ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Thursday 8 May 2014

Firmware တွေ သီးသန့်တင်ထားတဲ့ဘလော့.. MP Firmware



ဖုန်းသမားတွေအတွက် ရည်ရွယ်ပြီးတော့ Firmware တွေချည်းပဲသီးသန့် စုဆောင်းတင်တားတဲ့ ဘလော့လေး တစ်ခု လုပ်ချင်နေခဲ့တာ ကြာပါပြီ.. ဟိုတစ်နေ့ကမှ လုပ်ဖြစ်တယ်..  ပြည်တွင်း/ပြည်ပ Website/Blog ပေါင်းစုံကို မွှေနှောက်ပြီး ရသမျ Firmware တွေ စုဆောင်းတင်ထားတာဖြစ်ပါတယ်.. ဖိုင်တွေကတော့ ကျွန်တော် တစ်ခုမှ တင်မထားဘူးခင်ဗျ.. လိုင်းက မကောင်းဘူးလေ... စုံလည်း မစုံသေးပါဘူး.. တော်တော် လိုသေးတယ်.. ဒါပေမယ့် Firmware သီးသန့် ဆိုဒ်မရှိဘူးလား ခဏခဏ မေးနေကြတာနဲ့ မပြည့်စုံသေးတဲ့ ဘလော့လေးကို ညွှန်းပေးလိုက်ပါတယ်.. လင့်က http://mpfirmware.blogspot.com/ ဖြစ်ပါတယ်.. နာမည်ကိုတော့ MP Firmware လို့ ပေးထားပါတယ်.. မစုံသေးတဲ့အတွက် မိတ်ဆွေများ လိုတာကို ရနိုင်ဖို့ အခက်အခဲရှိနိုင်ပါတယ်.. ဒါပေမယ့် တဖြည်းဖြည်းနဲ့ စုံအောင် ရှာဖွေတင်ပေးသွားမှာပါ...

သွားကြည့်ပါအုံး.. http://mpfirmware.blogspot.com/  နှော်..


အဆင်ပြေပါစေ..

မောင်ပေါက်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...