ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Sunday 6 October 2013

***တန်ဖိုး*****

တစ်ခါတုန်းက သဘောင်္သားနှစ်ယောက်ဟာ ပင်လယ်ထဲမုန်တိုင်းမိပြီး ကျွန်းလေးတစ်ကျွန်းအပေါ်ရောက်လာခဲ့ကြတယ် ။ အဲဒီ ကျွန်းကလေးမှာ နေထိုင်တဲ့ မျိုးရိုးအုပ်စုရဲ့ အကြီးအကဲမှာ သမီး နှစ်ယောက်ရှိပါတယ် ။ တစ်ယောက်က အရမ်းကိုချောမောလှပပြီးနောက်တစ်ယောက်ကတော့     
သာမန်ရွက်ကြမ်းရေကျိုရုပ်ရည်မျိုးကိုပိုင်ဆိုင်ထားပါတယ် ။ ဒီမှာတင် သဘောင်္သားတစ်ယောက်က နောက်တစ်ယောက်ကိုပြောလိုက်တယ် ။

“ ငါ ဘယ်မှမသွားတော့ဘူး ဘ၀ရဲ့ပျော်ရွှင်မှုကို ငါဒီမှာ ရှာတွေ့နေပြီ အကြီးအကဲရဲ့သမီးကို လက်ထပ်ပြီး ဒီမှာပဲနေတော့မယ် ” နောက်သဘောင်္သားကပြန်ပြောတာယ်

“ မင်းမှန်တယ် အကြီးအကဲရဲ့သမီးဟာ အလွန်ချောမောလှပပါတယ် ပြီးတော့ လိမ္မာရေးခြားလည်းရှိတယ် ။ မင်းရွေးတာကို ငါသဘောတူပါတယ် ”

“ မဟုတ်ဘူးသူငယ်ချင်း ငါ က အကြီးအကဲရဲ့သမီးငယ်နဲ့လက်ထပ်မှာပါ ”

“ ဘာကွ .. မင်း ရူးနေတာလား အငယ်မလေးက ရုပ်က ဒီလောက် ကြမ်းပါဘိသနဲ့ ”

“ မသိဘူး ငါကတော့အငယ်မလေးကို လက်ထပ်ဖို့ဆုံးဖြတ်လိုက်ပြီ ” သဘောင်္သားက တည်ငြိမ်စွာပြောလိုက်တော့ သူ့ငယ်ချင်းက နားမလည်နိုင်တဲ့အကြည့်နဲ့ကြည့်ပြီး ဒီကျွန်းကနေ ခွာလို့ ခရီးဆက်ထွက်သွားခဲ့တယ် ။ ကျန်ခဲ့တဲ့သဘောင်္သားက ကျွန်းရဲ့ဓလေ့ထုံးစံအတိုင်း အကြီးအကဲဖြစ်သူဆီ နွားမဆယ်ကောင် နဲ့တင်တောင်းဖို့ဆုံးဖြတ်လိုက်တယ် ။ ဒီလိုနဲ့ သင်္ဘောသားဟာ နွားမ ဆယ်ကောင်နဲ့အကြီးအကဲဆီရောက်လာတယ် ။

“ ခင်ဗျားသမီးကို လက်ထပ်ယူမလို့ ဟော ဒီမှာ နွားမဆယ်ကောင်ပါ ”
“ မင်းရွေးတာ သိပ်တော်တယ် ငါ့သမီးကြီးဟာ ရုပ်ချောသလို သဘောလည်းကောင်းတယ် သူမဟာ နွားမဆယ်ကောင်တန်ဖိုးရှိတယ် ငါသဘောတူပါတယ် ”

သဘောင်္သားဟာခေါင်းခါလိုက်ပြီး “ အကြီးအကဲခင်ဗျာ နားလည်မှုလွဲနေပါတယ် ကျွန်တော်ယူမှာ ခင်ဗျားရဲ့သမီးငယ်ကိုပါ ” လို့ပြောလိုက်တယ် ။

အကြီးအကဲကအံ့သြသွားပြီး “ ဟေ့ သူငယ် မင်းရူးများရူးနေသလား အငယ်မလေးက အကြီးမလောက်မချောဘူးဆိုတာ မင်းမြင်ဖူးတယ်မဟုတ်လား ”
“ ကိစ္စမရှိပါဘူး ကျွန်တော်သမီးငယ်ကိုပဲ လက်ထပ်ချင်ပါတယ် ”
“ ကောင်းပြီလေ ဒါပေမယ့်မ့င်းက ရိုးသားပုံပေါက်တဲ့အတွက် မင်းဆီက နွားဆယ်ကောင်တော့ငါမယူနိုင်ဘူး သူဒီလောက်မတန်ဘူး သုံးကောင်ပဲငါယူပါ့မယ် ”
“ ဟင့်အင်း ကျွန်တော်ဆယ်ကောင်တိတိနဲ့ပဲ တင်တောင်းချင်ပါတယ် ”

ဒီလိုနဲ့ပြောမရတဲ့အဆုံး အကြီးအကဲက သဘောင်္သားရဲ့ တောင်းဆိုမှုအတိုင်းလက်ခံလိုက်တယ် ။ သူတို့လက်ထပ်လိုက်ကြပါတယ် ။ နှစ်တွေကုန်လွန်ပြီးအချိန်တွေလည်းတဖြည်းဖြည်းပြောင်းလဲလာခဲ့တယ် ။

ကျွန်းကနေထွက်ခွာသွားတဲ့ သဘောင်္ာသားဟာ သူ့သူငယ်ချင်း ဘာတွေဖြစ်နေသလဲ အဆင်မှပြေပါ့မလားလို့သိချင်တာနဲ့ ကျွန်းပေါ်ကိုတစ်ခေါက်ပြန်ရောက်လာခဲ့တယ် ။ ကမ်းပေါ်တက်ပြီး လမ်းလျှောက်လိုက်တဲ့အခါ ကမ်းခြေမှာ ပြိုင်စံရှားလောက်အောင်ချောမောလှပတဲ့ အမျိုးသမီးတစ်ယောက်ကိုတွေ့လို့ သူငယ်ချင်းကို ဘယ်မှာ ရှာရမလဲမေးလိုက်တယ် ။ ဒီလိုနဲ့လမ်းညွှန်လိုက်တဲ့အတိုင်းသွားတဲ့အခါ သူ့သူငယ်ချင်းကိုတွေ့ပါတယ် ။ ပြီးတော့ သူ့အနားမှာ ကလေးတွေဆော့ကစားနေတာလည်းတွေ့လိုက်တယ် ။

“ သူငယ်ချင်း ကျွန်းမှာနေရတာ ဘယ်လိုလဲကွ ”
“ ငါတော့အရမ်းပျော်ပါတယ်သူငယ်ချင်း ”

အဲဒီအချိန်မှာပဲ လမ်းမှာတွေ့ခဲ့တဲ့အရမ်းကိုချောမောတဲ့အမျိုးသမီးဝင်လာတယ် ။

“ ကဲ နှုတ်ဆက်လိုက်ပါဦး အဲဒါငါ့မိန်းမပဲ ”
“ ဟင် ဘာလဲ နောက်မိန်းမထပ်ယူလိုက်တာလား
“ မဟုတ်ပါဘူး ဒါအရင်အမျိုးသမီးပဲလေ ”
“ ဟင် ဘယ်လိုဖြစ်တာလဲ ဘာဖြစ်လို့ သူမ ဒီလောက်တောင် ပြောင်းလဲသွားရတာလဲ ”

“ မင်းကိုယ်တိုင် ငါ့မိန်းမကို မေးကြည့်လိုက်လေ ” သဘောင်္သားက အမျိုးသမီးဖြစ်သူဆီကြည့်ြ့ပီးမေးလိုက်တယ် ။

“ တမျိုးတော့မထင်ပါနဲ့ဗျာ ကျွန်တော်မှတ်မိသလောက်တော့ခင်ဗျားဟာအရင်တုန်းကဒီလောက် ကြည့်မကောင်းခဲ့ပါဘူး အခု ဘယ်လိုဖြစ်လို့လူတကာငေးရလောက်တဲ့အလှပိုင်ရှင်ဖြစ်သွားရတာလဲ ”

အမျိုးသမီးကပြုံးပြီးပြန်ဖြေလိုက်တယ် ။

“ အထွေအထူးဘာမှတော့မဖြစ်ပါဘူး တစ်ရက်မှာ ကျွန်မကိုယ်ကျွန်မ နွားမဆယ်ကောင်တန်ဖိုးရှိတယ်လို့ နားလည်လိုက်လို့ပါ ”

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

တန်ဖိုးထားတတ်တဲ့သူဆီမှာပဲ တန်ဖိုးဆိုတာ အမြင့်ဆုံးကိုရောက်ရှိနိုင်ပါတယ် ။

သက်တန့်ချို
မူရင်း - Value of a woman

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...