ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Saturday 21 September 2013

မှားယွင်းခြင်းဟာ ဘဝတစ်ခုကိုဆုံးရှုံးစေတယ်။

တစ်ခါတုန်းက စပိန်နိုင်ငံမှာ နွားရိုင်းသတ်ပွဲတွေမှာ နွားရိုင်းတွေနဲ့ယှဉ်ပြိုင်သတ်ရတဲ့လူတစ်ယောက်ရှိတယ် ။ သိပ်တော့နာမည်ကြီး တဲ့အထဲမှာမပါပါဘူး ။ ဒါပေမယ့် သူ့အတွက် နွားရိုင်းသတ်ပွဲ မှာ သူရဲကောင်းအဖြစ် အသိမှတ်ပြုခံရခြင်းမခံရခြင်းက သူ့အတွက် အရေးတော့သိပ်မကြီးလှပါဘူး ။ ဘာကြောင့်လည်းဆိုတော့ သူ့မှာ သိပ်ချစ်ရတဲ့ ဇနီးသည်ရှိတယ် ။ အဲဒီဇနီးကလည်းသူ့ကို သိပ်ချစ်တယ် ။ ဒီတော့ သူ့ဘ၀မှာ ကျန်တာတွေက သိပ်တော့မလိုပါဘူး ။

တစ်နေ့တော့ နွား၇ိုင်းသတ်သူဟာ နွား၇ိုင်းသတ်ပွဲတစ်ခုမှာ ယှဉ်ပြိုင်ရင်းပေါင်ရင်းမှာ ဒါဏ်ရာရသွားတယ် ။ ဒါပေမယ့်မကြာခင်မှာ ပဲ အနာကျက်ပြီး ဒါဏ်ရာက ကောင်းမွန်သွားပါတယ် ။ ဒါပေမယ့် ဆရာဝန်က သူ့ကိုပြောလိုက်တယ် ။ “ ခင်ဗျား ဒီတစ်သက်တော့ သားသမီးမရနိုင်တော့ဘူး ” တဲ့ ။

သူဟာ ဇနီးသည်ကို ဆရာဝန်ပြောတဲ့စကားနဲ့ပတ်သတ်ပြီးစိတ်မကောင်းဖြစ်မှာစိုးလို့ ဘာတစ်ခွန်းမှမပြောခဲ့ဘူး ။ သိပ်မကြာခင် ညနေခင်းတစ်ခုမှာ ဇနီးသည်က ၀မ်းသာအားရနဲ့ သူ့ကိုပြောတယ် ။ “ ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီ ” တဲ့ ။ နွား၇ိုင်းသတ်သမားဟာ ၀မ်းမသာတဲ့အပြင် မိန်းမဖြစ်သူကို ခပ်တင်းတင်းမုန်းတီးတဲ့အကြည့်နဲ့ကြည့်ပြီး အဝေးတစ်နေရာကိုထွက်သွားပါတော့တယ် ။

ဖနီးသည်ကလည်း စိတ်ထိခိုက်လွန်ပြီး ခိုကိုးရာမဲ့ဘ၀မှာ နေမပျော်တော့ပါဘူးဆိုပြီး ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တယ် ။

နွားရိုင်းသတ်သမားကိုယ်တိုင်ကလည်းအသက်ရှင်ချင်စိတ်မရှိတော့ပါဘူး ။ ဒါနဲ့ နွားရိုင်းသတ်ပွဲတွေမှာ သူသေချင်သေပါစေတော့ဆိုပြီး အရဲစွန့်ပြီး ယှဉ်ပြိုင်ခဲ့တယ် ။ ဒါပေမယ့် အရမ်းကံကောင်းပါတယ် သူဘာမှမဖြစ်ခဲ့ဘူး ။ အကြောက်တရားမရှိတာကြောင့် သူ့ကို သတ္တိခဲအဖြစ် သူရဲကောင်းအဖြစ်အားလုံးက သတ်မှတ်လို့ သူနာမည်ကြီးလာခဲ့တယ် ။ အချိန်တွေကြာလာတာနဲ့အမျှ ရင်ထဲကဒါဏ်ရာတွေလည်းမှေးမှိန်လာခဲ့ပါတယ် ။ သိပ်မကြာခင်မှာပဲ နွားရိုင်းသတ်သမားဟာ အမျိုးသမီးတစ်ယောက်နဲ့ထပ်တွေ့တယ် ။

အဲဒီအမျိုးသမီးကို သူ လက်ထပ်ယူခဲ့တယ် ။ ဒီလိုနဲ့အချိန်ကြာလာတဲ့အခါ နောက်ထပ်အမျိုးသမီးကလည်း သူ့ကို “ ကျွန်မမှာကိုယ်ဝန်ရှိနေပြီ ” လို့ပြောလိုက်ပါတော့တယ် ။

ဒီတော့မှ သူဟာ ဆရာဝန်ရဲ့ စကား မှားသွားတယ်ဆိုတာ သိလိုက်ရပြီး ခေါင်းငိုက်စိုက်ချလို့ ချုံးပွဲချ ငိုမိပါတော့တယ် ။

======================

တခါတရံသတင်းမှားတွေက ဘ၀တွေကို ပျက်စေနိုင်တယ်
မှားယွင်းတဲ့စကားတစ်ခွန်းကြောင့် အသက်တွေပါဆုံးရှုံးရတဲ့အထိဖြစ်တတ်ပါတယ်
သတိပြုဆင်ခြင်သုံးသပ်ရမှာဖြစ်ပါတယ် ။

သက်တန့်ချို
မူရင်း - Wrong Message and destruction

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...