ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Wednesday 27 August 2014

Android ဖုန်းများကိုအလွယ်ကူဆုံး Root လုပ်ခြင်းနှင့် Myanmar Font ထည့်ရန်အခက်ခဲ့ဖြစ်နေသူများအတွက် Root လုပ်ခြင်းနှင့် Myanmar Font ထည့်သွင်းနည်း


Root လုပ်ခြင်းနှင့် Myanmar Font ထည့်ခြင်းအကြောင်းကို ဆိုဒ်အတော်များများမှာ
ရေးနေကြလို့ ဒီပို့စ်လေးကိုမရေးဖြစ်ခဲ့တာပါ။ဒါပေမဲ့သူငယ်ချင်းများနဲ့ ညီငယ်အတော်
များများက တောင်းဆိုနေကြလို့ မရေးမဖြစ်ရေးပေးလိုက်ပါတယ်။
Android ဖုန်းများအတွက် Root လုပ်နည်းမြောက်များစွာထဲက အလွယ်ကူဆုံးနဲ့အမြန်ဆုံးနည်းလမ်း (၂) ကို ဖေါ်ပြပေးလိုက်ပါတယ်။
(၁)ဖုန်းကို ကွန်ပြုတာဖြင့် ချိတ်ဆက်ပြီး Root လုပ်ခြင်း
(၂)ကွန်ပြူတာမလိုဘဲ ဖုန်းထဲမှာ Root apk ကိုအင်စတောလုပ်ပြီး Root လုပ်ခြင်း

(၁)ဖုန်းကို ကွန်ပြုတာဖြင့် ချိတ်ဆက်ပြီး Root လုပ်ခြင်း...
    (က) ကွန်ပြူတာဖြင့် ချိတ်ဆက်ပြီး Root လုပ်ရန်အတွက် လိုအပ်တဲ့ဆော့ဝဲတွေကို
    အောက်မှာ ဒေါင်းလုပ်အရင်ယူလိုက်ပါ။

VRoot 1.7.8.7 (9.5 MB) Download Here 

 MMSD Smart Zawgyi v1.5 ap Download Here

Frozen Keyboard  Download Here

(ခ)V-Root ကိုကွန်ပြူတာမှာ အင်စတောလုပ်ပါ။
    (ဂ)ပြီးရင် V-Root ဖွင့်ပြီး Android ဖုန်းကို USB Cabel ကြိုးဖြင့် ကွန်ပြူတာနဲ့ ချိတ်
        ဆက်ပါ။
    (ဃ)ဖုန်း Screen မှာပေါ်လာတဲ့ USB Connection ကိုကလစ်ပြီး OK ကလစ်ပါ။
    (င)V-Root က ဖုန်းအမျိုးအစားနဲ့ Modern ကိုဖတ်ပါလိမ့်မယ်။မိမိဖုန်းနာမည်နဲ့
        Version ပေါ်လာရင် ညာဘက်အောက်ခြေက စာတန်းလေးကို ကလစ်ပါ။
        (အောက်မှာပြထားတဲ့ပုံကို ကြည့်ပါ)



    (စ)V-Root မှာ Rooted ဆိုတဲ့ စာတန်းပေါ်လာတာနဲ့ ဖုန်းကိုချိတ်ဆက်ထားခြင်းမှ
        ပြန်ဖြုတ်ပါ။(သတိထားရန်...စာတန်းတက်တာနဲ့ဖုန်းကိုပြန်ဖြုတ်ဘို့လိုပါတယ်။
        မဟုတ်ရင် Root Access မဖြစ်တော့ပါ)
    (ဆ)စောစောကဒေါင်းလုပ်ယူထားတဲ့ MMSD Smart Zawgyi v1.5 နဲ့ Frozen
           Keyboard ကိုဖုန်းရဲ့ SD Card မှာ copy လုပ်ပါ။
    (ဇ)MMSD Smart Zawgyi ကိုဖုန်းမှာအင်စတောလုပ်ပါ။
    (စ်)MMSD Smart Zawgyi ကိုဖြင့္လိုက္ပါ။
        Root ရှိမရှိစစ်ဆေးပါ...ဆိုတဲ့စာတန်းကိုကလစ်ပါ။
        အပေါ်ဆုံးက(Sony ဖုန်းမဟုတ်ရင်) Huawei နှင့်အခြား..ကိုကလစ်ပါ။



    (ည)Rooted ဖြစ်ပြီးလို့ zawgyi font သွင်းပြီးကြောင်းစာပေါ်လာပြီး ဖုန်းက
          Reboot ကျသွားပါမယ်။
    (ဋ)Frozen Keyboard ဖုန်းမှာအင်စတောလုပ်ပါ။
    (ဌ)ဖုန်းရှဲ့Setting ကိုဝင်ပြီး Keyboard မှာ Frozen Keyboard ကိုရွေးပေးပါ။
    (ဍ)အခုဆိုရင် ဖုန်းက Rooted ဖြစ်သွားသလို မြန်မာစာကိုလဲစိတ်ကြိုက်ရေးနိုင်
        ဖတ်နိုင်ပါပြီ။

(၂)ကွန်ပြူတာမလိုဘဲ ဖုန်းထဲမှာ Root apk ကိုအင်စတောလုပ်ပြီး Root လုပ်ခြင်း
    (က)ကွန်ပြူတာ မလိုဘဲ ဖုန်းထဲမှာတင် Root apk ကိုအင်စတောလုပ်ပြီး Root
          လုပ်ဘို့လိုအပ်တဲ့ဆော့ဝဲတွေကိုအောက်မှာဒေါင်းလုပ်ယူပါ။

 MMSD Smart Zawgyi နဲ့ Frozen Keyboard ကိုတော့အပေါ်မှာ ယူလိုက်ပါ။
     (ခ)Frama Root,MMSD Smart Zawgyi နဲ့ Frozen Keyboard ကို SD Card မှာ
         copy လုပ်ပါ။
     (ဂ)MMSD Smart Zawgyi ကို ပထမဦးဆုံး ဖုန်းမှာအင်စတောလုပ်ပါ။
         Root ရှိမရှိမစစ်ဆေးပါနဲ့ဦး။
     (ဃ)Frama Root ကိုအင်စတောလုပ်ပါ။
           ပြီးရင် Frama Root ကိုဖွင့်လိုက်ပြီး Install Super User (သို့) Install
           Super SU ကိုကလစ်ပြီးအင်စတောလုပ်ပါ။



 (င)အင်စတောပြီးလို့ Rooted ဖြစ်တာနဲ့ ဖုန်းက Reboot ကျပါမယ်။
     (စ)ဖုန်းပြန်ပွင့်လာတဲ့အခါ ဖုန်း Screen တခုလုံး တရုတ်စာတွေဖြစ်နေပါလိမ့်မယ်။
         စိတ်မပူပါနဲ့...။
     (ဆ)Home Screen မှာရှိနေတဲ့ (ဇ) ပုံလေးနဲ့ MMSD Smart Zawgyi ကိုဖွင့်လိုက်ပါ။
     (ဇ)Root ရှိမရှိစစ်ဆေးပါ။
     (ည)မြန်မာဖေါင့်သွင်းပြီးတာနဲ့ Reboot ကျပါမယ်။
     (ဋ)ဖုန်းပြန်ပွင့်လာရင် တရုတ်စာတွေမရှိတော့ဘဲပုံမှန်English ပြန်ဖြစ်သွားပါမယ်။
     (ဌ)Frozen Keyboard ကိုအင်စတောလုပ်ပါ။
     (ဍ)ဖုန်းရှဲ့Setting ကိုဝင်ပြီး Keyboard မှာ Frozen Keyboard ကိုရွေးပေးပါ။
     (ဎ)မြန်မာစာကိုဖတ်လို့ရသလိုရိုက်လို့လဲ ရပါပြီ။
ဒီနည်းလမ်းလေး(၂) ခုကဖုန်းအတွက် အန္တရာယ်ကင်းသလို Android Versions အတော်
များများနဲ့ ဖုန်းအမျိုးအစားအတော်များများကို Root လုပ်နိုင်ပါတယ်။
အထူးမှာကြားချက်.....Frozen Keyboard မဟုတ်ဘဲအခြားကီးဘုတ်များသုံးပါကမြန်မာစာ
                            မပေါ်ခြင်း၊ရိုက်မရခြင်းပြဿနာများကြုံတတ်ပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...