ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Tuesday 5 August 2014

ဖုန်းပြောဆိုခကို (၁)မိနစ်(၂၅)ကျပ်နှုန်းဖြင့်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စတင်ဝန်ဆောင်မှုပေး


http://mandalaygazette.com/wp-content/uploads/2014/02/7902_553988067975169_1420658941_n.jpg

မြန်မာ့ဆက်သွယ်ရေုးလုပ်ငန်းအနေဖြင့် MPT မိုဘိုင်းလ်အသုံး ပြုသူCustomerများအတွက် Friends and Family Service ၀န်ဆောင်မှုPromotion အစီအစဉ်အဖြစ်၂၀၁၄ဇူလိုင်၂၉ရက်နေ့မှ စတင်၍ မိမိတို့၏သူငယ်ချင်း ၊ မိတ်ဆွေ၊မိသားစုဝင်တို့၏ မိုဘိုင်းလ်ဖုန်းများကို တစ်မိနစ်လျှင်၂၅ကျပ်ဖြင့်ခေါ်ဆိုနိုင် မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ Friends and Family Service ၀န်ဆောင်မှု Promotion အစီအစဉ်ကို ၂၀၁၄ ဇူလိုင်၂၉ရက်နေ့မှ စတင်၍ ၂၀၁၄ သြဂုတ်၃၁ရက်နေ့ အထိဆောင်ရွက်သွားမည်ဖြစ်ပြီး ကြိုတင်ငွေ ဖြည့် ကတ်သုံး GSM/ WCDMA ဖုန်းသုံးစွဲသူများအသုံးပြုနိုင်မည်ဖြစ်သည်။ အစီအစဉ်တွင်ပါဝင်အသုံးပြု လိုသူများအနေဖြင့်သတ်မှတ်ထားသည့် ပုံစံအတိုင်း1331 သို့ Message ပေးပို့ရ မည်ဖြစ်သည်။ ပေးပို့ ထားသောဖုန်းနံပါတ်များကို ပြန်လည်ကြည့်ရှုလိုပါကမိမိ၏ဖုန်းတွင် VIEW ဟုရိုက်ပြီး 1331သို့messageပေးပို့၍ပြန်လည်ကြည့်ရှုနိုင်သည်။
 
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြုလုပ်ပေးသည့်အဆိုပါဝန်ဆောင်မှုအစီအစဉ်တွင်မှတ်ပုံတင်ကြေးအဖြစ် ၂၅၀၀ကျပ်ကိုGSM/WCDMAမိုဘိုင်းလ်ဖုန်း၏လက်ကျန်ငွေမှနှုတ်ယူသွားမည် ဖြစ်သည်။မိမိAdd ပြုလုပ်ပေး ပို့ထားသော မိုဘိုင်းလ်ဖုန်းနံပါတ်များကို တစ်မိနစ်လျှင်၂၅ကျပ်နှုန်းဖြင့် စတင်အသုံးပြုသည့်ရက်မှစ၍ ရက်ပေါင်း (၃၀) အတွင်းခေါ်ဆိုအသုံးပြုနိုင်မည်ဖြစ်သည်။ “လောလောဆယ်တော့ ဒီဝန်ဆောင်မှုကို GSM/WCDMA မိုဘိုင်းလ်ဖုန်းတွေပဲအသုံးပြုနိုင်မှာပါ။ ဒီဝန်ဆောင်မှုက မိမိဖုန်းနံပါတ်တစ်ခုမှာ မိုဘိုင်းလ် ဖုန်းနံပါတ်အများဆုံး ၃ခုကိုပဲခွင့်ပြုထားပါတယ်။CDMA ဖုန်းအသုံးပြုသူတွေအတွက်လည်း မကြာခင် အချိန်အတွင်းမှာ အသုံးပြုနိုင်အောင်စီစဉ်နေပါတယ်။ 1331ကို message ပေးပို့တာကတော့ အခမဲ့ဖြစ် ပါတယ်။ ဒါပေမယ့်ဖုန်းဘေလ်လက်ကျန်ငွေ၂၅၀၀ကျပ် အနည်းဆုံးရှိ ဖို့တော့ လိုပါတယ်” ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

 
ထို့အပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးအော်ပရေတာလိုင်စင် လက်ဝယ် ရရှိထားသောနိုင်ငံတကာမိုဘိုင်းလ်အော်ပရေတာများနှင့်အပြိုင်ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ဂျပန်နိုင်ငံအခြေစိုက် KDDI, Sumitomo Corporation အစရှိသော ထိပ်သီးဆက်သွယ်ရေးကုမ္မဏီများနှင့် အကျိုးတူပူးပေါင်း၍ ဆက်သွယ်ရေး ဆိုင်ရာအဆောက် အဦးများ၊ အင်တာနက်အပါအ၀င် မိုဘိုင်းလ် ၀န်ဆောင်မှု လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ် သည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ လက်ရှိတည်ဆောက်ထားရှိသော Mobile network များကိုပိုမိုကောင်းမွန်ရန် အတွက် KDDI နှင့် Sumitomo Corporation ကုမ္မဏီများမှထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်းသိရသည်။
 
မြန်မာ့ဆက်သယ်ရေးလုပ်ငန်းမှဝန်ဆောင်မှုပေးသွားမည့် Friends and Family Service ၀န်ဆောင်မှု Promotion အစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုသူများ အနေဖြင့် www.mcit.gov.mm သို့ဝင်ရောက်ကြည့်ရှုနိုင်ပြီး 1876 သို့လည်းဆက်သွယ်၍မေးမြန်း စုံစမ်းနိုင်ကြောင်းသိရှိရ သည်။ နောက်ပိုင်း ကာလများတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေ  ဖြင့်တန်ဖိုးနည်း Sim card များကိုအကန့်အသတ်မရှိ မိုဘိုင်းလ်ဆိုင်များတွင် ၀ယ်ယူရရှိနိုင်ရန် စီစဉ်သွားမည်ဖြစ်သည်။ GSM(2G) နှင့် WCDMA(3G) sim card အမျိုးအစားများကို အဓိကထား၍ရောင်းချသွားမည်ဖြစ်သည်။ ထို့အပြင်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ကိုယ်ပိုင်call centerကိုတည်ထောင်သွားရန်စီစဉ်ထားရှိပြီးKSGM (KDDI Summit Global Myanmar Co,.Ltd) ကိုထူထောင်သွားမည်ဖြစ်သည်။
 
အဆိုပါKSGMကုမ္မဏီအနေဖြင့် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများကိုပေးအပ်သွားမည်ဖြစ်သည်။ အမေရိကန်ဒေါ်လာသန်း (၂,၀၀၀) ကိုပြည်တွင်းဆက်သွယ်ရေး ကဏ္ဍတွင်ရင်းနှီး မြုပ်နှံသွားရန် ကနဦး စီစဉ်ထားရှိသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ရှိပြီးသား Mobile Network များထက် ပိုမိုကောင်း မွန်သော Network များကို KDDI, Sumitomo Corporation နှင့်ပူးပေါင်း၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ် သည်။
 
 မင်းလွင်၊အောင်ရဲကျော်
Myanmar Digital Life Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...