ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Thursday 7 August 2014

Asus FonePad 7 / K00E / ME372CG ကို Root လုပ်မယ်


မင်္ဂလာပါ Asus fonepad 7 K00E အမျိုးအစားတွေကို Root လုပ်တဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ်။ Root Tools တော်တော်များနဲ့ စမ်းကြည့်ပါတယ် အဆင်မပြေပါဘူး အခုနည်းလမ်းကတော့ အဆင်အပြေဆုံးပါ။

မလုပ်ခင်မှာ လိုအပ်တာလေးတွေကိုအရင် ဒေါင်းထားလိုက်ပါ

  1. Adb and Fastboot.zip ဒေါင်းရန်
  2. intelandroiddrvsetup1.1.5.zip ဒေါင်းရန်
ဒေါင်းပြီးပြီဆိုရင်တော့ .. ပထမဆုံး intel Android Driver ကို install လုပ်ပါ။ Adb and fastboot zip ထဲကို Folder ကို Desktop ပေါ်ကို တင်ထားလိုက်ပါ။ ပြီးရင် Root zip ကိုပါ Folder ထဲကိုထည့်ပေးထားပါ.. ဒါဆိုရင်တော့ ပြင်ဆင်မှုအပိုင်းပြီးပါပြီ။ ( သက်ဆိုင်ရာ Root zip တွေကို အောက်မှာပေးထားပါတယ် )
Root လုပ်ဖို့အတွက် ဖုန်းကို DROIDBOOT ဝင်ရပါ့မယ် ဝင်နည်းကလည်းလွယ်ပါတယ်။ ဖုန်းကိုပိတ်လိုက်ပါ ပြီးရင် ပါဝါခလုတ်ရယ် အသံချဲ့တဲ့ ခလုတ်ရယ် ၂ ခုကို ၁၅ စက္ကန့် လောက်ဖိထားလိုက်ပါ။ စက်ရုပ်ရုပ်ပုံလေးတက်ပြီဆိုတာနဲ့ လွတ်လိုက်ပါ Droidboot ကိုရောက်လာပါလိမ့်မယ်။ အောက်ကပုံမှာကြည့်နိုင်ပါတယ်.

Droideboot ဝင်ပြီးပြီဆိုရင် ဖုန်းကို ကွန်ပျူတာနှင့်ချိတ်ဆက်လိုက်ပါ။ Desktop ပေါ်မှ Adb and Fastboot folder ကိုဖွင့်ပါ။ ( Root zip ကိုထည့်ပြီးသားဖြစ်ပါစေ )။  ပြီးလျှင် Folder ထဲမှ
OPEN ကို Double Click နှိပ်ပြီးတော့ဖွင့်လိုက်ပါ CMD တက်လာပါလိမ့်မယ်။ Cmd တက်လာတာနဲ့ အောက်က Command ကိုရိုက်ပြီးတော့ Enter ခေါက်ပေးလိုက်ပါ။

fastboot flash update rootx.x.x.zip


မှတ်ချက်။( x.x.x ) နေရာတွင် မိမိဗားရှင်းနဲ့ကိုက်ညီတဲ့ Root zip ရဲ့ နာမည်က နံပတ်တွေထည့်ပေးရမှာပါ ဥပမာ = ကျွန်တော့်ရဲ့ ဖုန်းက version 4.4.2 ဖြစ်တဲ့အတွက် Root zip က root6.3.6.zip ကိုထည့်ထားတာပါ. အဲဒီအတွက် command က fastboot flash update root6.3.6.zip ဖြစ်ပါတယ် အကယ်၍ root3.2.4.zip ဆိုရင် fastboot flash update root3.2.4.zip လို့ဖြစ်ရမှာပါ။

  သူ့အလိုအလျှောက် Root လုပ်ပေးသွားပါလိမ့်မယ် Root လုပ်လို့အောင်မြင်သွားရင်တော့ ဖုန်းက reboot ကျပြီးတော့ ပြန်တက်လာရင် Super User လေးပါလာတာကိုတွေ့ရပါလိမ့်မယ်။


 လိုအပ်တဲ့ Root Zip တွေကို အောက်မှာဒေါင်းယူပါ..

WW builds ROOT file:
Android 4.2.2 အတွက်:
3.2.3-wont available,update to 3.2.4
3.2.4
Android 4.3 အတွက်:
5.1.6
5.2.2
5.2.5
Android 4.4 အတွက်:
6.3.6

File Type: zip root5.1.6.zip - [Click for QR Code] (3.10 MB, 1605 views)
File Type: zip root5.2.2.zip - [Click for QR Code] (3.10 MB, 1440 views)
File Type: zip root5.2.5.zip - [Click for QR Code] (3.10 MB, 4310 views)
File Type: zip root3.2.4.zip - [Click for QR Code] (2.92 MB, 1471 views)
File Type: zip root6.3.6.zip - [Click for QR Code] (2.69 MB, 2183 views)

4.4.2 Version မှာ Root လုပ်ပြီးတော့ Bootloop ဖြစ်ပြီးတော့ တက်မလာရင် Droitboot ကိုဝင်ပြီးတော့ Factory Reset ချပေးလိုက်ပါ။ အဆင်ပြေပါစေ
 အားလုံးအဆင်ပြေကြပါစေဗျာ..

မြန်မာစာအတွက်ကတော့ MM AIO Font Changer နဲ့ထည့်လိုက်ပါ အဆင်ပြေပါတယ်။ မရှိပါကအောက်မှာ ဒေါင်းယူပါ။

MM Aio Font Changer ဒေါင်းရန်



Credit To - XAD Developer

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...