတော့ v4.4.2 (KitKat) ဖြစ်ပါတယ်။ Galaxy S5 လိုမျိုး လက်ဗွေလုံခြုံရေးစနစ် Fingerprint sensor ကိုထည့်သွင်းပေးထားပြီး Accelerometer, gyro, compass sensors စနစ်တွေလည်းပါဝင်မှာဖြစ်ပါတယ်။

ကင်မရာနှင့် ဘက်ထရီ

Resolution 3264x2448 pixels ပမာဏ ပုံရိပ်ဖော်ဆောင်ပေး နိုင်တဲ့ 8MP အမျိုးအစား နောက်ကင်မရာရဲ့ အောက်ဖက်မှာ LED Flash မီးကို ထည့်သွင်း ထားပြီး ဗီဒီယိုကို 1080p (30fps) HD အရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာဖြစ် ပါတယ်။ ရှေ့မှာတပ်ဆင်ပေးထားတဲ့ ကင်မရာကတော့ 2.1MP အမျိုးအ စားဖြစ်ပါတယ်။ ကင်မရာပိုင်းမှာ Autofoucs စနစ်နဲ့ Geo-tagging စနစ်တွေ ထောက်ပံ့ ပါဝင်ပါတယ်။ 4900 mAh ပမာဏရှိတဲ့ Li-on အမျိုးအစား ဘက်ထရီကို ထည့်သွင်းထားပြီး non-removable အနေနဲ့ တင်ဆင်ထား တာဖြစ်ပါ တယ်။ ဘက်ထရီနဲ့ကို ဗီဒီယို ဖုန်းခေါ်ဆိုမှုကို ၁၁ နာရီဝန်းကျင်နဲ့ သီချင်း နားထောင်မှုကို နာရီ ၈၀ နဲ့အထက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အားသာချက်

ကြည်လင်ပြတ်သားပြီး တောက်ပတဲ့အရည်အသွေးမြင့် စကရင်က မြင့်မားတဲ့ contrast နဲ့ ပုံရိပ်တွေကို သဘာဝအတိုင်း ပုံဖော်ပေးနိုင်တာက ဒီ TabS ရဲ့အားသာချက်တစ်ခုပါ။ သာမန်ထက်ပိုမိုပါးလွှာတဲ့ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ သွားလေရာယူဆောင်သွားနိုင်မှာလည်းဖြစ်ပါတယ်။ ဘက်ထရီနဲ့ကို အချိန်ကြာမြင့်စွာ သုံးနိုင်တာက လည်း တခြား Tablet တွေထက် ထူးခြားလှပါတယ်။

အားနည်းချက်

သူ့မှာပါဝင်တဲ့ တချို့ UI တွေ (ဥပမာ-Magazine UI) စတာတွေ ကိုတော့ ဖယ်ထုတ်နိုင်မှာမဟုတ်ပါဘူး။ လက်ဗွေစကမ်စနစ်ပိုင်းက Tablet ကို ဒေါင်လိုက်သုံးရင်အဆင်ပြေပေမယ့် အလျားလိုက်အနေအထား မှာဆိုရင် တော့ ၅၀ ရာခိုင်နှုန်းလောက်ပဲအလုပ်လုပ်နိုင်တယ်လို့ဆိုရမှာဖြစ်ပါတယ်။

သုံးသပ်ချက်

ပြည်တွင်းကို ၀င်ရောက်တဲ့ Tab S အမျိုးအစားတွေမှာ GSM 2G/3G နဲ့ LTE နက်ခ်ဝက်စနစ်တွေထောက်ပံ့ ပါဝင်တာဖြစ်ပြီး နိုင်ငံတကာမှာ ရောင်းချတဲ့ အမျိုးအစားတွေမှာတော့ ဖုန်းကွန်ယက်စနစ်ပါဝင်ခြင်းမရှိ ပါဘူး။ Super AMOLED Screen, Exynos 5 octa 5420 processor စတာတွေကြောင့် Tablet ရဲ့ တန်ဖိုးက သာမန်ထက် ပိုမိုဈေးကြီးသွားတာလို့ထင်ပါတယ်။ Samsung ရဲ့ Note3 လိုမျိုးစွမ်းဆောင်ရည်တွေ၊ S5 လိုမျိုး လုံခြုံရေးစနစ်တွေကို ဒီ Tablet မှာ စုပေါင်းထည့်သွင်းပေးထားသလိုပါပဲ။ စွမ်းဆောင်ရည်ပိုင်း ကတော့ ပြည်တွင်းမှာရောင်းချနေတဲ့ Tablet တွေထက် ပိုမိုမြင့်မားမှုရှိတယ်လို့ဆိုရမှာပါ။ Tablet ကို သာမန် အွန်လိုင်းသုံးဖို့၊ ဂိမ်းကစားဖို့၊ ဖျော်ဖြေရေး အတွက်သာမကဘဲ နေ့စဉ် ပြုလုပ်နေကျ လုပ်ငန်းဆောင် တာတွေကိုပါ ကွန်ပျူတာတစ်လုံးလိုမျိုး ကောင်းစွာလုပ်ဆောင်နိုင်စေဖို့ ထုတ်လုပ်ထားတဲ့ Tablet လို့ သုံးသပ်ရ မှာဖြစ်ပါတယ်။

ဈေးနှုန်း

၄၅၆,၀၀၀ ကျပ်ဖြစ်ပြီး Samsung Brand Shop တွေမှာ ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။

Internet Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...