ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Wednesday 1 January 2014

YouTube Video တွေ အမြန်ဆုံးနည်းနဲ့ ကြည့်ကြမယ်


YouTube က Video တွေကြည့်ကြတဲ့အခါ လိုင်း ဘယ်လောက် ကောင်းကောင်း Loading လုပ်နေတာ အရမ်းကြာတာမျိုးတွေ အားလုံး ကြုံဖူးကြမယ်ထင်ပါတယ်... ကြော်ငြာတွေ , YouTube Page ထဲမှာ ရှိသမျှ Video တွေကို Loading လုပ်နေရတာကြောင့်ပါ... ပြီးတော့ အညံ့ဆုံး Lower Quality ဖြစ်တဲ့ 144p ရုပ်ထွက်နဲ့ Default ထားထားပါသေးတယ် ဘယ်လိုမှ ကြည့်ရတာ အဆင်မပြေပါဘူး..။ 
အဲ့ဒီပြဿနာတွေကို Command Prompt (CMD) က တဆင့် Hack ပြီး ဖြေရှင်းနိုင်တယ်။
Hack ဆိုတာနဲ့ အရမ်းအခတ်ခဲကြီး မဟုတ်ပါဘူး အောက်က Command လေးတွေကို Copy & Paste လုပ်ပြီး Enter ခေါက်ပေးရုံပါပဲ... OK လေးပေါ်လာတာနဲ့ Command Box ကိုပိတ်ပြီး YouTube ကို သွားကြည့်လိုက်ပါ... အရင်ကထက်  ၃ ဆလောက် မြန်ဆန်လာတာကို လက်တွေ့ တွေ့မြင်ကြရမှာပါ..  Windows (XP, 7, 8, Vista) တွေ အားလုံးမှာ အလုပ်လုပ်ပါတယ်..။

Hack နည်းကတော့...
Start က Search Box မှာ CMD ရေးထည့်ပါ CMD > Right-Click > ‘Run as Administrator’    နဲ့ Run ပြီး Command Prompt ထဲမှာ ဒီအောက်က  အနီ ရောင်နဲ့ ပြထားတဲ့ Command ကုဒ် တွေကို Copy ကူး Right-Click နဲ့ Paste ချပြီး Enter ခေါက်လိုက်ပါ..။

netsh advfirewall firewall add rule name=”YouTubeTweak” dir=in action=block remoteip=173.194.55.0/24,206.111.0.0/16 enable=yes
Command-prompt

2013-04-05_044008

ပြီးသွားရင် Command Prompt ကိုပိတ်လိုက်ပါ..။ YouTube က Video တစ်ခုခုကိုသွားကြည့်လိုက်ပါ.. မြန်မြန် ဆန်ဆန် နဲ့ Video အရည်အသွေးကိုလည်း အနည်းဆုံး 480p နဲ့ ကြည်ကြည်လင်လင်ကြည့်ရှု့ရမှာဖြစ်လို့ သင်ပျော်ရွှင်နေမယ်ဆိုတာ ကျနော်ယုံကြည်ပါတယ်..။
အရင် ပုံမှန်အတိုင်း ပြန်ထားချင်တယ်ဆိုရင်တော့ အောက်က အနီ ရောင်နဲ့  Command ကုဒ် တွေကို Copy ကူးပြီး စောစောကအတိုင်း Paste ချပြီး Enter ခေါက်ပေးလိုက်ပါ..။
 netsh advfirewall firewall delete rule name=”YouTubeTweak”.
နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ
Credit..by
ဝင်းကမ္ဘာကျော်
www.winkabarkyaw.net

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...