ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Tuesday 3 June 2014

Mobile phone တွေရဲ့  hardware ပိုင်းကိုလေ့လာကြည့်ကြမယ်...

Mobile phone တွေရဲ့  hardware ပိုင်းကိုလေ့လာကြည့်ရင်အပိုင်း(၃) ပိုင်းလောက်
ခွဲခြားနိင်ပါတယ်။
(1) Active components
(2) Passive components
(3) UI user interface
တို့ ဖြစ်ပါတယ်။
Active components ဆိုတာကတော့ ဖုန်းတစ်လုံးမှာပါဝင်တဲ့
အိုင်စီတွေအားလုံးကိုပြောတာပါ။
အိုင်စီတွေမှာလဲ(၂)ပိုင်းထပ်ကွဲနေပါတယ်
Network section
Power section တို့ ဖြစ်ပါတယ်၊
Network section မှာဆိုရင် PA power amplifier ,wifi,blue tooth,fm ပိုင်း
တွေပါလာပါတယ်၊
PA ic ဟာ အင်တာနာကိုရိုက်ခတ်လာတဲ့ RF signal တွေကိုလိုအပ်တဲ့
လှိုင်းပမာဏရောက်အောင်ချဲ့ ထွင်ပေးပါတယ်၊ဒီအိုင်စီလေးတွေကို
အင်တာနာငုတ်လေးတွေရဲ့အနီးနားမှာတွေ့ ရပါတယ်။ထုထည်အားဖြင့်
တစ်ခြားအိုင်စီတွေထက်ပိုထူတာတွေ့ ရပါတယ်။
အများဆုံးတွေ့ ရတာက RF MD ရေးထားပါတယ်။
SAMSUNG LTE စံနစ်ပါဝင်တဲ့ဖုန်းတွေမှာဆို PA ic နှစ်လုံးနဲ့ အထက်ပါဝင်
ပါတယ်၊ LTE စံနစ်က 2000MHZ နဲ့ အထက်ကိုအသုံးပြုထားတဲ့ 4G စံနစ်ပါ။
တစ်ခါတစ်၇ံမှာ ဆင်းကပ်ကိုသိပြီးဖုန်းဆက်မ၇တာမျိုးကြုံဖူးမှာပါ၊
အဲဒီလိုဖြစ်၇င် PA ic ကိုအပူလေးနဲနဲ ပေးလိုက်ရင်ပြန်ကောင်းတတ်ပါတယ်။
ကျွန်တော်တို့  huawei c8813 တွေမှာ online update လုပ်လိုက်တဲ့အခါမှာ
build no ပြောင်းသွားပြီး no network error တက်သွားပါတယ်။
အဲဒါမျိုးဖြစ်ရင် build no အနိမ့်ပြန်ဆင်းပြီး network fix batfile လေးနဲ့ ပြန်
ဖြေရှင်းလို့ ရပါတယ်၊ c8813d မှာတော့ခုဏကနည်းနဲ့ အဆင်မပြေပါဘူး
RF MD ဆိုတဲ့ PA ic လေးကိုဖြုတ်ပြီးပြန်တတ်ကြည့်ပါ၊မရရင်အသစ်လဲပေး
လိုက်ရင်အဆင်ပြေသွားပါတယ်။
Power Management Unit PMU
PMU ကတော့ဗို့ အားပိုင်းဆိုင်၇ာကိုထိန်းချုပ်ပံ့ပိုးပေးပါတယ်။
Mother board ပေါ်မှာ ပါဝါအိုင်စီကိုအလွယ်တကူတွေ့ မြင်နိင်ပါတယ်။
ကွိုင်တွေ၊ကွန်ဒင်ဆာတွေဝန်းရံခြင်းထားရတဲ့တစ်ခုတည်းသောအိုင်စီ
လေးပါပဲ၊တစ်ချို့ မော်ဒယ်မြင့်ဖုန်းတွေမှာ pmu နှစ်လုံးထိပါဝင်ပါတယ်။
U2 icလို့ လဲခေါ်ပါတယ်၊ samsumg note2, ios5 နဲ့ အထက်ဖုန်းတွေမှာ
U2 ic တွေပါဝင်လာပါတယ်၊
အခုနောက်ပိုင်း ဖုန်းလောကမှာခေတ်စားလာတာကတော့ EMMC ic
ပါ။အမှန်မှာက emmc ဆိုတာandroid ဖုန်းတိုင်းမှာ မပါရင်မဖြစ်တဲ့ ic ပါ။
"Embedded Multi-Media Controller" ပါ။
အဲဒီ အိုင်စီထဲမှာ android os တစ်ခုလုံးကိုထည့်သွင်းထားတဲ့အပြင်
internal memory ထဲမှာပါဝင်တဲ့ photo,vedio,recording ,wallpaper,
အစရှိတဲ့ userdata တွေအားလုံးကိုသိမ်းဆည်းထားတဲ့အပိုင်းတွေပါ
ပါဝင်ပါတယ်၊ကွန်ပြူတာတွေမှာ system ကို C မှာ ထားပြီး D မှာတော့
Data တွေသိမ်းထားသလိုပါပဲ။ emmc တွေဟာ ROM read only
memory အမျိုးအစားဖြစ်တဲ့အတွက် power ဖြုတ်လိုက်လဲမပျက်သွားပါဘူး
ဖြုတ်လဲမယ်ဆိုလဲ အပူချိန်ကိုတော်တော်များများခံနိင်ရည်ရှိပါတယ်။
သူ့ အထဲမှာ မှတ်ထားတဲ့data တွေကတော့ပျောက်မသွားပါဘူး။
CPU ကတော့ဖုန်းထဲမှာလေးထောင့်ကြကြ အ၇ွယ်အားဖြင့်အကြီးဆုံး
အိုင်စီပါ ၊EMMC နဲ့ ကပ်လျက်တည်၇ှိပါတယ်၊သူ့ ကိုတော့
multi layer အနေနဲ့ ဖွဲ့ စည်းထားပါတယ်၊သူအထဲမှာ RAM အလွှာကို
ထည့်သွင်းတည်ဆောက်ထားတာပါ၊ဖုန်းတစ်လုံးလုပ်ဆောင်မှု မြန်ဆန်ဖို့ ဆိုရင်
CPU ရဲ့ clock speed နဲ့ ပါဝင်တဲ့ RAM ပမာဏပေါ်မှာမူတည်ပါတယ်။
ခုနောက်ပိုင်းဖုန်းတွေမှာတော့ Quard core cpu တွေနဲ့ ram 2gb တွဲဖက်
ပါဝင်လာပါတယ်၊ RAM ကို 3GB အထိ ထည့်သွင်းထားတဲ့ CPU တွေလဲ
ပေါ်နေပါပြီ။
BASEBAND ic ကတော့ x G626 ဆိုပြီးေ၇းထားတဲ့အိုင်စီလေးတွေအသုံးများပါတယ်။
ဖုန်းတစ်လုံးမှာဖုန်းဆက်ဖို့ အတွက်အေ၇းပါတဲ့အိုင်စီလေးပါ၊
EMMC ၇ဲ့အနီးနားမှာတွေ့ ၇တတ်ပါတယ်၊ဖုန်းတွေကို FIRMWARE အတင်အချလုပ်တဲ့
အခါမှာ Baseband ic မှာပါဝင်တဲ့ IMEI, အပိုင်းမှာသတ်မှတ်ထားတဲ့ coad တွေပြောင်း
သွားပြီးဖုန်းပြောလို့ မရတဲ့ပြစ်ချက်တွေအဖြစ်များပါတယ်၊
အဲဒီကုတ်တွေဟာ system ရဲ့ အောက်က efs ဆိုတဲ့ file ထဲမှာနေပါတယ်၊
official code အနေနဲ့  35xxxxxxxxxx နဲ့ စပါတယ်၊ တကယ်လို့ custom code
ဆိုရင်တော့ 0049xxxxxxxxx နဲ့ စပါတယ်။
efs အကြောင်းကိုအကျယ်တ၀င့်ဖတ်ချင်ရင်တော့ www.xda.com မှာသွားရောက်
လေ့လာနိင်ပါတယ်၊တကယ်တော့ဖုန်းသင်တန်းဆိုတာ အဓိကအချက်လေးတွေကိုပဲ
၂လ ပြတ်နဲ့ သင်ကြရတာ၊ကျန်တဲ့ဗဟုသုတနဲ့ နည်းပညာကတော့ online မှာပဲ
ရှာဖွေလေ့လာကြရမှာပါ၊ကျွန်တော်လဲဒီလိုပဲလေ့လာပါတယ်။
backlight ic ပိုင်းကတော့ ဖုန်းရဲ့အတွင်းမှန်မှာပေါ်လာမယ့်ရုပ်ပုံတွေကိုမြင်တွေ့ နိင်
အောင်အလင်းေ၇ာင်ပံ့ပိုးပေးတဲ့အပိုင်းပါ၊ဒီအပိုင်းမှာ bl coil ဟာအရေးကြီးဆုံးပါ၊
မီတာနဲ့ တိုင်းရင် ပြပေမယ့်၊သူ့ မှာရှိနေရမယ့် ဟင်နရီတန်ဖိုးကျဆင်းသွားရင်
အိုင်စီအတွက်လိုအပ်တဲ့ အမ်ပီယာကိုမရတော့ပါဘူး၊ဒီအခြေနေမျိုးဆိုရင်
bl ဗို့ ဟာမငြိမ်တော့ပဲတက်လိုက်ကျလိုက်ဖြစ်နေတတ်ပါတယ်၊မှိန်လဲမှိန်နိင်ပါတယ်။
diode လဲပြီးတာတောင်မရရင် coil ကိုလဲကြည့်ပါ၊နောက်ဆုံးမှအိုင်စီကိုလဲပါ။
ကျွန်တော်အချိန်ရရင်တော့ခုလိုပဲညီငယ်တွေအတွက်ဗဟုသုတရမယ့်
post လေးတွေတင်ပေးသွားပါ့မယ်၊အားလုံးပဲအဆင်ပြေကြပါစေ။
Credit..by     ko Aung

8 comments:

  1. ကျေးဇူးတင်ပါတယ်အကိုဆရာ

    ReplyDelete
  2. ​ကျေးဇူးပါအစ်​ကို ​နောက်​ထပ်​ပို့ချချက်​​လေး​တွေလည်းတင်​​ပေးပါဦး စိတ်​ဝင်​စားပါတယ်

    ReplyDelete
  3. ကျေးဇူးတင်ပါတယ် အကို

    ReplyDelete
  4. ကျေးဇူး ကမ္ဘာပါ ပဲ ခင်ဗျာ

    ReplyDelete
  5. ​ကျေးဇူးတင်​ပါတယ်​ဗျာ ထပ်​ပြီး​မေးပါရ​စေ ကျွန်​​တော်​ HUAWEI C8813 ကို UPDATE တင်​လိုက်​တာ NO NETWORK ERROR ဖြစ်​င်္ပြိးတိုင်​​ပျောက်​သွားတယ်​ အာ့ကိုဖုန်းဆိုင်​ပို့လိုက်​​တော့ UPDATE ပြန်​ချမှရမယ်​ဆိုပြီးလုပ်​လိုက်​တာ IMEI ပါ​ပျောက်​ပြီး ဖုန်းဖွင့်​လိုက်​ရင်​ LOGO ​ပေါ်လာ​ပေမယ့်​ SCREEN တစ်​ခုလုံးအပြာ​ရောင်​ကြီးပဲ​ပေါ်​တော့တယ်​ဗျာ ​နောက်​ဆိုင်​​တွေ​ပို့​တော့လည်းမရဘူးတဲ့ ဘာပစ္စည်းဆိုလား လဲရမယ်​​ပြောတယ်​ 20000 ​လောက်​ကျမယ်​​ပြောတယ်​ဗျာ အဲ့ဒါကိုဘယ်​လိုလုပ်​ရရင်​ရနိုင်​မလဲဆိုတာ​လေး​ပြောပြ​ပေးပါအစ်​ကိုရယ်​ ကျွန်​​တော့်မှာ ပိုက်​ဆံ 20000 ကလည်းမရှိလို့ပါ ကူညီ​ပေးပါဗျာ ​ကျေးဇူးတင်​ပါတယ်​ဗျာ

    ReplyDelete

Related Posts Plugin for WordPress, Blogger...