ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Thursday 8 May 2014

Nokia က ဒုတိယ Android Smartphone ကို ရောင်းချ




Microsoft က မကြာမီ က အပြီးသတ် ၀ယ်ယူလိုက်ပြီ ဖြစ်သည့် Nokia က ဒုတိယ Android Smartphone ကို ရောင်းချပေးလိုက်ပြီဖြစ်သည်။ ပထမ Android Phone ကို Nokia X ဟု အမည်ပေး ထားပြီး ဒုတိယဖုန်း ကို Nokia XL ဟု အမည်ပေးထားပါသည်။ XL သည် X ထက် အရွယ်ပိုမိုကြီးမား ပါသည်။ အာရှ နှင့် အရှေ့အလယ်ပိုင်း တွင် ယူရို ၁၀၉ (ဒေါ်လာ ၂၆၅) ဖြင့် ရောင်းချပေးနေပါသည်။ Nokia X ကဲ့သို့ပင် Nokia XL ကို အမေရိကန် တွင် ရောင်းချမည် မဟုတ်ပါ။

Nokia XL သည် သူ့နောင်တော် နှင့် ဒီဇိုင်းပိုင်း တွင် တူညီသော်လည်း ပိုမိုကြီးမားသည့် ငါးလက်မ မျက်နှာပြင် ၊ ပိုမို ကောင်းမွန်သော ကင်မရာများ နှင့် SIM Card နှစ်ခု အသုံးပြုနိုင်သည့် စွမ်းဆောင်ချက် ပါရှိပါသည်။ XL တွင် Android OS ကို ပြုပြင်ထားသည့် Nokia X OS ကို အသုံးပြုထားပါသည်။ Android Apps များနှင့် Microsoft ၏ ၀န်ဆောင်မှုများ ဖြစ်သည့် OneDrive , Skype တို့ကို အသုံးပြုနိုင်ပါသည်။ Microsoft ၏ ၀န်ဆောင်မှုများ ကို ကြိုတင်ထည့်သွင်းထားမည် ဖြစ်သည်။

XL ၏ User Interface သည် Nokia ၏ စွမ်းဆောင်ရည်မြင့် Lumia ၀င်းဒိုးဖုန်းများ နှင့် ဆင်တူပါသည်။ Home Screen တွင် Apps များ နှင့် Services များကို Tile အနေဖြင့် ပြသထားပါသည်။

XL တွင် 1GHz Qualcomm Snapdragon Dual-Core Processor နှင့် 768MB RAM တပ်ဆင်ထားပါ သည်။ 800x480 WVGA Display ပါရှိပါသည်။ 4GB Internal Storage အပြင် 32GB အထိဝင်ဆန့်သည့် MicroSD Card အသုံးပြုနိုင်ပါသည်။ အနောက်ဘက်တွင် 5 Megapixel Camera နှင့် မျက်နှာချင်းဆိုင် တွင် 2 Megapixel Camera တပ်ဆင်ထားပါသည်။ GPS, Accelerometer တို့ ပါရှိပါသည်။ အစိမ်း ၊ လိမ္မော် ၊ မရမ်း၊ အ၀ါ ၊ အနက်၊ အဖြူရောင်များ ရွေးချယ်နိုင်ပါသည်။

Nokia က Nokia X ၀ယ်ယူထားသူများသည် Nokia XL တွင် အသုံးပြုထားသည့် နောက်ဆုံးထုတ် Nokia X Platform ကို အဆင့်မြှင့်နိုင်သည် ဟု ပြောပါသည်။

သူရ

Myanmar Digital Life Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...