ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Tuesday 13 May 2014

သင့်ရဲ့ အဖိုးတန်လှသောမျက်လုံးတစ်စုံအား F.lux Software ဖြင့်ယခုပင် ကာကွယ်လိုက်ပါ




F.lux Applicatoin သည် ကွန်ပျူတာသမားများ နှင့် မျက်စိနှင့်ဆိုင်သော ရောဂါရှိသူများအတွက် မရှိမဖြစ်ဆောင်ထားသင့်သော မျက်စိအတွက် အစွမ်းထက် Software ကောင်းတစ်ခုဖြစ်ပါသည်။ Software အား ကွန်ပျူတာ (သို့) ဖုန်းအတွင်းထည့်သွင်းထားခြင်းဖြင့် အချိန် ၊ နေ့ရက် ၊ နာရီ အလိုက် ကွန်ပျူတာ အလင်းအမှောင်အား အလိုအလျာက်ချိန်ညှိပေးမှာဖြစ်ပြီး Screen Brightness အား Warm ဖြစ်အောင် ပြုလုပ်ထားခြင်းဖြင့် ကွန်ပျူတာ အသုံးပြုသူ၏ မျက်စိနှစ်ကွင်းအား ထိခိုင်မှုမရှိအောင် အကောင်းဆုံးကာကွယ်ပေးမှာဖြစ်ပါတယ်... Software အတွင်း အလိုအလျောက်အလင်းအမှောင်ချိန်ညှိသည့်စနစ်ပါရှိပြီး ပြည်ပနိုင်ငံတွင်ရောက်ရှိနေသူဖြစ်ပါကလည်း Zip Code or Location ထည့်ပေးခြင်းဖြင့် နိုင်ငံအနေအထားလိုက် ရှိသင့်သည့် အလင်းအမှောင် များကိုတွက်ချက်ပြီး ချိန်ညှိပေးမှာဖြစ်ပါတယ်..မြန်မာနိုင်ငံအတွင်းမှာတော့ Automatic ချိန်ညှိသည့်စနစ်ကို
အသုံးပြုနိုင်ပါတယ်.. Internet ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ Online / Offline နှစ်မျိုးလုံးအသုံးပြုနိုင်ပါ.. စတင်အသုံးပြုလျှင် ညအချိန်တွင် Screen မှာ အ၀ါရောင်သို့ပြောင်းသွားပြီး Brightness Warm လုပ်ပေးမှာဖြစ်ပါတယ်..ထိုသို့ လုပ်ပေးခြင်းဖြင့် အမြင်မှာ အနည်းငယ်ဝါနေသော်လည်း တစ်ရက် နှစ်ရက်အတွင်းကျင့်သားရလာမှာဖြစ်ပါတယ်.. Screen ပေါ် အားစိုက်ကြည့်ရှုရခြင်းမျိုးမရှိဘဲ ကွန်ပျူတာအသုံးပြုနေစဉ် မျက်ရည်ကျခြင်းများ ၊ မျက်စိယားယံခြင်းများ ၊ မျက်ရိုးကိုက်ခြင်းများ သိသိသာသာ
သက်သာလာတာကို လက်တွေ့ကြုံရမှာပါ...ယခု စာရေးသူ Admin ကိုယ်တိုင် ကိုယ်တွေ့ဖြစ်ပြီး အသုံးပြု
နေသည်မှာ 2 လမျှရှိနေပါပြီ...ထို့ကြောင့် အဖိုးတန်လှတဲ့မျက်စိတစ်စုံအား ကာကွယ်ဖို့အတွက် F.lux Software အား ယခုပင်ထည့်သွင်းကြဖို့ အကြံပေးလိုက်ရပါတယ်။ Windows , MAC , Linux , iPhone/iPad တို့တွင် အသုံးပြုလို့ရပါတယ်။ လိုအပ်သည့် Sofware အား အောက်တွင် Download ရယူနိုင်ပါပြီ။




Download => Link 1 / Link 2 / Link 3
Download လုပ်နည်းများမသိပါက ဒီမှာဖတ်ပေးပါ...ညီအစ်ကိုမောင်နှမမတွေအတွက် အဆင်ပြေတယ်ဆိုရင် Download Link ရဲ့ အပေါ်ဆုံးမှာထည့်ထားသော ကြော်ငြာ Banner နှစ်ခုကိုပြန်ခါနီး တစ်ချက်လောက် Click ပေးသွားကြပါဦးနော်..ဖုန်းအင်တာနက်သုံးပြီး ရေးသားထားခြင်းဖြစ်သည့်အတွက် တစ်ဖက်တစ်လမ်းမှ ဖုန်းအင်တာနက်ဖိုးလေးပြန်ရဖို့အတွက် ကြော်ငြာထည့်ထားရခြင်းဖြစ်ပါတယ်ခင်ဗျာ။ ကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျာ

1 comment:

  1. Zip Code or Location ခနခနတောင်းနေလို့ဘယ်မှာသွားဒေါင်းရမှာလည်ဒေါင်လော့ဖိုင်ထဲမှာလည်းမပါဘူးမထည့်ဘဲသုံးလို့ရပါသလားရှိရင်ပြန်တင်ပေးပါ...ကျနော်ထိုင်းမှာနေပါတယ်computer တွက်ပါ

    ReplyDelete

Related Posts Plugin for WordPress, Blogger...