ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Thursday 6 March 2014

Sony Walkman

Sony Walkman
NWZ-W262

Walkman Player တွေထဲ W Series NWZ-W262 ဟာ Music Player တစ်ခုနဲ့မတူဘဲ အလှအပ နည်းပညာအသုံးအဆောင်ပစ္စည်းတစ်ခုနဲ့ ပိုပြီးဆင်တူနေပါတယ်။ သေးသွယ်ပေါ့ပါးပြီး ကျစ်လျစ်လှပတဲ့ ပုံစံဟာ မြင်လိုက်တာနဲ့ အကောင်းစားပစ္စည်းတစ်ခုမှန်း သိသာနေစေပါတယ်။

wireless အထောက်အပံ့ပေးနိုင်တာကြောင့် တေးသီချင်းထည့်သွင်းရမယ့် ကိစ္စတွေအတွက် အထူးတလယ် အလုပ်ရှပ်စရာ မလိုတော့ပါဘူး။ အကြမ်းခံနိုင်မှုကတော့ SONY ရဲ့ ထုံးစံအတိုင်း ရေစိုခံ၊ ဖုန်ဒဏ်ခံနိုင်ပြီး အားကစားပြုလုပ်ရင်းပဲဖြစ်ဖြစ်၊ ခရီးသွားလာရင်းပဲဖြစ်ဖြစ် သာယာနူးညံ့တဲ့ တေးသီချင်းတွေကို စိတ်ကြိုက် နားဆင်ခံစားနိုင်ပါလိမ့်မယ်။ သိုလှောင်မှု ပမာဏဟာ 4GB ရှိတဲ့အတွက် MP3 သီချင်း အပုဒ်ရေပေါင်း 900 ကျော် ထည့်သွင်းထားနိုင်ပါလိမ့်မယ်။ ဘက်ထရီခံနိုင်ရည်အားအနေနဲ့ ၁ နာရီခွဲခန့် အားအပြည့်သွင်း ထားရင် 8 နာရီဆက်တိုက် ပြန်လည်နားဆင်နိုင်မှာဖြစ်ပြီး ၃ မိနစ် သွင်းရုံနဲ့ မိနစ် ၆၀ စာ နားထောင်နိုင်မယ့် Quick Charge စနစ်လည်း ပါဝင်ပါတယ်။

တပ်ဆင်လိုက်တဲ့အခါ ကိုယ့်ရဲ့နားနဲ့ အံဝင်ခွင်ကျဖြစ်အောင် အလွယ်တကူပြုလုပ်ယူနိုင်တာကလည်း သူ့ရဲ့အားသာချက်တစ်ခုဖြစ်ပါတယ်။ ပတ်ဝန်းကျင်အခြေအနေက ဆူညံသံတွေကို လျော့ချကာ ကြည်လင်တဲ့အသံတွေကို စစ်ထုတ်ပေးနိုင်မယ့် EX Headphones စနစ်ကို အသုံးပြုထားပြီး MP3, WMA, AAC-LC audio, L-PCM Audio စနစ်တွေကို အထောက်အပံ့ပေးထားပါတယ်။ ဈေးနှုန်း ကတော့ 71,000 ကျပ် ဖြစ်ပါတယ်။ စိတ်ဝင်စားလို့ဆက် သွယ်ဝယ်ယူလိုတယ်ဆိုရင်တော့ SONY Showroom ဖုန်း ၀၁-၃၉၈၅၆၆ နဲ့ ၀၁-၅၄၆၀၀၆(လိုင်းခွဲ-၁၄၄)ကိုစုံစမ်းမေးမြန်းနိုင်မှာဖြစ်ပါတယ်။

REF: Tech Space

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...