ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Monday 17 September 2012

G-talkနဲ့ ဖုန်းခေါ်မယ်။

minnaingsoe114:
minnaingsoe114:
G-talk နဲ့Mobile ဖုန်းခေါ်မယ် .......
12:53 PM နည်းပညာ, ဖုန်းနည်းပညာ No comments


နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါ...
အသုံးပြုနည်းကတော့ ....

1. Google Talk ကိုဖွင့်ပါ။

2. ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။

3. အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။

(phonenumber@talkster.gtalk2voip.com)
ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com

4.Talkster မှ ပေးပို့တဲ့ confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။ တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ မရှင်းတဲ့ သူတော်တော်များများရှိလို့ ထပ်ပြောပြပါမယ်။ အဲဒီ နံပါတ်က ကိုယ့် ဂျီတော့အိုင်ဒီကို အဲဒီသူက အဲဒီနိုင်ငံကနေ ဖုန်းပြန်ခေါ်လို့ ရအောင် စီစဉ်ထားတာပါ။ Call back system သုံးဘူးတဲ့သူဆို သိပါတယ်။


ကိုယ်က ဒီကနေ ခေါ်လိုက်တာနဲ့ သူ့ဖုန်းမှာ အဲဒီ နံပါတ်ပေါ်ပါတယ်။
ဆယ်စက္ကန့်ပြီးလို့ ကျသွားတာနဲ့ သူက အဲဒီ နံပါတ်ကို ပြန်ခေါ်လိုက်ရုံပါပဲ။
လွယ်ပါတယ်။ တကယ်လို့ သူ့ဖုန်းမှာ နံပါတ်မပေါ်ရင် ကိုယ်က တနည်းနည်းနဲ့ ပို့ပေးပေါ့ဗျာ။ ဂျီမေးလ် ကိုတော့ အမြဲ အွန်ထားဖို့ လိုပါမယ်။

5. တကယ်လို့ mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်, သူ့အနေနဲ့ SMS ကတစ်ဆင့် သင့်ကိုပြန်လည်ဆက်သွယ်ရန် Talkster call-in number တစ်ခုကိုရရှိမှာဖြစ်ပါတယ်။ မရသေးဘူးဆိုရင် Talkster number ကို IM ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။ Make calls from your Google Talk


1. Google Talk Contact List က ကိုယ်ဆက်ချင်တဲ့ နံပါတ်ကို select လုပ်ပါ

2. Call button ကို Click လုပ်ပြီး စတင်ခေါ်ဆိုပါ။

3. Talkster က သင်ဆက်သွယ်လိုတဲ့ နံပါတ်ကို gtalk ကတဆင့် ဆက်သွယ်ပေးပါလိမ့်မယ်။

4. တကယ်လို့ တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင် သူစကားပြောဖို့ အားရဲ့လား ဆိုတာကို စစ်ဆေးဖို့ 10 secondsအချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး သင့်အတွက် ရထားတဲ့ Talkster local phone number ကို ပြန်ခေါ်ခိုင်းပါ။

5. သူပြန်ခေါ်တာကို စောင့်စားနေပါ။ (တကယ်လို့ သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ)

6. သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့ ကြိုက်သလောက် စကားပြောဆိုလို့ ရပြီဖြစ်ပါတယ်။

7. ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။

8. တဘက်လူကို အဲဒီ Talkster call-in number လေးကို သိမ်းထားဖို့ သတိပေးပါ။ သူက သင့် Google Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု ဆက်သွယ်နိုင်ပါပြီ။

no catches, no limits, and no conditions! လို့ သူတို့က ဆိုထားပါကြောင်း။စိတ်မကောင်းစွာဖြင့် ဒီlist ထဲမှာ စင်ကာပူနှင့် မြန်မာနိုင်ငံပါမလာပါဘူး ...

ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ဖော်ပြပေးလိုက်ပါတယ်။

Country name Country code Dialing code
Argentina AR +54
Australia AU +61
Austria AT +43
Belgium BE +32
Canada CA +1
Chile CL +56
China CN +86
Czech Republic CZ +420
Denmark DK +45
El Salvador SV +503
Finland FI +358
France FR +33
Germany DE +49
Hong Kong HK +852
Hungary HU +36
Ireland IE +353
Israel IL +972
Italy IT +39
Latvia LV +371
Lithuania LT +370
Luxembourg LU +352
Mexico MX +52
Netherlands NL +31
Norway NO +47
Peru PE +51
Poland PL +48
Romania RO +40
Slovakia SK +421
Slovenia SI +386
Spain ES +34
Sweden SE +46
Switzerland CH +41
United Kingdom GB +44
United States US +1
Helpful Hints
ဒီ service လေးကို သုံးဖို့ တဘက်လူမှ Caller ID ကိုဖွင့်ထားပေးဖို့လိုပါမယ်။ ဒီနည်းလမ်းနဲ့ တဘက်ကလူကို အဲဒီ service မှ မှတ်မိသိရှိပြီး ဆက်သွယ်ပေးနေတာ ဖြစ်လို့ပါပဲ။ login တွေ password တွေမလိုတဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။

အသေးစိတ် သိလိုသေးရင်တော့ www.talkster.com ကို သွားရောက် ဖတ်ရှုနိုင်ပါတယ်။ ZEALOT မှကူးယူပါတယ်။

Source by :http://blog.irrawaddy.org/

Email This BlogThis! Share to Twitter Share to Facebook
Newer Post Older Post Home
0 comments:

Post a Comment

mp4သီချင်း (7) ကဗျာ (2) ကျန်းမာရေး... (3) စင်္ကာပူသတင်း (1) ဓါတ်ပုံ (11) နည်းပညာ (8) ဖုန်းနည်းပညာ (2) ဗီဒီယို (3) မလေးရှားသတင်း (25) လစဉ်ဗေဒင် (3) လမ်းညွှန် (1) သတင်း (10) သတိပေးချက် (2) သီချင်း (3) အင်တာဗျူး (3) အမှတ်တရ (3) ဆောင်းပါး (3) မွေးနေ့ဆုတောင်း (3) ကြေငြာ (1) မြန်မာသတင်း (5)

Social Profiles
TwitterFacebookGoogle PlusLinkedInRSS FeedEmail

Popular
Tags
Blog Archives

ဘောလုံးပွဲသတင်းဆိုဒ်များ
မြန်မာဘောလုံးချစ်သူများ နိုင်ငံခြားပွဲစင်ရလဒ်များ ရန်ကုန်ယူနိုက်တက် လီဘာဘူးပရိတ်သတ်အတွက် ချဲလ်ဆီးနှင့်သူချစ်ပရိတ်သတ်များ ကမ္ဘောဇ မြန်မာဘောလုံးသတင်း sepn ဘောလုံးသတင်းစုံ myanmar goal
သန်း...flash song များ...
တယ်လီဖုန်.... အဆင်အမြဲ.... ရေစီးကြောင်းသံယောဇဉ်..... အသိုင်းအ၀ိုင်း.... အိမ်ကိုပြန်ခဲ့တော့...... မင်းလေးနားလည်.... ကိုယ့်အနားရှိနေစေချင်..... သူငယ်ချင်းလေး.... ကောင်မလေး....
မလေးရှား အွန်လိုင်း ရေဒီယိုနားဆင်ရန်
http://api.ning.com/files/MDt99*I1ZC5wUt73szYGOno7Xb3zM9niKzKOX*99BFD0G3p5VjNda-xLmKhzp4S8USpfb2CoQnWlnFZTCYg3zKz6hWuDnF-F/mcnaingzin.gif


G-talk နဲ့Mobile ဖုန်းခေါ်မယ် .......
နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါ... အသုံးပြုနည်းကတော့ .... 1. Google Talk ကိုဖွင့်ပါ။ 2. ကိုယ်ဆ...
ရိုဟင်ဂျာ...ဘင်္ဂလီတို့ရဲ့လုပ်ရပ်...ဓါတ်ပုံများ
ရိုဟင်ဂျာကုလားတွေ မုဒိမ်းကျင့် လူသတ်ခံရတဲ့ ရခိုင်မလေး သီတာထွေး အကြမ်းဖက်သမားတွေလက်ချက်ကြောင့် အသက်ပေးလိုက်ရတယ်..ရခိုင်မလေး ဒါကတော့ဒေါက်တ...
သနားစရာကောင်းလွန်းတဲ့ အမျိုးသမီး Jacqueline (ဖြစ်ရပ်မှန်)
တချိန်တုန်းက Jacqueline သည်အဲလိုလှပခဲ့ပါတယ် (1999.09.19)
သူဖခင...
စင်္ကာပူနိုင်ငံမှ သဘင်ချစ်တဲ့ မြန်မာများအတွက် ဖိုးချစ်တို့ကတဲ့ ဇာတ်အလှသဘင် နှင့်အတူသြရသ ဆိုတေးတို့ ပါဝင်တဲ့ပဒေသာကပွဲကြီး
စင်္ကာပူနိုင်ငံမှ သဘင်ချစ်တဲ့ မြန်မာများအတွက် ဖိုးချစ်တို့ကတဲ့ ဇာတ်အလှ သဘင်နှင့်အတူသြရသ၊ ဆိုတေးတို့ပါဝင်တဲ့ပဒေသာကပွဲကြီး အဟောင်းထဲက အသစ် အကာ...
စစ်တွေမြို့တွင် မွတ်ဆလင် လူငယ် တစ်ဦးကို သင်္ကန်းဝတ်နဲ့ ဖမ်းဆီး၇မိ
ထွန်းထွန်းနှင့် မောင်ရမ္မာ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မွတ်ဆလင် လူငယ် တစ်ဦးကို သင်္ကန်း ၀တ်ပြီး ယမန်နေ့က ဖမ်းဆီးရမိသည်ဟု သိရသည်။ ယခုအခါ...
mp3 ..mp4..totalvideocomveter register code
94D7F253-97DB21CF-77BC98D8-6F456A41-BE943BE4-A0A3B2E0-16059D78-D7D2FE36-0DE33BC7-D866E316-C5811727-327512BB-AF3D58FF-07E5A488-DF33AE98-1A620...
ကိုရီးယား အီးပီလုပ်သားလောင်း မြန်မာနိုင်ငံသား ညီငယ်များ အားလုံးသို့ ………..
ကိုရီးယား အီးပီလုပ်သားလောင်း မြန်မာနိုင်ငံသား ညီငယ်များ အားလုံးသို့ …… (ကိုရီးယားကို အလုပ်လာလုပ်ရန် ရည်ရွယ်ထားသူများ ဖတ်ရန်) အီးပီလုပ်သားေ...
မွေးနေ့ဆုတောင်း
၀၆.၀၇.၂၀၁၂..နေ့တွင်ကျရောက်သော ညီမလေး ပွင့်ဖြိုးရွှေစင် ရဲ့ ၂၃ မြောက်မွေးနေ့မှ နောင်နှစ်ပေါင်း ၁၀၀ကျော်တိုင် စိတ်ချမ်းသာ ကိုယ်ကျန်းမာ ချမ်းသ...
ဘာသာစကား( ၂၄ )မျိုးကို မြန်မာဘာသာပြန်ဆိုပေးနိုင်သော Myanmar
အွန်လိုင်း အဘိဓါန်လေးတစ်ခုပါ.. ဘာသာစကား ၂၄ ခုကနေ မြန်မာဘာသာကို ဘာသာပြန်ပေးနိုင်ပါတယ်.. ဆိုဒ်တည်ထောင်သူတို့ရဲ့ ရည်ညွှန်းချက်တစ်ခုက “မြန်မာတို့...

မလေးရှား သတင်းများ ဖတ်ရန်
http://www.3dflags.com/media/icons/key-20111106/flags/120/3dflags-icon-mys1-120-medium.png မလေးရှားရောက် မြန်မာများအတွက် မလေးရှားသတင်းများ အားလုံးဖတ်ရန်
ဖျော်ဖြေရေးဆိုက်များ
Mtv burmeseclassic အိမ်မက်လှိုင်းး Pansagar Myanmar Music ကိုရီးယားရှပ်ရှင်များ ရွှေအိမ်မက်မြန်မာ့ရှပ်ရှင် ခရမ်းပြာအိပ်မက် myanmarsongs.net အာရှရုပ်ရှင် နိုင်ငံခြားရုပ်ရှင် အဖြူရောင်သံဇဉ်
Followers
G-talk နဲ့Mobile ဖုန်းခေါ်မယ် .......
12:53 PM နည်းပညာ, ဖုန်းနည်းပညာ No comments


နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါ...
အသုံးပြုနည်းကတော့ ....

1. Google Talk ကိုဖွင့်ပါ။

2. ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။

3. အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။

(phonenumber@talkster.gtalk2voip.com)
ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com

4.Talkster မှ ပေးပို့တဲ့ confirmation ကို instructions တေ

G-talk နဲ့Mobile ဖုန်းခေါ်မယ် .......
နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါ... အသုံးပြုနည်းကတော့ .... 1. Google Talk ကိုဖွင့်ပါ။ 2. ကိုယ်ဆ...
ရိုဟင်ဂျာ...ဘင်္ဂလီတို့ရဲ့လုပ်ရပ်...ဓါတ်ပုံများ
ရိုဟင်ဂျာကုလားတွေ မုဒိမ်းကျင့် လူသတ်ခံရတဲ့ ရခိုင်မလေး သီတာထွေး အကြမ်းဖက်သမားတွေလက်ချက်ကြောင့် အသက်ပေးလိုက်ရတယ်..ရခိုင်မလေး ဒါကတော့ဒေါက်တ...
သနားစရာကောင်းလွန်းတဲ့ အမျိုးသမီး Jacqueline (ဖြစ်ရပ်မှန်)
တချိန်တုန်းက Jacqueline သည်အဲလိုလှပခဲ့ပါတယ် (1999.09.19)
သူဖခင...
စင်္ကာပူနိုင်ငံမှ သဘင်ချစ်တဲ့ မြန်မာများအတွက် ဖိုးချစ်တို့ကတဲ့ ဇာတ်အလှသဘင် နှင့်အတူသြရသ ဆိုတေးတို့ ပါဝင်တဲ့ပဒေသာကပွဲကြီး
စင်္ကာပူနိုင်ငံမှ သဘင်ချစ်တဲ့ မြန်မာများအတွက် ဖိုးချစ်တို့ကတဲ့ ဇာတ်အလှ သဘင်နှင့်အတူသြရသ၊ ဆိုတေးတို့ပါဝင်တဲ့ပဒေသာကပွဲကြီး အဟောင်းထဲက အသစ် အကာ...
စစ်တွေမြို့တွင် မွတ်ဆလင် လူငယ် တစ်ဦးကို သင်္ကန်းဝတ်နဲ့ ဖမ်းဆီး၇မိ
ထွန်းထွန်းနှင့် မောင်ရမ္မာ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မွတ်ဆလင် လူငယ် တစ်ဦးကို သင်္ကန်း ၀တ်ပြီး ယမန်နေ့က ဖမ်းဆီးရမိသည်ဟု သိရသည်။ ယခုအခါ...
mp3 ..mp4..totalvideocomveter register code
94D7F253-97DB21CF-77BC98D8-6F456A41-BE943BE4-A0A3B2E0-16059D78-D7D2FE36-0DE33BC7-D866E316-C5811727-327512BB-AF3D58FF-07E5A488-DF33AE98-1A620...
ကိုရီးယား အီးပီလုပ်သားလောင်း မြန်မာနိုင်ငံသား ညီငယ်များ အားလုံးသို့ ………..
ကိုရီးယား အီးပီလုပ်သားလောင်း မြန်မာနိုင်ငံသား ညီငယ်များ အားလုံးသို့ …… (ကိုရီးယားကို အလုပ်လာလုပ်ရန် ရည်ရွယ်ထားသူများ ဖတ်ရန်) အီးပီလုပ်သားေ...
မွေးနေ့ဆုတောင်း
၀၆.၀၇.၂၀၁၂..နေ့တွင်ကျရောက်သော ညီမလေး ပွင့်ဖြိုးရွှေစင် ရဲ့ ၂၃ မြောက်မွေးနေ့မှ နောင်နှစ်ပေါင်း ၁၀၀ကျော်တိုင် စိတ်ချမ်းသာ ကိုယ်ကျန်းမာ ချမ်းသ...
ဘာသာစကား( ၂၄ )မျိုးကို မြန်မာဘာသာပြန်ဆိုပေးနိုင်သော Myanmar
အွန်လိုင်း အဘိဓါန်လေးတစ်ခုပါ.. ဘာသာစကား ၂၄ ခုကနေ မြန်မာဘာသာကို ဘာသာပြန်ပေးနိုင်ပါတယ်.. ဆိုဒ်တည်ထောင်သူတို့ရဲ့ ရည်ညွှန်းချက်တစ်ခုက “မြန်မာတို့...

မလေးရှား သတင်းများ ဖတ်ရန်
http://www.3dflags.com/media/icons/key-20111106/flags/120/3dflags-icon-mys1-120-medium.png မလေးရှားရောက် မြန်မာများအတွက် မလေးရှားသတင်းများ အားလုံးဖတ်ရန်
ဖျော်ဖြေရေးဆိုက်များ
Mtv burmeseclassic အိမ်မက်လှိုင်းး Pansagar Myanmar Music ကိုရီးယားရှပ်ရှင်များ ရွှေအိမ်မက်မြန်မာ့ရှပ်ရှင် ခရမ်းပြာအိပ်မက် myanmarsongs.net အာရှရုပ်ရှင် နိုင်ငံခြားရုပ်ရှင် အဖြူရောင်သံဇဉ်
Followers

Sunday 16 September 2012

ဖုန်းမြန်မာဖောင်ထည့်နည်း ၄။။

Galaxy Note ICS 4.0.4 အား Root လုပ်ခြင်း


Galaxy Note 4.0.4 ICS ကို အမြစ်တူးဖို့ကတော့အလွန်လွယ်ကူပါတယ်။Oldin လည်းမလိုတော့ပါဘူး အောက်က File နှစ်ခုကို Down ပြီး CWM ကနေ Install လုပ်ရုံပါပဲ။ Yellow Triangle လည်း ပြန်မဖျောက်ရတော့ပါဘူး။အဲဒါဆိုရင်အရင်ဆုံး CWM လေးကိုယူလိုက်ပါ။

CWM ယူရန်

ပြီးရင်တော့ CWM-SuperSu-v0.87.zip ကိုထပ်ယူရပါမယ်။

CWM-SuperSu-v0.87.zip

External SD ထဲကို ခုဏက Download ထားတဲ့ File နှစ်ခုကိုကူးထဲ့ပါ။ ဖုန်းကို Power ပိတ်ပါ။
5စက္ကန့်လောက်နေရင် Recovery ထဲဝင်ဖို့အတွက် Volume Up+Home+Power ကို ပြိုင်တူနှိပ်ပါ။
Samsung Logo ကိုမြင်ရမှ Power Key ကိုလွှတ်ပါ။ Recovery ထဲရောက်ရင်
apply update from external storage > ခုဏက Down ထားတဲ့ CWM.zip ကို ရွေးပြိး Install လုပ်ပါ။ TOUCH CWM ဖြစ်သွားပါလိမ့်မယ်။
ပြီးလျှင် Touch CWM ကနေပြီး
1. install zip from sdcard ကိုနှိပ်ပါ
2. choose zip from sdcar
3. ဒုတိယ Down ထားတဲ့ CWM-SuperSu-v0.87.zip ကို install လုပ်ပေးပါ။ ပြီးလျင် Reboot ပေါ့ဗျာ။
စက်ပြန်ပွင့်လာရင် SuperSu တွေ့ပါလိမ့်မယ်။ Super Su ကိုဖွင့်ပြီး Update Install လေးလုပ်လိုက်ပါ။ အားလုံးအဆင်ပြေပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။။

Friday 14 September 2012

ဖုန်းတွေကိုမြန်မာဖောင်ထည့်နည်း ၃။။

Android ဖုန်းသို့ Zawgyi Font သွင်းနည်း

by Ko Htun on Friday, May 11, 2012 at 1:51pm ·
Android ဖုန်းသို့  Zawgyi Font သွင်းနည်း

Android ဖုန်းတွေမှာ  မြန်မာဖောင့်  (ဇော်ဂျီ)  သွင်းပုံသွင်းနည်းလေးကို တင်လိုက်တာပါ......
ဘာမှမခက်ခဲပါဘူး..လွယ်လွယ်ကူကူပဲ  မြန်မာဖောင့်ကို  သွင်းလိုရပါတယ် ..

ပထမဆုံး  အနေနဲ့   ဖုန်းကို  WiFi  နဲ့  အရင်ချိတ်လိုက်ပါ.....
ပြီးရင်  Android ရဲ့ Market  မှာ Fontomizer SP  ဆိုတာကို  ရှာလိုက်ပါ  တွေ့ ပီဆိုရင်  ဖုန်းထဲကို  install လုပ်လိုက်ပါ...


ပုံလေးမှာလည်းပြထားပါတယ်  .
ဖုန်းထဲကို  Fotomizer SP လေးရောက်လာပြီဆိုရင်  open လိုက်ပါ  ပြီးရင်  font အမျိုးအစားတွေအများကြီးထဲက  အောက်ဆုံးမှာ Zawgyi -One ဆိုတာလေးကို ရွေးပီး  install လုပ်လိုက်ပါ။

 install လုပ်ပြီးသွားပြီဆိုရင်တော့  ဖုန်းရဲ့ setting ထဲကိုဝင်.....ပြီးရင် Display  ->Font style မှာ Zawgyi One TTF ဆိုတာလေးကို  ရွေးလိုက်ရင်  မြန်မာစာကို  မြင်ရပြီဖြစ်ပါတယ်
ကျတော်  Samsung  Galaxy S , Galaxy SPlus , Glaxy S2 မှာ အပေါ်က အတိုင်းလုပ်တာ  အဆင်ပြေပါတယ်..
Gtalk , Gmail , Facebook ........   တွေမှာ မြန်မာစာ(ဇော်ဂျီ) ကို ကောင်းမွန်စွာ မြင်ရပါတယ်

မြန်မာစာကို  ရိုက်ဖို့ အတွက်ကတော့  Android ရဲ့ Market    iTextMM2 Keyboard ကို ရှာပြီးအင်စတောသွင်းလိုက်ပါ..
ပြီးသွားတာနဲ့   ဖုန်းရဲ့ settings ထဲကိုဝင်ပါ ..
ပြီးရင် Locale and text မှာ iTextMM2 Keyboard ကို အမှတ်ခြစ်လေး လုပ်ပေးလိုက်ပါ..
နောက်တဆင့်က   settings-> Locale and text  ထဲက  Select input method ထဲကို ၀င်ပါ..ပြီးရင်
iTextmm2 Keyboard လေးကိုရွေးပေးလိုက်ရင်  မြန်မာလိုရိုက်ဖို့ အတွက်  အဆင်ပြေသွားမှာပါ..
ရိုက်ရတာလည်း  အဆင်ပြေလွယ်ကူပါတယ်
တချို့  Android ဖုန်းအမျိုးအစားတွေအတွက်  setting ပိုင်းမှာ လုပ်ပုံလုပ်နည်းကွဲလွဲနိုင်ပါတယ်..အဆင်မပြေတာရှိရင် comment မှာ ချန်ထားခဲ့ပါ..

Android Market  က  iTextmm  ရဲ့   မူရင်းလင့်လေးပါတင်ပေးထားပါတယ် ။
ဒီမှာပါ ( https://market.android.com/details?id=zawgyi.iTextMM2  )
မူရင်းလင့်လေးမှာ စာရိုက်ပုံကို ဗီဒီယိုဖိုင်လေးနဲ့ ပါ   တင်ပေးထားပါတယ်..လိုအပ်ရင်ဝင်ကြည့်လိုက်ပါ..။။

ဖုန်းတွေကိုမြန်မာဖောင်ထည့်နည်း ၂။။


(၁) ဒါကိုဒေါင်းလုပ်လုပ်ပါ GT-19070-root. rar ပြီးရင် rar ဖိုင်ကိုဖြည်ထားလိုက်ပါ
(၂) ပြီးရင် ကွန်ပျူတာပေါ်မှာ Odin3 v1.83. exe ဆိုတဲ့ ပရိုဂရမ်ကိုrunပါ
(၃) ပြီးရင် ဖုန်းဆက်တင်ကိုဖွင့်ပါ Setting > Aplications -> Development and check USB Debugging and Allow mock location ကိုရွေးပေးပါ (နှစ်ခုစလုံးရွေးပေးရန်လိုအပ်ပါ
တယ်)
(၄) ဖုန်းကိုပိတ်လိုက်ပါ ပြီးရင် ဒေါင်းလုပ် မု ထဲကိုပြန်ဝင်ပါ လုပ်နည်းအဆင့်ဆင့်က ဒီမှာပါ Volume Down + Home button + Power button တို့ကို ပုံမှန်နဲ့မတူတဲ့ စခရင် ပေါ်လာတဲ့အထိဖိထားပါ ပြီးရင် usb ကြိုးတပ်ပြီး continue ကိုရွေးပေးပါ
(၅) Odin ကဖုန်းကိုသိအောင်ခနစောင့်ပါ (ပြသနာရှိရင် sumaung drivers တွေကို အင်တာနက်က ရှာယူပါ)
(၆) PIT ဆိုတဲ့နေရာမှာ ခုနကဖြည်ထားတဲ့ဖိုတာထဲက GT-I9070_EUR_XX_8G_20111220_
KL6.pit ဆိုတဲ့ဖိုင်ရွေးပေးပါ
(၇) PDA ဆိုတဲ့နေရာမှာ rootkernel.tar.md5 ကိုရွေးပေးပါ
(၈) options မှာ(remove selction) Re-Partition, Flash Lock, Phone EFS Clear, Phone Bootloader Update! တွေကိုချက်မလုပ်မိစေဖို့သတိထား
ပါ ၊ Auto Reboot and F.Reset Time တွေကိုသာချက်လုပ်ပေးပါ
(၉) အဲဒါတွေလုပ်ပြီးရင်တော့ start ကိုနှိပ်ပါ ဖုန်းရီဘို့ပြန်တက်လာတဲ့အထိခနေ
စာင့်ပါ
(၁၀) ပြီးရင် အဆင့် ၄ ကနေ ၉ အထိကိုပြန်လုပ်ပါ့မယ် ၊ အဆင့် ၇ မှာတော့ xxld1.tar.md5 ဒီဟာလေးကိုရွေးပေးလိုက်ပါ
(၁၁) ပြီးရင်တော့ superuser ဒါမှမဟုတ် supersu တစ်ခုခုကို ဒေါင်းပြိး အင်စထောလုပ်ပါ ၊နောက် super one click
ဖြင့် root လုပ်ဖို့  ဒီမှာယူပါ  အခုဆိုရင် root လုပ်ပြီးသားဖုန်းကိုပိုင်ဆိုင်ပါပြီ...။
Credit to : Myanmar Play

ဖုန်းတွေကိုမြန်မာဖောင်ထည့်နည်း၁။။

How to Install Myanmar Fonts on Android

by Myanmar Collection on Thursday, May 24, 2012 at 5:52pm ·
How to Install Myanmar Fonts on Android

Android ဖုန်းတွေ ၊ Tablet တွေမှာ မြန်မာလို မြင်ရဖို့ဆိုတာ တစ်ကယ်တော့ မခက်ခဲပါဘူး။ အဓိက အရေးကြီးတာကတော့ မိမိရဲ့ Android ကို Roots လုပ်ထားဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ Zawgyi Fonts ကိုထည့်တဲ့နေရာမှာ ကျွန်တော်တို့က Android System ကို လှည့်စားပြီးထည့်ပေး ရပါလိမ့်မယ်။ သူ့ရဲ့ အဓိက System file တွေထဲကို ၀င်ပြင်ရမှာ ဖြစ်တဲ့ အတွက် တစ်ခါမှ မလုပ်ဖူးရင်တော့
သေချာလေး ဂရုစိုက်ပြီး လုပ်စေချင်ပါတယ်။

ကျွန်တော်  အဆင့် (3) ဆင့် နဲ့ ရှင်းပြပေးပါ့မယ်။
Step (1) Installing of Root Explorer
Step (2) Installing of Zawgyi Fonts
Step (3) Installing of Frozen Keyboard

Installing of Root Explorer
ပထမဆုံး အနေနဲ့ Root Explorer ကို Install လုပ်ပါ့မယ်။ Root Explorer ဆိုတာလဲ File Mananger Application တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ သူ့ကို install လုပ်လဲ ဆိုတော့ Zawgyi Fonts သွင်းတဲ့နေရာမှာ ကျွန်တော်တို့က android ရဲ့ system file ထဲကို ၀င်ပြီး ထည့်ပေးရမှာပါ။ အဲဒီအတွက် Roots Explorer က ပိုအဆင်ပြေပါတယ်။

အရင်ဆုံး အောက်မှာ ကျွန်တော် ပေးထားတဲ့ File ကို Download ဆွဲလိုက်ပါ။ အဲဒီမှာ Myanmar Fonts For Android ဆိုပြီး Zip File ရလာပါမယ်။

အဲဒီထဲကမှ အရင်ဆုံး Root Explorer ကို အရင်သွင်းပါမယ်။ Root Explorer ကို သွင်းဖို့အတွက် Phone ထဲက Unknown Source ကိုဖွင့်ထားပေးဖို့ လိုအပ်ပါတယ်။ Unknown Source ကို အမှန်ခြစ်ပေးဖို့ အောက်ပါအတိုင်းသွားလိုက်ပါ-


Setting > Application > Unknown Source အဲဒီလမ်းကြောင်းအတိုင်း သွားလိုက်ပါ။  
Unknown Source ကို အမှန်ခြစ်ပေးလိုက်ပါ။ တစ်ကယ်လို့ သတိပေးစာ ပေါ်ခဲ့၇င်လဲ OK သာ နှိပ်ပေးလိုက်ပါ။

Download ဆွဲထားတဲ့ File ကို Phone ရဲ့ SD Card ထဲကို ထည့်ထားပါ။
ကိုယ့်ရဲ့ Phone ထဲက File Manager ကိုဖွင့်ပါ။ ဒါကတော့ ဖုန်းအမျိုးအစားပေါ်မူတည်ပြီး ပုံစံ ကွာခြားတက်ပါတယ်။
အဲဒီ File Manager ထဲကမှတစ်ဆင့် SD Card ထဲကို copy ထည့်ထားတဲ့ Root Explorer.apk ကိုရှာပါ။
တွေ့ပြီဆို၇င်  အဲဒီ .apk file လေးကို နှိပ်ပြီး install ကိုနှိပ်လိုက်ယုံပါပဲ။
ဒါဆို ကျွန်တော်တို့ Roots Explorer ကို install လုပ်လို့ ပြီးသွားပါပြီ။


Installing of Zawgyi Fonts

Zawgyi Fonts Install လုပ်ဖို့အတွက် အစောက ထည့်ထားခဲ့တဲ့ Root Explorer ကိုဖွင့်ပါ။
software ကိုဖွင့်ဖွင့်ခြင်းမှာ Superuser Request ဆိုပြီး လာတောင်းခဲ့ရင် Allow ကိုနှိပ်ပေးလိုက်ပါ။
Root Explorer ဖွင့်တာနဲ့ / ထဲကို ရောက်နေပါလိမ့်မယ်။ အဲဒါက Roots လို့ ခေါ်ကြတဲ့ Directory ပါပဲဗျာ။
အဲဒီထဲကမှ မိမိရဲ့ SD Card ကိုရှာပါ။

SD Card ထဲကို ရောက်သွားပြီဆိုရင် Download ဆွဲထားတဲ့ Folder ထဲမှာ Zawgyi Fonts ဆိုတာ ပါပါတယ်။
အဲဒီထဲက DroidSans.ttf ဆိုတဲ့ File ကိုရှာပါ။

DroidSans.ttf ကို တွေ့ပြီဆိုရင် 3 စက္ကန့်လောက်ဖိနှိပ်ထားလိုက်ပါ။

Option တစ်ခု ပေါ်လာပါမယ်။ အဲဒီထဲကမှ Copy ကိုရွှေးပြီး copy ကူးပါ။
အောက်မှာ Paste နဲ့ Cancel ကိုမြင်ရပါလိမ့်မယ် ဘာမှ မနှိပ်မိပါစေနဲ့ ။

Phone ထဲက Back ခလုတ်ကို နှိပ်ပြီးပဲ  / ကိုပြန်ရောက်အောင် ထွက်ခဲ့လိုက်ပါ။

/ ထဲကို ရောက်ပြီဆိုရင် system Folder ကိုရှာပါ။ အဲဒီ system folder ထဲကမှ fonts ဆိုတဲ့ folder ထဲကို ထပ်ဝင်ပါ။
အဲဒီ အချိန်ကျမှ paste ခလုပ်ကို နှိပ်လိုက်ပါ။

Warning Box တစ်ခု တက်လာပါလိမ့်မယ် ။ read only ဖြစ်နေလို့ copy ကူးလို့ မရဘူးလို့ ပြောတာပါ။ အပေါ်နားက permission နေရာမှာ Mount R/W ကို တစ်ချက် နှိပ်လိုက်ပါ။ Mount R/O ဆိုပြီး ပြောင်းသွားပါလိမ့်မယ်။
အဲဒါဆို Write လုပ်လို့ ရသွားပါပြီ ။ Paste ကို ပြန်နှိပ်လိုက်ပါ။

တစ်ကယ်တော့ DroidSans.ttf ဆိုတဲ့ နာမည်က Android Fonts ရဲ့ နာမည်ပါ။ ကျွန်တော်တို့က zawgyi fonts ကို android fonts နဲ့ အစားထိုးလှည့်စားလိုက်တဲ့ သဘောပါ။ အဲဒီအတွက် Zawgyi fonts ဆိုတဲ့ နာမည်က DroidSans.ttf ဆိုပြီး ကျွန်တော် ပြောင်းထားလိုက်တာပါ။ စာဖတ်သူ ရှုပ်သွားမှာဆိုးလို့ ကျွန်တော် တစ်ခါတည်း ပြောင်းပြီး upload တင်ပေးလိုက်တာပါ။
အခု paste လုပ်လိုက်တဲ့အခါ Warning box တစ်ခု ထပ်တက်လာပါလိမ့်မယ်။ DroidSans.ttf ဆိုတဲ့ Fonts က ရှိပြီးသားကြီး ဖြစ်နေပါတယ်ဆိုတဲ့ Warning ပါ။ Overwrite လုပ်မှာ ဖြစ်တဲ့ အတွက် Yes ကိုပဲ နှိပ်ပေးလိုက်ပါ။

နောက်ဆုံး အဆင့် တစ်ခု ကျန်ပါသေးတယ်။ အခု ကျွန်တော်တို့ overwrite လုပ်ပြီး ထည့်လိုက်တဲ့ DroidSans.ttf ဆိုတဲ့ Fonts ကို Permission ပေးရပါမယ်။ အဲဒီအတွက် DroidSans.ttf ပေါ်မှာ 3 စက္ကန့်လောက်ဖိထားလိုက်ပါ။ permission ကိုရွှေးပြီး အားလုံးကို အမှန်ခြစ်ပေးပါ။ ပြီးရင်တော့ ok ကိုနှိပ်ပေးလိုက်ပါ။ အဆင်ပြေသွားပါပြီ .. အစောက ပြောင်းခဲ့တဲ့ Mount R/O ကို Mount R/W ဖြစ်သွားအောင် ပြန်ပြောင်းပေးခဲ့လိုက်ပါ ။ မှားဖျက်မိတဲ့ အန္တရယ်က ကာကွယ်ပြီးသားရတာပေါ့ ။

အခုဆိုရင် Zawgyi fonts ကို Install လုပ်ပြီးပါပြီ။ မြန်မာလို ရေးထားတဲ့ message တွေ ၊ website တွေကို ကြည့်လို့ ရသွားပါပြီ ။ ဒါပေမဲ့ ကျွန်တော်တို့ကိုယ့်ဘာကိုယ်တော့ စာရိုက်လို့ မရသေးဘူးဗျ ။ ဘာဖြစ်လို့လဲဆိုတော့ Keyboard မထည့်ရသေးဘူးလေ ….

အခု ကျွန်တော် DroidSans.ttf ဆိုတဲ့ File ကို အစားထိုးပြီး Zawgyi Fonts ထည့်နည်းကို ပြောခဲ့ပါတယ်။ ကျွန်တော် upload တင်ထားတဲ့ download Folder ထဲမှာက DroidSansFallback.ttf ဆိုတဲ့ fonts တစ်ခုလည်း ပါပါသေးတယ် ။ အကယ်၍ တစ်ချို့ဖုန်းတွေမှာ DroidSans.ttf ကို ထည့်လို့မှ မြန်မာလို မပေါ်ခဲ့ဘူးဆိုရင် DroidSansFallback.ttf ကိုပါ အပေါ်က ပြောခဲ့တဲ့ နည်းအတိုင်း ထပ်ထည့်ပေးလိုက်ပါ။ DroidSans.ttf ကိုထည့်လို့ မြန်မာလို ပေါ်ခဲ့ရင်တော့ ထပ်မထည့်ပါနဲ့ ။


Zawgyi Keyboard သွင်းနည်း

Zawgyi Keyboard ထည့်သွင်းဖို့အတွက်လဲ ကျွန်တော်ပေးထားတဲ့ ထဲက FrozenKeyboard_1.1.3.apk ကို SD Card ထဲ ထည့်ပြီး Software ကို Install လုပ်လိုက်ပါ။

Install လုပ်ပြီးသွားရင်တော့ မိမိ Phone ထဲက Setting ထဲကို ၀င်ပါ။

အဲဒီထဲမှာမှ Frozen Keyboard ဆိုတာ နှစ်ခု ပေါ်နေပါလိမ့်မယ်။ တစ်ခုက Setting အတွက်ပါ။

အရင်ဆုံး ကျွန်တော်တို့က Frozen Keyboard ကို ဖွင့်ပေးမှာ ဖြစ်တဲ့အတွက် Frozen keyboard Settings ဆိုတာ မပါတဲ့ကောင်ကိုပဲ အမှန်ခြစ်နှိပ်ပေးလိုက်ပါ။

အဲဒီမှာ သတိပေးတဲ့ message တစ်ခု ပေါ်လာပါလိမ့်မယ်။ OK ကိုသာ နှိပ်ပေးလိုက်ပါ။

ကိုယ့်ရဲ့ မြန်မာစာ keyboard က တစ်ကယ်အလုပ်မလုပ်ကို Message မှာ စမ်းရိုက်ကြည့်ပါ။
Message ပို့တဲ့နေရာကို သွားလိုက်ပါ။ အဲဒီမှာ မြန်မာလို ရိုက်ဖို့ မပေါ်သေးပါဘူး ။ စာရိုက်တဲ့ အကွက်ကလေးမှာ 3 စက္ကန့်လောက်ဖိထားပြီး Input Method ထဲကနေမှ Frozen Keyboard ကို ရှာပြီး ရွှေးပေးလိုက်ပါ။

အဲဒါဆိုရင်တော့ Keyboard ပုံစံ ပြောင်းသွားပါပြီ ။ အင်္ဂလိပ်ကနေ မြန်မာစာ ပြောင်းဖို့ အတွက်လဲ (ABC ကခ) ခလုတ်ကလေးနဲ့ အလွယ်တစ်ကူ ချိန်းပြီး အသုံးပြုနိုင်ပါတယ် ။


အဲလောက်ဆို၇င်တော့ ကိုယ့်ဘာကိုယ် စမ်းလို့ အဆင်ပြေနိုင်မယ် ထင်ပါတယ် …..အားလုံးပဲ အဆင်ပြေကြပါစေ …

ဒီမှာ ဝင်ရောက်လေ့လာကြည့်လိုက်နော် =>> http://www.mmcollection.co.cc/2011/03/how-to-install-myanmar-font-on-huawei.html
Like · · Share
Related Posts Plugin for WordPress, Blogger...