ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Thursday 6 March 2014

မတ်လ (၉) ရက်နေ့တွင် ထွက်ရှိမည့် Samsung Galaxy Tab Pro 12.2

မတ်လ (၉) ရက်နေ့တွင် ထွက်ရှိမည့် Samsung Galaxy Tab Pro 12.2
**************************
မျက်နှာပြင် 2,560 x 1,600 resolution ရှိတဲ့ Tab Pro 12.2 ကို ဒေါ်လာ 650 ဖြင့်ရရှိနိင်မှာ ဖြစ်ပြီး မူလ Built in ကတော့ 32GB ဖြင့် ပါရှိခဲ့တာ ဖြစ်ပါတယ်။
ထို စီးရီးဟာဆိုရင် အရင် Galaxy Pro tablets တွေထက် ပိုကြီးမားတဲ့ Display ၊ ပိုကြီးမားတဲ့ RAM ကိုရရှိပြီး ဘတ္တရီအားတွေလည်း ပိုမိုကောင်းမွန်လာ
တာကို တွေ့ရပါတယ်။ ဒီဇိုင်းပိုင်းအနေနဲ့ အရင် ထွက်ရှိထားတဲ့ Galaxy Note 3, Galaxy Note Pro 12.2 တို့လို လလ်သာ အတုပုံစံဖြင့် တွေ့ရမှာ
ဖြစ်ပါတယ်။

မျက်နှာပြင်

Super clear LCD capacitive touchscreen ဖြင့် အရောင် (၁၆) ရောင်ရရှိပြီး PPI ( pixel density )ကတော့ ၂၄၇ မှာ ရှိပါတယ်။ Multitouch ဖြစ်ကာ လက်ချောင်း (၁၀)ချောင်းအထက်ထိကို ရရှိပြီး Samsung TouchWiz UI သုံးဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်များ

3GB RAM ဖြစ်ပြီး Quad-core 1.9 GHz Cortex-A15 & quad-core 1.3 GHz Cortex-A7 သုံးပြီး ချိပ်စ်ကတော့ Exynos 5 Octa 5420
ဖြစ်ပါတယ်။ နောက်ဆုံး Android Version 4.4 (KitKat ) နဲ့လာတာ ဖြစ်ပါတယ်။ Bluetooth ကလည်း 4.0 ပါ။

ကင်မရာ

3264x2448 ရှိတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိင်မဲ့ 8MP ကင်မရာ(အရှေ့) ၊ 1080p ရှိတဲ့ပုံတွေကိုရိုက်ကူးနိင်မဲ့ 2MP (အရှေ့ကင်မရာ) ပါရှိပါတယ်။
autofocus, LED flash လည်းပါဝင်ခဲ့ပါတယ်။ ဗီဒီယိုတွေကိုလည်း 1080p ရှိတဲ့ resolution နဲ့ရိုက်ကူးနိင်ပါတယ်။

Aung Heine

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...