ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Friday 23 December 2011

{ ချစ်ကြရအောင်နော် }





ငါမရှိမှ    ငါကို တ့, ပြီး
ရှိုက်ငိုညည်းလည်း      အချည်းနှီးဘဲ။
မင်းမရှိမှ့      မင်းကိုတ့, ခါ
အလွမ်းဖြာလည်း    ငါမှာစင်စစ်အကြိုးမဖြစ်။ 
နောင်ဘဝက     ကြောင်းကံလှ၍
လောကမြေမှာ     လူဖြစ်လာသည့်
မင်းနှင့်ငါ့ဘဝ    ပြန်တွေးဆလျှင်
ဆုံခဲဘိ , ကြုံခဲဘိ ,
လူ့ဘဝက
ရခဲဘိခြင်း    ဖြစ်ခဲခြင်းကြောင့်
လာခြင်းကောင်းစေ
ဒို့တတွေအတွက်
ကွေးသောလက်များ     ဆန့်မသွားခင်
ဆန့်ထားလက်ကလေး       ပြန်မကွေးခင်
တဒင်္ဂသာ     တစ်ဘဝတာမှာ
မင်းနှင့်ငါလည်း
သစ္စာအနှစ်   မေတ္တာအစစ်နဲ့
ချစ်ကြရအောင်
သူငယ်ချင်း။။။။
{  ဆရာတော် ဦးဥက္ကံသအမှတ်တရ } 
တပည့်ကျော်ဆန်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...