ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Saturday 4 January 2014

ဓါတ်ပုံတွေကို နောက်ခံ သီချင်းလေးနဲ့ လုပ်ချင်တယ် ဆိုရင် Photo DVD Slideshow Professional 8.53 လေးနဲ့ လုပ်ကြည့်ပါ




Photo DVD Slideshow Professional 8.53 Multilingual | 29.7 Mb
ကျနော် လက်တွေ့ လုပ်ထားတာလေး ကို ပြန်လည် မျှဝေခြင်ပါတယ် ခင်ဗျာ
ဘာလည်း ဆိုတော့ ဓါတ်ပုံတွေကို နောက်ခံသီချင်းလေးနဲ့ဆလိုက်ရှိုး လုပ်နည်းလေးပါ

အခု့ခေတ်မှာတော့ လူတိုင်းနီးပါးလောက် လုပ်တက်နေကြပါပြီ။ ကျနော် ဆိုဒ်ကလည်း

ဆော့ဝဲတွေကိုပဲ မျှဝေ နေမိတယ် လုပ်နည်းကို ပြတာလည်း နည်းနေတယ် ဒါကြောင့် ဒါလေးနဲ့

ပထမဆုံး လုပ်ပြမယ်နော် ရိုးရိုး Slideshow တခု့ ဖြစ်အောင်ပဲ.ပုံလေးတွေနဲ့ပြမယ်နော်

ကျနော် လုပ်တာထက် ကောင်းတာလိုချင်တယ် ဆိုရင်တော့ အထဲမှာ လိုက်မွှေလိုက်ပါ

ဆော့ဝဲ ကိုတော့ အောက်မှာ ယူလိုက်ပါ ခင်ဗျာ ဖိုင်ဆိုဒ် ကလည်းသေးသေးလေးပါ
DOWNLOAD FROM
အထဲမှာ serial key နဲ့ user name ပါ ပါတယ်

ကျနော့် စက်မှာတော့ full version ဖြစ်ပြီးသွားပါပြီ ခင်ဗျာ
အရင်ဆုံး ဒေါင်းထားတဲ့ ဖိုင်ထဲ က dps install.exe ဆိုတာလေးကို run ပြီးတော့

အဆုံးထိ install လုပ်လိုက်ပါ။
ပြီးသွားပြီဆိုရင် Desktop မှာ Short cut လေးတခု့ တိုးသွားပါလိမ့်မယ်။

Short cut လေးကို ကလစ် ၂ ချက်ခေါက်ပြီး ဖွင့်လိုက်ပါ။ ပြီးရင် အပေါ်နားလေးက

Help ဆိုတာ လေးကို နှိပ်လိုက်ပါ။အောက်မှာ ပုံလေးနဲ့ ပြထားပါတယ်။ Register ဆိုတာကို 
ဆက်သွားပါ



Registration Name နေရာမှာ Text ဖိုင်ထဲမှာ ပါတဲ့  Name နေရာက နာမည်ကို ထည့်လိုက်ပါ

Registration Key နေရာမှာလည်း အထဲမှာ ပါတဲ့ Serial ဆိုတဲ့ 
၃၅ လုံးပါတဲ့ စာလုံးတွေကိုထည့်လိုက်ပါပြီးရင် Activate လုပ်လိုက်ရုံပါပဲ ခင်ဗျာ


အပေါ်ကစာတန်းလေး ပေါ်သွာားရင် Full version ဖြစ်သွားပါပြီခင်ဗျာ။ အဲ့ဒါက  Fullversion
ဖြစ်အောင်လုပ်နည်း ကို အတိုချုံး ပြထားတာပါ ခင်ဗျာ

အရင်ဆုံး မိမိအသုံးပြု့မယ့် Photo DVD Slideshow Professional လေးကို

ကလစ် ၂ ချက်ခေါက်ပြီးတော့ ဖွင့်လိုက်ပါ။အောက်က ပုံအတိုင် ပေါ်လာမယ်


ဒီကောင်လေးကတော့ ပေါ့ပေါ့ပါးပါး နဲ့ လုပ်ရတာလွယ်ကူပါတယ်။ပထမဆုံး မိမိ လုပ်မယ့်

ဓါတ်ပုံ Album ကို Themes လေးနဲ့ လုပ်ချင်တယ် ဆိုရင်အောက်မှာ ပြထားတဲ့ Album Themes

ဆိုတဲ့ နေရာကနေသွားလိုက်ပါ အဲ့ဒီမှာညာဘက်ဘေးမှာCurrent theme ဆိုတာလေးရှိပါတယ်

မိမိ စိတ်ကြိုက် Themes တွေကို ရွေးချယ် အသုံးပြု့နိုင်ပါတယ်


ရွေးချယ်လိုက်ပြီ ဆိုရင် ဓါတ်ပုံတွေဟာ Themes ထဲမှာ ပဲ လှလှပပ လေးပေါ်လာမှာပါ

ဒီအောက်မှာတော့  ၁ ၊၂ ၊၃ ၊ ၄ ဆိုပြီးတော့ နံပါတ်တပ်ပေးထားပါတယ်




၁။ မိမိ အသုံးပြု့မယ့် ဓါတ်ပုံတွေကို Organize Photoဆိုတာကိုနှိပ်ပြီး ရွေးချယ်လိုက်ပါ ။
၂။ သူကတော့ Album Photo ဆိုတာ ကို နှိပ်ပြီးတော့ မိမိ ရွေးထားတဲ့ ပုံတွေကို slide show 
လုပ်ဖို့အတွက် ထပ်ရွေးချယ်ပေးရပါမယ်။
၃ ။ အခု့န ရွေးချယ် ထားတဲ့ ပုံတွေကို + Add ဆိုတာကို နှိပ်ပြီးတော့ နောက်ဆုံးရွေးပေးရပါမယ်
၎ ။  Output Format ဆိုတာကတော့ ဆလိုက်လုပ်ပြီးတဲ့ အခါ ဒီ video ကို မိမိ က ဘယ်နေရာမှာ
ကြည့်ချင်တာလဲ..? Android မှာလား IOS ဖုန်းတွေမှာလား 
 DVD, VCD Media Player တွေမှာလား မိမိ အသုံးပြု့မယ့် DEVICE အပေါ်မှာ 
မူတည်ပြီးတော့ ရွေးပေးရပါမယ်။
အောက်မှာ ပြထားသလို မိမိကြိုက်ရာ Format နဲ့ အသုံးပြု့နိုင်ပါတယ်

ဓါတ်ပုံတွေကို ရွေးပြီးရင် နောက်ခံ အသုံးပြု့ဖို့အတွက် သီချင်းရွေးပေးရပါမယ်
သီချင်းရွေးဖို့အတွက် Transition & music ကိုရွေးပေးပါ။
 အောက်က ပုံ အတိုင်း Add ကို ဆက်နှိပ်ပါ
မိမိ အသုံးပြု့မယ့်သီချင်းရပြီ ဆိုရင် Open ကို နှိပ်ပြီး ဆက်သွားလိုက်ပါ။ ဒီနေရာမှာ အသုံးပြု့မယ့်
သီချင်းနဲ့ မိမိရွေး ထားတဲ့ ဓါတ်ပုံတွေ အချိန် ကိုက်ညီမှု့ ရှိမရှိ ကိုလည်း တခါတည်းစစ်ဆေးပေးရပါမယ်
သီချင်းက ရှည်နေပီး ပုံတွေ နည်းနေရင် ထပ်ဖြည့်ပါ။ သီချင်းက တိုပြီးတော့ ပုံတွေက များနေရင်လည်း
ပုံတွေကို တခါတည်း ဖျက်လို့ရပါတယ်

သီချင်းရဲ့ ကြာချိန် ဓါတ်ပုံတပုံ ကနေ တပုံ ကို ကူးပြောင်းမှု့ ကြာချိန်တွေကို အပေါ်က ပြထားတဲ့

အနီရောင်လေးထောင့် ကွက်ထဲမှာ တခါတည်း ဝင်ညှိလို့ ရပါတယ်။

အောက်မှာတော့ မိမိ လုပ်ထားတဲ့ သီချင်းတွေနဲ့ ဓါတ်ပုံတွေကို ကွန်ပြူတာထဲမှာပြန်သိမ်းတော့မယ် 

ပုံမှာ ပြထားတဲ့ အတိုင်း Burn to Disc ကို နှိပ်လိုက်ပါ။

မိမိရွေးချယ်ထားတဲ့ output format ရဲ့ ဘေးမှာ Creat Now ဆိုတာလေး ပါတယ်

နှိပ်လိုက်တာနဲ့ process စပါပြီခင်ဗျာ. 
အောက်က ပုံလေးကတော့ မိမိရဲ့ Photo SlideShow ပြီးဆုံးသွားတာကို ပြထားတာပါ

မိမိ လုပ်ထားတဲ့ Movies လေးကို သွားကြည့်ချင်ရင် အများအားဖြင့်တော့

My Document ထဲက Photo Slide Show Creator ထဲမှာသွားကြည့်လိုက်ပါ

ဒါပေမယ့် တယောက်နဲ့ တယောက် Output Folder တူချင်မှ တူမှာပါခင်ဗျာ။

အထဲမှာ လုပ်လို့ ရတာတွေအများကြီးပါ ပါတယ် ကျနော် ကလည်း အလုပ်တဖက်နဲ့ မို့ ဒီလောက်လေးပဲ

ပြောပြနိုင်ပါတယ် ခင်ဗျာ
Credit...by

ကိုလတ်(ကျွဲဆင်း)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...