ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Tuesday 4 February 2014

တယ်လီနော က ဆင်းမ်ကဒ်တွင် အင်တာနက်ကပါ ထည့်သွင်းပေးမည်


ပြည်တွင်းတွင် မိုဘိုင်းဆက်သွယ်ရေး လုပ်ငန်းလိုင်စင်ရရှိထားသော နော်ဝေနိုင်ငံအခြေစိုက် တယ်လီ နောကုမ္ပဏီက ၀န်ဆောင်မှုပေးမည့် မိုဘိုင်းဆင်းမ်ကတ် တွင်အင်တာနက်ဝန်ဆောင်မှုပါ တစ်ပါ တည်းထည့်သွင်းပေးထားမည် ဖြစ်သည်ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် မစ္စတာ Petter Furberge က ဘား ကမ့်ရန်ကုန်ပွဲတွင် မဇ်္ဈိမ၏မေးမြန်းမှုကို ဖြေကြားသည်။

Mr.Petter Furberge က ““ကျွန်တော် တို့ရောင်းမယ့် မိုဘိုင်းဆင်းမ်ကတ်တွေမှာ အင်တာနက်ဝန် ဆောင်မှုပါဝင်လာမှာဖြစ် ပါတယ်။ အင်တာနက်လျှောက်ထားခထပ် ပေးရတာမျိုးမရှိပါဘူး။ အဲဒီအင် တာနက် လိုင်းကိုအသုံးပြုမှသာ အသုံးပြုခကိုပေးရ မှာဖြစ်ပါတယ် ” ဟု ပြောသည်။

လက်ရှိတွင် မိုဘိုင်းဖုန်းများ၌ အင်တာနက်ဝန်ဆောင်မှုရရှိသော်လည်း အဆိုပါအင်တာနက် လျှောက်ထားမှုအတွက် ငွေကျပ် တစ်သောင်းထပ်ပေးရသည်။

ဆက်လက်၍ Mr.Petter Furberge က “တစ်နိုင်ငံလုံးကို အင်တာနက် Access ပေးနိုင့် အဓိကထား တယ်။ Internet Access သုံးနိုင်မှသာ တစ်နိုင်ငံလုံးမဟုတ်ဘူး တစ်ကမ္ဘာလုံးကိုပါ ချိတ်ဆက်နိုင်မယ်”” ဟု ဆိုသည်။

တယ်လီနောအနေဖြင့် လိုင်စင်ရပြီး ရှစ်လအကြာတွင် မိုဘိုင်းဆင်းမ်ကတ်များ စတင်ရောင်းချသွားမည် ဖြစ်ပြီး ပြီးခဲ့သည့် ဇန်န၀ါရီ ၃၀ က လုပ်ငန်းလိုင်စင်အတွက် လက်မှတ်ရေးထိုးခဲ့သည်။ အလားတူ လိုင်စင် ရရှိထားသော ပြင်ပအော်ပရေတာ အူရီးဒူးက လိုင်စင်ရရှိပြီးခြောက်လအကြာတွင် မိုဘိုင်းဆင်းကတ်များ စတင် ရောင်းချပေးနိုင်မည်ဟုလည်း အဆိုပါကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်။ တယ်လီနောက ကနဦးအနေဖြင့် ဖုန်းဆက်သွယ်ခြင်း (Voice)နှင့် အင်တာနက်အသုံးပြုခြင်း (Data)တို့ကို 2G နှင့် 3 G ကွန်ရက် များပေါ်တွင် ၀န်ဆောင်မှုပေးသွားမည် ဖြစ်ကာ ငါးနှစ်အတွင်း နိုင်ငံလူဦးရေ၏ ၉၀ ရာခိုင်နှုန်း အထိ ၀န်ဆောင်မှုပေးနိုင်မည်ဖြစ်သည်ဟု တယ်လီနောကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်။ထို့ပြင် ဖုန်းပြောဆိုခကိုလည်း တစ်မိနစ်လျှင်အများဆုံး ၂၅ကျပ်အထိသာ ကောက်ခံရန်စီစဉ်ထားပြီး မိုဘိုင်း ဆင်းမ်ကတ်ဈေးနှုန်းမှာလည်း ၁,၅၀၀ ကျပ်ဝန်းကျင် ဖြင့်သာရောင်းချသွားမည် ဖြစ်သည်ဟုလည်း
မစ္စတာ etter Furberge က ပြောသည်။

၎င်းက“ဖုန်းပြောဆိုခကိုတော့ တရားဝင် မသတ်မှတ်ရသေးဘူး။ ဒါပေမဲ့ တစ်မိနစ်ကိုအများဆုံး ၂၅ ကျပ် အထိသာ ကောက်ခံသွားမယ်။ ဒီဈေးနှုန်းထက်နည်း ရင်လည်းနည်းသွားလိမ့်မယ်။ လူတိုင်း လက်လှမ်းမီနိုင်တဲ့ ဈေးနှုန်းဖြစ်မှာပါ” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းကွန်ရက်များ တည်ဆောက်ရန်အတွက် တယ်လီနောအနေဖြင့် Huawei နှင့် Ericsson ကုမ္ပဏီတို့ နှင့်ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်သည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ၀န်ကြီးဌာနက ပြည်ပအော်ပရေတာ နှစ်ခုဖြစ်သော အူရီဒူးနှင့် တယ်လီနောကို ဇန်န၀ါရီ ၃၀ ရက်တွင် လုပ်ငန်းလိုင်စင် စတင်ချထားပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ လိုင်စင်သည် ဖေဖော်ဝါရီ ၅ ရက်တွင် စတင်အသက်ဝင်မည် ဖြစ်သည်။ လိုင်စင်သက်တမ်းမှာ ၁၅နှစ် ဖြစ်ပြီး အော်ပရေတာ တစ်ခုစီက လိုင်စင်ကြေး အမေရိကန် ဒေါ်လာသန်း ၅၀၀ ပေးဆောင်ရမည် ဖြစ်သည်။

 
 mizzima

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...