ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Saturday 8 February 2014

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လစဉ်မိုဘိုင်းဖုန်းဆင်းမ်ကတ် အနည်းဆုံး သုံးသိန်းခွဲအား ဆက်လက်ရောင်းချမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လစဉ်မိုဘိုင်းဖုန်းဆင်းမ်ကတ် အနည်းသုံး သိန်းခွဲအား ဆက်လက်ရောင်းချမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြောကြားသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း၏ မူနှင့်အခြေခံသဘောများအား လွှတ်တော်ကိုယ်စားလှယ်များ ထောက်ပြဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ၀န်ကြီးဌာနများက ၎င်းတို့ဌာနနှင့် သက်ဆိုင်သည့် အမျိုးသားစီမံကိန်းများအား ဖေဖော်ဝါရီ ၅ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ရှင်းလင်းပြောကြားရာတွင် ဒုတိယ၀န်ကြီး ဦးသောင်းတင်က ယင်းသို့ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။

ဆက်သွယ်ရေးဝန်ကြီးဌာန အနေဖြင့် ဇန်န၀ါရီ ၃၀ ရက်တွင် နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီ နှစ်ခုဖြစ်သည့် တယ်လီနောနဲ့ အူရီဒူးတို့အား ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးခဲ့သည့် ဆက်သွယ်ရေး ဥပဒေနဲ့အညီ ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်ကို ပေးအပ်ခဲ့ကြောင်း၊ မကြာမီ မြန်မာကုမ္ပဏီ တစ်ခုဖြစ်သည့် ရတနာပုံကိုလည်း လိုင်စင်ပေးအပ်နိုင်တော့မည်ဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ရှင်းလင်းပြောကြားသည်။

ဆက်သွယ်ရေး ၀န်ဆောင်မှုပေးသည့် ကုမ္ပဏီလေးခုသည် လုပ်ငန်းများ အပြိုင်အဆိုင် ဆောင်ရွက်လာမည် ဖြစ်သည့်အတွက် ၂၀၁၄ ခုနှစ် စက်တင်ဘာလမှ စတင်ကာ ပြည်သူများ လိုလားတောင့်တသည့် မိုဘိုင်းဖုန်းများကို နှစ်သက်ရာကုမ္ပဏီမှာ ၀ယ်ယူရွေးချယ် ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ဆက်လက်ပြောကြားသည်။
  
Eleven Media Group 
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...